စစ်တပ်က အာဏာသိမ်းမှုကျူးလွန်ပြီးနောက် မတရားဖမ်းဆီးတရားစွဲဆိုထားသည့် နိုင်ငံ့ခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်သမ္မတ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခေါင်းဆောင်များသည် ၎င်းတို့၏ရှေ့နေအဖွဲ့နှင့်အဆက်အသွယ်ပြတ်တောက်နေသည်မှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်ကြောင်းသိရသည်။
“ ပြီးခဲ့တဲ့ဇူလိုင်လ၁၂ရက်နေ့တည်းက အဆက်အသွယ်မရတော့တာ။ အဆက်အသွယ်မရဘူးဆိုတာက အရင်ကလည်းရုံးချိန်းတွေမှာပဲတွေ့ရတာလေ။ အခုကရုံးချိန်းတွေမရှိတော့ အဆက်အသွယ်မရှိတော့တဲ့ သဘောပေါ့” ဟု ရှေ့နေအဖွဲ့မှ ရှေ့နေတစ်ဦးက MPAသို့ပြောသည်။
စစ်တပ်အနေဖြင့် အစိုးရရုံးပိတ်ရက်များကြောင့် နိုင်ငံ့ခေါင်းဆောင်များ၏ရုံးချိန်းကိုရွှေ့ဆိုင်းခြင်းများပြုလုပ်ခဲ့ပြီး နောက်ဆုံးရွှေ့ဆိုင်းထားသည်မှာ သြဂုတ်လ၂၃ရက်နေ့ဖြစ်သည်။
ရှေ့နေအဖွဲ့၏ပြောပြချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဇူလိုင်လ ၁၂ရက်နှင့်၁၉ရက်ကြားတွင်ရိက္ခာများပို့ပေးခဲ့ရခြင်းမှာနောက်ဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။
“နောက်ဆုံးပို့ခဲ့တာက ဇူလိုင်လ၁၂နေ့နဲ့အာဇာနည်နေ့မတိုင်ခင်ကြားမှာတစ်လစာပို့ပေးခဲ့တယ်။အဲ့အပြင်တော့ ထပ်ပို့တာတွေ။နိုင်ငံ့ခေါင်းဆောင်တွေက ထပ်မှာတာမျိုးတွေတော့မရှိသေးဘူး”ဟု ၎င်းကဆိုသည်။
ပြီးခဲ့တဲ့ သြဂုတ်လ၆ရက်နေ့က ရှေ့နေအဖွဲ့မှ တရားလွှတ်တော် ရှေ့နေ ဒေါ်စန်းမာလာညွန့်အပါအဝင်ရှေ့နေ၅ဦးကို နိုင်ငံ့ခေါင်းဆောင်များနှင့်ပတ်သက်သောအင်တာဗျူးများဖြေကြားခွင့်ကို စစ်တပ်က ပိတ်ပင်ခဲ့သည်။
လက်ရှိအချိန်မှာနိုင်ငံခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေများအပါအဝင်အခြားမည်သည့်အခြေအနေကိုမျှသိရှိရခြင်းမရှိကြောင်းရှေ့နေအဖွဲ့မှသိရသည်။နိုင်ငံတော်သမ္မတအပါအဝင်နိုင်ငံ့ခေါင်းဆောင်များသည် စစ်တပ်အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိစစ်တပ်၏ထိန်းသိမ်းခြင်းကို ခံထားရပြီး မည်သည့်နေရာတွင် ထားရှိသည်ကို မည်သူမှသိရှိရခြင်းမရှိပေ။
စစ်တပ်သည်နိုင်ငံတော်၏သမ္မတဦးဝင်းမြင့်ကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့်တရားစွဲဆိုထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ၂မှု၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈၊ ပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)တို့ဖြင့် တရားစွဲခံထားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်အမှုဖွင့်ထားသည်။
