ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ် မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းရုံးရှေ့မှာ နာရေးတစ်ခုကို သွားကူညီဖို့ ပြင်ဆင်နေတဲ့ အသင်းသားတွေနဲ့အတူ မောင်ထွန်းလင်းနိုင်လည်း အလုပ်များနေပါတယ်။
ကလေးတစ်ယောက်ဖြစ်ပေမဲ့ ရုပ်အလောင်းတွေကိုသယ်ဖို့၊ နာရေးတွေကို အကြောက်အလန့်မရှိဘဲ တက်တက် ကြွကြွနဲ့ ကူညီပေးဖို့ အသင့်ရှိနေပါတယ်။
ပရဟိတအနေနဲ့ နာရေးလိုက်ကူညီနေတဲ့အထဲမှာတော့ သူက အသက် ၁၃ နှစ်အရွယ် အသက်အငယ်ဆုံးပါ။
နာရေးတွေကို စပြီးကူညီတုန်းက ကြောက်စိတ်ရှိခဲ့ပေမဲ့ အခုချိန်မှာမကြောက်တော့ဘဲ သေဆုံးသွားသူအတွက် ငိုနေတဲ့မိသားစုဝင်တွေ၊ သေဆုံးသူတွေများလို့ ပုံနေတာတွေကိုမြင်ပြီး မောင်ထွန်းလင်းနိုင် တစ်ယောက် စိတ်မကောင်းဖြစ်ရပါတယ်။
(မောင်ထွန်းလင်းနိုင်)
“ပထမသယ်တုန်းက ကြောက်တာ။ နောက်ပိုင်းသယ်တာများတော့ မကြောက်တော့ဘူး။ စိတ်မကောင်း ဖြစ်တယ်။ နာရေးအိမ်ကလူတွေ ငိုတာမြင်တော့ စိတ်မကောင်းဖြစ်တယ်။ နောက်ပိုင်းတော့ မဖြစ်တော့ ဘူး”
မောင်ထွန်းလင်းနိုင်တစ်ယောက် အလောင်းကိုစသယ်ချိန်တုန်းက သူဝတ်ထားရတဲ့ PPE ဝတ်စုံကနေ ထွက်လာတဲ့ ချွေးရဲ့အငွေ့တွေဟာ ကိုဗစ်မကူးစက်အောင် အကာကွယ်ယူထားတဲ့မျက်မှန်ကို ဖုံးနေတာ ကြောင့် အရှေ့ကိုသေချာ မမြင်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။
အခေါင်း ခေါင်းရင်းပိုင်းမှာ သေဆုံးသူရဲ့မျက်နှာကို ကြည့်လို့ရအောင် အပေါက်ဖောက်ထားတာရှိပါတယ်။
သုသာန်ကိုရောက်တဲ့အချိန် ကားဘရိတ်အုပ်ချိန်မှာ ကားပေါ်ကဆင်းဖို့ပြင်နေတဲ့ မောင်ထွန်းလင်းနိုင်ဟာ အရှိန်လွန်ပြီး အဲဒီအခေါင်းအပေါက်ထဲကို ခြေထောက်ဝင်သွားတာကြောင့် ထိတ်လန့်ခဲ့ရတဲ့အချိန်လည်း ရှိခဲ့ဖူးပါတယ်။
(မောင်ထွန်းလင်းနိုင်)
“တက်နင်းမိတော့ ကြောက်တယ်။ ကားရပ်လိုက်တော့ မျက်မှန်က အငွေ့ရိုက်လိုက်တော့ ဝါးနေတယ်။ ဆင်းမယ်လုပ်တော့ အခေါင်းအဖုံးကို တက်နင်းမိတယ်။ အလောင်းမျက်နှာကို၊ လန့်သွားတာ။ ကြောက် စရာကြီး ဖြစ်သွားတာပေါ့”
ဒီအသင်းရုံးရှိတဲ့ အရှေ့ဒဂုံမြို့နယ် (၁၁) ရပ်ကွက်ထဲက ကျုးကျော်တန်းလေးမှာ မောင်ထွန်းလင်းနိုင်တို့ မိသားစုနေပါတယ်။
သူ့မိဘတွေက ကလေးကျောင်းထားပေးဖို့အတွက် မေတ္တာသင်္ဂဟလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမင်းဒင်းဆီမှာ အကူညီတောင်းပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ပို့ထားပေးခဲ့ပါတယ်။
