1.July.2021 မှ 7.July.2021 အထိတစ်ပတ်စာ ရရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ
အဖြစ်အပျက်အတိုင်း ၊ကိစ္စရပ်တိုင်း ဝေခွဲရခက်အောင် နှစ်မျိုးနှစ်ခွကြုံနေရတတ်သည်။ မိမိကိုယ်တိုင် တွေဝေဒွိဟဖြစ်နေရ တတ်သည်။
လောဘနောက်မလိုက်ဘဲ မှန်ကန်သည်လမ်းကိုရွေးချယ်နိုင်ဖို့ လိုသည်။ အကောင်း အဆိုး ဒွန်တွဲနေတဲ့ကာလပါပဲ။ ကောင်းမလိုလိုနဲ့ ဆိုး
သွားတတ်ပါတယ်။
ရည်မှန်းထားတာကြံစည်ထားတာတွေ ပျက်လွယ် ပါတယ်။ ငွေမမြဲဖြစ်မယ်။ ငွေကုန်လွယ်မယ်။
အမွေကိစ္စ၊မြေကိစ္စ တွေဖြေရှင်းရလိမ့်မယ်။ ထပ်ချဲ့ထား သော အလုပ်တွေနဲ့ပတ်သက်ပြီး ငွေမနိုင်ဖြစ်တတ်တယ်။
အလုပ်များသလောက် အကျိုးအမြတ်နည်းလိမ့်မယ်။ ခရီး ဝေးသွားဖို့ကိစ္စများကြုံလာရနိုင်သည်။ စပ်တူရှယ်ယာလုပ်ခြင်းမျိုးရှောင်ပါ။
မိမိလျှောက်မဲ့လမ်းတားဆီးမဲ့သူ
နှောက် ယှက် မဲ့သူတွေ ကြုံရလိမ့်မယ်။ပညာရှာနေသူများမိမိလိုချင်သောပညာများရပါလိမ့်မည်။
သားသမီးကြောင့် စိတ် ချမ်း မြေ့ ပျော်ရွှင်ရလိမ့်မည်။ အချစ်ရေးကံကောင်းပေမဲ့ ချစ်ရသူ၊မိမိတန်ဖိုးထားရသူတွေအတွက် သောက
ရောက် ရတတ်ပါတယ်။
ကျန်းမာရေးတော့ ဂရုစိုက်သင့်တဲ့ကာလပါ။ အစာမကြေခြင်း ၊အစာအိမ်ရောင်ခြင်း၊ဗိုက်နာခြင်းမျိုး ဖြစ်လွယ်တဲ့ကာလပါပဲ။
လုပ်ငန်းအစီအစဉ်တွေလည်း ထစ်ငေါ့လွဲချော်သွားတတ်ပါတယ်။ မသွားချင်တဲ့ခရီး တွေ လည်း သွားရတတ်ပါတယ်။ မကြားချင်တဲ့
စကားတွေလည်း ကြားသိနေရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၃/၆/၉
အထူးဟော အကြံအစည်တွေ ပျက်တတ်သည်။
ယတြာ ဘဂဝါ ဂုဏ်တော်ကို ၁၀၈လုံးပုတီးဖြင့်တစ်နေ့တစ်ပတ် စိပ်ပါ။
တနင်္လာ
စီးပွားရေးနယ်ပယ်ချဲ့ထွင်လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်ပို၊ကိစ္စပိုတွေကြောင့်တော့ ပင်ပန်းရတတ်တာပေါ့ ဗျ။
ဒါပေမဲ့ စီးပွားရေးကံကတော့အထူးကောင်းနေတယ်။ အလုပ်အကိုင်များ အဆင်ပြေလာပါလိမ့်မည်။ ငွေလဲ ဝင်လာပါလိမ့်မည်။
ဆုံးမည်ဟုထင်ထားသောငွေများလဲပြန်ရလိမ့်မည်။ အလုပ်အကိုင်များချဲ့ထွင်နိုင်လိမ့်မည်။ အလုပ်အကိုင်ပြောင်းရွေ့ဖို့စဉ်းစားနေသူများမ
ပြောင်းပါနဲ့အုံး။
လက်ရှိအလုပ်မှာ အဆင်ပြေလာပါလိမ့်မည်။ အလုပ် ရှာနေသူများ အလုပ်ရပါလိမ့်မည်။ မိမိသွားချင်တဲ့ခရီး မိမိရည်မှန်းထားသောခရီး
တွေလဲသွားရပါလိမ့်မယ်။
ကောင်း သော ခရီး ပျော်စရာကောင်းသောခရီးဖြစ်မှာပါ။
မိတ်ဆွေကောင်းသူငယ်ချင်းကောင်းတွေရဲ့ကူညီထောက်ပံ့ တာ မျိုးလဲ ကြုံရနိုင်ဖွယ်ရှိနေပါတယ်။
စက်ပစ္စည်းအသစ်တွေ ဝင်လာဖို့ရှိနေပါတယ်။ အချစ်ရေးလဲစန်းပွင့်နေတဲ့ အချိန် ပါ။ ချစ်ခွင့်ပန်တာမျိုးကြုံရတတ်သလို