———————–
စစ္တပ္က အာဏာသိမ္းမႈက်ဴးလြန္ၿပီးေနာက္ မတရားဖမ္းဆီးတရားစြဲဆိုထားသည့္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားျဖစ္သည့္ ႏိုင္ငံေတာ္သမၼတ၊ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ႏိုင္ငံေခါင္းေဆာင္မ်ားသည္ ၎တို႔၏ေရွ႕ေနအဖြဲ႕ႏွင့္အဆက္အသြယ္ျပတ္ေတာက္ေနသည္မွာ တစ္လေက်ာ္ၾကာျမင့္လာၿပီျဖစ္ေၾကာင္းသိရသည္။
“ ၿပီးခဲ့တဲ့ဇူလိုင္လ၁၂ရက္ေန႔တည္းက အဆက္အသြယ္မရေတာ့တာ။ အဆက္အသြယ္မရဘူးဆိုတာက အရင္ကလည္း႐ုံးခ်ိန္းေတြမွာပဲေတြ႕ရတာေလ။ အခုက႐ုံးခ်ိန္းေတြမရွိေတာ့ အဆက္အသြယ္မရွိေတာ့တဲ့ သေဘာေပါ့” ဟု ေရွ႕ေနအဖြဲ႕မွ ေရွ႕ေနတစ္ဦးက MPAသို႔ေျပာသည္။
စစ္တပ္အေနျဖင့္ အစိုးရ႐ုံးပိတ္ရက္မ်ားေၾကာင့္ ႏိုင္ငံ့ေခါင္းေဆာင္မ်ား၏႐ုံးခ်ိန္းကိုေ႐ႊ႕ဆိုင္းျခင္းမ်ားျပဳလုပ္ခဲ့ၿပီး ေနာက္ဆုံးေ႐ႊ႕ဆိုင္းထားသည္မွာ ၾသဂုတ္လ၂၃ရက္ေန႔ျဖစ္သည္။
ေရွ႕ေနအဖြဲ႕၏ေျပာျပခ်က္အရ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ထံသို႔ ဇူလိုင္လ ၁၂ရက္ႏွင့္၁၉ရက္ၾကားတြင္ရိကၡာမ်ားပို႔ေပးခဲ့ရျခင္းမွာေနာက္ဆုံးအႀကိမ္ျဖစ္ေၾကာင္းသိရသည္။
“ေနာက္ဆုံးပို႔ခဲ့တာက ဇူလိုင္လ၁၂ေန႔နဲ႔အာဇာနည္ေန႔မတိုင္ခင္ၾကားမွာတစ္လစာပို႔ေပးခဲ့တယ္။အဲ့အျပင္ေတာ့ ထပ္ပို႔တာေတြ။ႏိုင္ငံ့ေခါင္းေဆာင္ေတြက ထပ္မွာတာမ်ိဳးေတြေတာ့မရွိေသးဘူး”ဟု ၎ကဆိုသည္။
ၿပီးခဲ့တဲ့ ၾသဂုတ္လ၆ရက္ေန႔က ေရွ႕ေနအဖြဲ႕မွ တရားလႊတ္ေတာ္ ေရွ႕ေန ေဒၚစန္းမာလာၫြန႔္အပါအဝင္ေရွ႕ေန၅ဦးကို ႏိုင္ငံ့ေခါင္းေဆာင္မ်ားႏွင့္ပတ္သက္ေသာအင္တာဗ်ဴးမ်ားေျဖၾကားခြင့္ကို စစ္တပ္က ပိတ္ပင္ခဲ့သည္။
လက္ရွိအခ်ိန္မွာႏိုင္ငံေခါင္းေဆာင္မ်ား၏ က်န္းမာေရးအေျခအေနမ်ားအပါအဝင္အျခားမည္သည့္အေျခအေနကိုမွ်သိရွိရျခင္းမရွိေၾကာင္းေရွ႕ေနအဖြဲ႕မွသိရသည္။ႏိုင္ငံေတာ္သမၼတအပါအဝင္ႏိုင္ငံ့ေခါင္းေဆာင္မ်ားသည္ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္မွ လက္ရွိအခ်ိန္ထိစစ္တပ္၏ထိန္းသိမ္းျခင္းကို ခံထားရၿပီး မည္သည့္ေနရာတြင္ ထားရွိသည္ကို မည္သူမွသိရွိရျခင္းမရွိေပ။
စစ္တပ္သည္ႏိုင္ငံေတာ္၏သမၼတဦးဝင္းျမင့္ကိုသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅၊ ပုဒ္မ ၅၀၅(ခ)တို႔ျဖင့္တရားစြဲဆိုထားၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ ၂၅ ျဖင့္ ၂မႈ၊ ပို႔ကုန္၊ သြင္းကုန္ ဥပေဒပုဒ္မ ၈၊ ပုဒ္မ ၅၀၅(ခ)၊ ဆက္သြယ္ေရးပုဒ္မ ၆၇၊ ျမန္မာႏိုင္ငံလွ်ိဳ႕ဝွက္ဥပေဒပုဒ္မ ၃(၁)(ဂ)တို႔ျဖင့္ တရားစြဲခံထားၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ ျဖင့္အမႈဖြင့္ထားသည္။