အသင်းဥက္ကဋ္ဌ ဦးမင်းဒင် ကလည်း မွေးစားသားအနေနဲ့ သတ်မှတ်ပြီး သူ့ပညာရေးအတွက် တာဝန်ယူ၊ သူဝါသနာပါတဲ့အလုပ်ကို လုပ်ခွင့်ပေးဖို့ စဉ်းစားထားသူပါ။
ပြီးခဲ့တဲ့လပိုင်းက ကျောင်းဖွင့်ချိန်မှာတော့ ၆ တန်း တက်ခဲ့ပါတယ်။
မောင်ထွန်းလင်းနိုင်ကို အသင်းရုံးမှာ ရုံးစောင့်အနေနဲ့ ထားတာကနေ ကိုဗစ်တတိယလှိုင်းကြောင့် ရန်ကုန်မှာ သေဆုံးသူတွေများလာပြီး အသင်း သားတွေ အလုပ်ပင်ပန်းလာချိန်၊ ကျောင်းတွေလည်း ပိတ်လိုက်ချိန်မှာမှာ မောင်ထွန်းလင်းနိုင် နာရေး ကူညီတဲ့လုပ်ငန်းတွေကို တစိုက်မတ်မတ် ပါဝင်ကူညီလာပါတယ်။
ဦးမင်းဒင် (ဥက္ကဋ္ဌ – မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်း)
“ဒီကိစ္စတွေက အန္တရာယ်အရမ်းများတယ်လေ။ အရမ်းအခြေအနေဆိုးတဲ့ အချိန်မှာ စေတနာ့ဝန်ထမ်းက တော်တော်လိုတာဗျ။
လိုလာတဲ့အခါကျတော့ သူကိုယ်တိုင်ကလည်း ဝါသနာပါတယ်။ အကြောက်လန့်လည်း မရှိတဲ့အခါ ကျတော့ သူ့ကိုပါခွင့်ပေးလိုက်တယ်။ ဝတ်တာလည်း စနစ်ကျတယ်။
တစ်ခါ တလေကျရင် လူကြီးတွေ ချွတ်ယွင်းချက်ရှိရင်တောင် သူ့မှာ ပုံမှန်လေးလုပ် နေကြပဲ။ တတိယလှိုင်း စစချင်းတုန်းက မလိုက်သေးဘူးဗျ။
ပြန်လာတဲ့သူ တွေကို ဒီထဲကိုဝင်လာတာနဲ့ ပိုးသတ်ဆေးဖြန်းပေးတယ်။ ချွတ်တာတွေ လုပ်ပေးတယ်။ လုပ်ရင်းနဲ့ လူလိုလာတဲ့အခါ တစ်ခါတလေ နှစ်ယောက်တည်း၊ သုံးယောက်တည်းသွားရ တာရှိတယ်။
တဖြည်းဖြည်းနဲ့ သူကပါ တောက်လျှောက်လိုက်လာတာပေါ့။ ၁၈၊ ၁၉၊ ၂၀ အရမ်းပြင်းထန် လာတဲ့အချိန်မှာတော့ သူ့ကိုလည်း ဂရုမစိုက်နိုင်တော့ဘူး။
သူကလည်း ပုံမှန်သွားနေတာဆိုတော့လေ။ အန္တရာယ်လည်းမရှိဘူးဆိုတော့၊ တချို့လူလတ်ပိုင်းတွေတောင်မှ ငါးရက်လောက်လိုက်ပြီးရင် သုံးရက် လောက်နားရတယ်။
ဖျားသွားတာ။ ဒီကလေးကျတော့ တောက်လျှောက်၊ သေဆုံးမှုမြင့်တဲ့အချိန်ကနေ အခုချိန်အထိ တစ်ချက်လေးမှ မလျှော့ဘူး”
မေတ္တာသင်္ဂဟအသင်းမှာ မောင်ထွန်းလင်းနိုင်ကို ရုံးတွင်းကိစ္စတွေမှာလည်း အတော်အားကိုးရတာကို တွေ့ရ ပါတယ်။
အသင်းရုံးမှာ ဘယ်နေရာမှာ ဘာရှိတယ်၊ ဘယ်ပစ္စည်းတွေရှိတယ်၊ ပစ္စည်းတွေ ဘယ်လောက် ကျန်သေးတယ်ဆိုတာကအစ သူသိထားပါတယ်။
နာရေးလိုက်ပို့ဖို့ လိုတဲ့အခါမှာလည်း လုပ်ဖို့လိုအပ်တဲ့လုပ်ငန်းစဉ်းတွေ၊ PPE ဝတ်ပုံဝတ်နည်းတွေကို သီးသန့် သင်ရတာမရှိဘဲ အမြင်နဲ့တင် သူက နားလည်နေတဲ့အတွက် သူ့ဘာသာသူ ဦးဆောင်လုပ်သွားနိုင်ပါတယ်။
