ဗဟုသုတ

လူတိုင္းသိသင့္တဲ့ ျမန္မာႏိုင္ငံရဲ႕ ပထမဦးဆုံး အေၾကာင္းအရာ (၅)ခု…

အားလုံးပဲအိမ္မွာေနရတာ ပ်င္းေနၾကေလာက္ပီထင္ပါတယ္။ သင္ယူပါကို စဥ္ဆက္မျပတ္ ၾကည့္ရႈအားေပးေနၾကသူေတြအတြက္ စိတ္ဝင္စားဖြယ္ အေၾကာင္းအရာေတြ ရွာေဖြတင္ဆက္ေပးလွ်က္ရွိရာ

ဒီေန႔မွာေတာ့ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးေတြ အေၾကာင္းကို စုစည္းတင္ဆက္ေပးသြားမွာပဲ ျဖစ္ပါတယ္။

၁။ ျမန္မာ့ပထမဆုံး စက္မႈအင္ဂ်င္နီယာ

မင္းတုန္းမင္းလက္ထက္ ကုန္းေဘာင္ေခတ္ေႏွာင္းပိုင္းမွာ ကေနာင္မင္းသားႀကီးရဲ႕ စီမံမႈ ျမန္မာလူငယ္ေတြ ျပည္ပႏိုင္ငံအသီးသီးသို႔ ေစလႊတ္ၿပီး စက္မႈလက္မႈ ပညာရပ္ေတြကို သင္ယူေစခဲ့ပါတယ္။

ရည္႐ြက္ခ်က္ကေတာ့ ျမန္မာႏိုင္ငံေတာ္ႀကီးကို ေခတ္မီဖြံ႕ၿဖိဳးတိုးတက္တဲ့ စက္မႈႏိုင္ငံေတာ္ႀကီး အျဖစ္ တည္ေထာင္ႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီ့ပညာေတာ္သင္ေတြထဲကမွ ျပင္သစ္ျပန္ ဖန္ခ်က္ဝန္ ဦးေ႐ႊအိုးဟာ

ပထမဆုံး ျမန္မာလူမ်ိဳး အင္ဂ်င္နီယာဘြဲ႕ရတစ္ဦးျဖစ္ပါတယ္။ ကိုယ္တိုင္ကလည္း သိပၸံပညာကို စိတ္ပါဝင္စားသူျဖစ္တဲ့အျပင္ ႏိုင္ငံရပ္ျခားက သိပၸံပညာရွင္ေတြနဲ႔လည္း အသိအကြၽမ္းေတြ ျဖစ္ခဲ့ပါတယ္။

ဦးေ႐ႊအိုးရဲ႕ ဟာ ကြၽန္ေတာ္တို႔ Chemistry ဖတ္စာအုပ္ထဲမွာ သင္ခဲ့ရတဲ့ periodic table ကိုရွာေဖြေဖာ္ထုတ္ခဲ့တဲ့ ႐ုရွားသိပၸံပညာရွင္ Dmitri Mendeleev နဲ႔ မိတ္ေဆြေတြ ျဖစ္ခဲ့ပါတယ္။

၂။ ျမန္မာ့ပထမဆုံးေလယာဥ္ျပန္ေပးဆြဲမႈႀကီး

1954 ခုႏွစ္ ဇြန္လ 25 ရက္ေန႔မွာေတာ့ ရန္ကုန္ကေန စစ္ေတြကိုသြားနဲ႔ ဒါကိုတာ ေလယာဥ္ကို ကရင္အမ်ိဳးသားကာကြယ္ေရးအဖြဲ႕ KNDO မွ လက္ပစ္ဗုံးနဲ႔ ေဖာက္ခြဲပစ္မယ္လို႔ ခ်ိန္းေျခာက္ကာ ျပန္ေပးဆြဲခဲ့ပါတယ္။

