ကနောင်မင်းသားကြီးကို မြင်ကွန်း၊ မြင်းခုံတိုင်တို့ လုပ်ကြံရာတွင် အသုံးပြုခဲ့သော မြန်မာတို့၏ ရာဇဝင်တွေထဲက “ကိုးသင်္ချိုုင်းဓါး”
ကနောင်မင်းသားကြီးသည် တုတ်ပြီး၊ ဓားပြီး သေနတ်ပြီးတယ်လို့ ဖတ်ရှု သိရှိရသည်။ ကနောင်မင်းသားကြီးကို မြင်ကွန်း၊ မြင်းခုံတိုင်က ကိုးသင်္ချိုင်းဓား အစီအရင်နဲ့ လုပ်ကြံလို့ သေရတယ်တဲ့။
ဒါ့ကြောင့် ကိုးသင်္ချိုင်းဓားအကြောင်းကို အနည်းငယ် မျှဝေချင်ပါသည်။ ကိုးင်္သချိုင်းဓားသည် အမည်နှင့် လိုက်အောင်ပင် သင်္ချိုင်းကိုးခု၏ ခေါင်းတလားမှ သံများကို စုပေါင်း၍ သံရည်ကျိုပြီး သွန်းလုပ်ရသည်။
သံရည်ကျိုပြီးသောအခါ စနေသား ပန်းပဲဆရာမှက ဓားပုံလောင်းရသည်။ (အများအားဖြင့် စနေနေ့တွင် ဓားကို ပုံလောင်းကျသည်။) ဓားကို ပုံချောအဖြစ် ရအောင်ယူပြီး ဓားဆေးသောအခါ သင်္ချိုင်း၌ ဆေးရသည်။
ဓားမဆေးမီ ၇ ရက်တိုင်တိုင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့ကို ပင့်ဖိတ်ပြီး သက်ဆိုင်ရာ ဂါထာမန္တာန်တို့ကို ၇ ရက်တိတိ ရွတ်ဖတ်ရသည်။ ဓားဆေးသောအခါ ရေဖြင့် မဆေးရပဲ အစိမ်းသေ သွေးဖြင့်သာ ဆေးရသည်။
အကယ်၍ အစိမ်းသေမှရသော သွေးမများပါက ၎င်းသွေး အနည်းအငယ်သာယူပြီး အခြား ကျွဲ၊ နွားသွေးများ ရောနှောကာ ဆေးရသည်။ ဓားဆေးပြီးသောအခါ စနေသမီးအုံးသော ခေါင်းအုံးအောက်၌ ၇ ရက်ပြည့်အောင် ထားရသည်။
ထိုသို့ပြီးသည်နှင့် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးများ ကမ္မဝါဖတ်နေချိန်၌ ဘုန်းတော်ကြီးများ မသိအောင် ကျောင်းနှင့်မနီးမဝေး ကမ္မဝါဖတ်သံ ကြားရသောနေရာ၌ ထားရသည်။
ပြီးလျှင် မြို့တော်ရှင်ဟု လူအသိများသော ကိုးမြို့ရှင် နတ်ကွန်းတွင် ဓားကို ၉ ရက်တိတိ ထားရသည်။ ဓားပြီးသောအခါ ဓားအိမ်ကို တလားပျဉ် (ခေါင်းပျဉ်) နှင့် ပြုလုပ်ရသည်။
ဓားအရိုးကို လူသေထိုးသော တစူးဝါးဖြင့် ပြုလုပ်ရသည်။ ဓားကို သပ်ပင်းသည့်အခါ အစိမ်းသေ ဆံပင်ကိုးချောင်းဖြင့် ဒမင်းကို သပ်ပင်း ရစ်ပတ်ပြီးမှ သပ်ပင်းရသည်။
ဓားတစ်ချောင်းလုံး ပြီးစီးသောအခါ သက်ဆိုင်ရာ ဂါထာဖြင့် ၉ ရက် မန်းမှုတ်ပူဇော်ရသည်။ ပြီးပါက ဓားကို အသုံးပြုနိုင်မည် ဖြစ်သည်။