ရေလာမြောင်းပေး စကားတွေလဲ ပြောလာတတ်ပါတယ်။
အိမ်ထောင်ရေး ကံခေနေပါမည်။ အိမ်ထောင်ရေးကြောင့်စိတ်ညစ်ရပါလိမ့်မည်။ ဝယ်စရာတွေများနေပါလိမ့်မည်။ ကျန်းမာရေးလဲ ခြူခြာ
နေမည်။
လူပင်ပန်းပြီးကိုယ်လက်မအီမသာဖြစ်ရတတ်ပါတယ်။ ဗိုက်အောက်ဗိုက်နာ အစာမကြေဖြစ်နေပါ လိမ့်မည်။ပညာရေးကံကတော့ အထူး
ကောင်းနေပါ လိမ့် မယ်။
စာတွေကျက်ရမှတ်ရလွယ်နေပါလိမ့်မယ်။
အကျိုးပေးဂဏန်း – ဝ/၇/၆
အထူးဟော -စီးပွားရေးကံ အထူးကောင်းနေမည်။
ယတြာ ပေါင်မုန့်တစ်လုံးဝယ်ပြီး ငါးစာကျွေးလိုက်ပါ။

အင်္ဂါ
အလုပ်ကိစ္စ၊ အိုးအိမ် နေရာထိုင်ခင်းကိစ္စ တွေနဲ့ပတ်သက်ပြီး စိတ်ညစ်ရတတ်တယ်။ ဖခင်နဲ့ အတိုက် အခံဖြစ်ပြီး အိမ်မှာမနေချင်ဖြစ်နေ
ရတတ်ပါတယ်။
အလုပ်စီးပွားအထူးကောင်းသည်။ အလုပ်သစ်စခြင်း အလုပ်တိုး ချဲ့ ခြင်းများပြုလုပ်နိုင်မည်။ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် တစိမ်း
မိန်းကလေးတွေနဲ့မပတ်သက်ပါစေနဲ့ ။
အမျိုး သားများအဖို့ ငြိစွန်းလွယ်တဲ့ကာလမို့ပါ။ထိုသို့ငြိစွန်းပါက အကောင်းထက်အဆိုးများပါလိမ့်မယ်။ အိမ်ပူလေ အလုပ် ကောင်း
လေကာလပါပဲ။
အိမ်ထောင်ဘက်အချင်းချင်းစကားများရနိုင်သလို လူလွတ်ဆိုပါက အတူနေမောင်နှမတွေ စိတ်ဝမ်းကွဲတတ်တယ်။အလုပ်ထဲမှာ
အထက်လူကြီးနဲ့ စကားအခြေအတင်များရတတ်ပါတယ်။
လုပ်ငန်းသစ်စမဲ့သူ များ ဒီအပတ်အတွင်းမစပါနဲ့အုံး ။ လူမှုရေးကိစ္စများ အခြားကိစ္စပိုများကြောင့် အကျိုးမရှိဘဲအလုပ်များ ဗျာများနေ
ရတတ် တယ်။
ရွှေငွေလက်ဝတ်ရတနာများ ထွက်တတ်ပျောက်တတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ အလုပ်ပါး နေတတ်ပါတယ်။ ဆိုင်လူအဝင်နည်း
နေလိမ့်မယ်။
ကျန်းမာရေးကတော့အဆိုးထဲကအကောင်းလို့ပဲပြောရမှာပါ။ မတ် တပ်ဖျား မတ်တပ်နာလောက်ပဲဖြစ်ပါလိမ့်မယ်။ အချစ်ရေးကံက
ချစ်သူနဲ့ အနေဝေးနေရတတ်ပါတယ်။
အနေဝေးနေ တဲ့ ချစ်သူက အဆက်ဖြတ်ဖို့ကြိုးစားတာမျိုးကြုံရတတ်သည်။ အချစ်ရေးကြောင့် ခေါင်းရှုပ်ရတတ် သည်။ ပညာရေး အနေ
နဲ့ ဝီရိယကို နှစ်ဆတိုးမှအဆင်ပြေပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၂/၄/၆
အထူးဟော စိတ်လေနေရတတ်သည်။
ယတြာ ပန်းကန်တစ်ချပ်ထဲ လက်ဖက်အသားကို ကိုးပုံ ပုံပြီးဘုရားကပ်လှူပါ
ဗုဒ္ဓဟူး၊ရာဟု
ဒီကာလအတွင်း အထူးဂရုစိုက်စေချင်တာကကျန်းမာရေးပါ ။ ကျန်းမာရေး ရှောင်တခင်ညံ့သွားပါလိမ့်မယ်။ ရေချိုးမှားတတ်ခြင်း ၊ တက်
စာများစားခြင်းမျိုးကို အထူးရှောင်ပါ။
ဆေးမြီးတိုနှင့်မကုပါနှင့်။ အပ်နဲ့ထွင်းရမဲ့ကိစ္စ ပုဆိန်နှင့်ထွင်းရတတ်သည်။အလုပ်တာဝန်တွေ အရမ်းပိနေတတ်ပါတယ်။ ဒါကြောင့်လဲ
ပင်ပန်းနွမ်းနယ်နေရ တတ်ပါတယ်။
