တခါတုန်းက ပျော်ပျော်နေတတ်ပြီး သဘောလည်း အရမ်းကောင်းတဲ့ အဘိုးအို တစ်ယောက် ရှိတယ် ။ အဲဒီအဘိုးအိုဟာ အပူအပင် ကင်းတာကြောင့် ညညဆို ခေါင်းအုံးနဲ့ ခေါင်း ထိတာနဲ့ တပြိုင်နက် အိပ်ပျော်လေ့ ရှိပါတယ်။ နောက်တခုက အဖိုးအိုမှာ အင်မတန် ရှည်လျားတဲ့ အဖြူရောင် မုတ်ဆိတ်လည်း ရှိပါသတဲ့ ။
အာရပ် အဖိုးဟာ အဲဒီကိစ္စ နှစ်ခုလုံးကို သူ့ကိုယ်သူ ဂုဏ်ယူနေလေ့ ရှိတယ် ။ သူ့နဲ့ စကားစမြည် ပြောသမျှ လူတိုင်းကိုလည်း သူ့မုတ်ဆိတ် အကြောင်းနဲ့ သူ့ရဲ့ ခေါင်းအုံးနဲ့ ခေါင်းနဲ့ထိတာနဲ့ အိပ်ပျော်လေ့ ရှိတဲ့ အကြောင်းကိုလည်း အလွန်အမင်း ကြွားဝါပြီး ပြောလေ့ ရှိပါတယ် ။ တနေ့မှာတော့ သူ့ရဲ့ သုံးနှစ်သား မြေးကလေးက သူ့ကို မေးတယ် ။
” ဖိုးဖိုး.. ဖိုးဖိုး အိပ်တဲ့အခါ မုတ်ဆိတ်မွှေးကို စောင်အပြင်မှာ ထားအိပ်လား ၊ စောင်အထဲမှာ ထားအိပ်လား ” တဲ့ ။ အဖိုးအိုဟာ သူဘယ်လို အိပ်မိလဲ ဆိုတာကို သတိမထားမိ လိုက်ဘူး ။ သေချာ ပြန်စဉ်းစား ပေမယ့်လည်း မမှတ်မိဘူး ။ အဲဒါနဲ့ အဖိုးအိုလည်း..
” ဒီည အိပ်တဲ့အခါ၊ ဖိုးဖိုး သေသေ ချာချာ မှတ်ထားမယ် ” လို့ သူ့ရဲ့ မြေးကလေးကို ပြောလိုက်တယ် ။
ညအိပ်ရာဝင်တဲ့ အခါ အင်မတန်မှ ချမ်းအေးတာကြောင့် အဖိုးအိုဟာ စောင်ကို ဆွဲပြီး သူ့ကိုယ်ပေါ် ခြုံဖို့ လုပ်တယ် ။ ဒီအချိန်မှာပဲ သူဟာ နေ့ခင်းက သူ့မြေးကလေး မေးလိုက်တဲ့ မေးခွန်းကို ချက်ချင်းပဲ သတိရ လိုက်တယ် ။ သူဟာ ခဏ ငြိမ်နေပြီး သူ့မုတ်ဆိတ်မွှေးဟာ စောင် အပြင်မှာလား ၊ အထဲမှာလား ဆိုတာကို သုံးသပ်နေခဲ့တယ် ။
” အထဲမှာ ထားအိပ်တာပဲ ဖြစ်မှာပါ ” လို့ တွေးပြီး မုတ်ဆိတ်မွှေးကို အထဲကိုထည့် ၊ စောင်ခြုံပြီး သူ လဲလျောင်းလိုက်တယ် ။
ဒါပေမယ့် အဖိုးအိုဟာ အဆင်မပြေ ဖြစ်လာသလို ခံစား လာရပြန်တယ် ။ ဒါကြောင့် သူဟာ မုတ်ဆိတ်မွေးကို စောင်အပြင်ကို ထုတ်ပြီး ပြန်အိပ် ပြန်တယ် ။ ဒါပေမယ့်လည်း မုတ်ဆိတ်မွှေးကို စောင်ရဲ့အပြင် ထားအိပ်ရတာက သူ့အတွက် ခိုးလိုးခုလု ဖြစ်လာပြန်တယ် ။
