“မြန်မာ့နွေဦးတော်လှန်ရေးကြီး ဟာ သိပ်မကြာသောကာလအတွင်း နောက်ဆုံးပန်းတိုင်ကို ရောက်လာပါတော့မယ်၊ ဒီအချိန်တွေမှာတွေ့ကြုံရမည့် တော်လှန်ရေးကြီး အတွက် အကြီးမားဆုံး အန္တရာယ်က တော့ အတူတူလျှောက်လာကြသူအချင်းချင်း အပြန်အလှန်အပြစ်တင်ကြတာပါပဲ။
ဒါဟာမထူးဆန်းဘူး အခက်ခဲဆုံးအချိန်ရောက်လာပြီဆိုရင် လူ့သဘာဝအရ စိတ်ဓါတ်ခွန်အားတွေ ယုတ်လျော့လာပါတယ်။ ဒီလို စိတ်ဓါတ်ခွန်အားတွေ ယုတ်လျော့လာတဲ့ အဓိက လက္ခဏာက တော့ သူများကို အပြစ်တင်ချင်စိတ်တွေပေါ်လာပြီး အပြစ်တွေတင်တော့တာပါပဲ။
CDM အတူတူလုပ်လာသူအချင်းချင်း မလုပ်တော့တဲ့သူတွေတွေ့ရင် စိတ်နာမယ်၊ဒေါသထွက်လာမယ်၊အပြစ်တင်လာမယ်၊သံပုံးအတူတူတီးလာသူအချင်းချင်းဘေးအိမ်က မတီးတော့ရင်စိတ်နာမယ်၊ဒေါသထွက်လာမယ်၊အပြစ်တင်လာမယ်၊လမ်းပေါ်ထွက်ကြသူအချင်းချင်း မထွက်ကြတော့ရင်၊လူနည်းလာရင်စိတ်နာမယ်၊ဒေါသထွက်လာမယ်၊အပြစ်တင်လာမယ်၊ဟုတ်ပြီကျွန်တော်တို့ စိတ်သဘာဝဟာ သိပ်ထူးခြားပါတယ် ၊ သူများအပေါ် ဒေါသထွက်လာလေလေ၊စိတ်နာလေလေ၊အပြစ်တင်လေလေ မိမိရဲ့စိတ်ဓါတ်ခိုင်မာမှုဟာလျော့ကြလာလေလေပါပဲ။
ဒီလိုနဲ့နောက်ဆုံးတော့ သူများကိုအပြစ်တင်နေကြတဲ့ ကိုယ်ကိုယ်တိုင်ပဲ စိတ်ဓါတ်ခွန်အားတွေ ယုတ်လျော့လာပြီး သူများနဲ့ အတူတူ NonCDM ဖြစ်လာမယ်၊သံပုံးမတီးတော့ဘူး။ အပြင်မထွက်တော့ဘူး ဆိုပြီးသေချာပေါက်ဖြစ်လာမှာပါ။ဟုတ်ပြီဒါဆိုရင် မိမိရဲ့စိတ်ဓါတ်ကို မယိမ်းယိုင်အောင်ဘယ်လိုစောင့်ရှောက်ရမလဲ။“ကရုဏာ” စိတ်ပါပဲ ၊ကျွန်တော်တို့ဟာ ကရုဏာ စိတ်ကို အကြီးအကျယ်မွေးယူရပါမယ်။ဘယ်လိုမွေးယူရမလဲ။ကျွန်တော်တို့ဟာ အဖြစ်မှန်ကို သဘောပေါက်ရပါမယ်။တကယ်တော့ ကျွန်တော်တို့အချင်းချင်းအတူတူ ပန်းတိုင်ကို ချီတက်လာကြရင်းနဲ့ကျန်ခဲ့တဲ့ သူတွေအပေါ်မှာ ကရုဏာ စိတ်မွေးရပါမယ်။