ဓားကို သွေးဖြင့် ဆေးထားသောကြောင့် ဓားအရောင်မှာ သွေးအရောင်ကဲ့သို့ ညိုမှိုင်းမှိုင်းဖြစ်နေသည်။
အကြောင်းမရှိပဲ ဓားကို ဓားအိမ်မှ ထုတ်၍ မရပေ။ ထုတ်ပြီး လူသွေး မစွန်းပဲ ဓားအိမ်အတွင်းသို့ ပြန်ထည့်၍ မရပေ။
အခြားသူကို မခုတ်ချင်လျှင် မိမိလက်မောင်းကို ဖောက်ပြီး သွေးစွန်းမှ ပြန်ထည့်၍ ရသည်။ ဓားအစွမ်းမှာ ကာယသိဒ္ဓိ ပြီးသူကို ခုတ်လျှင်ပြတ်။ စုန်း၊ ကဝေတို့၏ စက်ကြိုးများကို ဓားနှင့် ဖြတ်နိုင်သည်။ ဉာဏ်ရှိလျှင် ရှိသလို သုံးနိုင်၏။
ကိုးသင်္ချိုင်းဓားမှာ ပရလောကသားများနှင့် ပတ်သက်နေသော ဓားဖြစ်၏။ ထို့ကြောင့် သုံးစွဲသူများအတွက်လည်း အန္တရာယ်များသည်။
အိမ်ပေါ်မှာ မထားပဲ အိမ်အောက်တွင်လျှို့ဝှက်စွာ ထားရသည်။ မကြာခဏ သွေးလောင်းရသည်။ မေ့လျော့နေလျှင် မကောင်းဆိုးဝါးများ ရောက်လာပြီး ခြောက်လှန့် သတိပေးခြင်း သုံးစွဲသူများအတွက် မိမိလက်မောင်းကို ဖောက်ပြီးသွေးစွန်းမှ ပြန်ထည့်၍ ရသည်။
မေ့လျော့နေလျှင် မကောင်းဆိုးဝါးများရောက်လာပြီး ခြောက်လှန့် သတိပေးခြင်း သုံးစွဲသူများအတွက် အန္တရာယ် ကျရောက်ခြင်းများ ဖြစ်နိုင်လေသည်။
ဤသည်မှာ ကျွန်ုပ် ဖတ်ခဲ့ရဖူးသော ကိုးသင်္ချိုင်းဓား အကြောင်းပင် ဖြစ်လေသည်။
မြန်မာရာဇဝင်မှာ ကိုးသင်းချိုင်းဓားကို နိုင်တဲ့ ဓား၂လက် ရှိပါသေးတယ်။ တလက်က ယိမ်းနွဲ့ပါးဓား ဖြစ်ပြီး တလက်က နတ်မင်းကြီးလေးပါးဓားပါ။
နတ်မင်းကြီးလေးပါး ဓားအကြောင်းက ကျနော်လည်း ရှာနေတုန်းပါ။ မတွေ့သေးပါဘူး။ ဒါကြောင့် ရသေ့ စိတ်ဖြေအနေနဲ့ တခြားမြန်မာရာဇဝင်မှာ ထင်ရှားတဲ့ ဓားတွေအကြောင်း မျှဝေလိုက်ပါတယ်။
” မြန်မာ့သမိုင်းတွင် ထင်ရှားသည့် ဓါးများ “
မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါး = (သိုဟန်ဘွား၏ ခေါင်းဆေးမင်္ဂလာပွဲတွင် သိုဟန်ဘွားကို ခုတ်ရာ ဦးခေါင်းနှင့်တကွ ခင်းထားသည့် ဝါးကြမ်းခင်းမှ ဝါး ၅လုံးပါ ပြတ်သည်)
ရွှေဓါးဗိုလ်၏ ကိုးသင်္ချီုင်း သံဓါး = (ဓါး ဓါးခြင်း ခုတ်လျှင် ရန်သူ့ဓါး ထက်ပိုင်း ပြတ်သည်။