နာရေးလိုက်ကူညီတဲ့အခါမှာလည်း ရုပ်အလောင်းတွေကို မနိုင့်တနိုင်ကူသယ်တာမျိုး၊ သူမသယ်ရတဲ့အခါ မှာလည်း အလောင်းသယ်ပြီးတဲ့အသင်းသားတွေကို ပိုးသတ်ဆေးဖြန်းပေးတာတဖုံ သူနိုင်တဲ့နေရာကနေ ကူညီနေတာပါ။
ပရဟိတစိတ်ဓာတ်နဲ့ စိတ်အား၊ ကိုယ်အားအပြည့်ဝကူညီနေတဲ့ မောင်ထွန်းလင်းနိုင်ဟာ ပင်ပန်းချိန်မှာ ညဉ်းညူပေမဲ့ အသင်းရုံးရောက်ရင်တော့ အသင်းသားတွေနဲ့ပေါ့ပေါ့ပါးပါး ပြန်ဖြစ်သွားပါတယ်။
ကိုသဲဦး (မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းဝင်)
“အခက်ခဲအနေနဲ့ကတော့ ဘာမှမရှိဘူးဗျ။ တစ်ခါတလေ သယ်ရတာဝေးတော့ ကလေးဆိုတော့ ဒဏ်မခံ နိုင်ဘူး။
အဲအခါကျရင်တော့ နည်းနည်းပါးပါးတော့ညည်းတယ်။ သူ့လည်း သိပ်မသယ်ခိုင်းပါဘူး။ ဝေးတဲ့ နေရာတွေကျရင် လူကြီးတွေများရင်တော့ အဆင်ပြေတာပေါ့ဗျာ။
ဟိုရက်တွေကတော့ မများဘူးလေ။ တစ်ခါသွား နှစ်ယောက် သုံးယောက်နဲ့ဆိုတော့ နည်းနည်းပင်ပန်းတော့ နည်းနည်းညည်းတာပေါ့ ကလေး ဆိုတော့။ ညည်းတာပါပဲ ရုံးရောက်ရင် တဟီးဟီးနဲ့ ရုံးရောက်ရင်ကြည့်လိုက်”
မောင်ထွန်းလင်းနိုင်ဟာ ဒီပရဟိတအသင်းရုံးကို ရောက်ပြီးနောက်ပိုင်း အိမ်သိပ်မပြန်ဖြစ်တော့ပါဘူး။
တချို့ရက်တွေ အသင်းရုံးမှာ အလုပ်ပြီးတဲ့အချိန် ကျူးကျော်တန်းလေးထဲမှာရှိတဲ့ သူ့အိမ်လေးကို ခဏပြန်ဖြစ်ပါတယ်။ သူ့မိသားစုကလည်း ကျူးကျော်ဖြစ်တဲ့အတွက် အိမ်နေရာပြောင်းရတာလည်း ခဏခဏပါပဲ။
သူက မောင်နှမလေးယောက်မှာ အစ်ကိုအကြီးဆုံးဖြစ်ပြီး ညီနှစ်ယောက်နဲ့ ညီမတစ်ယောက်ရှိပါတယ်။
အဖေဖြစ်သူက ယခင်က သံပန်းလုပ်ပြီး ကပ်ရောဂါတွေ ပျံ့လာတာ၊ အလုပ်လုပ်ရင်း မျက်စိနာတာကြောင့် အလုပ်နားထားရပါတယ်။ အမေကတော့ ပန်းရံအပါဝင် ကြုံရာကျပန်းလုပ်ပါတယ်။
မိသားစုဆင်းရဲပေမဲ့ သားသမီးတွေရဲ့ ပညာရေးကိုတော့ လုပ်ပေးနိုင်သလောက်လုပ်ပေးကြဖို့ မိဘတွေက ရည်ရွယ်ထားကြပါတယ်။
ရောဂါတွေ ကူးစက်၊ သေဆုံးချိန်မှာ သားကြီးဖြစ်သူက နာရေးတွေ လိုက်ကူညီ နေတာကို စိတ်ပူပေမယ့် သူ့ဝါသနာအရ ခွင့်ပြုပေးခဲ့ကြပါတယ်။
ဒေါ်စိမ့်လဲ့မွန် (မောင်ထွန်းလင်းနိုင်မိခင်)
“မနက်တစ်ခေါက် ညနေတစ်ခေါက်တော့ သူ့ဆီကိုရောက်တယ်။ သွားသွားတော့ကြည့်တယ်။
နှာခေါင်း စည်း ဘာညာတပ်၊ ပြန်လာရင်လက်တွေဆေး၊ စိတ်တော့ စိတ်မချဘူးပေါ့။
ကိုယ့်သားသမီးဆိုတော့လည်း သူများတွေဖြစ်နေတော့ သူ့ကိုလည်းဖြစ်မှာစိုးလို့၊ သွားသွားမေးတော့ ကျန်းမာရေးကောင်းကောင်းနေ တော့ ကိစ္စတော့မရှိဘူး။