ျပန္ေပးဆြဲသူေတြရဲ႕ရည္႐ြယ္ခ်က္ကေတာ့ ဖဆပလအစိုးရကို တိုက္ခိုက္ဖို႔အတြက္ လက္နက္ႀကီးေတြကို သယ္ေဆာင္ဖို႔ပဲ ျဖစ္ပါတယ္။ ၎ေလယာဥ္ဟာ

ခရီးသည္ ၁၄ ဦး လိုက္ပါစီးနင္းခဲ့ၿပီး ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕မွာရွိတဲ့ သဲေသာင္ျပင္တစ္ခုမွာ ဆင္းသက္ခဲ့ပါတယ္။ KNDO အဖြဲ႕အေနနဲ႔ လြဲေခ်ာ္မႈေတြ ရွိခဲ့တာေၾကာင့္ ၎တို႔ရဲ႕မူလအစီအစဥ္ကို ဖ်က္သိမ္းကာ

ေလယာဥ္ေပၚမွာ ပါလာတဲ့ အစိုးရေငြ ၇၂၄၀၀၀ က်ပ္ကို ယူေဆာင္ထြက္ေျပးခဲ့ပါတယ္။ အဲ့ဒီ့ေခတ္က သတင္းစာေတြမွာေတာ့ အစိုးရေငြမ်ား ဓားျပတိုက္ခံရသည္ ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေရးသားေဖာ္ျပခဲ့ၾကပါတယ္။

ဒီျဖစ္ရပ္ကို အေျခခံၿပီးေတာ့ 2016 ခုႏွစ္မွာ Burma’s Hijack ဆိုတဲ့ ႐ုပ္ရွင္ကို ၿဖိဳးႏွင့္မင္း ႐ုပ္ရွင္ထုတ္လုပ္ေရးက ႐ုပ္ရွင္အျဖစ္႐ိုက္ကူးခဲ့ပါတယ္။

၃။ ျမန္မာ့ပထမဆုံး႐ုပ္ရွင္

ေမတၱာနဲ႔ အသူရာ love and liquor လို႔အမည္ရတဲ့ ျမန္မာ့ပထမဆုံး အသံတိတ္႐ုပ္ရွင္ကိုေတာ့ 1920 ခုႏွစ္၊ October 13 ရက္ေန႔မွာ Burma Flim Company ကေန ျဖန႔္ခ်ီခဲ့ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ ေလာင္းကစားနဲ႔အရက္ဟာ လူတစ္ေယာက္ရဲ႕ဘဝကို ဘယ္ေလာက္ထိ ပ်က္စီးေစႏိုင္လဲဆိုတဲ့ အေၾကာင္းပဲျဖစ္ပါတယ္။

ပီမိုးနင္းရဲ႕ ဝတၳဳကို ဒါ႐ိုက္တာအျဖစ္ ျမန္မာ့႐ုပ္ရွင္ကိုတည္ေထာင္သူ ဦးအုန္းေမာင္က ႐ိုက္ကူးခဲ့ၿပီး မင္းသားႀကီး ဦးညီပု၊ မင္းသမီး ေဒၚေအးၾကည္တို႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကပါတယ္။

၄။ ျမန္မာ့ပထမဆုံးကာလေပၚဝတၳဳ

ျမန္မာ့ပထဆုံးကာလေပၚဝတၳဳကိုေတာ့ James Hla Kyaw ကေရးသားခဲ့ၿပီး ေမာင္ရင္ေမာင္နဲ႔မမယ္ျမလို႔ အမည္ရပါတယ္။

ျပင္သစ္စာေရးဆရာႀကီး အလက္ဇန္းဒါး ဒ်ဴးမားေရးသားခဲ့တဲ့ ေကာင့္ေအာ့ဖ္မြန္တီခရစ္စတို(မြန္တီခရစ္စတိုၿမိဳ႕စားႀကီး)ဆိုတဲ့ ဝတၳဳကို မွီျငမ္းကာ ျမန္မာမႈျပဳၿပီးေတာ့ ျပန္လည္ေရးသားခဲ့တာပဲျဖစ္ပါတယ္။ ဒီဝတၳဳကိုေတာ့ 1904 ခုႏွစ္မွာ ပထမဆုံးအႀကိမ္အျဖစ္ပုံႏွိပ္ထုတ္ေဝခဲ့ပါတယ္။