ဒွတ္တပေါင်မင်းကြီး၏ ဓါး = (တစ်ချက်ထဲနှင့် နွားလည်ပင်း အကွင်းလိုက် ပြတ်သည်။)
စစ်ကိုင်း အသင်္ခယာစောယွန်း၏ ညိုရောင်ဓါး (ဆင်လည်ပင်းကို ပြတ်သည်။)၊
ပထမ မင်းခေါင် (မင်းဆွေ)၏ စိန်သွားရောင်ဓါး = (နှစ်မိုက်ခန့်ရှိသော ငွေတုံးကို ပြတ်သည်။) ၊
ဗျည်းနွဲ့၏ဓါး = (ကျောက်ထု တစ်တောင်ကို ပြတ်သည်။)၊
မက္ခရာမင်းသားကြီး၏ မက္ခရာဓါး = (ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။)
ရှေးမြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသော ဓါးများ ရှိသည်။
၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ပန်းပဲမောင်တင့်တယ်၏ဓါး၊ အသွားလက်ရှစ်သစ် ရှိသည်။
(၂) မောင်ပေါက်ကျိုင်း၏ ဓါး၊ နဂါးကိုနှိမ်နင်း အောင်မြင်သည် ။ (တရုတ်ခြောက်ယောက် မ၍မကြွ။)
(၃) ဒွတ္တဘောင်မင်းကြီး၏ဓါး၊ နွားလည်ပင်းကို အကွင်းလိုက်ပြတ်ကျအောင် ထက်သည်။
(၄) ကျန်စစ်သားမင်း၏ စကြာဓါး၊အိန္ဒိယတိုင်းရင်းသားတို့က လွန်စွာကြောက်ရွံ့သည်။
(၅) အသင်္ခယာစောယွန်း၏ဓါး၊ ဆင်လည်ပင်းပြတ်အောင် ထက်သည်။
(၆) ဘုရင်မင်းခေါင်၏ဓါး၊ နှစ်မိုက်မြင့်သည့် ငွေတုံးကို ပြတ်အောင်ခုတ်နိုင်သည်။
(၇) မိုးညှင်းမင်းတရား၏ နရဏီရွှေဓါး၊ ယမနေပင်စောင့် ရုက္ခစိုးပင် ကြောက်ရွံ့သည်။
(၈) မြောင်းမြစား လောက်ဖျား၏သား မပစ်နွယ်၏ဓါး၊ ကျောက်အထု သံတောင် တစ်တောင်ကို ခုတ်၍ ပြတ်သည်။
(၉) ရွှေနန်းကြော့ရှင် နရပတိ၏ ယိမ်းနွဲ့ပါးဓါး ၊ မြန်မာ့သမိုင်းတွင် အကျော်ကြားဆုံးဓါး ဖြစ်သည်။ ဆင်ပေါ် ကလူကို ခုတ်လျှင် လူနှင့်တကွ ဆင်ပါပြတ်သည်။
အဆိုပါ ယိမ်းနွဲ့ပါးဓားသည် အစွမ်းလွန်စွာ ထက်သည်။ ထိုဓားကို ကိုင်ဆောင်လိုက်လျှင် ကိုင်ဆောင်သူသည် ဝါဂွမ်းကဲ့သို့ ပေါ့ပါးကား လွန်စွာ အစွမ်းထက်မြတ်သူ ဖြစ်လာသည်။
သို့သော်လည်း ရွှေနန်းကြော့ရှင် သည် ယိမ်းနွဲ့ပါးဓားဖြင့် ထီးနန်းသိမ်းပြီးသောအခါ နောင်တွင် ဤ အစွမ်းထက်လှသော ဓားဖြင့် ထီးနန်းလုမည် စိုးသဖြင့် ဧရာဝတီမြစ်အတွင်းသို့ ချကာ ဖျောက်ဖျက်လိုက်လေသည်။