သူတို့နဲ့ လုပ်တဲ့သူတွေကလည်း Mask တွေ သေချာတပ်၊ PPE တွေ ဝတ်ဆိုတော့ စိတ်ချရသေးတာပေါ့”
ဦးကျော်ကြီး (မောင်ထွန်းလင်းနိုင်ဖခင်)
“ကျနော်ကတော့ ဒီလိုပုံလေးတွေ့ရတာ ဂုဏ်ယူပါတယ်။ ပရဟိတလည်းဖြစ်တယ်။ ကုသိုလ်လည်း ရတယ်”
မောင်ထွန်းလင်းနိုင်ဟာ စက်ပစ္စည်းတွေ ပြုပြင်ရတာ စိတ်ဝင်စားပြီး တစ်ဖက်မှာလည်း ပရဟိတအလုပ် အပေါ်မှာ ဝါသနာပါသူပါ။သူက အရွယ်ရောက်လာရင်လည်း ပရဟိတလုပ်မယ်လို့ ရည်ရွယ်ထားပါတယ်။
သူ့အုပ်ထိန်းသူဖြစ်တဲ့ ဦးမင်းဒင်က ဒီအရွယ်မှာ ကျောင်းပညာရေးနဲ့ အတတ်ပညာတစ်ခုခုကို သေချာသင်ယူပြီးမှ သူ့ဝါသနာအရ လုပ်ချင်တာကို လုပ်ခွင့်ပေးဖို့ စဉ်းစားပေးထားပါတယ်။
အခုချိန်မှာတော့ မောင်ထွန်းလင်းနိုင်ဟာ အသင်းရုံးက အသင်းသားတွေနဲ့အတူ နာရေးတွေကို လိုက်ပါ ကူညီရင်း သူ့ရဲ့တစ်နေ့တာအချိန်တွေကို ဖြတ်သန်းနေပါတော့တယ်။
၆ တန်းကျောင်းသားလေးဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် ပရဟိတအလုပ်တွေကိုနေ့စဉ်ရက်ဆက်လုပ်ကိုင်နေတဲ့ စေတနာ့ဝန်ထမ်းလေးတစ်ဦး
လက်ရှိမှာ Covid 19တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများတစ်နေ့ပြီးတစ်နေ့ ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်။
အခုလို ကိုဗစ်လူနာတွေအတွက် ရှေ့တန်းကနေကူညီပေးနေကြတဲ့သူတွေကတော့ ပရဟိတအဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။
ပရဟိတလူငယ်လေးတွေဟာ ကိုယ့်အတွက်ကိုယ်တောင်မငဲ့ပဲ ကိုဗစ်လူနာတွေကိုကူညီကယ်တင်ပေးနေကြတာကို ပရိသတ်တွေလည်း မြင်ကြမယ်ထင်ပါတယ်။
ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်ကူညီပေးနေကြတဲ့သူတွေထဲမှာ သံဃာတော်တွေလည်းပါဝင်ကြသလိုခရစ်ယာန်သာသနာပြု sister ကြီးတွေအထိပါဝင်ကူညီနေကြတာကိုတွေ့ရပါတယ်။
အခုလိုကူညီပေးနေကြတဲ့သူတွေထဲမှာ အသက်၁၄နှစ်အရွယ် ဆဌမတန်းကျောင်းသားလေးဖြစ်တဲ့မောင်ထွန်းလင်းနိုင်ကတော့ အသက်အငယ်ဆုံးစေတနာ့ဝန်ထမ်းလေးပဲဖြစ်ပါတယ်။
မောင်ထွန်းလင်းနိုင်ဟာ အရှေ့ဒဂုံမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တခုတွင် နေထိုင်သူဖြစ်ပြီးမိဘများမှာကျပန်းအလုပ် လုပ်ကိုင်ကြကာ မောင်နှမလေးယောက်အနက် အကြီးဆုံးဖြစ်ပါတယ်။
မောင်ထွန်းလင်းနိုင်ဟာ ပရဟိတလူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင်စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မေတ္တာသဂ်ဟအသင်း၏အသက်ငယ်ဆုံး စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့တယ်လို့သိရပါတယ်။
ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Credit
zawgyi
(႐ုပ္သံဖိုင္ကို ေအာက္တြင္ၾကည့္ရႈပါရန္)
ရန္ကုန္တိုင္း အေရွ႕ဒဂုံၿမိဳ႕နယ္ ေမတၱာသဂၤဟနာေရးကူညီမႈအသင္း႐ုံးေရွ႕မွာ နာေရးတစ္ခုကို သြားကူညီဖို႔ ျပင္ဆင္ေနတဲ့ အသင္းသားေတြနဲ႔အတူ ေမာင္ထြန္းလင္းႏိုင္လည္း အလုပ္မ်ားေနပါတယ္။
ကေလးတစ္ေယာက္ျဖစ္ေပမဲ့ ႐ုပ္အေလာင္းေတြကိုသယ္ဖို႔၊ နာေရးေတြကို အေၾကာက္အလန႔္မရွိဘဲ တက္တက္ ႂကြႂကြနဲ႔ ကူညီေပးဖို႔ အသင့္ရွိေနပါတယ္။
ပရဟိတအေနနဲ႔ နာေရးလိုက္ကူညီေနတဲ့အထဲမွာေတာ့ သူက အသက္ ၁၃ ႏွစ္အ႐ြယ္ အသက္အငယ္ဆုံးပါ။
နာေရးေတြကို စၿပီးကူညီတုန္းက ေၾကာက္စိတ္ရွိခဲ့ေပမဲ့ အခုခ်ိန္မွာမေၾကာက္ေတာ့ဘဲ ေသဆုံးသြားသူအတြက္ ငိုေနတဲ့မိသားစုဝင္ေတြ၊ ေသဆုံးသူေတြမ်ားလို႔ ပုံေနတာေတြကိုျမင္ၿပီး ေမာင္ထြန္းလင္းႏိုင္ တစ္ေယာက္ စိတ္မေကာင္းျဖစ္ရပါတယ္။
(ေမာင္ထြန္းလင္းႏိုင္)
“ပထမသယ္တုန္းက ေၾကာက္တာ။ ေနာက္ပိုင္းသယ္တာမ်ားေတာ့ မေၾကာက္ေတာ့ဘူး။ စိတ္မေကာင္း ျဖစ္တယ္။ နာေရးအိမ္ကလူေတြ ငိုတာျမင္ေတာ့ စိတ္မေကာင္းျဖစ္တယ္။ ေနာက္ပိုင္းေတာ့ မျဖစ္ေတာ့ ဘူး”
ေမာင္ထြန္းလင္းႏိုင္တစ္ေယာက္ အေလာင္းကိုစသယ္ခ်ိန္တုန္းက သူဝတ္ထားရတဲ့ PPE ဝတ္စုံကေန ထြက္လာတဲ့ ေခြၽးရဲ႕အေငြ႕ေတြဟာ ကိုဗစ္မကူးစက္ေအာင္ အကာကြယ္ယူထားတဲ့မ်က္မွန္ကို ဖုံးေနတာ ေၾကာင့္ အေရွ႕ကိုေသခ်ာ မျမင္ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။
အေခါင္း ေခါင္းရင္းပိုင္းမွာ ေသဆုံးသူရဲ႕မ်က္ႏွာကို ၾကည့္လို႔ရေအာင္ အေပါက္ေဖာက္ထားတာရွိပါတယ္။
သုသာန္ကိုေရာက္တဲ့အခ်ိန္ ကားဘရိတ္အုပ္ခ်ိန္မွာ ကားေပၚကဆင္းဖို႔ျပင္ေနတဲ့ ေမာင္ထြန္းလင္းႏိုင္ဟာ အရွိန္လြန္ၿပီး အဲဒီအေခါင္းအေပါက္ထဲကို ေျခေထာက္ဝင္သြားတာေၾကာင့္ ထိတ္လန႔္ခဲ့ရတဲ့အခ်ိန္လည္း ရွိခဲ့ဖူးပါတယ္။
(ေမာင္ထြန္းလင္းႏိုင္)
“တက္နင္းမိေတာ့ ေၾကာက္တယ္။ ကားရပ္လိုက္ေတာ့ မ်က္မွန္က အေငြ႕႐ိုက္လိုက္ေတာ့ ဝါးေနတယ္။ ဆင္းမယ္လုပ္ေတာ့ အေခါင္းအဖုံးကို တက္နင္းမိတယ္။ အေလာင္းမ်က္ႏွာကို၊ လန႔္သြားတာ။ ေၾကာက္ စရာႀကီး ျဖစ္သြားတာေပါ့”
ဒီအသင္း႐ုံးရွိတဲ့ အေရွ႕ဒဂုံၿမိဳ႕နယ္ (၁၁) ရပ္ကြက္ထဲက က်ဳးေက်ာ္တန္းေလးမွာ ေမာင္ထြန္းလင္းႏိုင္တို႔ မိသားစုေနပါတယ္။