၅။ ျမန္မာ့ ပထမဆုံးသတင္းစာ

ျမန္မာ့ပထမဆုံး သတင္းစာကိုေတာ့ ကုန္းေဘာင္ေခတ္ မင္းတုန္းမင္းလက္ထက္ 1873 ခုႏွစ္ Aug 15 ရက္ေန႔မွာ ရတနာပုံေနျပည္ေတာ္ သတင္းစာဆိုတဲ့ အမည္နဲ႔ ပုံႏွိပ္ေဝခဲ့ပါတယ္။

နန္းတြင္းကေနထုတ္ေဝတာျဖစ္တဲ့အတြက္ ပထမဆုံး ႏိုင္ငံပိုင္ သတင္းစာလည္းျဖစ္ပါတယ္။ ဒီသတင္းစာမွာေတာ့ စုစုေပါင္း Article 17 ေစာင္ပါဝင္ခဲ့ပါတယ္။ ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

လူတိုင်းသိသင့်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အကြောင်းအရာ (၅)ခု…

အားလုံးပဲအိမ်မှာနေရတာ ပျင်းနေကြလောက်ပီထင်ပါတယ်။ သင်ယူပါကို စဉ်ဆက်မပြတ် ကြည့်ရှုအားပေးနေကြသူတွေအတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ ရှာဖွေတင်ဆက်ပေးလျှက်ရှိရာ

ဒီနေ့မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးတွေ အကြောင်းကို စုစည်းတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ မြန်မာ့ပထမဆုံး စက်မှုအင်ဂျင်နီယာ

မင်းတုန်းမင်းလက်ထက် ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ ကနောင်မင်းသားကြီးရဲ့ စီမံမှု မြန်မာလူငယ်တွေ ပြည်ပနိုင်ငံအသီးသီးသို့ စေလွှတ်ပြီး စက်မှုလက်မှု ပညာရပ်တွေကို သင်ယူစေခဲ့ပါတယ်။

ရည်ရွက်ချက်ကတော့ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံတော်ကြီး အဖြစ် တည်ထောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ပညာတော်သင်တွေထဲကမှ ပြင်သစ်ပြန် ဖန်ချက်ဝန် ဦးရွှေအိုးဟာ

ပထမဆုံး မြန်မာလူမျိုး အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း သိပ္ပံပညာကို စိတ်ပါဝင်စားသူဖြစ်တဲ့အပြင် နိုင်ငံရပ်ခြားက သိပ္ပံပညာရှင်တွေနဲ့လည်း အသိအကျွမ်းတွေ ဖြစ်ခဲ့ပါတယ်။

ဦးရွှေအိုးရဲ့ ဟာ ကျွန်တော်တို့ Chemistry ဖတ်စာအုပ်ထဲမှာ သင်ခဲ့ရတဲ့ periodic table ကိုရှာဖွေဖော်ထုတ်ခဲ့တဲ့ ရုရှားသိပ္ပံပညာရှင် Dmitri Mendeleev နဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ပါတယ်။

၂။ မြန်မာ့ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုကြီး

1954 ခုနှစ် ဇွန်လ 25 ရက်နေ့မှာတော့ ရန်ကုန်ကနေ စစ်တွေကိုသွားနဲ့ ဒါကိုတာ လေယာဉ်ကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO မှ လက်ပစ်ဗုံးနဲ့ ဖောက်ခွဲပစ်မယ်လို့ ချိန်းခြောက်ကာ ပြန်ပေးဆွဲခဲ့ပါတယ်။

ပြန်ပေးဆွဲသူတွေရဲ့ရည်ရွယ်ချက်ကတော့ ဖဆပလအစိုးရကို တိုက်ခိုက်ဖို့အတွက် လက်နက်ကြီးတွေကို သယ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ၎င်းလေယာဉ်ဟာ