၁/ဪသူတို့ဟာ ငါ့လောက် စိတ်ဓါတ်မခိုင်ရှာဘူး။
၂/ဪသူတို့ဟာ ငါတို့လောက် အမှန်တရားဓမ္မဘက်မှာ မရပ်တည်နိုင်ရှာဘူး။ (အဓမ္မဘက်အထိ သွားရပ်တဲ့သူတွေကိုလည်း ဪ သူ
တို့ဟာ သံသရာကြီးမှာ ဝန်လေးရှာပြီ၊ ဘဝဆိုတာတိုတိုလေး၊သံသရာဆိုတာ အရှည်ကြီးပဲ သူ့ခဗျာ အဓမ္မဘက်မှာရပ်တည်လို့ သံသရာ
ကြီးမှာ ဝန်လေး ရှာတော့မယ်ဆိုပြီး ကရုဏာစိတ်မွေးပေးပါ။)
၃/ သူဟာသူပဲ ကိုယ်မဟုတ်ဘူးဆိုတာ သိရပါမယ် ၊ သူက ကိုယ်နဲ့ မတူဘူး၊သူဟာကိုယ့်လောက်ခံနိုင်ရည်မရှိရှာဘူး။သူဟာကိုယ့်လောက်
သတ္တိမရှိရှာဘူးလို့ သဘောပေါက်ပြီး သနားကရုဏာ ဖြစ်ရပါမယ်။
၄/ ငါဟာ အခုတော်လှန်ရေးကြီးလုပ်နေတာက နိုင်ငံအတွက်ပဲ ငါ့အတွက်မပါဘူးလို့ လုံးဝလုံးဝမတွေးပါနဲ့။ တော်လှန်ရေးကြီးအောင်မြင်
ရင် ကိုယ်နဲ့ကိုယ့်မိသားစုလည်း အကျိုးကျေးဇူးခံစားရမှာပါ။ ဘယ်သူမလုပ်လုပ်လုပ် ငါ့မိသားစုနဲ့ ငါ့အတွက်လည်း တိုက်ရမယ်ဆိုတဲ့
စိတ်လည်းမွေးထားရပါမယ်။
၅/ငါတစ်ယောက်ထဲလုပ်နေလို့ဘာမှမထူးဘူးလို့မတွေးပါနဲ့ ။သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်ပါတယ်။ မြန်မာ့
လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ လူငယ် ၃၀ ထဲနဲ့အစပြုခဲ့တာပါ။
လူတွေရဲ့ သတ္တိဟာ တစ်ယောက်နဲ့ တစ်ယောက် အလွန်ကြီးမားစွာ စွဲဆောင်အားရှိပါတယ်။ ကိုယ့်ကသာ ရဲရဲဝံ့ဝံ့တက်တက်ကြွကြွ လုပ်
နေရင် ဘေးမှာ ရပ်နေတဲ့သူတွေက မနေနိုင်ကြတော့ပဲ အကြီးအကျယ် ပူးပေါင်းလာပါလိမ့်မယ်။ ကိုယ့်ဘက်က ကရုဏာကြီးလေလေ၊
မေတ္တာကြီးလေလေ စိတ်စွမ်းအားထက်လေလေပါပဲ။
အားလုံးအချင်းချင်း အပြန်အလှန်အပြစ်တင်ခြင်းဘေးမှကင်းဝေးကြပါစေ။အရေးတော်ပုံကြီးအောင်မြင်ပါစေ။”
crd
