ပွေ့ဖက်တဲ့အခါ ရရှိလာမယ့် ကျန်းမာရေးကောင်းကျိုး(၇)ချက်
အမေရိကန် မိသားစု အကြံပေး ဆရာဝန် Virginia Satir က ပွေ့ဖက်တဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြထား ပါတယ်။ ပွေ့ဖက်ခြင်း ဆိုတာ လူတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ ချစ်ခင်မှု၊ ဝမ်းနည်းမှုတွေကို ပြသတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ခြင်းက နွေးထွေးမှုတွေကို ယူဆောင်လာပေး နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုပါ အကျိုးကျေးဇူးတွေ ရရှိစေ ပါတယ်။
၁။ ပွေ့ဖက်ခြင်းက ကိုယ်ခံအား စနစ်ကို တိုးတက်စေတယ်။
စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တဲ့ နည်းလမ်းတစ်ခု ကတော့ ပွေ့ဖက်ခြင်း ပါပဲ။ Cornegie Mellon တက္ကသိုလ်နဲ့ Pittsburgh တက္ကသိုလ်တို့ရဲ့ လေ့လာချက်တွေ အရ ပွေ့ဖက်ခြင်းက ဖျားနာတာကို သက်သာစေကြောင်း တွေ့ရပါတယ်။ ဖျားနာတဲ့ သူတွေကို ပွေ့ဖက်ပြီး အားပေးလိုက်ခြင်းက အဖျားသက်သာ သွားစေကြောင်း လူပေါင်း ၄၀၄ ယောက် ပါဝင်တဲ့ သုတေသနာမှာ ဖော်ပြထား ပါတယ်။
၂။ ပွေ့ဖက်ခြင်းက အာရုံကြော အဖွဲ့အစည်းကိုလည်း တိုးတက်စေတယ်။
ပွေ့ဖက်ခြင်းက အထီးကျန်ခြင်း၊ ကြောက်လန့်ခြင်းတွေကို လျော့ပါးစေတဲ့ အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာအောင်လည်း ကူညီပေး ပါတယ်။ ဒါ့အပြင် တယောက်နဲ့ တယောက် ပွေ့ဖက်ခြင်းက လေးစား တန်ဖိုးထားမှုကို ပြသရာရောက်တဲ့ အပြင် ခန္ဓါကိုယ်ရဲ့ ကျန်းမာရေးကိုလည်း တိုးတက်လာစေပါတယ်။
၃။ သွေးဖိအားကို ကောင်းမွန်စေတယ်။
ပွေ့ဖက်ခြင်းကြောင့် ရလာတဲ့ ကျန်းမာရေး ကောင်းကျိုးများကို North Carolina တက္ကသိုလ်က လေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုကို ပြုဖို့ အတွက် လူပေါင်း ၂၀၀ ကို အုပ်စုနှစ်စု ခွဲပြီး လေ့လာခဲ့ ပါတယ်။ ပထမအုပ်စု အတွက် တစ်ယောက် လက်ကို တစ်ယောက် ကိုင်ခိုင်းပြီး စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ကို ၁၀ မိနစ်ကြာ ကြည့်စေ ပါတယ်။ ပြီးတော့ စက္ကန့် ၂၀ ကြာအောင် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ခိုင်း ပါတယ်။
ဒုတိယအုပ်စု ကိုလည်း စိတ်ကူးယဉ် ဇာတ်လမ်း တစ်ပုဒ်ကို ၁ဝမိနစ်ကြာ ကြည့်စေ ပါတယ်။ တစ်ယောက်လက်ကို တစ်ယောက် မကိုင်ခိုင်းထား ပါဘူး။ ဒီအုပ်စု ကိုတော့ မပွေ့ဖက်ခိုင်း ပါဘူး။ ရလဒ်ကတော့ ပထမ အုပ်စုက သွေးဖိအား တည်ငြိမ်နေပြီး စိတ်ဖိအားတွေ ပိုလျော့သွားကြောင်း၊ နှလုံးကျန်းမာရေး မှာလည်း အကျိုးရှိကြောင်း တွေ့ရပါတယ်။
၄။ ပွေ့ဖက်ခြင်းက စိတ်ကို ပျော်ရွှင်စေတယ်။
လူတစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်တဲ့ အခါ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်လာ ပါတယ်။ အဲဒီဟော်မုန်းက အမျိုးသမီးတွေ အပေါ်မှာ ပိုပြီး အကျိူးသက်ရောက်မှု ရှိပါတယ်။
၅။ ပွေ့ဖက်ခြင်းက နာကျင်မှုတွေ ကိုလည်း လျော့ပါးစေပါတယ်။
အထိအတွေ့အာရုံက ၆ ခု ရှိပါတယ်။ ပွေ့ဖက်ခြင်း ကလည်း အတွေ့အာရုံတစ်မျိုး ဖြစ်ပါတယ်။ ပွေ့ဖက်ခြင်းကနေ တစ်ဆင့် အဆစ်နာကျင်မှု၊ ကြွက်သား နာကျင်မှုတွေကို လျော့ပါးစေ ပါတယ်။
၆။ ပင်ပန်းမှုတွေကို ပွေ့ဖက်ခြင်းက သက်သာစေတယ်။
မိသားစုဝင် အချင်းချင်း တစ်ရက်ကို ၁၀ စက္ကန့်ကြာ ပွေ့ဖက်ပေးရုံနဲ့ စိတ်ပင်ပန်းမှု၊ ခန္ဓါကိုယ် ပင်ပန်းမှုတွေကို ပြေလျော့စေ တယ်လို့ Lena Forsell နဲ့ Jan Astrom တို့က ပြောပါတယ်။ ပွေ့ဖက်ခြင်းကြောင့် မိသားစုဝင် အချင်းချင်း ရင်းနှီးမှု၊ နွေးထွေးမှုတွေ ပိုတိုးလာစေ ပါတယ်။
၇။ စိုးရိမ်သောကတွေကိုလည်း ပွေ့ဖက်ခြင်းက လျော့နည်းစေတယ်။
ပါတီမှာ တွေ့တဲ့အခါ၊ ခရီးတစ်ခုခုကနေ ပြန်လာတဲ့ အခါ ပွေ့ဖက်ပေးခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတဲ့ အပြင် လူမှုဆက်ဆံရေး မှာလည်း အဆင်ပြေစေ ပါတယ်။ ပွေ့ဖက်တဲ့ အခါ ထွက်လာတဲ့ oxytocin ဟော်မုန်းက အကောင်းမြင်စိတ်တွေ များလာစေတဲ့ အပြင် စိုးရိမ်သောကတွေ ကိုလည်း နည်းသွားစေပါတယ်။
Zombie (Lovemedia)
ေပြ႕ဖက္တဲ့အခါ ရရွိလာမယ့္ က်န္းမာေရးေကာင္းက်ိဳး(၇)ခ်က္
အေမရိကန္ မိသားစု အႀကံေပး ဆရာဝန္ Virginia Satir က ေပြ႕ဖက္တဲ့အခါ ရရွိလာမယ့္ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပထား ပါတယ္။ ေပြ႕ဖက္ျခင္း ဆိုတာ လူတစ္ေယာက္ရဲ႕ စိတ္လႈပ္ရွားမႈ၊ ေပ်ာ္႐ႊင္မႈ၊ ခ်စ္ခင္မႈ၊ ဝမ္းနည္းမႈေတြကို ျပသတာ ျဖစ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ေပြ႕ဖက္ျခင္းက ေႏြးေထြးမႈေတြကို ယူေဆာင္လာေပး ႏိုင္ၿပီး စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရး ကိုပါ အက်ိဳးေက်းဇူးေတြ ရရွိေစ ပါတယ္။
၁။ ေပြ႕ဖက္ျခင္းက ကိုယ္ခံအား စနစ္ကို တိုးတက္ေစတယ္။
စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစႏိုင္တဲ့ နည္းလမ္းတစ္ခု ကေတာ့ ေပြ႕ဖက္ျခင္း ပါပဲ။ Cornegie Mellon တကၠသိုလ္နဲ႔ Pittsburgh တကၠသိုလ္တို႔ရဲ႕ ေလ့လာခ်က္ေတြ အရ ေပြ႕ဖက္ျခင္းက ဖ်ားနာတာကို သက္သာေစေၾကာင္း ေတြ႕ရပါတယ္။ ဖ်ားနာတဲ့ သူေတြကို ေပြ႕ဖက္ၿပီး အားေပးလိုက္ျခင္းက အဖ်ားသက္သာ သြားေစေၾကာင္း လူေပါင္း ၄၀၄ ေယာက္ ပါဝင္တဲ့ သုေတသနာမွာ ေဖာ္ျပထား ပါတယ္။
၂။ ေပြ႕ဖက္ျခင္းက အာ႐ုံေၾကာ အဖြဲ႕အစည္းကိုလည္း တိုးတက္ေစတယ္။