ဒါနဲ့ မုတ်ဆိတ်မွှေးကို အထဲ ပြန်ထည့် လိုက်တယ် ။ ဒါလည်း အဆင်မပြေသေး ပါဘူးလေ လို့ စဉ်းစား မိပြီး စောင်ရဲ့အပြင်ကို ပြန်ထုတ်လိုက် ပြန်တယ် ။ အထဲ ပြန်ထည့်တယ် ။ အပြင် ပြန်ထုတ်တယ် ။ အဲဒီလိုနဲ့ အာရပ် အဖိုးအိုဟာ မုတ်ဆိတ်မွှေး ပြဿနာကို အကြောင်းပြုပြီး တညလုံး အိပ်လို့ မရတော့ဘဲ ဖြစ်သွားရ ပါတယ် ။
နောက်နေ့ မနက်မှာတော့ အဖိုးအိုဟာ သူအင်မတန် ဂုဏ်ယူရတဲ့ မုတ်ဆိတ်မွှေး တွေကို လက်နှစ်သစ်လောက် အထိပဲ ချန်ပြီး အကုန်လုံး ဖြတ်ပစ်လိုက် ပါတယ် ။ ဒါမှ နောင် နှစ်လ သုံးလ ကြာအောင် သူကောင်းကောင်း အိပ်နိုင်မှာပဲ ဖြစ်တယ် ။
ဒီပုံပြင်လေးကနေ ကျနော်တို့ကို သင်ခန်းစာ ပေးထားတာ တခုရှိတယ် ။ အဲဒါကတော့ အသေးအမွှား ကိစ္စလေးကို အချိန်ကုန် ခံပြီး တွေးခေါ် စဉ်းစားနေမယ် ဆိုရင် စိတ်အေးချမ်းမှာ မဟုတ်ဘူး ဆိုတာပဲ ဖြစ်တယ် ။ တချို့ ကိစ္စတွေဟာ ပေါ့ပေါ့ ပါးပါးလေး လုပ်ဆောင်ရင် ပြီးပြတ် သွားနိုင်ပါလျှက် အတွေးခေါင်နေ တတ်တာမျိုး ၊ အသေးစိတ် အကွက်ချ နေတာမျိုးဟာ အကျိုး မရှိနိုင်ဘူးလို ဆိုလိုချင်တာပဲ ဖြစ်တယ် ။
တစ်ခါတရံမှာ ကိုယ့်ဟာကိုယ် အဆင်ပြေနေပါလျက် တစုံတယောက်ရဲ့ မေးခွန်းကြောင့် လမ်းပျောက် သွားတာမျိုးလည်း ဖြစ်တတ် သေးတယ် ။ ကျနော်တို့ဟာ ဂရုစိုက်စရာ မလိုတဲ့ အကြောင်းတွေ၊ ကိုယ်ယုံကြည်ရာ လမ်းကြောင်းအတွက် အရေးမကြီးတဲ့ လူတွေ စသည်ဖြင့် အနှောက်အယှက် စကားတွေကို ခေါင်းထဲထည့် စဉ်းစားမနေဘဲ ကိုယ့်လမ်းကြောင်းကို ပုံမှန်အတိုင်းလေးပဲ ဆက်လျှောက်သင့်တယ် ။
လုပ်ရိုးလုပ်စဉ်အတိုင်း ပြီးဆုံးရမယ့် ကိစ္စကို လုပ်ရိုးလုပ်စဉ် အတိုင်းပဲ ပြုလုပ်သင့်တယ် လို့ ဆိုလိုရင်း ဖြစ်တယ် ။ အသေးအမွှား ကိစ္စတွေအတွက် ဦးနှောက်ခြောက်ခြင်း အစဉ် ကင်းဝေးကြပါစေ ။
PhyoThuta
for zawgyi
