စုဘူးနဲ့ ပိုက်ဆံစုမယ့်သူတွေ အထူးဂရုပြုရမယ့် အချက်များ (ကိုယ့်ချွေးနှဲစာလေးတွေ အလကား မဖြစ်စေဖို့ပါ)
ယခုတလော စုဘူး ဖောက်တဲ့သူတွေ အများဆုံး ကြုံတွေ့နေရတာကတော့ စုဘူးထဲမှာ စုဆောင်းထားတဲ့ ပိုက်ဆံတွေ အမည်းရောင် အစက်အပြောက်ပုံစံနဲ့ မှိုတွေ တက်ပြီး သုံးမရဖြစ်သွားတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ ပိုက်ဆံတွေကို ဘဏ်မှာ ပြန်လဲလို့ ရတယ်ဆိုပေမယ့်လည်း လက်ရှိခေတ်ကာလကြီးမှာ ကိုယ်စု ထားတဲ့ ငွေကိုတောင် ထုတ်မပေးနိုင်တဲ့ ဘဏ်က သုံးမရတဲ့ ပိုက်ဆံကို ပြန်လဲပေးဖို့ဆိုတာ လူ့ပြည်က အပ်တစင်းနဲ့ နတ်ပြည်က အပ်တစင်း ထိတာကမှ ဖြစ်နိုင်တယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။
အဲဒါကြောင့် မိမိစုဆောင်းထားတဲ့ ချွေးနှဲစာလေးတွေ မဆုံးရှုံးစေဖို့ စုဘူးနဲ့ ပိုက်ဆံစုရမှာ အထူးဂရုပြုရမယ့် အချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။
(၁) စုဘူး အမျိုးအစား ရွေးချယ်ပါ။ မြေစုဘူး၊ ထုံးစုဘူး၊ သံစုဘူး၊ ဝါးစုဘူး၊ အထပ်သားစုဘူး၊ သစ်သားစုဘူး စတဲ့ စုဘူးတွေဟာ မှိုတက်နိုင်ခြင်းကို အများဆုံး ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် အဲဒီအမျိုးအစား စုဘူးတွေ မသုံးဘဲ ပလပ်စတစ်နဲ့ လုပ်တဲ့ စုဘူးမျိုးကိုပဲ အသုံးပြုပါ။ အခုနောက်ပိုင်း အက်ခရိုင်လစ်ပြားတွေကိုနဲ့ စုဘူး လုပ်လာတာတွေ ရှိပါတယ်။ အဲဒါမျိုး သုံးသင့်ပါတယ်။
(၂) ဖြစ်နိုင်ရင်တော့ စုဘူးထဲ ထည့်မယ့် ပိုက်ဆံတွေကို တရွက်ချင်း ရေနွေးနဲ့ ပြုတ်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် နေ့တိုင်း လုပ်ဖို့ မလွယ်ပါဘူး။ အနည်းဆုံးတော့ အရက်ပြန်လို ပိုးသေတဲ့ ဆေးမျိုး ဖြန်းသင့်ပါတယ်။ ပိုးလည်း သေစေသလို မှိုတက်တာကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။ သတိပြုရမှာက အရက်ပြန် ဖြန်းပြီးရင်လည်း ခြောက်သွေ့အောင် ခဏထားပြီးမှ စုဘူးထဲ ထည့်တာ အကောင်းဆုံးပါ။
(၃) မြန်မာနိုင်ငံရဲ့ ဒေသအတော်များများက စွတ်စို ထိုင်းမှိုင်းတဲ့ ရာသီဥတု ရှိပါတယ်။ အဲဒါကြောင့် မှိုတွေ ပွားများလွယ်ပြီး စုဘူးထဲက ပိုက်ဆံတွေ အကုန် မှိုတက်ကုန်တာပါ။ စုဘူးထဲမှာ မှိုမတက်စေဖို့ ရေငွေ့စုပ်တဲ့ အထုပ်လေးတွေ ထည့်ထားလိုက်ရုံပါပဲ။ အဲဒီ ဆီလီကာ အထုပ်လေးတွေက ဝယ်ရင်လည်း ဈေးပေါသလို မုန့်ထုပ်တွေထဲမှာ ပါလာတာတွေကိုလည်း ပြန်သုံးလို့ ရပါတယ်။ မြန်မာပြည်ရဲ့ ရာသီဥတုမှာ ပိုက်ဆံတွေ မှိုမတက်စေဖို့ အထူးကောင်းမွန်တဲ့ ပစ္စည်းပဲ ဖြစ်ပါတယ်။