“ျမန္မာ့ေႏြဦးေတာ္လွန္ေရးႀကီး ဟာ သိပ္မၾကာေသာကာလအတြင္း ေနာက္ဆုံးပန္းတိုင္ကို ေရာက္လာပါေတာ့မယ္၊ ဒီအခ်ိန္ေ
တြမွာ ေတြ႕ႀကဳံရမည့္ ေတာ္လွန္ေရးႀကီး အတြက္ အႀကီးမားဆုံး အႏၲရာယ္က ေတာ့ အတူတူေလွ်ာက္လာၾကသူအခ်င္းခ်
င္း အျပန္အလွန္ အျပစ္တင္ၾကတာပါပဲ။
ဒါဟာမထူးဆန္းဘူး အခက္ခဲဆုံးအခ်ိန္ေရာက္လာၿပီဆိုရင္ လူ႔သဘာဝအရ စိတ္ဓါတ္ခြန္အားေတြ ယုတ္ေလ်ာ့လာပါတယ္။ ဒီလို စိတ္ဓါတ္ခြ
န္အားေတြ ယုတ္ေလ်ာ့လာတဲ့ အဓိက လကၡဏာက ေတာ့ သူမ်ားကို အျပစ္တင္ခ်င္စိတ္ေတြေပၚလာၿပီး အျပစ္ေတြတင္ေတာ့တာပါ
ပဲ။
CDM အတူတူလုပ္လာသူအခ်င္းခ်င္း မလုပ္ေတာ့တဲ့သူေတြေတြ႕ရင္ စိတ္နာမယ္၊ေဒါသထြက္လာမယ္၊အျပစ္တင္လာမယ္၊သံပုံးအတူတူ
တီးလာသူအခ်င္းခ်င္းေဘးအိမ္က မတီးေတာ့ရင္စိတ္နာမယ္၊ေဒါသထြက္လာမယ္၊အျပစ္တင္လာမယ္၊
လမ္းေပၚထြက္ၾကသူအခ်င္းခ်င္း မထြက္ၾကေတာ့ရင္၊လူနည္းလာရင္စိတ္နာမယ္၊ေဒါသထြက္လာမယ္၊အျပစ္တင္လာမယ္၊ဟုတ္ၿပီ ကြၽ
န္ေတာ္တို႔ စိတ္သဘာဝဟာ သိပ္ထူးျခားပါတယ္ ၊ သူမ်ားအေပၚ ေဒါသထြက္လာေလေလ၊စိတ္နာေလေလ၊အျပစ္တင္ေလေလ မိမိရဲ႕ စိ
တ္ဓါတ္ခိုင္မာမႈဟာေလ်ာ့ၾကလာေလေလပါပဲ။
ဒီလိုနဲ႔ေနာက္ဆုံးေတာ့ သူမ်ားကိုအျပစ္တင္ေနၾကတဲ့ ကိုယ္ကိုယ္တိုင္ပဲ စိတ္ဓါတ္ခြန္အားေတြ ယုတ္ေလ်ာ့လာၿပီး သူမ်ားနဲ႔ အတူတူ Non
CDM ျဖစ္လာမယ္၊သံပုံးမတီးေတာ့ဘူး။ အျပင္မထြက္ေတာ့ဘူး ဆိုၿပီးေသခ်ာေပါက္ျဖစ္လာမွာပါ။
ဟုတ္ၿပီဒါဆိုရင္ မိမိရဲ႕စိတ္ဓါတ္ကို မယိမ္းယိုင္ေအာင္ဘယ္လိုေစာင့္ေရွာက္ရမလဲ။“က႐ုဏာ” စိတ္ပါပဲ ၊ကြၽန္ေတာ္တို႔ဟာ က႐ုဏာ စိ
တ္ကို အႀကီးအက်ယ္ေမြးယူရပါမယ္။ဘယ္လိုေမြးယူရမလဲ။
ကြၽန္ေတာ္တို႔ဟာ အျဖစ္မွန္ကို သေဘာေပါက္ရပါမယ္။တကယ္ေတာ့ ကြၽန္ေတာ္တို႔အခ်င္းခ်င္းအတူတူ ပန္းတိုင္ကို ခ်ီတက္