သူ႔မိဘေတြက ကေလးေက်ာင္းထားေပးဖို႔အတြက္ ေမတၱာသဂၤဟလူမႈကူညီေရးအသင္း ဥကၠ႒ ဦးမင္းဒင္းဆီမွာ အကူညီေတာင္းၿပီး ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလမွာ ပို႔ထားေပးခဲ့ပါတယ္။
အသင္းဥကၠ႒ ဦးမင္းဒင္ ကလည္း ေမြးစားသားအေနနဲ႔ သတ္မွတ္ၿပီး သူ႔ပညာေရးအတြက္ တာဝန္ယူ၊ သူဝါသနာပါတဲ့အလုပ္ကို လုပ္ခြင့္ေပးဖို႔ စဥ္းစားထားသူပါ။
ၿပီးခဲ့တဲ့လပိုင္းက ေက်ာင္းဖြင့္ခ်ိန္မွာေတာ့ ၆ တန္း တက္ခဲ့ပါတယ္။
ေမာင္ထြန္းလင္းႏိုင္ကို အသင္း႐ုံးမွာ ႐ုံးေစာင့္အေနနဲ႔ ထားတာကေန ကိုဗစ္တတိယလႈိင္းေၾကာင့္ ရန္ကုန္မွာ ေသဆုံးသူေတြမ်ားလာၿပီး အသင္း သားေတြ အလုပ္ပင္ပန္းလာခ်ိန္၊ ေက်ာင္းေတြလည္း ပိတ္လိုက္ခ်ိန္မွာမွာ ေမာင္ထြန္းလင္းႏိုင္ နာေရး ကူညီတဲ့လုပ္ငန္းေတြကို တစိုက္မတ္မတ္ ပါဝင္ကူညီလာပါတယ္။
ဦးမင္းဒင္ (ဥကၠ႒ – ေမတၱာသဂၤဟနာေရးကူညီမႈအသင္း)
“ဒီကိစၥေတြက အႏၲရာယ္အရမ္းမ်ားတယ္ေလ။ အရမ္းအေျခအေနဆိုးတဲ့ အခ်ိန္မွာ ေစတနာ့ဝန္ထမ္းက ေတာ္ေတာ္လိုတာဗ်။
လိုလာတဲ့အခါက်ေတာ့ သူကိုယ္တိုင္ကလည္း ဝါသနာပါတယ္။ အေၾကာက္လန႔္လည္း မရွိတဲ့အခါ က်ေတာ့ သူ႔ကိုပါခြင့္ေပးလိုက္တယ္။ ဝတ္တာလည္း စနစ္က်တယ္။
တစ္ခါ တေလက်ရင္ လူႀကီးေတြ ခြၽတ္ယြင္းခ်က္ရွိရင္ေတာင္ သူ႔မွာ ပုံမွန္ေလးလုပ္ ေနၾကပဲ။ တတိယလႈိင္း စစခ်င္းတုန္းက မလိုက္ေသးဘူးဗ်။
ျပန္လာတဲ့သူ ေတြကို ဒီထဲကိုဝင္လာတာနဲ႔ ပိုးသတ္ေဆးျဖန္းေပးတယ္။ ခြၽတ္တာေတြ လုပ္ေပးတယ္။ လုပ္ရင္းနဲ႔ လူလိုလာတဲ့အခါ တစ္ခါတေလ ႏွစ္ေယာက္တည္း၊ သုံးေယာက္တည္းသြားရ တာရွိတယ္။
တျဖည္းျဖည္းနဲ႔ သူကပါ ေတာက္ေလွ်ာက္လိုက္လာတာေပါ့။ ၁၈၊ ၁၉၊ ၂၀ အရမ္းျပင္းထန္ လာတဲ့အခ်ိန္မွာေတာ့ သူ႔ကိုလည္း ဂ႐ုမစိုက္ႏိုင္ေတာ့ဘူး။
သူကလည္း ပုံမွန္သြားေနတာဆိုေတာ့ေလ။ အႏၲရာယ္လည္းမရွိဘူးဆိုေတာ့၊ တခ်ိဳ႕လူလတ္ပိုင္းေတြေတာင္မွ ငါးရက္ေလာက္လိုက္ၿပီးရင္ သုံးရက္ ေလာက္နားရတယ္။
ဖ်ားသြားတာ။ ဒီကေလးက်ေတာ့ ေတာက္ေလွ်ာက္၊ ေသဆုံးမႈျမင့္တဲ့အခ်ိန္ကေန အခုခ်ိန္အထိ တစ္ခ်က္ေလးမွ မေလွ်ာ့ဘူး”
ေမတၱာသဂၤဟအသင္းမွာ ေမာင္ထြန္းလင္းႏိုင္ကို ႐ုံးတြင္းကိစၥေတြမွာလည္း အေတာ္အားကိုးရတာကို ေတြ႕ရ ပါတယ္။
အသင္း႐ုံးမွာ ဘယ္ေနရာမွာ ဘာရွိတယ္၊ ဘယ္ပစၥည္းေတြရွိတယ္၊ ပစၥည္းေတြ ဘယ္ေလာက္ က်န္ေသးတယ္ဆိုတာကအစ သူသိထားပါတယ္။
နာေရးလိုက္ပို႔ဖို႔ လိုတဲ့အခါမွာလည္း လုပ္ဖို႔လိုအပ္တဲ့လုပ္ငန္းစဥ္းေတြ၊ PPE ဝတ္ပုံဝတ္နည္းေတြကို သီးသန႔္ သင္ရတာမရွိဘဲ အျမင္နဲ႔တင္ သူက နားလည္ေနတဲ့အတြက္ သူ႔ဘာသာသူ ဦးေဆာင္လုပ္သြားႏိုင္ပါတယ္။