ငွေကြေးချေးငှားတာမျိုးမလုပ်ပါနဲ့။ သူများလုပ်ငန်းထဲရှယ်ယာ မထည့်ပါနဲ့။ ငွေအရမ်းမြုပ်စေနိုင်တဲ့ ကိစ္စများ ရှောင်ရှားသင့်တဲ့အချိန်ပါ။
ဝေးကွာနေတဲ့မိတ်ဆွေတွေနဲ့ ပြန်လည် ဆုံစည်းရတတ်ပါတယ်။ သားသမီး ကြောင့် ပူပန်သောကရောက်စရာများကြုံရပါလိမ့်မည်။
စပ်တူရှယ်ယာအကျိုး ပေးမည်။
မင်္ဂလာကိစ္စ၊အလှူကိစ္စများ ကြုံရပါလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းများထံမှ အကြံဉာဏ်တွေရပါလိမ့် မည်။
အိမ်တွင်းရေး မိသားစုအရေး ကိစ္စများတွင်စိတ်ချမ်းမြေ့ရမည်။ မိမိအလုပ်မလုပ်ရဘဲ ၊သာရေးနာရေးကိစ္စ ၊လူမှုရေးကိစ္စ၊ပရဟိတအလုပ်
တွေနဲ့ အချိန်ကုန်ရတတ်တယ်။
အချစ်ရေးကံကြမ္မာက အကောင်းအဆိုးမျှ နေပါ တယ်။အထူးသဖြင့် အကောင်းဘက်ကို ပိုများပါတယ်။ ပညာရေးက ကြိုးစားဖို့လိုအပ်ပါ
တယ်။
ကျက်ထားတာက တစ်ခု စာမေးပွဲမှာမေးတာက တစ်မျိုးဖြစ် နေရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၃/၂/၇
အထူးဟော အနားယူဖို့ လိုအပ်ပါသည်။
ယတြာ ဘုရားတန်ဆောင်းတွေမှာ တံမြက်စည်းလှည်းကျင်းပါ
ကြာသပတေး
စိတ်ကူးထား၊ ကြံစည်ထားတာတွေ လက်တွေ့ဖြစ်လာပါတော့မည်။ ရည်မှန်းထားတာတွေပြည့်မြောက် အောင်မြင် လိမ့်မည်။
ကောင်းသောခရီး အပျော်ခရီးများ သွားရတတ်ပါ ။
အဘက်ဘက်က အဆင်ပြေမှုတွေကြုံ တွေ့ရပါလိမ့်မယ်။ ငွေကြေးလာဘ်လဘတွေလဲပေါများနေပါလျမ့်မယ်။
အလုပ်အဆင်ပြေခြင်း၊ နေရာကောင်းရခြင်း ရာထူးတိုးတက်ခြင်းမျိုးကြုံရလိမ့်မည်။ နိုင်ငံခြားကိစ္စရပ်ဝေးကိစ္စများအဆင်ပြေမည်။
မိမိကို မလိုမုန်းထားသူများ ခင်ခင်မင်မင်ပြန်ဆက်ဆံလာပါလိမ့်မည်။ ပညာရေးမှာ ကြိုးစားသလောက်ထွန်းပေါက်ပါလိမ့်မည်။
အချစ်ရေးမှာ ဝေးတသသ နီးတကျက်ကျက်ဆိုတာမျိုးဖြစ်နေပါလိမ့်မည်။ ဘာသာခြား လူမျိုးခြားတွေဆီမှအကူအညီအထောက် အပံ့
တွေရလာပါလိမ့်မည်။
ကောင်းတဲ့ လိုအင်ဆန္ဒတွေ ပြည့်လာပါလိမ့်မယ်။ ငွေကအဝင်ကြမ်းအထွက်ကြမ်း ဖြစ်နေပါလိမ့်မယ်။အထိုင်အလုပ်လုပ်နေသူများ ထူး
ထူးခြားခြားအဆင်ပြေမည်။
လုပ်ငန်းစီးပွားတိုးတတ်မည်။ အိုး အိမ် နေရာထိုင်ခင်းကိစ္စများ အဆင်ပြေပါလိမ့်မည်။ အလုပ်ရာထူးတိုးတတ်ခြင်းကြုံမည်။
အထက်လူကြီးမစခြင်း ခံရတတ်သည်။
အိမ်ထောင်သည်များစန်းပွင့်နေတဲ့ကာလဖြစ်တဲ့အတွက် ခြေရှုပ်တတ်သည်။ကျန်းမာရေးကတော့ အားကောင်းနေတတ်ပါတယ်။ ကိုယ်ခံ
အားတွေကောင်းနေတတ်ပါတယ်။
အကျိုးပေးဂဏန်း ၆/၃/၇
အထူးဟော ကံမြင့်နေပါတယ်။
ယတြာ သစ်သီး၆မျိုးဘုရားကပ်ပါ။
သောကြာ
အချစ်ရေးလွန်စွာမှ စန်းပွင့်နေလိမ့်မည်။ အနေနီးတဲ့ သူနဲ့တောင်ငြိစွန်းလွယ်တဲ့ကာလပါ။ အိမ်ထောင်သည် များလဲ သတိထားဖို့လိုပါ
တယ်။
အိမ်ထောင်ရေးစောင့်စည်းဖို့လိုပါတယ်။ ရည်စားရှိသူများ ဆိတ်ကွယ်ရာမသွားပါနဲ့။ အချစ်နယ်ကျွံတာမျိုးဖြစ်ရတတ်ပါတယ်။
