သံဃာတော်တွေအတွက် မျက်လုံးတစ်ဖက်ကွယ်နေတာတောင် ရေခဲထုပ်ရောင်းပြီး ကျောင်းဆောက်လှူတဲ့ အဖိုး
လက်ရှိကာလမှာ စေတနာရှင်ပြည်သူတွေကလည်း တစ်ကိုယ်တော် ပရဟိတသဘောမျိုးနဲ့ ခက်ခဲသူတွေကိုတွေ့တိုင်း ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။အခုအခြေအနေမှာဆိုရင် စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေကစပြီး လက်လုပ်လက်စား ပြည်သူတွေအထိ ဝင်ငွေနည်းပါးနေတဲ့ အချိန်ပဲဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း တချို့အိမ်ထောင်စုတွေကတော့ တစ်နေ့တာစားသောက်ဖို့ အတွက်တောင် မနည်းရုန်းကန်နေရပြီး အသက်ရှင်ဖို့အတွက် အဆင်ပြေသလို ရပ်တည်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း အသက် ၉၀ ကျော်အရွယ် အဘိုးအိုတစ်ဦးက စားဝတ်နေရေးအတွက် သမာအာဇီဝ ကျစွာလုပ်ကိုင် စားသောက်နေတဲ့အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။
အဘိုးနာမည်က ဦးထွန်းနွဲ့ဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် အိုးဘိုရပ်ကွက်အောင်သိဒ္ဓီ ၆ လမ်းမှာ နေထိုင်တာဖြစ်ပါတယ်။အဘိုးကမျက်လုံး တစ်ဖက်လည်းမမြင်ရဘဲ အဲ့ဒီအိမ်လေးထဲမှာ တစ်ယောက်တည်းနေထိုင်ပြီး ပြုစုစောင့်ရှောက်ပေးမယ့် မိသားစုဝင်မရှိဘူးလို့လည်း သိရပါတယ်။
အဘိုးကတော့ မျက်လုံးတစ်ဖက် မမြင်ရပေမယ့်လည်း ပိုက်ဆံရဖို့အတွက် လမ်းတကာလှည့်ပြီး ရေခဲထုတ်လိုက်ရောင်းရရှာတာ ဖြစ်ပါတယ်။ရေခဲချောင်း ရောင်းလို့ရတဲ့အမြတ်က တစ်နေ့မှ ၅၀၀ ၁ဝဝဝပဲရှိပြီး မနက်ဈေးစရောင်းတာနဲ့ ဘုန်းကြီးကျောင်းမှာ ရေခဲချောင်း ၁၀ ချောင်းကိုမရှိတဲ့ကြားက လှူခဲ့သေးတာဖြစ်ပါတယ်။
အသက် ၉၀ ကျော်နေတာတောင် ကိုယ့်အား ကိုယ်ကိုးပြီး ရုန်းကန်နေတဲ့ အဘိုးကိုတွေ့တဲ့အခါ စေတနာရှင်ပြည်သူတွေက ဝယ်ယူအားပေးကြပါဦးလို့ မေတ္တာရပ်ခံလိုက်ပါတယ်။အများပြည်သူ ကူညီလို့ရအောင် အဘိုးရဲ့မျက်နှာကိုဖော်ပြထားရခြင်း ဖြစ်ပါသည်။
Credit
သံဃာေတာ္ေတြအတြက္ မ်က္လုံးတစ္ဖက္ကြယ္ေနတာေတာင္ ေရခဲထုပ္ေရာင္းၿပီး ေက်ာင္းေဆာက္လႉတဲ့ အဖိုး
လက္ရွိကာလမွာ ေစတနာရွင္ျပည္သူေတြကလည္း တစ္ကိုယ္ေတာ္ ပရဟိတသေဘာမ်ိဳးနဲ႔ ခက္ခဲသူေတြကိုေတြ႕တိုင္း ကူညီေပးခဲ့ၾကတာျဖစ္ပါတယ္။အခုအေျခအေနမွာဆိုရင္ စီးပြါးေရးလုပ္ငန္းရွင္ႀကီးေတြကစၿပီး လက္လုပ္လက္စား ျပည္သူေတြအထိ ဝင္ေငြနည္းပါးေနတဲ့ အခ်ိန္ပဲျဖစ္ပါတယ္။
ဒါ့ေၾကာင့္လည္း တခ်ိဳ႕အိမ္ေထာင္စုေတြကေတာ့ တစ္ေန႔တာစားေသာက္ဖို႔ အတြက္ေတာင္ မနည္း႐ုန္းကန္ေနရၿပီး အသက္ရွင္ဖို႔အတြက္ အဆင္ေျပသလို ရပ္တည္ေနရတာျဖစ္ပါတယ္။အခုဆိုရင္လည္း အသက္ ၉၀ ေက်ာ္အ႐ြယ္ အဘိုးအိုတစ္ဦးက စားဝတ္ေနေရးအတြက္ သမာအာဇီဝ က်စြာလုပ္ကိုင္ စားေသာက္ေနတဲ့အေၾကာင္းေလးကို မွ်ေဝေပးခ်င္ပါတယ္။
အဘိုးနာမည္က ဦးထြန္းႏြဲ႕ျဖစ္ၿပီးရန္ကုန္တိုင္းေဒသႀကီး တြံေတးၿမိဳ႕နယ္ အိုးဘိုရပ္ကြက္ေအာင္သိဒၶီ ၆ လမ္းမွာ ေနထိုင္တာျဖစ္ပါတယ္။အဘိုးကမ်က္လုံး တစ္ဖက္လည္းမျမင္ရဘဲ အဲ့ဒီအိမ္ေလးထဲမွာ တစ္ေယာက္တည္းေနထိုင္ၿပီး ျပဳစုေစာင့္ေရွာက္ေပးမယ့္ မိသားစုဝင္မရွိဘူးလို႔လည္း သိရပါတယ္။
အဘိုးကေတာ့ မ်က္လုံးတစ္ဖက္ မျမင္ရေပမယ့္လည္း ပိုက္ဆံရဖို႔အတြက္ လမ္းတကာလွည့္ၿပီး ေရခဲထုတ္လိုက္ေရာင္းရရွာတာ ျဖစ္ပါတယ္။ေရခဲေခ်ာင္း ေရာင္းလို႔ရတဲ့အျမတ္က တစ္ေန႔မွ ၅၀၀ ၁၀၀၀ပဲရွိၿပီး မနက္ေဈးစေရာင္းတာနဲ႔ ဘုန္းႀကီးေက်ာင္းမွာ ေရခဲေခ်ာင္း ၁၀ ေခ်ာင္းကိုမရွိတဲ့ၾကားက လႉခဲ့ေသးတာျဖစ္ပါတယ္။
အသက္ ၉၀ ေက်ာ္ေနတာေတာင္ ကိုယ့္အား ကိုယ္ကိုးၿပီး ႐ုန္းကန္ေနတဲ့ အဘိုးကိုေတြ႕တဲ့အခါ ေစတနာရွင္ျပည္သူေတြက ဝယ္ယူအားေပးၾကပါဦးလို႔ ေမတၱာရပ္ခံလိုက္ပါတယ္။အမ်ားျပည္သူ ကူညီလို႔ရေအာင္ အဘိုးရဲ႕မ်က္ႏွာကိုေဖာ္ျပထားရျခင္း ျဖစ္ပါသည္။
Credit