အိပ္မေပ်ာ္ေသာ ညတစ္ည
တခါတုန္းက ေပ်ာ္ေပ်ာ္ေနတတ္ၿပီး သေဘာလည္း အရမ္းေကာင္းတဲ့ အဘိုးအို တစ္ေယာက္ ရွိတယ္ ။ အဲဒီအဘိုးအိုဟာ အပူအပင္ ကင္းတာေၾကာင့္ ညညဆို ေခါင္းအုံးနဲ႔ ေခါင္း ထိတာနဲ႔ တၿပိဳင္နက္ အိပ္ေပ်ာ္ေလ့ ရွိပါတယ္။ ေနာက္တခုက အဖိုးအိုမွာ အင္မတန္ ရွည္လ်ားတဲ့ အျဖဴေရာင္ မုတ္ဆိတ္လည္း ရွိပါသတဲ့ ။
အာရပ္ အဖိုးဟာ အဲဒီကိစၥ ႏွစ္ခုလုံးကို သူ႔ကိုယ္သူ ဂုဏ္ယူေနေလ့ ရွိတယ္ ။ သူ႔နဲ႔ စကားစျမည္ ေျပာသမွ် လူတိုင္းကိုလည္း သူ႔မုတ္ဆိတ္ အေၾကာင္းနဲ႔ သူ႔ရဲ႕ ေခါင္းအုံးနဲ႔ ေခါင္းနဲ႔ထိတာနဲ႔ အိပ္ေပ်ာ္ေလ့ ရွိတဲ့ အေၾကာင္းကိုလည္း အလြန္အမင္း ႂကြားဝါၿပီး ေျပာေလ့ ရွိပါတယ္ ။ တေန႔မွာေတာ့ သူ႔ရဲ႕ သုံးႏွစ္သား ေျမးကေလးက သူ႔ကို ေမးတယ္ ။
” ဖိုးဖိုး.. ဖိုးဖိုး အိပ္တဲ့အခါ မုတ္ဆိတ္ေမႊးကို ေစာင္အျပင္မွာ ထားအိပ္လား ၊ ေစာင္အထဲမွာ ထားအိပ္လား ” တဲ့ ။ အဖိုးအိုဟာ သူဘယ္လို အိပ္မိလဲ ဆိုတာကို သတိမထားမိ လိုက္ဘူး ။ ေသခ်ာ ျပန္စဥ္းစား ေပမယ့္လည္း မမွတ္မိဘူး ။ အဲဒါနဲ႔ အဖိုးအိုလည္း..
” ဒီည အိပ္တဲ့အခါ၊ ဖိုးဖိုး ေသေသ ခ်ာခ်ာ မွတ္ထားမယ္ ” လို႔ သူ႔ရဲ႕ ေျမးကေလးကို ေျပာလိုက္တယ္ ။
ညအိပ္ရာဝင္တဲ့ အခါ အင္မတန္မွ ခ်မ္းေအးတာေၾကာင့္ အဖိုးအိုဟာ ေစာင္ကို ဆြဲၿပီး သူ႔ကိုယ္ေပၚ ၿခဳံဖို႔ လုပ္တယ္ ။ ဒီအခ်ိန္မွာပဲ သူဟာ ေန႔ခင္းက သူ႔ေျမးကေလး ေမးလိုက္တဲ့ ေမးခြန္းကို ခ်က္ခ်င္းပဲ သတိရ လိုက္တယ္ ။ သူဟာ ခဏ ၿငိမ္ေနၿပီး သူ႔မုတ္ဆိတ္ေမႊးဟာ ေစာင္ အျပင္မွာလား ၊ အထဲမွာလား ဆိုတာကို သုံးသပ္ေနခဲ့တယ္ ။
” အထဲမွာ ထားအိပ္တာပဲ ျဖစ္မွာပါ ” လို႔ ေတြးၿပီး မုတ္ဆိတ္ေမႊးကို အထဲကိုထည့္ ၊ ေစာင္ၿခဳံၿပီး သူ လဲေလ်ာင္းလိုက္တယ္ ။
ဒါေပမယ့္ အဖိုးအိုဟာ အဆင္မေျပ ျဖစ္လာသလို ခံစား လာရျပန္တယ္ ။ ဒါေၾကာင့္ သူဟာ မုတ္ဆိတ္ေမြးကို ေစာင္အျပင္ကို ထုတ္ၿပီး ျပန္အိပ္ ျပန္တယ္ ။ ဒါေပမယ့္လည္း မုတ္ဆိတ္ေမႊးကို ေစာင္ရဲ႕အျပင္ ထားအိပ္ရတာက သူ႔အတြက္ ခိုးလိုးခုလု ျဖစ္လာျပန္တယ္ ။