ဤသည်တို့မှာ ရာဇဝင်တွင် ထင်ရှားလှသော ဓားများပင် ဖြစ်ပါသည်။
မူရင်းရေးသားသူကို လေးစားစွာ ခရက်ဒစ် ပေးပါသည်။
Zawgyi
ကေနာင္မင္းသားႀကီးကို ျမင္ကြန္း၊ ျမင္းခုံတိုင္တို႔ လုပ္ႀကံရာတြင္ အသုံးျပဳခဲ့ေသာ ျမန္မာတို႔၏ ရာဇဝင္ေတြထဲက “ကိုးသခ်ႋဳင္းဓါး”
ကေနာင္မင္းသားႀကီးသည္ တုတ္ၿပီး၊ ဓားၿပီး ေသနတ္ၿပီးတယ္လို႔ ဖတ္ရႈသိရွိရသည္။ ကေနာင္မင္းသားႀကီးကို ျမင္ကြန္း၊ ျမင္းခုံတိုင္က ကိုးသခ်ႋဳင္းဓား အစီအရင္နဲ႔ လုပ္ႀကံလို႔ ေသရတယ္တဲ့။
ဒါ့ေၾကာင့္ ကိုးသခ်ႋဳင္းဓားအေၾကာင္းကို အနည္းငယ္ မွ်ေဝခ်င္ပါသည္။ ကိုးသၤခ်ိဳင္းဓားသည္ အမည္ႏွင့္လိုက္ေအာင္ပင္ သခ်ႋဳင္းကိုးခု၏ ေခါင္းတလားမွ သံမ်ားကို စုေပါင္း၍ သံရည္က်ိဳၿပီး သြန္းလုပ္ရသည္။
သံရည္က်ိဳၿပီးေသာအခါ စေနသား ပန္းပဲဆရာမွက ဓားပုံေလာင္းရသည္။ (အမ်ားအားျဖင့္ စေနေန႔တြင္ဓားကို ပုံေလာင္းက်သည္။) ဓားကိုပုံေခ်ာအျဖစ္ ရေအာင္ယူၿပီး ဓားေဆးေသာအခါ သခ်ႋဳင္း၌ ေဆးရသည္။
ဓားမေဆးမီ ၇ ရက္တိုင္တိုင္ သက္ဆိုင္ရာ ပုဂၢိဳလ္တို႔ကို ပင့္ဖိတ္ၿပီး သက္ဆိုင္ရာ ဂါထာမႏၲာန္တို႔ကို ၇ ရက္တိတိ ႐ြတ္ဖတ္ရသည္။ ဓားေဆးေသာအခါ ေရျဖင့္မေဆးရပဲ အစိမ္းေသေသြးျဖင့္သာ ေဆးရသည္။
အကယ္၍ အစိမ္းေသမွရေသာ ေသြးမမ်ားပါက ၎ေသြး အနည္းအငယ္သာယူၿပီး အျခား ကြၽဲ၊ ႏြားေသြးမ်ားေရာေႏွာကာ ေဆးရသည္။
ဓားေဆးၿပီးေသာအခါ စေနသမီးအုံးေသာ ေခါင္းအုံးေအာက္၌ ၇ ရက္ျပည့္ေအာင္ ထားရသည္။
ထိုသို႔ၿပီးသည္ႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဘုန္းေတာ္ႀကီးမ်ား ကမၼဝါဖတ္ေနခ်ိန္၌ ဘုန္းေတာ္ႀကီးမ်ားမသိေအာင္ ေက်ာင္းႏွင့္မနီးမေဝး ကမၼဝါဖတ္သံ ၾကားရေသာေနရာ၌ထားရသည္။
ၿပီးလွ်င္ ၿမိဳ႕ေတာ္ရွင္ဟု လူအသိမ်ားေသာ ကိုးၿမိဳ႕ရွင္နတ္ကြန္းတြင္ ဓားကို ၉ ရက္တိတိ ထားရသည္။ ဓားၿပီးေသာအခါ ဓားအိမ္ကို တလားပ်ဥ္ (ေခါင္းပ်ဥ္) ႏွင့္ ျပဳလုပ္ရသည္။
ဓားအ႐ိုးကို လူေသထိုးေသာ တစူးဝါးျဖင့္ ျပဳလုပ္ရသည္။ဓားကို သပ္ပင္းသည့္အခါ အစိမ္းေသ ဆံပင္ကိုးေခ်ာင္းျဖင့္ ဒမင္းကို သပ္ပင္းရစ္ပတ္ၿပီးမွ သပ္ပင္းရသည္။