လာၾကရင္းနဲ႔ က်န္ခဲ့တဲ့ သူေတြအေပၚမွာ က႐ုဏာ စိတ္ေမြးရပါမယ္။
၁/ဪသူတို႔ဟာ ငါ့ေလာက္ စိတ္ဓါတ္မခိုင္ရွာဘူး။
၂/ဪသူတို႔ဟာ ငါတို႔ေလာက္ အမွန္တရားဓမၼဘက္မွာ မရပ္တည္ႏိုင္ရွာဘူး။ (အဓမၼဘက္အထိ သြားရပ္တဲ့သူေတြကိုလည္း ဪ
သူတို႔ဟာ သံသရာႀကီးမွာ ဝန္ေလးရွာၿပီ၊ ဘဝဆိုတာတိုတိုေလး၊သံသရာဆိုတာ အရွည္ႀကီးပဲ သူ႔ခဗ်ာ အဓမၼဘက္မွာရပ္တည္လို႔
သံသရာႀကီးမွာ ဝန္ေလး ရွာေတာ့မယ္ဆိုၿပီး က႐ုဏာစိတ္ေမြးေပးပါ။)
၃/ သူဟာသူပဲ ကိုယ္မဟုတ္ဘူးဆိုတာ သိရပါမယ္ ၊ သူက ကိုယ္နဲ႔ မတူဘူး၊သူဟာကိုယ့္ေလာက္ခံႏိုင္ရည္မရွိရွာဘူး။သူဟာကိုယ့္ေလာက္သ
တၱိမရွိရွာဘူးလို႔ သေဘာေပါက္ၿပီး သနားက႐ုဏာ ျဖစ္ရပါမယ္။
၄/ ငါဟာ အခုေတာ္လွန္ေရးႀကီးလုပ္ေနတာက ႏိုင္ငံအတြက္ပဲ ငါ့အတြက္မပါဘူးလို႔ လုံးဝလုံးဝမေတြးပါနဲ႔။ ေတာ္လွန္ေရးႀ
ကီးေအာင္ျမင္ရင္ ကိုယ္နဲ႔ကိုယ့္မိသားစုလည္း အက်ိဳးေက်းဇူးခံစားရမွာပါ။ ဘယ္သူမလုပ္လုပ္လုပ္ ငါ့မိသားစုနဲ႔ ငါ့အတြက္လည္း တိုက္ရမ
ယ္ဆိုတဲ့စိတ္လည္းေမြးထားရပါမယ္။
၅/ငါတစ္ေယာက္ထဲလုပ္ေနလို႔ဘာမွမထူးဘူးလို႔မေတြးပါနဲ႔ ။သစ္တစ္ပင္ေကာင္းရင္ ငွက္တစ္ေသာင္းနားႏိုင္ပါတယ္။ ျမန္မာ့လြတ္လ
ပ္ေရးအတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ လူငယ္ ၃၀ ထဲနဲ႔အစျပဳခဲ့တာပါ။
လူေတြရဲ႕ သတၱိဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ အလြန္ႀကီးမားစြာ စြဲေဆာင္အားရွိပါတယ္။ ကိုယ့္ကသာ ရဲရဲဝံ့ဝံ့တက္တက္ႂကြႂကြ
လုပ္ေနရင္ ေဘးမွာ ရပ္ေနတဲ့သူေတြက မေနႏိုင္ၾကေတာ့ပဲ အႀကီးအက်ယ္ ပူးေပါင္းလာပါလိမ့္မယ္။ ကိုယ့္ဘက္က က႐ုဏာႀ
ကီးေလေလ၊ေမတၱာႀကီးေလေလ စိတ္စြမ္းအားထက္ေလေလပါပဲ။
အားလုံးအခ်င္းခ်င္း အျပန္အလွန္အျပစ္တင္ျခင္းေဘးမွကင္းေဝးၾကပါေစ။အေရးေတာ္ပုံႀကီးေအာင္ျမင္ပါေစ။”
crd