နာေရးလိုက္ကူညီတဲ့အခါမွာလည္း ႐ုပ္အေလာင္းေတြကို မႏိုင့္တႏိုင္ကူသယ္တာမ်ိဳး၊ သူမသယ္ရတဲ့အခါ မွာလည္း အေလာင္းသယ္ၿပီးတဲ့အသင္းသားေတြကို ပိုးသတ္ေဆးျဖန္းေပးတာတဖုံ သူႏိုင္တဲ့ေနရာကေန ကူညီေနတာပါ။
ပရဟိတစိတ္ဓာတ္နဲ႔ စိတ္အား၊ ကိုယ္အားအျပည့္ဝကူညီေနတဲ့ ေမာင္ထြန္းလင္းႏိုင္ဟာ ပင္ပန္းခ်ိန္မွာ ညဥ္းညဴေပမဲ့ အသင္း႐ုံးေရာက္ရင္ေတာ့ အသင္းသားေတြနဲ႔ေပါ့ေပါ့ပါးပါး ျပန္ျဖစ္သြားပါတယ္။
ကိုသဲဦး (ေမတၱာသဂၤဟနာေရးကူညီမႈအသင္းဝင္)
“အခက္ခဲအေနနဲ႔ကေတာ့ ဘာမွမရွိဘူးဗ်။ တစ္ခါတေလ သယ္ရတာေဝးေတာ့ ကေလးဆိုေတာ့ ဒဏ္မခံ ႏိုင္ဘူး။
အဲအခါက်ရင္ေတာ့ နည္းနည္းပါးပါးေတာ့ညည္းတယ္။ သူ႔လည္း သိပ္မသယ္ခိုင္းပါဘူး။ ေဝးတဲ့ ေနရာေတြက်ရင္ လူႀကီးေတြမ်ားရင္ေတာ့ အဆင္ေျပတာေပါ့ဗ်ာ။
ဟိုရက္ေတြကေတာ့ မမ်ားဘူးေလ။ တစ္ခါသြား ႏွစ္ေယာက္ သုံးေယာက္နဲ႔ဆိုေတာ့ နည္းနည္းပင္ပန္းေတာ့ နည္းနည္းညည္းတာေပါ့ ကေလး ဆိုေတာ့။ ညည္းတာပါပဲ ႐ုံးေရာက္ရင္ တဟီးဟီးနဲ႔ ႐ုံးေရာက္ရင္ၾကည့္လိုက္”
ေမာင္ထြန္းလင္းႏိုင္ဟာ ဒီပရဟိတအသင္း႐ုံးကို ေရာက္ၿပီးေနာက္ပိုင္း အိမ္သိပ္မျပန္ျဖစ္ေတာ့ပါဘူး။
တခ်ိဳ႕ရက္ေတြ အသင္း႐ုံးမွာ အလုပ္ၿပီးတဲ့အခ်ိန္ က်ဴးေက်ာ္တန္းေလးထဲမွာရွိတဲ့ သူ႔အိမ္ေလးကို ခဏျပန္ျဖစ္ပါတယ္။ သူ႔မိသားစုကလည္း က်ဴးေက်ာ္ျဖစ္တဲ့အတြက္ အိမ္ေနရာေျပာင္းရတာလည္း ခဏခဏပါပဲ။
သူက ေမာင္ႏွမေလးေယာက္မွာ အစ္ကိုအႀကီးဆုံးျဖစ္ၿပီး ညီႏွစ္ေယာက္နဲ႔ ညီမတစ္ေယာက္ရွိပါတယ္။
အေဖျဖစ္သူက ယခင္က သံပန္းလုပ္ၿပီး ကပ္ေရာဂါေတြ ပ်ံ႕လာတာ၊ အလုပ္လုပ္ရင္း မ်က္စိနာတာေၾကာင့္ အလုပ္နားထားရပါတယ္။ အေမကေတာ့ ပန္းရံအပါဝင္ ႀကဳံရာက်ပန္းလုပ္ပါတယ္။
မိသားစုဆင္းရဲေပမဲ့ သားသမီးေတြရဲ႕ ပညာေရးကိုေတာ့ လုပ္ေပးႏိုင္သေလာက္လုပ္ေပးၾကဖို႔ မိဘေတြက ရည္႐ြယ္ထားၾကပါတယ္။
ေရာဂါေတြ ကူးစက္၊ ေသဆုံးခ်ိန္မွာ သားႀကီးျဖစ္သူက နာေရးေတြ လိုက္ကူညီ ေနတာကို စိတ္ပူေပမယ့္ သူ႔ဝါသနာအရ ခြင့္ျပဳေပးခဲ့ၾကပါတယ္။
ေဒၚစိမ့္လဲ့မြန္ (ေမာင္ထြန္းလင္းႏိုင္မိခင္)
“မနက္တစ္ေခါက္ ညေနတစ္ေခါက္ေတာ့ သူ႔ဆီကိုေရာက္တယ္။ သြားသြားေတာ့ၾကည့္တယ္။
ႏွာေခါင္း စည္း ဘာညာတပ္၊ ျပန္လာရင္လက္ေတြေဆး၊ စိတ္ေတာ့ စိတ္မခ်ဘူးေပါ့။
ကိုယ့္သားသမီးဆိုေတာ့လည္း သူမ်ားေတြျဖစ္ေနေတာ့ သူ႔ကိုလည္းျဖစ္မွာစိုးလို႔၊ သြားသြားေမးေတာ့ က်န္းမာေရးေကာင္းေကာင္းေန ေတာ့ ကိစၥေတာ့မရွိဘူး။