ဓားတစ္ေခ်ာင္းလုံး ၿပီးစီးေသာအခါ သက္ဆိုင္ရာဂါထာျဖင့္ ၉ ရက္မန္းမႈတ္ပူေဇာ္ရသည္။ ၿပီးပါက ဓားကို အသုံးျပဳႏိုင္မည္ ျဖစ္သည္။
ဓားကို ေသြးျဖင့္ေဆးထားေသာေၾကာင့္ ဓားအေရာင္မွာ ေသြးအေရာင္ကဲ့သို႔ ညိဳမႈိင္းမႈိင္းျဖစ္ေနသည္။
အေၾကာင္းမရွိပဲ ဓားကို ဓားအိမ္မွထုတ္၍ မရေပ။ ထုတ္ၿပီးလူေသြးမစြန္းပဲ ဓားအိမ္အတြင္းသို႔ ျပန္ထည့္၍မရေပ။
အျခားသူကို မခုတ္ခ်င္လွ်င္ မိမိလက္ေမာင္းကို ေဖာက္ၿပီး ေသြးစြန္းမွျပန္ထည့္၍ရသည္။ ဓားအစြမ္းမွာကာယသိဒၶိၿပီးသူကို ခုတ္လွ်င္ျပတ္။စုန္း၊ ကေဝတို႔၏ စက္ႀကိဳးမ်ားကို ဓားႏွင့္ ျဖတ္ႏိုင္သည္။ ဉာဏ္ရွိလွ်င္ ရွိသလို သုံးႏိုင္၏။
ကိုးသခ်ႋဳင္းဓားမွာ ပရေလာကသားမ်ားႏွင့္ ပတ္သက္ေနေသာ ဓားျဖစ္၏။ ထို႔ေၾကာင့္ သုံးစြဲသူမ်ားအတြက္လည္း အႏၲရာယ္မ်ားသည္။
အိမ္ေပၚမွာ မထားပဲ အိမ္ေအာက္တြင္လွ်ိဳ႕ဝွက္စြာ ထားရသည္။ မၾကာခဏေသြးေလာင္းရသည္။ ေမ့ေလ်ာ့ေနလွ်င္ မေကာင္းဆိုးဝါးမ်ား ေရာက္လာၿပီး ေျခာက္လွန႔္သတိေပးျခင္း သုံးစြဲသူမ်ားအတြက္
မိမိလက္ေမာင္းကိုေဖာက္ၿပီးေသြးစြန္းမွ ျပန္ထည့္၍ရသည္။
ေမ့ေလ်ာ့ေနလွ်င္ မေကာင္းဆိုးဝါးမ်ားေရာက္လာၿပီး ေျခာက္လွန႔္သတိေပးျခင္း သုံးစြဲသူမ်ားအတြက္ အႏၲရာယ္ က်ေရာက္ျခင္းမ်ား ျဖစ္ႏိုင္ေလသည္။
ဤသည္မွာ ကြၽႏ္ုပ္ ဖတ္ခဲ့ရဖူးေသာ ကိုးသခ်ႋဳင္းဓား အေၾကာင္းပင္ ျဖစ္ေလသည္။
ျမန္မာရာဇဝင္မွာ ကိုးသင္းခ်ိဳင္းဓားကို ႏိုင္တဲ့ဓား၂လက္ ရွိပါေသးတယ္။တလက္က ယိမ္းႏြဲ႕ပါးဓားျဖစ္ၿပီး တလက္က နတ္မင္းႀကီးေလးပါးဓားပါ။
နတ္မင္းႀကီးေလးပါး ဓားအေၾကာင္းက က်ေနာ္လည္း ရွာေနတုန္းပါ။ မေတြ႕ေသးပါဘူး။ ဒါေၾကာင့္ ရေသ့ စိတ္ေျဖအေနနဲ႔ တျခားျမန္မာရာဇဝင္မွာ ထင္ရွားတဲ့ ဓားေတြအေၾကာင္း မွ်ေဝလိုက္ပါတယ္။
” ျမန္မာ့သမိုင္းတြင္ ထင္ရွားသည့္ ဓါးမ်ား “ မင္းႀကီးရန္ေနာင္၏ ယိမ္းႏြဲ႕ပါးဓါး = (သိုဟန္ဘြား၏ ေခါင္းေဆးမဂၤလာပြဲတြင္ သိုဟန္ဘြားကိုခုတ္ရာ ဦးေခါင္းႏွင့္တကြ ခင္းထားသည့္ ဝါးၾကမ္းခင္းမွ ဝါး ၅လုံးပါ ျပတ္သည္)
ေ႐ႊဓါးဗိုလ္၏ ကိုးသခ်ႌဳင္း သံဓါး = (ဓါး ဓါးျခင္းခုတ္လွ်င္ ရန္သူ႔ဓါးထက္ပိုင္း ျပတ္သည္။) ၊