ရပ်ဝေးမှ အလုပ်ခေါ်ခြင်း ၊အကူအညီပေးခြင်း ၊ နိုင်ငံခြားရောက်နေသော သားသမီးမှ ငွေပို့ပေးခြင်းမျိုးကြုံရပါလိမ့်မည်။ စက်ပစ္စည်း
များဝင်လာပါလိမ့်မည်။
အောက်လက်ငယ်သားများရဲ့ အကူအညီတွေ အများကြီးရပါလိမ့်မည်။ ခရီးတိုများ ခဏခဏထွက်နေရပါလိမ့်မည်။
အတိတ်က မိမိကျေးဇူးပြုခဲ့ ဖူးသူတစ်ဦးရဲ့ ပြန်လည်ကျေးဇူးပြုခြင်းမျိုးကြုံရပါမည်။ ကျန်းမာရေးကတော့ခေါင်းကိုက် ၊ခေါင်းမူး ၊
သွေးတိုးခြင်း မျိုးကြုံရပါလိမ့်မည်။ ပညာရေးကံအထူးကောင်းနေချိန်ပါပဲ။
သားသမီးကြောင့်စိတ်ချမ်းမြေ့ရမည်။ ရွှေဝင်လိမ့်မည်။ စပ်တူအလုပ်၊ ရှယ်ယာအလုပ်အကျိုးဖြစ်ထွန်းမည်။
ခရီးကိစ္စပေါ်လာပါက ရက်ရွေ့လိုက်ပါ။ ကျန်းမာရေးညံ့ သွား တတ် ပါတယ်။ အခက်အခဲကြုံရင်ကူညီမဲ့သူတွေအနားမှာရှိနေမယ်။
အောက်လက်ငယ်သားတွေရဲ့ အကူအညီရလိမ့် မယ်။ ဦးတည်လိုက်တိုင်း၊ နေရာတိုင်း၌ အတိုက်အခံများ ရှိနေမည်။
မဖြစ်မနေ လုပ်ကိုင်မှုများကြောင့် အဆုံးပိုင်းတွင် အောင်မြင်မှုများ ရရှိမည်။
အကျိုးပေးဂဏန်း ၇/ဝ/၈
အထူးဟော စန်းပွင့်နေမည်။
ယတြာ နှင်းဆီ ၇ ပွင့် ဘုရားလှူပါ
စနေ
ဆောင်ရွက်သမျှ နှောင့်နှေးကြန့်ကြာနေမည်။ အခက်အခဲများကို ထိပ်တိုက်ရင်ဆိုင်နေရမည်။ စကားမတည် သောသူများနှင့် တွေ့ရတတ်
ပါသည်။
ကူညီမည့်သူထက် နှောက်ယှက်မည့်သူ အလွန်များပြားနေရတတ်ပါသည်။ ခြံ၊ ကား၊ အခန်း ရောင်းမှား၊ ဝယ်မှား ဖြစ်သူများ၏ ပြဿနာ
များကို တာဝန်ယူ ဖြေရှင်း လုပ်ကိုင်ပေးနေရမည်။
အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ ခွဲခွာရတတ်ပါတယ်။ အလုပ်ကိစ္စနဲ့ပက်သက်ပြီး သောကရောက်ရ တတ် ပါတယ်။ ဖခင်နဲ့အတိုက်အခံဖြစ်
ရတတ်ပါတယ်။
ကံညံ့နေတဲ့အချိန်ပါပဲ။ လုပ်သမျှမဖြစ်လို့ စိတ်ပျက်လက်ပျက်ဖြစ် နေရ မည်။ ဘာပဲဖြစ်ဖြစ်ကြုံရမဲ့ အခက်အခဲကို ခေါင်းအေးအေးထား
ဖြေရှင်းပါ။
ရန်များနေတဲ့ကာလဖြစ်လို့ မည်သူ့ကိုမှမယုံကြည်ပါနှင့်။အုပ်စုဖွဲ့ ချောက်တွန်းခြင်းခံရနိုင်ပါတယ်။ အလုပ်အဆင်မပြေဖြစ်မည်။
အထက်လူကြီး ကြောင့် စိတ်ညစ်ရတတ်သည်။အလုပ်မရှိသူများ အလုပ်ရှာရခက်နေပါလိမ့်မည်။ အချစ်ရေးမှာ ချစ်သူအပေါ် စိတ်ကုန်
နေမိတတ်ပါတယ်။
ပညာရေးမှာ ကြိုးစားသလောက်အရာမထင်ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကြီးကြီး မားမားဖြစ်ဖို့မရှိသေးပါဘူး။
ပေါ်ပေါက်လာသည့် အခြေအနေကို အသုံးချ၍ ဆောင်ရွက်လုပ်ကိုင်ခြင်းများမှ ကောင်း သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်။
အကျိုးပေးဂဏန်း ဝ/၇/၈
အထူးဟော ကံအနည်းငယ်ညံ့နေရတတ်ပါတယ်။
ယတြာ နွားနို့ပူပူတစ်ခွက် ဘုရားကပ်လှူပါ
ရရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
1.July.2021 မွ 7.July.2021 အထိတစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ
အျဖစ္အပ်က္အတိုင္း ၊ကိစၥရပ္တိုင္း ေဝခြဲရခက္ေအာင္ ႏွစ္မ်ိဳးႏွစ္ခြႀကဳံေနရတတ္သည္။ မိမိကိုယ္တိုင္ ေတြေဝဒြိဟျဖစ္ေနရ တတ္သည္။
ေလာဘေနာက္မလိုက္ဘဲ မွန္ကန္သည္လမ္းကိုေ႐ြးခ်ယ္ႏိုင္ဖို႔ လိုသည္။ အေကာင္း အဆိုး ဒြန္တြဲေနတဲ့ကာလပါပဲ။ ေကာင္းမလိုလိုနဲ႔ ဆိုးသြားတတ္ပါတယ္။
ရည္မွန္းထားတာႀကံစည္ထားတာေတြ ပ်က္လြယ္ ပါတယ္။ ေငြမၿမဲျဖစ္မယ္။ ေငြကုန္လြယ္မယ္။
အေမြကိစၥ၊ေျမကိစၥ ေတြေျဖရွင္းရလိမ့္မယ္။ ထပ္ခ်ဲ႕ထား ေသာ အလုပ္ေတြနဲ႔ပတ္သက္ၿပီး ေငြမႏိုင္ျဖစ္တတ္တယ္။
အလုပ္မ်ားသေလာက္ အက်ိဳးအျမတ္နည္းလိမ့္မယ္။ ခရီး ေဝးသြားဖို႔ကိစၥမ်ားႀကဳံလာရႏိုင္သည္။ စပ္တူရွယ္ယာလုပ္ျခင္းမ်ိဳးေရွာင္ပါ။ မိမိေလွ်ာက္မဲ့လမ္းတားဆီးမဲ့သူ
ေႏွာက္ ယွက္ မဲ့သူေတြ ႀကဳံရလိမ့္မယ္။ပညာရွာေနသူမ်ားမိမိလိုခ်င္ေသာပညာမ်ားရပါလိမ့္မည္။
သားသမီးေၾကာင့္ စိတ္ ခ်မ္း ေျမ့ ေပ်ာ္႐ႊင္ရလိမ့္မည္။ အခ်စ္ေရးကံေကာင္းေပမဲ့ ခ်စ္ရသူ၊မိမိတန္ဖိုးထားရသူေတြအတြက္ ေသာကေရာက္ ရတတ္ပါတယ္။
က်န္းမာေရးေတာ့ ဂ႐ုစိုက္သင့္တဲ့ကာလပါ။ အစာမေၾကျခင္း ၊အစာအိမ္ေရာင္ျခင္း၊ဗိုက္နာျခင္းမ်ိဳး ျဖစ္လြယ္တဲ့ကာလပါပဲ။
လုပ္ငန္းအစီအစဥ္ေတြလည္း ထစ္ေငါ့လြဲေခ်ာ္သြားတတ္ပါတယ္။ မသြားခ်င္တဲ့ခရီး ေတြ လည္း သြားရတတ္ပါတယ္။ မၾကားခ်င္တဲ့ စကားေတြလည္း ၾကားသိေနရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၃/၆/၉
အထူးေဟာ အႀကံအစည္ေတြ ပ်က္တတ္သည္။
ယၾတာ ဘဂဝါ ဂုဏ္ေတာ္ကို ၁၀၈လုံးပုတီးျဖင့္တစ္ေန႔တစ္ပတ္ စိပ္ပါ။
တနလၤာ
စီးပြားေရးနယ္ပယ္ခ်ဲ႕ထြင္လုပ္ကိုင္ရတတ္ပါတယ္။ အလုပ္ပို၊ကိစၥပိုေတြေၾကာင့္ေတာ့ ပင္ပန္းရတတ္တာေပါ့ ဗ်။
ဒါေပမဲ့ စီးပြားေရးကံကေတာ့အထူးေကာင္းေနတယ္။ အလုပ္အကိုင္မ်ား အဆင္ေျပလာပါလိမ့္မည္။ ေငြလဲ ဝင္လာပါလိမ့္မည္။
ဆုံးမည္ဟုထင္ထားေသာေငြမ်ားလဲျပန္ရလိမ့္မည္။ အလုပ္အကိုင္မ်ားခ်ဲ႕ထြင္ႏိုင္လိမ့္မည္။ အလုပ္အကိုင္ေျပာင္းေ႐ြ႕ဖို႔စဥ္းစားေနသူမ်ားမေျပာင္းပါနဲ႔အုံး။
လက္ရွိအလုပ္မွာ အဆင္ေျပလာပါလိမ့္မည္။ အလုပ္ ရွာေနသူမ်ား အလုပ္ရပါလိမ့္မည္။ မိမိသြားခ်င္တဲ့ခရီး မိမိရည္မွန္းထားေသာခရီးေတြလဲသြားရပါလိမ့္မယ္။
ေကာင္း ေသာ ခရီး ေပ်ာ္စရာေကာင္းေသာခရီးျဖစ္မွာပါ။
မိတ္ေဆြေကာင္းသူငယ္ခ်င္းေကာင္းေတြရဲ႕ကူညီေထာက္ပံ့ တာ မ်ိဳးလဲ ႀကဳံရႏိုင္ဖြယ္ရွိေနပါတယ္။
စက္ပစၥည္းအသစ္ေတြ ဝင္လာဖို႔ရွိေနပါတယ္။ အခ်စ္ေရးလဲစန္းပြင့္ေနတဲ့ အခ်ိန္ ပါ။ ခ်စ္ခြင့္ပန္တာမ်ိဳးႀကဳံရတတ္သလိုေရလာေျမာင္းေပး စကားေတြလဲ ေျပာလာတတ္ပါတယ္။