ခရီးသည် ၁၄ ဦး လိုက်ပါစီးနင်းခဲ့ပြီး ရခိုင်ပြည်နယ်၊ ဂွမြို့မှာရှိတဲ့ သဲသောင်ပြင်တစ်ခုမှာ ဆင်းသက်ခဲ့ပါတယ်။ KNDO အဖွဲ့အနေနဲ့ လွဲချော်မှုတွေ ရှိခဲ့တာကြောင့် ၎င်းတို့ရဲ့မူလအစီအစဉ်ကို ဖျက်သိမ်းကာ

လေယာဉ်ပေါ်မှာ ပါလာတဲ့ အစိုးရငွေ ၇၂၄၀၀၀ ကျပ်ကို ယူဆောင်ထွက်ပြေးခဲ့ပါတယ်။ အဲ့ဒီ့ခေတ်က သတင်းစာတွေမှာတော့ အစိုးရငွေများ ဓားပြတိုက်ခံရသည် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကို အခြေခံပြီးတော့ 2016 ခုနှစ်မှာ Burma’s Hijack ဆိုတဲ့ ရုပ်ရှင်ကို ဖြိုးနှင့်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်။

၃။ မြန်မာ့ပထမဆုံးရုပ်ရှင်

မေတ္တာနဲ့ အသူရာ love and liquor လို့အမည်ရတဲ့ မြန်မာ့ပထမဆုံး အသံတိတ်ရုပ်ရှင်ကိုတော့ 1920 ခုနှစ်၊ October 13 ရက်နေ့မှာ Burma Flim Company ကနေ ဖြန့်ချီခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ လောင်းကစားနဲ့အရက်ဟာ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လောက်ထိ ပျက်စီးစေနိုင်လဲဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။

ပီမိုးနင်းရဲ့ ဝတ္ထုကို ဒါရိုက်တာအဖြစ် မြန်မာ့ရုပ်ရှင်ကိုတည်ထောင်သူ ဦးအုန်းမောင်က ရိုက်ကူးခဲ့ပြီး မင်းသားကြီး ဦးညီပု၊ မင်းသမီး ဒေါ်အေးကြည်တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။

၄။ မြန်မာ့ပထမဆုံးကာလပေါ်ဝတ္ထု

မြန်မာ့ပထဆုံးကာလပေါ်ဝတ္ထုကိုတော့ James Hla Kyaw ကရေးသားခဲ့ပြီး မောင်ရင်မောင်နဲ့မမယ်မြလို့ အမည်ရပါတယ်။

ပြင်သစ်စာရေးဆရာကြီး အလက်ဇန်းဒါး ဒျူးမားရေးသားခဲ့တဲ့ ကောင့်အော့ဖ်မွန်တီခရစ်စတို(မွန်တီခရစ်စတိုမြို့စားကြီး)ဆိုတဲ့ ဝတ္ထုကို မှီငြမ်းကာ မြန်မာမှုပြုပြီးတော့ ပြန်လည်ရေးသားခဲ့တာပဲဖြစ်ပါတယ်။ ဒီဝတ္ထုကိုတော့ 1904 ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

၅။ မြန်မာ့ ပထမဆုံးသတင်းစာ

မြန်မာ့ပထမဆုံး သတင်းစာကိုတော့ ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက် 1873 ခုနှစ် Aug 15 ရက်နေ့မှာ ရတနာပုံနေပြည်တော် သတင်းစာဆိုတဲ့ အမည်နဲ့ ပုံနှိပ်ဝေခဲ့ပါတယ်။

နန်းတွင်းကနေထုတ်ဝေတာဖြစ်တဲ့အတွက် ပထမဆုံး နိုင်ငံပိုင် သတင်းစာလည်းဖြစ်ပါတယ်။ ဒီသတင်းစာမှာတော့ စုစုပေါင်း Article 17 စောင်ပါဝင်ခဲ့ပါတယ်။ ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။