(၄) ပိုက်ဆံတွေကို လေးထောင့်ပုံစံ၊ သုံးထောင့်ပုံစံ ခေါက်ပြီး စုဘူးထဲ ထည့်တာက စုဘူးထဲမှာ ပိုက်ဆံများများဆန့်ပေမယ့်လည်း မှိုတက်တာကို ပိုဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် စုဘူးထဲကို အရွက်လိုက် အပြန့်အနေအထားနဲ့ပဲ ထည့်တာ အကောင်းဆုံးပါပဲ။
(၅) နောက်ဆုံးတချက်ကတော့ စုဘူးကို ကုတင်အောက်၊ ဗီရိုပေါ် စတဲ့ စွတ်စိုထိုင်းမှိုင်းတဲ့ နေရာတွေမှာ အကြာကြီး မထားဘဲနဲ့ နေရောင်ရတဲ့ နေရာမျိုး၊ အပူချိန် အနည်းငယ်မြင့်တဲ့ နေရာမျိုးမှာ ထားဖို့ အကြံပေးချင်ပါတယ်။ အဲဒါမှ စုဘူးအတွင်းမှာ စိုထိုင်းဆ လျော့ကျပြီး ပိုက်ဆံတွေ မှိုမတက်နိုင်မှာ ဖြစ်ပါတယ်။ အပေါ်က နည်းလမ်းတွေကတော့ မိမိရဲ့ ချွေးနှဲစာလေးတွေ မဆုံးရှုံးစေဖို့အတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ မိတ်ဆွေတို့ သိတဲ့ ပိုက်ဆံမှိုမတက်စေမယ့် နည်းလမ်းတွေကိုလည်း ပြန်လည်မျှဝေပေး သွားပါဦးခင်ဗျာ။
စုဘူးနဲ႔ ပိုက္ဆံစုမယ့္သူေတြ အထူးဂ႐ုျပဳရမယ့္ အခ်က္မ်ား (ကိုယ့္ေခၽြးႏွဲစာေလးေတြ အလကား မျဖစ္ေစဖို႔ပါ)
ယခုတေလာ စုဘူး ေဖာက္တဲ့သူေတြ အမ်ားဆုံး ၾကဳံေတြ႕ေနရတာကေတာ့ စုဘူးထဲမွာ စုေဆာင္းထားတဲ့ ပိုက္ဆံေတြ အမည္းေရာင္ အစက္အေျပာက္ပုံစံနဲ႔ မွိုေတြ တက္ၿပီး သုံးမရျဖစ္သြားတဲ့ ျပႆနာပဲ ျဖစ္ပါတယ္။ ပ်က္စီးသြားတဲ့ ပိုက္ဆံေတြကို ဘဏ္မွာ ျပန္လဲလို႔ ရတယ္ဆိုေပမယ့္လည္း လက္ရွိေခတ္ကာလႀကီးမွာ ကိုယ္စု ထားတဲ့ ေငြကိုေတာင္ ထုတ္မေပးနိုင္တဲ့ ဘဏ္က သုံးမရတဲ့ ပိုက္ဆံကို ျပန္လဲေပးဖို႔ဆိုတာ လူ႔ျပည္က အပ္တစင္းနဲ႔ နတ္ျပည္က အပ္တစင္း ထိတာကမွ ျဖစ္နိုင္တယ္လို႔ ဆိုရမလို ျဖစ္ေနပါတယ္။
အဲဒါေၾကာင့္ မိမိစုေဆာင္းထားတဲ့ ေခၽြးႏွဲစာေလးေတြ မဆုံးရႈံးေစဖို႔ စုဘူးနဲ႔ ပိုက္ဆံစုရမွာ အထူးဂ႐ုျပဳရမယ့္ အခ်က္ေတြကို ေဖာ္ၿပ ေပးလိုက္ပါတယ္။
