ၾကားသိရသမွ်

လွှတ်တော်ရဲ့ Queen လို့ တင်စားခံရပြီး အပြောနဲ့အလုပ် တစ်ထပ်တည်းကျခဲ့တဲ့ တော်လှန်ရေးရဲဘော် ဒေါ်သီရိရတနာ

လွှတ်တော်ရဲ့ Queen လို့ တင်စားခံရပြီး အပြောနဲ့အလုပ် တစ်ထပ်တည်းကျခဲ့တဲ့ တော်လှန်ရေးရဲဘော် ဒေါ်သီရိရတနာ

တော်လှန်ရေးသမားဖြစ်လာတဲ့ အမျိုးသမီး လွှတ်တော်အမတ် ဒေါ်သီရိရတနာ

အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပေမယ့် ပြည်သူတွေအတွက် မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်ထမ်းချင်တာကြောင့် တော်လှန်ရေးဆက်လုပ်သွားမယ်လို့

တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတစ်ခုကို ရောက်ရှိနေတဲ့ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောလိုက်ပါတယ်။

သူဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့စည်ပင်ဧည့်ရိပ်သာမှာ အခြားလွှတ်တော် အမတ် ၄၀၀ ကျော်နဲ့အတူရဲနဲ့စစ်တပ်ရဲ့ ဝိုင်းဝန်းပိတ်ဆို့တာကို ကြုံခဲ့ရပါတယ်။

အဲဒီနောက် သူ့ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်ကို ပြန်ရောက်တဲ့အခါ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တာကြောင့်

ပုဒ်မ-၅၀၅ အထုတ်ခံရပြီးရဲနဲ့စစ်တပ်ရဲ့ လိုက်လံဖမ်းဆီးတာကို ရင်ဆိုင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ခြောက်လခန့်ကတော့ စစ်တပ်ရဲ့လုပ်ကြံသတ်ဖြတ်မှုကြောင့် ဒေါ်သီရိရတနာသေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် အခုလက်ရှိမှာတော့ အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ပြီး သူမရဲ့ ပြင်းပြလှတဲ့ ခံယူချက်အတိုင်း လက်နက်ကိုင် တော်လှန်ဖို့ ဆုံးဖြတ်ပြီး စစ်ပညာ သင်ယူနေပါပြီ။

Zawgyi

ေတာ္လွန္ေရးသမားျဖစ္လာတဲ့ အမ်ိဳးသမီး လႊတ္ေတာ္အမတ္ ေဒၚသီရိရတနာ

အသက္အႏၲရာယ္နဲ႔ ႀကဳံေတြ႕ခဲ့ရေပမယ့္ ျပည္သူေတြအတြက္ မၿပီးဆုံးေသးတဲ့ တာဝန္ေတြကို ဆက္ထမ္းခ်င္တာေၾကာင့္ ေတာ္လွန္ေရးဆက္လုပ္သြားမယ္လို႔

တိုင္းရင္းသား လက္နက္ကိုင္ နယ္ေျမတစ္ခုကို ေရာက္ရွိေနတဲ့ မြန္ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁) အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚသီရိရတနာက ေျပာလိုက္ပါတယ္။

သူဟာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းခ်ိန္က ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္မွာရွိတဲ့စည္ပင္ဧည့္ရိပ္သာမွာ အျခားလႊတ္ေတာ္ အမတ္ ၄၀၀ ေက်ာ္နဲ႔အတူရဲနဲ႔စစ္တပ္ရဲ႕ ဝိုင္းဝန္းပိတ္ဆို႔တာကို ႀကဳံခဲ့ရပါတယ္။

အဲဒီေနာက္ သူ႔ရဲ႕မဲဆႏၵနယ္ေျမျဖစ္တဲ့ ဘီးလင္းၿမိဳ႕နယ္ကို ျပန္ေရာက္တဲ့အခါ အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြကို ဦးေဆာင္ခဲ့တာေၾကာင့္

ပုဒ္မ-၅၀၅ အထုတ္ခံရၿပီးရဲနဲ႔စစ္တပ္ရဲ႕ လိုက္လံဖမ္းဆီးတာကို ရင္ဆိုင္ခဲ့ရပါတယ္။

လြန္ခဲ့တဲ့ ေျခာက္လခန႔္ကေတာ့ စစ္တပ္ရဲ႕လုပ္ႀကံသတ္ျဖတ္မႈေၾကာင့္ ေဒၚသီရိရတနာေသဆုံးသြားၿပီဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။

ဒါေပမယ့္ အခုလက္ရွိမွာေတာ့ အခက္အခဲ အမ်ိဳးမ်ိဳးကို ေက်ာ္ျဖတ္ၿပီး သူမရဲ႕ ျပင္းျပလွတဲ့ ခံယူခ်က္အတိုင္း လက္နက္ကိုင္ ေတာ္လွန္ဖို႔ ဆုံးျဖတ္ၿပီး စစ္ပညာ သင္ယူေနပါၿပီ။