ဒြတၱေပါင္းမင္းႀကီး၏ဓါး = (တစ္ခ်က္ထဲႏွင့္ ႏြားလည္ပင္းအကြင္းလိုက္ ျပတ္သည္။) ၊
စစ္ကိုင္း အသခၤယာေစာယြန္း၏ ညိဳေရာင္ဓါး (ဆင္လည္ပင္းကို ျပတ္သည္။)၊
ပထမ မင္းေခါင္ (မင္းေဆြ)၏ စိန္သြားေရာင္ဓါး = (ႏွစ္မိုက္ခန႔္ရွိေသာ ေငြတုံးကို ျပတ္သည္။) ၊
ဗ်ည္းႏြဲ႕၏ဓါး = (ေက်ာက္ထု တစ္ေတာင္ကို ျပတ္သည္။)၊
မကၡရာမင္းသားႀကီး၏ မကၡရာဓါး = (ဓါး ဓါးျခင္းခုတ္လွ်င္ ရန္သူ႔ဓါးထက္ပိုင္း ျပတ္သည္။)
ေရွးျမန္မာ့သမိုင္းတြင္ ထင္ရွားေက်ာ္ၾကားေသာ ဓါးမ်ား ရွိသည္။
၎တို႔မွာ ေအာက္ပါအတိုင္းျဖစ္သည္။
(၁) ပန္းပဲေမာင္တင့္တယ္၏ဓါး၊အသြားလက္ရွစ္သစ္ရွိသည္။
(၂) ေမာင္ေပါက္က်ိဳင္း၏ ဓါး၊ နဂါးကိုႏွိမ္နင္းေအာင္ျမင္သည္။(တ႐ုတ္ေျခာက္ေယာက္ မ၍မႂကြ။)
(၃) ဒြတၱေဘာင္မင္းႀကီး၏ဓါး၊ ႏြားလည္ပင္းကို အကြင္းလိုက္ျပတ္က်ေအာင္ ထက္သည္။
(၄) က်န္စစ္သားမင္း၏ စၾကာဓါး၊အိႏၵိယတိုင္းရင္းသားတို႔က လြန္စြာေၾကာက္႐ြံ႕သည္။
(၅) အသခၤယာေစာယြန္း၏ဓါး၊ ဆင္လည္ပင္းျပတ္ေအာင္ ထက္သည္။
(၆) ဘုရင္မင္းေခါင္၏ဓါး၊ ႏွစ္မိုက္ျမင့္သည့္ ေငြတုံးကို ျပတ္ေအာင္ခုတ္ႏိုင္သည္။
(၇) မိုးညႇင္းမင္းတရား၏ နရဏီေ႐ႊဓါး၊ ယမေနပင္ေစာင့္ ႐ုကၡစိုးပင္ေၾကာက္႐ြံ႕သည္။
(၈) ေျမာင္းျမစား ေလာက္ဖ်ား၏သား မပစ္ႏြယ္၏ဓါး၊ ေက်ာက္အထု သံေတာင္ တစ္ေတာင္ကို ခုတ္၍ ျပတ္သည္။
(၉) ေ႐ႊနန္းေၾကာ့ရွင္ နရပတိ၏ဘယိမ္းႏြဲ႕ပါးဓါး ၊ ျမန္မာ့သမိုင္းတြင္အေက်ာ္ၾကားဆုံးဓါး ျဖစ္သည္။
ဆင္ေပၚ ကလူကို ခုတ္လွ်င္ လူႏွင့္တကြ ဆင္ပါျပတ္သည္။
အဆိုပါ ယိမ္းႏြဲ႕ပါးဓားသည္ အစြမ္းလြန္စြာ ထက္သည္။ ထိုဓားကို ကိုင္ေဆာင္လိုက္လွ်င္ ကိုင္ေဆာင္သူသည္ ဝါဂြမ္းကဲ့သို႔ ေပါ့ပါးကား လြန္စြာ အစြမ္းထက္ျမတ္သူ ျဖစ္လာသည္။
သို႔ေသာ္လည္း ေ႐ႊနန္းေၾကာ့ရွင္ သည္ ယိမ္းႏြဲ႕ပါးဓားျဖင့္ ထီးနန္းသိမ္းၿပီးေသာအခါ ေနာင္တြင္ ဤ အစြမ္းထက္လွေသာ ဓားျဖင့္ ထီးနန္းလုမည္ စိုးသျဖင့္ ဧရာဝတီျမစ္အတြင္းသို႔ ခ်ကာ ေဖ်ာက္ဖ်က္လိုက္ေလသည္။
ဤသည္တို႔မွာ ရာဇဝင္တြင္ ထင္ရွားလွေသာ ဓားမ်ားပင္ ျဖစ္ပါသည္။
မူရင္းေရးသားသူကို ေလးစားစြာ ခရက္ဒစ္ ေပးပါသည္။