အိမ္ေထာင္ေရး ကံေခေနပါမည္။ အိမ္ေထာင္ေရးေၾကာင့္စိတ္ညစ္ရပါလိမ့္မည္။ ဝယ္စရာေတြမ်ားေနပါလိမ့္မည္။ က်န္းမာေရးလဲ ျခဴျခာ ေနမည္။
လူပင္ပန္းၿပီးကိုယ္လက္မအီမသာျဖစ္ရတတ္ပါတယ္။ ဗိုက္ေအာက္ဗိုက္နာ အစာမေၾကျဖစ္ေနပါ လိမ့္မည္။ပညာေရးကံကေတာ့ အထူးေကာင္းေနပါ လိမ့္ မယ္။
စာေတြက်က္ရမွတ္ရလြယ္ေနပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း – ဝ/၇/၆
အထူးေဟာ -စီးပြားေရးကံ အထူးေကာင္းေနမည္။
ယၾတာ ေပါင္မုန႔္တစ္လုံးဝယ္ၿပီး ငါးစာေကြၽးလိုက္ပါ။
အဂၤါ
အလုပ္ကိစၥ၊ အိုးအိမ္ ေနရာထိုင္ခင္းကိစၥ ေတြနဲ႔ပတ္သက္ၿပီး စိတ္ညစ္ရတတ္တယ္။ ဖခင္နဲ႔ အတိုက္ အခံျဖစ္ၿပီး အိမ္မွာမေနခ်င္ျဖစ္ေနရတတ္ပါတယ္။
အလုပ္စီးပြားအထူးေကာင္းသည္။ အလုပ္သစ္စျခင္း အလုပ္တိုး ခ်ဲ႕ ျခင္းမ်ားျပဳလုပ္ႏိုင္မည္။ ဘယ္အေၾကာင္းေၾကာင့္ျဖစ္ျဖစ္ တစိမ္းမိန္းကေလးေတြနဲ႔မပတ္သက္ပါေစနဲ႔ ။
အမ်ိဳး သားမ်ားအဖို႔ ၿငိစြန္းလြယ္တဲ့ကာလမို႔ပါ။ထိုသို႔ၿငိစြန္းပါက အေကာင္းထက္အဆိုးမ်ားပါလိမ့္မယ္။ အိမ္ပူေလ အလုပ္ ေကာင္းေလကာလပါပဲ။
အိမ္ေထာင္ဘက္အခ်င္းခ်င္းစကားမ်ားရႏိုင္သလို လူလြတ္ဆိုပါက အတူေနေမာင္ႏွမေတြ စိတ္ဝမ္းကြဲတတ္တယ္။အလုပ္ထဲမွာ အထက္လူႀကီးနဲ႔ စကားအေျခအတင္မ်ားရတတ္ပါတယ္။
လုပ္ငန္းသစ္စမဲ့သူ မ်ား ဒီအပတ္အတြင္းမစပါနဲ႔အုံး ။ လူမႈေရးကိစၥမ်ား အျခားကိစၥပိုမ်ားေၾကာင့္ အက်ိဳးမရွိဘဲအလုပ္မ်ား ဗ်ာမ်ားေန ရတတ္ တယ္။
ေ႐ႊေငြလက္ဝတ္ရတနာမ်ား ထြက္တတ္ေပ်ာက္တတ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္းရွင္မ်ား အလုပ္ပါး ေနတတ္ပါတယ္။ ဆိုင္လူအဝင္နည္းေနလိမ့္မယ္။
က်န္းမာေရးကေတာ့အဆိုးထဲကအေကာင္းလို႔ပဲေျပာရမွာပါ။ မတ္ တပ္ဖ်ား မတ္တပ္နာေလာက္ပဲျဖစ္ပါလိမ့္မယ္။ အခ်စ္ေရးကံက ခ်စ္သူနဲ႔ အေနေဝးေနရတတ္ပါတယ္။
အေနေဝးေန တဲ့ ခ်စ္သူက အဆက္ျဖတ္ဖို႔ႀကိဳးစားတာမ်ိဳးႀကဳံရတတ္သည္။ အခ်စ္ေရးေၾကာင့္ ေခါင္းရႈပ္ရတတ္ သည္။ ပညာေရး အေနနဲ႔ ဝီရိယကို ႏွစ္ဆတိုးမွအဆင္ေျပပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း ၂/၄/၆
အထူးေဟာ စိတ္ေလေနရတတ္သည္။
ယၾတာ ပန္းကန္တစ္ခ်ပ္ထဲ လက္ဖက္အသားကို ကိုးပုံ ပုံၿပီးဘုရားကပ္လႉပါ
ဗုဒၶဟူး၊ရာဟု
ဒီကာလအတြင္း အထူးဂ႐ုစိုက္ေစခ်င္တာကက်န္းမာေရးပါ ။ က်န္းမာေရး ေရွာင္တခင္ညံ့သြားပါလိမ့္မယ္။ ေရခ်ိဳးမွားတတ္ျခင္း ၊ တက္စာမ်ားစားျခင္းမ်ိဳးကို အထူးေရွာင္ပါ။
ေဆးၿမီးတိုႏွင့္မကုပါႏွင့္။ အပ္နဲ႔ထြင္းရမဲ့ကိစၥ ပုဆိန္ႏွင့္ထြင္းရတတ္သည္။အလုပ္တာဝန္ေတြ အရမ္းပိေနတတ္ပါတယ္။ ဒါေၾကာင့္လဲ ပင္ပန္းႏြမ္းနယ္ေနရ တတ္ပါတယ္။