ေပြ႕ဖက္ျခင္းက အထီးက်န္ျခင္း၊ ေၾကာက္လန႔္ျခင္းေတြကို ေလ်ာ့ပါးေစတဲ့ အျပင္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိလာေအာင္လည္း ကူညီေပး ပါတယ္။ ဒါ့အျပင္ တေယာက္နဲ႔ တေယာက္ ေပြ႕ဖက္ျခင္းက ေလးစား တန္ဖိုးထားမႈကို ျပသရာေရာက္တဲ့ အျပင္ ခႏၶါကိုယ္ရဲ႕ က်န္းမာေရးကိုလည္း တိုးတက္လာေစပါတယ္။
၃။ ေသြးဖိအားကို ေကာင္းမြန္ေစတယ္။
ေပြ႕ဖက္ျခင္းေၾကာင့္ ရလာတဲ့ က်န္းမာေရး ေကာင္းက်ိဳးမ်ားကို North Carolina တကၠသိုလ္က ေလ့လာခဲ့ပါတယ္။ အဲဒီေလ့လာမႈကို ျပဳဖို႔ အတြက္ လူေပါင္း ၂၀၀ ကို အုပ္စုႏွစ္စု ခြဲၿပီး ေလ့လာခဲ့ ပါတယ္။ ပထမအုပ္စု အတြက္ တစ္ေယာက္ လက္ကို တစ္ေယာက္ ကိုင္ခိုင္းၿပီး စိတ္ကူးယဥ္ ဇာတ္လမ္းတစ္ပုဒ္ကို ၁၀ မိနစ္ၾကာ ၾကည့္ေစ ပါတယ္။ ၿပီးေတာ့ စကၠန႔္ ၂၀ ၾကာေအာင္ တစ္ေယာက္ကို တစ္ေယာက္ ေပြ႕ဖက္ခိုင္း ပါတယ္။
ဒုတိယအုပ္စု ကိုလည္း စိတ္ကူးယဥ္ ဇာတ္လမ္း တစ္ပုဒ္ကို ၁၀မိနစ္ၾကာ ၾကည့္ေစ ပါတယ္။ တစ္ေယာက္လက္ကို တစ္ေယာက္ မကိုင္ခိုင္းထား ပါဘူး။ ဒီအုပ္စု ကိုေတာ့ မေပြ႕ဖက္ခိုင္း ပါဘူး။ ရလဒ္ကေတာ့ ပထမ အုပ္စုက ေသြးဖိအား တည္ၿငိမ္ေနၿပီး စိတ္ဖိအားေတြ ပိုေလ်ာ့သြားေၾကာင္း၊ ႏွလုံးက်န္းမာေရး မွာလည္း အက်ိဳးရွိေၾကာင္း ေတြ႕ရပါတယ္။
၄။ ေပြ႕ဖက္ျခင္းက စိတ္ကို ေပ်ာ္႐ႊင္ေစတယ္။
လူတစ္ေယာက္နဲ႔ တစ္ေယာက္ ေပြ႕ဖက္တဲ့ အခါ ေပ်ာ္႐ႊင္ေစတဲ့ ေဟာ္မုန္းေတြ ထြက္လာ ပါတယ္။ အဲဒီေဟာ္မုန္းက အမ်ိဳးသမီးေတြ အေပၚမွာ ပိုၿပီး အက်ိဴးသက္ေရာက္မႈ ရွိပါတယ္။
၅။ ေပြ႕ဖက္ျခင္းက နာက်င္မႈေတြ ကိုလည္း ေလ်ာ့ပါးေစပါတယ္။
အထိအေတြ႕အာ႐ုံက ၆ ခု ရွိပါတယ္။ ေပြ႕ဖက္ျခင္း ကလည္း အေတြ႕အာ႐ုံတစ္မ်ိဳး ျဖစ္ပါတယ္။ ေပြ႕ဖက္ျခင္းကေန တစ္ဆင့္ အဆစ္နာက်င္မႈ၊ ႂကြက္သား နာက်င္မႈေတြကို ေလ်ာ့ပါးေစ ပါတယ္။
၆။ ပင္ပန္းမႈေတြကို ေပြ႕ဖက္ျခင္းက သက္သာေစတယ္။
မိသားစုဝင္ အခ်င္းခ်င္း တစ္ရက္ကို ၁၀ စကၠန႔္ၾကာ ေပြ႕ဖက္ေပး႐ုံနဲ႔ စိတ္ပင္ပန္းမႈ၊ ခႏၶါကိုယ္ ပင္ပန္းမႈေတြကို ေျပေလ်ာ့ေစ တယ္လို႔ Lena Forsell နဲ႔ Jan Astrom တို႔က ေျပာပါတယ္။ ေပြ႕ဖက္ျခင္းေၾကာင့္ မိသားစုဝင္ အခ်င္းခ်င္း ရင္းႏွီးမႈ၊ ေႏြးေထြးမႈေတြ ပိုတိုးလာေစ ပါတယ္။
၇။ စိုးရိမ္ေသာကေတြကိုလည္း ေပြ႕ဖက္ျခင္းက ေလ်ာ့နည္းေစတယ္။
ပါတီမွာ ေတြ႕တဲ့အခါ၊ ခရီးတစ္ခုခုကေန ျပန္လာတဲ့ အခါ ေပြ႕ဖက္ေပးျခင္းက ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိေစတဲ့ အျပင္ လူမႈဆက္ဆံေရး မွာလည္း အဆင္ေျပေစ ပါတယ္။ ေပြ႕ဖက္တဲ့ အခါ ထြက္လာတဲ့ oxytocin ေဟာ္မုန္းက အေကာင္းျမင္စိတ္ေတြ မ်ားလာေစတဲ့ အျပင္ စိုးရိမ္ေသာကေတြ ကိုလည္း နည္းသြားေစပါတယ္။
Zombie (Lovemedia)