သူတို႔နဲ႔ လုပ္တဲ့သူေတြကလည္း Mask ေတြ ေသခ်ာတပ္၊ PPE ေတြ ဝတ္ဆိုေတာ့ စိတ္ခ်ရေသးတာေပါ့”
ဦးေက်ာ္ႀကီး (ေမာင္ထြန္းလင္းႏိုင္ဖခင္)
“က်ေနာ္ကေတာ့ ဒီလိုပုံေလးေတြ႕ရတာ ဂုဏ္ယူပါတယ္။ ပရဟိတလည္းျဖစ္တယ္။ ကုသိုလ္လည္း ရတယ္”
ေမာင္ထြန္းလင္းႏိုင္ဟာ စက္ပစၥည္းေတြ ျပဳျပင္ရတာ စိတ္ဝင္စားၿပီး တစ္ဖက္မွာလည္း ပရဟိတအလုပ္ အေပၚမွာ ဝါသနာပါသူပါ။သူက အ႐ြယ္ေရာက္လာရင္လည္း ပရဟိတလုပ္မယ္လို႔ ရည္႐ြယ္ထားပါတယ္။
သူ႔အုပ္ထိန္းသူျဖစ္တဲ့ ဦးမင္းဒင္က ဒီအ႐ြယ္မွာ ေက်ာင္းပညာေရးနဲ႔ အတတ္ပညာတစ္ခုခုကို ေသခ်ာသင္ယူၿပီးမွ သူ႔ဝါသနာအရ လုပ္ခ်င္တာကို လုပ္ခြင့္ေပးဖို႔ စဥ္းစားေပးထားပါတယ္။
အခုခ်ိန္မွာေတာ့ ေမာင္ထြန္းလင္းႏိုင္ဟာ အသင္း႐ုံးက အသင္းသားေတြနဲ႔အတူ နာေရးေတြကို လိုက္ပါ ကူညီရင္း သူ႔ရဲ႕တစ္ေန႔တာအခ်ိန္ေတြကို ျဖတ္သန္းေနပါေတာ့တယ္။
၆ တန္းေက်ာင္းသားေလးျဖစ္ေပမယ့္ အ႐ြယ္နဲ႔မလိုက္ေအာင္ ပရဟိတအလုပ္ေတြကိုေန႔စဥ္ရက္ဆက္လုပ္ကိုင္ေနတဲ့ ေစတနာ့၀န္ထမ္းေလးတစ္ဦး
လက္ရွိမွာ Covid 19တတိယလႈိင္း ကူးစက္မႈေတြေၾကာင့္ ျမန္မာျပည္အတြင္း ေသဆုံးသူလူနာမ်ားတစ္ေန႔ၿပီးတစ္ေန႔ ပိုမို မ်ားျပားလာေနၿပီ ျဖစ္ပါတယ္။
အခုလို ကိုဗစ္လူနာေတြအတြက္ ေရွ႕တန္းကေနကူညီေပးေနၾကတဲ့သူေတြကေတာ့ ပရဟိတအဖြဲ႕အစည္းေတြပဲျဖစ္ပါတယ္။
ပရဟိတလူငယ္ေလးေတြဟာ ကိုယ့္အတြက္ကိုယ္ေတာင္မငဲ့ပဲ ကိုဗစ္လူနာေတြကိုကူညီကယ္တင္ေပးေနၾကတာကို ပရိသတ္ေတြလည္း ျမင္ၾကမယ္ထင္ပါတယ္။
ပရဟိတအလုပ္ေတြကို အင္တိုက္အားတိုက္ကူညီေပးေနၾကတဲ့သူေတြထဲမွာ သံဃာေတာ္ေတြလည္းပါ၀င္ၾကသလိုခရစ္ယာန္သာသနာျပဳ sister ႀကီးေတြအထိပါ၀င္ကူညီေနၾကတာကိုေတြ႕ရပါတယ္။
အခုလိုကူညီေပးေနၾကတဲ့သူေတြထဲမွာ အသက္၁၄ႏွစ္အ႐ြယ္ ဆဌမတန္းေက်ာင္းသားေလးျဖစ္တဲ့ေမာင္ထြန္းလင္းႏိုင္ကေတာ့ အသက္အငယ္ဆုံးေစတနာ့၀န္ထမ္းေလးပဲျဖစ္ပါတယ္။
ေမာင္ထြန္းလင္းႏိုင္ဟာ အေရွ႕ဒဂုံၿမိဳ႕နယ္ရွိ က်ဴးေက်ာ္ရပ္ကြက္တခုတြင္ ေနထိုင္သူျဖစ္ၿပီးမိဘမ်ားမွာက်ပန္းအလုပ္ လုပ္ကိုင္ၾကကာ ေမာင္ႏွမေလးေယာက္အနက္ အႀကီးဆုံးျဖစ္ပါတယ္။
ေမာင္ထြန္းလင္းႏိုင္ဟာ ပရဟိတလူမႈကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္စိတ္အားတက္ႂကြစြာ ပါဝင္ေဆာင္႐ြက္ေပးခဲ့ျခင္းေၾကာင့္ ေမတၱာသဂ္ဟအသင္း၏အသက္ငယ္ဆုံး ေစတနာ့ဝန္ထမ္းတစ္ဦးျဖစ္လာခဲ့တယ္လို႔သိရပါတယ္။
ပရိသတ္ေတြအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
Credit