မယုံကြည်နိုင်စရာ အသက် (၇၂) နှစ်မှ သားဦးလေးမွေးဖွားခဲ့သည့် အဖွားအို……………
လောကကြီးတွင် မိဘများအနေနှင့် သားသမီးများကို ရတနာတစ်ပါး ဟုမှတ်ယူထားပြီး အိမ်ထောင်ကျပြီးလျှင်လည်း
သားသမီးတစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် လိုချင်ကြပြီး ပျော်ရွှင်သော မိသားစုလေးအဖြစ် တည်ဆောက်ချင်ကြသည်။
အိန္ဒိယနိုင်ငံမှ အဖိုးအဖွားအရွယ် ဇနီးမောင်နှံနှစ်ဦးသည် ကလေးရချင်သော်လည်း လက်ထပ်ပြီး ၄၆နှစ်အကြာမှ သားဦးလေးအား အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။
အဖိုးအိုသည် အသက် ၇၉ နှစ်ရှိပြီး ဇနီးသည်မှာ အသက် ၇၂ အရွယ်မှပဲ ကလေးရခဲ့ပြီး ရှေ့နှစ်တွေမှာ ကလေးရဖို့အမျိုးမျိုးသော နည်းလမ်းများဖြင့် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ရသည်။
သို့သော်လည်း ဇနီးမောင်နှံသည် ပတ်ဝန်းကျင်မှ ကလေးမွေးစားဖို့ တိုက်တွန်းသည်များကိုလည်း ဂရုမစိုက်ပဲ ဘုရားရှင်ကိုသာ ယုံကြည်အားကိုးခဲ့သည်။
နောက်ဆုံးတွင် သူတို့လိုချင်သော ကလေးအား မွေးဖွားနိုင်ခဲ့၍ အလွန်ပမင်းဝမ်းသာကာ ဓာတ်ပုံရိုက်ခြင်းဖြင့် လူမှုကွန်ယက်တွင်
ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့အသက်ကြီးဆုံး မွေးဖွားသူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
Credit
zawgyi
Credit