ေငြေၾကးေခ်းငွားတာမ်ိဳးမလုပ္ပါနဲ႔။ သူမ်ားလုပ္ငန္းထဲရွယ္ယာ မထည့္ပါနဲ႔။ ေငြအရမ္းျမဳပ္ေစႏိုင္တဲ့ ကိစၥမ်ား ေရွာင္ရွားသင့္တဲ့အခ်ိန္ပါ။
ေဝးကြာေနတဲ့မိတ္ေဆြေတြနဲ႔ ျပန္လည္ ဆုံစည္းရတတ္ပါတယ္။ သားသမီး ေၾကာင့္ ပူပန္ေသာကေရာက္စရာမ်ားႀကဳံရပါလိမ့္မည္။ စပ္တူရွယ္ယာအက်ိဳး ေပးမည္။
မဂၤလာကိစၥ၊အလႉကိစၥမ်ား ႀကဳံရပါလိမ့္မည္။ မိတ္ေဆြအေပါင္းအသင္းမ်ားထံမွ အႀကံဉာဏ္ေတြရပါလိမ့္ မည္။
အိမ္တြင္းေရး မိသားစုအေရး ကိစၥမ်ားတြင္စိတ္ခ်မ္းေျမ့ရမည္။ မိမိအလုပ္မလုပ္ရဘဲ ၊သာေရးနာေရးကိစၥ ၊လူမႈေရးကိစၥ၊ပရဟိတအလုပ္ေတြနဲ႔ အခ်ိန္ကုန္ရတတ္တယ္။
အခ်စ္ေရးကံၾကမၼာက အေကာင္းအဆိုးမွ် ေနပါ တယ္။အထူးသျဖင့္ အေကာင္းဘက္ကို ပိုမ်ားပါတယ္။ ပညာေရးက ႀကိဳးစားဖို႔လိုအပ္ပါတယ္။
က်က္ထားတာက တစ္ခု စာေမးပြဲမွာေမးတာက တစ္မ်ိဳးျဖစ္ ေနရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၃/၂/၇
အထူးေဟာ အနားယူဖို႔ လိုအပ္ပါသည္။
ယၾတာ ဘုရားတန္ေဆာင္းေတြမွာ တံျမက္စည္းလွည္းက်င္းပါ
ၾကာသပေတး
စိတ္ကူးထား၊ ႀကံစည္ထားတာေတြ လက္ေတြ႕ျဖစ္လာပါေတာ့မည္။ ရည္မွန္းထားတာေတြျပည့္ေျမာက္ ေအာင္ျမင္ လိမ့္မည္။ ေကာင္းေသာခရီး အေပ်ာ္ခရီးမ်ား သြားရတတ္ပါ ။
အဘက္ဘက္က အဆင္ေျပမႈေတြႀကဳံ ေတြ႕ရပါလိမ့္မယ္။ ေငြေၾကးလာဘ္လဘေတြလဲေပါမ်ားေနပါလ်မ့္မယ္။
အလုပ္အဆင္ေျပျခင္း၊ ေနရာေကာင္းရျခင္း ရာထူးတိုးတက္ျခင္းမ်ိဳးႀကဳံရလိမ့္မည္။ ႏိုင္ငံျခားကိစၥရပ္ေဝးကိစၥမ်ားအဆင္ေျပမည္။
မိမိကို မလိုမုန္းထားသူမ်ား ခင္ခင္မင္မင္ျပန္ဆက္ဆံလာပါလိမ့္မည္။ ပညာေရးမွာ ႀကိဳးစားသေလာက္ထြန္းေပါက္ပါလိမ့္မည္။
အခ်စ္ေရးမွာ ေဝးတသသ နီးတက်က္က်က္ဆိုတာမ်ိဳးျဖစ္ေနပါလိမ့္မည္။ ဘာသာျခား လူမ်ိဳးျခားေတြဆီမွအကူအညီအေထာက္ အပံ့ ေတြရလာပါလိမ့္မည္။
ေကာင္းတဲ့ လိုအင္ဆႏၵေတြ ျပည့္လာပါလိမ့္မယ္။ ေငြကအဝင္ၾကမ္းအထြက္ၾကမ္း ျဖစ္ေနပါလိမ့္မယ္။အထိုင္အလုပ္လုပ္ေနသူမ်ား ထူးထူးျခားျခားအဆင္ေျပမည္။
လုပ္ငန္းစီးပြားတိုးတတ္မည္။ အိုး အိမ္ ေနရာထိုင္ခင္းကိစၥမ်ား အဆင္ေျပပါလိမ့္မည္။ အလုပ္ရာထူးတိုးတတ္ျခင္းႀကဳံမည္။ အထက္လူႀကီးမစျခင္း ခံရတတ္သည္။
အိမ္ေထာင္သည္မ်ားစန္းပြင့္ေနတဲ့ကာလျဖစ္တဲ့အတြက္ ေျခရႈပ္တတ္သည္။က်န္းမာေရးကေတာ့ အားေကာင္းေနတတ္ပါတယ္။ ကိုယ္ခံအားေတြေကာင္းေနတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၆/၃/၇
အထူးေဟာ ကံျမင့္ေနပါတယ္။
ယၾတာ သစ္သီး၆မ်ိဳးဘုရားကပ္ပါ။
ေသာၾကာ
အခ်စ္ေရးလြန္စြာမွ စန္းပြင့္ေနလိမ့္မည္။ အေနနီးတဲ့ သူနဲ႔ေတာင္ၿငိစြန္းလြယ္တဲ့ကာလပါ။ အိမ္ေထာင္သည္ မ်ားလဲ သတိထားဖို႔လိုပါတယ္။
အိမ္ေထာင္ေရးေစာင့္စည္းဖို႔လိုပါတယ္။ ရည္စားရွိသူမ်ား ဆိတ္ကြယ္ရာမသြားပါနဲ႔။ အခ်စ္နယ္ကြၽံတာမ်ိဳးျဖစ္ရတတ္ပါတယ္။