(၁) စုဘူး အမ်ိဳးအစား ေရြးခ်ယ္ပါ။ ေျမစုဘူး၊ ထုံးစုဘူး၊ သံစုဘူး၊ ဝါးစုဘူး၊ အထပ္သားစုဘူး၊ သစ္သားစုဘူး စတဲ့ စုဘူးေတြဟာ မွိုတက္နိုင္ျခင္းကို အမ်ားဆုံး ျဖစ္ေစနိုင္ပါတယ္။ အဲဒါေၾကာင့္ အဲဒီအမ်ိဳးအစား စုဘူးေတြ မသုံးဘဲ ပလပ္စတစ္နဲ႔ လုပ္တဲ့ စုဘူးမ်ိဳးကိုပဲ အသုံးျပဳပါ။ အခုေနာက္ပိုင္း အက္ခရိုင္လစ္ျပားေတြကိုနဲ႔ စုဘူး လုပ္လာတာေတြ ရွိပါတယ္။ အဲဒါမ်ိဳး သုံးသင့္ပါတယ္။
(၂) ျဖစ္နိုင္ရင္ေတာ့ စုဘူးထဲ ထည့္မယ့္ ပိုက္ဆံေတြကို တရြက္ခ်င္း ေရေႏြးနဲ႔ ျပဳတ္တာ အေကာင္းဆုံးပါပဲ။ ဒါေပမယ့္ ေန႔တိုင္း လုပ္ဖို႔ မလြယ္ပါဘူး။ အနည္းဆုံးေတာ့ အရက္ျပန္လို ပိုးေသတဲ့ ေဆးမ်ိဳး ျဖန္းသင့္ပါတယ္။ ပိုးလည္း ေသေစသလို မွိုတက္တာကိုလည္း အထိုက္အေလ်ာက္ ကာကြယ္နိုင္ပါတယ္။ သတိျပဳရမွာက အရက္ျပန္ ျဖန္းၿပီးရင္လည္း ေျခာက္ေသြ႕ေအာင္ ခဏထားၿပီးမွ စုဘူးထဲ ထည့္တာ အေကာင္းဆုံးပါ။
(၃) ျမန္မာနိုင္ငံရဲ့ ေဒသအေတာ္မ်ားမ်ားက စြတ္စို ထိုင္းမွိုင္းတဲ့ ရာသီဥတု ရွိပါတယ္။ အဲဒါေၾကာင့္ မွိုေတြ ပြားမ်ားလြယ္ၿပီး စုဘူးထဲက ပိုက္ဆံေတြ အကုန္ မွိုတက္ကုန္တာပါ။ စုဘူးထဲမွာ မွိုမတက္ေစဖို႔ ေရေငြ႕စုပ္တဲ့ အထုပ္ေလးေတြ ထည့္ထားလိုက္႐ုံပါပဲ။ အဲဒီ ဆီလီကာ အထုပ္ေလးေတြက ဝယ္ရင္လည္း ေဈးေပါသလို မုန႔္ထုပ္ေတြထဲမွာ ပါလာတာေတြကိုလည္း ျပန္သုံးလို႔ ရပါတယ္။ ျမန္မာျပည္ရဲ့ ရာသီဥတုမွာ ပိုက္ဆံေတြ မွိုမတက္ေစဖို႔ အထူးေကာင္းမြန္တဲ့ ပစၥည္းပဲ ျဖစ္ပါတယ္။
(၄) ပိုက္ဆံေတြကို ေလးေထာင့္ပုံစံ၊ သုံးေထာင့္ပုံစံ ေခါက္ၿပီး စုဘူးထဲ ထည့္တာက စုဘူးထဲမွာ ပိုက္ဆံမ်ားမ်ားဆန႔္ေပမယ့္လည္း မွိုတက္တာကို ပိုျဖစ္ေစနိုင္ပါတယ္။ အဲဒါေၾကာင့္ ျဖစ္နိုင္ရင္ စုဘူးထဲကို အရြက္လိုက္ အျပန႔္အေနအထားနဲ႔ပဲ ထည့္တာ အေကာင္းဆုံးပါပဲ။
(၅) ေနာက္ဆုံးတခ်က္ကေတာ့ စုဘူးကို ကုတင္ေအာက္၊ ဗီရိုေပၚ စတဲ့ စြတ္စိုထိုင္းမွိုင္းတဲ့ ေနရာေတြမွာ အၾကာႀကီး မထားဘဲနဲ႔ ေနေရာင္ရတဲ့ ေနရာမ်ိဳး၊ အပူခ်ိန္ အနည္းငယ္ျမင့္တဲ့ ေနရာမ်ိဳးမွာ ထားဖို႔ အႀကံေပးခ်င္ပါတယ္။ အဲဒါမွ စုဘူးအတြင္းမွာ စိုထိုင္းဆ ေလ်ာ့က်ၿပီး ပိုက္ဆံေတြ မွိုမတက္နိုင္မွာ ျဖစ္ပါတယ္။ အေပၚက နည္းလမ္းေတြကေတာ့ မိမိရဲ့ ေခၽြးႏွဲစာေလးေတြ မဆုံးရႈံးေစဖို႔အတြက္ လုပ္ေဆာင္သင့္တဲ့ အခ်က္ေတြ ျဖစ္ပါတယ္။ မိတ္ေဆြတို႔ သိတဲ့ ပိုက္ဆံမွိုမတက္ေစမယ့္ နည္းလမ္းေတြကိုလည္း ျပန္လည္မၽွေဝေပး သြားပါဦးခင္ဗ်ာ။