ဒါနဲ႔ မုတ္ဆိတ္ေမႊးကို အထဲ ျပန္ထည့္ လိုက္တယ္ ။ ဒါလည္း အဆင္မေျပေသး ပါဘူးေလ လို႔ စဥ္းစား မိၿပီး ေစာင္ရဲ႕အျပင္ကို ျပန္ထုတ္လိုက္ ျပန္တယ္ ။ အထဲ ျပန္ထည့္တယ္ ။ အျပင္ ျပန္ထုတ္တယ္ ။ အဲဒီလိုနဲ႔ အာရပ္ အဖိုးအိုဟာ မုတ္ဆိတ္ေမႊး ျပႆနာကို အေၾကာင္းျပဳၿပီး တညလုံး အိပ္လို႔ မရေတာ့ဘဲ ျဖစ္သြားရ ပါတယ္ ။
ေနာက္ေန႔ မနက္မွာေတာ့ အဖိုးအိုဟာ သူအင္မတန္ ဂုဏ္ယူရတဲ့ မုတ္ဆိတ္ေမႊး ေတြကို လက္ႏွစ္သစ္ေလာက္ အထိပဲ ခ်န္ၿပီး အကုန္လုံး ျဖတ္ပစ္လိုက္ ပါတယ္ ။ ဒါမွ ေနာင္ ႏွစ္လ သုံးလ ၾကာေအာင္ သူေကာင္းေကာင္း အိပ္ႏိုင္မွာပဲ ျဖစ္တယ္ ။
ဒီပုံျပင္ေလးကေန က်ေနာ္တို႔ကို သင္ခန္းစာေပးထားတာ တခုရွိတယ္ ။ အဲဒါကေတာ့ အေသးအမႊား ကိစၥေလးကို အခ်ိန္ကုန္ ခံၿပီး ေတြးေခၚ စဥ္းစားေနမယ္ ဆိုရင္ စိတ္ေအးခ်မ္းမွာ မဟုတ္ဘူး ဆိုတာပဲ ျဖစ္တယ္ ။ တခ်ိဳ႕ ကိစၥေတြဟာ ေပါ့ေပါ့ ပါးပါးေလး လုပ္ေဆာင္ရင္ ၿပီးျပတ္ သြားႏိုင္ပါလွ်က္ အေတြးေခါင္ေန တတ္တာမ်ိဳး ၊ အေသးစိတ္ အကြက္ခ် ေနတာမ်ိဳးဟာ အက်ိဳး မရွိႏိုင္ဘူးလို ဆိုလိုခ်င္တာပဲ ျဖစ္တယ္ ။
တစ္ခါတရံမွာ ကိုယ့္ဟာကိုယ္ အဆင္ေျပေနပါလ်က္ တစုံတေယာက္ရဲ႕ ေမးခြန္းေၾကာင့္ လမ္းေပ်ာက္ သြားတာမ်ိဳးလည္း ျဖစ္တတ္ ေသးတယ္ ။ က်ေနာ္တို႔ဟာ ဂ႐ုစိုက္စရာ မလိုတဲ့ အေၾကာင္းေတြ၊ ကိုယ္ယုံၾကည္ရာ လမ္းေၾကာင္းအတြက္ အေရးမႀကီးတဲ့ လူေတြ စသည္ျဖင့္ အေႏွာက္အယွက္ စကားေတြကို ေခါင္းထဲထည့္ စဥ္းစားမေနဘဲ ကိုယ့္လမ္းေၾကာင္းကို ပုံမွန္အတိုင္းေလးပဲ ဆက္ေလွ်ာက္သင့္တယ္ ။
လုပ္႐ိုးလုပ္စဥ္အတိုင္း ၿပီးဆုံးရမယ့္ ကိစၥကို လုပ္႐ိုးလုပ္စဥ္ အတိုင္းပဲ ျပဳလုပ္သင့္တယ္ လို႔ ဆိုလိုရင္း ျဖစ္တယ္ ။ အေသးအမႊား ကိစၥေတြအတြက္ ဦးေႏွာက္ေျခာက္ျခင္း အစဥ္ ကင္းေဝးၾကပါေစ ။
PhyoThuta