ရပ္ေဝးမွ အလုပ္ေခၚျခင္း ၊အကူအညီေပးျခင္း ၊ ႏိုင္ငံျခားေရာက္ေနေသာ သားသမီးမွ ေငြပို႔ေပးျခင္းမ်ိဳးႀကဳံရပါလိမ့္မည္။ စက္ပစၥည္းမ်ားဝင္လာပါလိမ့္မည္။
ေအာက္လက္ငယ္သားမ်ားရဲ႕ အကူအညီေတြ အမ်ားႀကီးရပါလိမ့္မည္။ ခရီးတိုမ်ား ခဏခဏထြက္ေနရပါလိမ့္မည္။
အတိတ္က မိမိေက်းဇူးျပဳခဲ့ ဖူးသူတစ္ဦးရဲ႕ ျပန္လည္ေက်းဇူးျပဳျခင္းမ်ိဳးႀကဳံရပါမည္။ က်န္းမာေရးကေတာ့ေခါင္းကိုက္ ၊ေခါင္းမူး ၊ေသြးတိုးျခင္း မ်ိဳးႀကဳံရပါလိမ့္မည္။ ပညာေရးကံအထူးေကာင္းေနခ်ိန္ပါပဲ။
သားသမီးေၾကာင့္စိတ္ခ်မ္းေျမ့ရမည္။ ေ႐ႊဝင္လိမ့္မည္။ စပ္တူအလုပ္၊ ရွယ္ယာအလုပ္အက်ိဳးျဖစ္ထြန္းမည္။
ခရီးကိစၥေပၚလာပါက ရက္ေ႐ြ႕လိုက္ပါ။ က်န္းမာေရးညံ့ သြား တတ္ ပါတယ္။ အခက္အခဲႀကဳံရင္ကူညီမဲ့သူေတြအနားမွာရွိေနမယ္။
ေအာက္လက္ငယ္သားေတြရဲ႕ အကူအညီရလိမ့္ မယ္။ ဦးတည္လိုက္တိုင္း၊ ေနရာတိုင္း၌ အတိုက္အခံမ်ား ရွိေနမည္။
မျဖစ္မေန လုပ္ကိုင္မႈမ်ားေၾကာင့္ အဆုံးပိုင္းတြင္ ေအာင္ျမင္မႈမ်ား ရရွိမည္။
အက်ိဳးေပးဂဏန္း ၇/ဝ/၈
အထူးေဟာ စန္းပြင့္ေနမည္။
ယၾတာ ႏွင္းဆီ ၇ ပြင့္ ဘုရားလႉပါ
စေန
ေဆာင္႐ြက္သမွ် ေႏွာင့္ေႏွးၾကန႔္ၾကာေနမည္။ အခက္အခဲမ်ားကို ထိပ္တိုက္ရင္ဆိုင္ေနရမည္။ စကားမတည္ ေသာသူမ်ားႏွင့္ ေတြ႕ရတတ္ပါသည္။
ကူညီမည့္သူထက္ ေႏွာက္ယွက္မည့္သူ အလြန္မ်ားျပားေနရတတ္ပါသည္။ ၿခံ၊ ကား၊ အခန္း ေရာင္းမွား၊ ဝယ္မွား ျဖစ္သူမ်ား၏ ျပႆနာမ်ားကို တာဝန္ယူ ေျဖရွင္း လုပ္ကိုင္ေပးေနရမည္။
အရမ္းရင္းႏွီးတဲ့မိတ္ေဆြေတြနဲ႔ ခြဲခြာရတတ္ပါတယ္။ အလုပ္ကိစၥနဲ႔ပက္သက္ၿပီး ေသာကေရာက္ရ တတ္ ပါတယ္။ ဖခင္နဲ႔အတိုက္အခံျဖစ္ရတတ္ပါတယ္။
ကံညံ့ေနတဲ့အခ်ိန္ပါပဲ။ လုပ္သမွ်မျဖစ္လို႔ စိတ္ပ်က္လက္ပ်က္ျဖစ္ ေနရ မည္။ ဘာပဲျဖစ္ျဖစ္ႀကဳံရမဲ့ အခက္အခဲကို ေခါင္းေအးေအးထားေျဖရွင္းပါ။
ရန္မ်ားေနတဲ့ကာလျဖစ္လို႔ မည္သူ႔ကိုမွမယုံၾကည္ပါႏွင့္။အုပ္စုဖြဲ႕ ေခ်ာက္တြန္းျခင္းခံရႏိုင္ပါတယ္။ အလုပ္အဆင္မေျပျဖစ္မည္။
အထက္လူႀကီး ေၾကာင့္ စိတ္ညစ္ရတတ္သည္။အလုပ္မရွိသူမ်ား အလုပ္ရွာရခက္ေနပါလိမ့္မည္။ အခ်စ္ေရးမွာ ခ်စ္သူအေပၚ စိတ္ကုန္ ေနမိတတ္ပါတယ္။
ပညာေရးမွာ ႀကိဳးစားသေလာက္အရာမထင္ျဖစ္ရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ႀကီးႀကီး မားမားျဖစ္ဖို႔မရွိေသးပါဘူး။
ေပၚေပါက္လာသည့္ အေျခအေနကို အသုံးခ်၍ ေဆာင္႐ြက္လုပ္ကိုင္ျခင္းမ်ားမွ ေကာင္း ေသာ အက်ိဳးဆက္မ်ား ျဖစ္ေပၚလာမည္။
အက်ိဳးေပးဂဏန္း ဝ/၇/၈
အထူးေဟာ ကံအနည္းငယ္ညံ့ေနရတတ္ပါတယ္။
ယၾတာ ႏြားႏို႔ပူပူတစ္ခြက္ ဘုရားကပ္လႉပါ
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)



