ၾကားသိရသမွ်

တရုတ်ပြည်မှ တင်သွင်းသော ငါးသေတ္တာဘူးများတွင် သံကောင်များပါဝင်နေကြောင်း လေ့လာတွေ့ရှိ…

တရုတ်ပြည်မှ တင်သွင်းသော ငါးသေတ္တာဘူးများတွင် သံကောင်များပါဝင်နေကြောင်း လေ့လာတွေ့ရှိ

ငါးသေတ္တာဘူးတွေဟာ နိုင်ငံတကာက စူပါမားကတ်တွေ မီနီမားကတ်တွေအတွက်တော့ အရောင်းရဆုံး မရှိမဖြစ် စားသောက်ကုန်တွေပဲဖြစ်ပါတယ်။ လူတွေ ဝယ်ယူကြတယ်ဆိုတာ တကယ်လည်း ငါးသေတ္တာဘူးတွေရဲ့

အသုံးဝင်မှုတွေက များပြားလွန်းလို့ပါ။ အလွယ်တကူ ပြန်ချက်စားဖို့သာမက ဆန်းဒွစ်ရှ်တွေ၊ အသီးအရွက်ကြော်တွေနဲ့ ထမင်းကြော်တွေထဲအထိ ထည့်ကြော်ဖို့ပဲဖြစ်ဖြစ် တန်ဖိုးနည်းပြီး အချိန်ကုန်သက်သာလို့

အိမ်ရှင်မတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်နေတာပဲဖြစ်ပါတယ်။ငါးသေတ္တာဘူးတွေကို များသောအားဖြင့်တော့ ကုန်ကြမ်းရော လုပ်သားအင်အားပေါတဲ့ တရုတ်ဘက်ကနေ ထုတ်တာများပါတယ်။ တရုတ်ပြည်မှာ

ငါးသေတ္တာ လုပ်တဲ့ စက်ရုံတွေ အမြောက်အများတွေ့နိုင်ပြီး မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ တော်တော်များများကို တင်ပို့လျက်ရှိပါတယ်။ဒါပေမဲ့ မေလ ၂၀၁၈ ခုနှစ်မှာတော့ မလေးရှားနိုင်ငံက MAQIS ဆိုတဲ့ အဖွဲ့အစည်းရဲ့တွေ့ရှိချက်အရ

တရုတ်ကတင်ပို့လာတဲ့ ဆာဒင်းငါးသေတ္တာတွေထဲမှာ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ သံကောင်တွေ ပါဝင်လျက်ရှိကြောင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီသံကောင်တွေကိုများသောအားဖြင့် ပင်လယ်စာအစိမ်းတွေမှာ

တွေ့ရလေ့ရှိပြီး အစာအိမ်နဲ့ အူလမ်းကြောင်းမှာ တွယ်ကပ်ပြီး မျိုးပွားနိုင်တဲ့ အဲ့ဒီသံကောင်တွေကြောင့် လူရဲ့ ကိုယ်ခံအားစနစ်ကို တဖြေးဖြေးချင်း ကျဆင်းလာစေနိုင်တယ်လို့ဆိုပါတယ်။ သံကောင်တွေ ဗိုက်ထဲရောက်သွားပြီဆိုရင်

လတ်တလော ကြုံနိုင်တဲ့ ပြဿနာကတော့ မူးဝေ အော့အန်တာနဲ့ ဝမ်းပျက် ဝမ်းလျှောစေတာပါပဲ။ဒီကောင်တွေဟာ လူကို ချက်ချင်းကြီးသေစေနိုင်တာမျိုးတော့ မဟုတ်ပေမဲ့ ဗိုက်ထဲမှာ တဖြေးဖြေးပွားများလာပြီး တစိမ့်စိမ့် ဒုက္ခပေးနိုင်တဲ့ ကပ်ပါးကောင်တွေပဲဖြစ်ပါတယ်။ ငါးသေတ္တာဘူးတွေကို

ပြန်တောင်မချက်ပြုတ်ဘဲ ဒီတိုင်းအလွယ်စားတတ်သူတွေအတွက်ဆိုရင်တော့ တွေးတောင်မတွေးရဲစရာပါနော်. . .။အခုဆိုရင် မြန်မာနိုင်ငံမှာဆိုရင်လည်း ငါးသေတ္တာဘူးတွေဟာ သုံးစွဲသူ များသလောက် brand တွေလည်း မျိုးစုံစွာရှိနေပါပြီ။ သို့ပေမဲ့လည်း

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုပီပီ အသေးစိတ် စစ်ဆေး အရေးယူမှုတွေအနည်းငယ် အားနည်းတဲ့အတွက် ငါးသေတ္တာစားသုံးလေ့ရှိသူတွေအနေနဲ့ ကိုယ်တိုင်ဂရုစိုက်ပေးဖို့အကြံပြုချင်ပါတယ်။ ငါးသေတ္တာဘူးတွေကို စားသုံးတဲ့အခါမှာ

သေချာ ပြန်ပြီးချက်ပြုတ်တာပဲဖြစ်ဖြစ်၊ မစားခင် သန်ကောင်တွေ ပါ မပါ သေချာ စစ်ဆေးကြည့်တာပဲဖြစ်ဖြစ် သတိလေးနည်းနည်းကပ်ပြီးတော့ စားသုံးကြဖို့ သတိပေးနှိုးဆော်လိုက်ရပါစေလားခင်ဗျာ. . .။

Crd;

တ႐ုတ္ျပည္မွ တင္သြင္းေသာ ငါးေသတၱာဘူးမ်ားတြင္ သံေကာင္မ်ားပါဝင္ေနေၾကာင္း ေလ့လာေတြ႕ရွိ

ငါးေသတၱာဘူးေတြဟာ ႏိုင္ငံတကာက စူပါမားကတ္ေတြ မီနီမားကတ္ေတြအတြက္ေတာ့ အေရာင္းရဆုံး မရွိမျဖစ္ စားေသာက္ကုန္ေတြပဲျဖစ္ပါတယ္။ လူေတြ ဝယ္ယူၾကတယ္ဆိုတာ တကယ္လည္း ငါးေသတၱာဘူးေတြရဲ႕

အသုံးဝင္မႈေတြက မ်ားျပားလြန္းလို႔ပါ။ အလြယ္တကူ ျပန္ခ်က္စားဖို႔သာမက ဆန္းဒြစ္ရွ္ေတြ၊ အသီးအ႐ြက္ေၾကာ္ေတြနဲ႔ ထမင္းေၾကာ္ေတြထဲအထိ ထည့္ေၾကာ္ဖို႔ပဲျဖစ္ျဖစ္ တန္ဖိုးနည္းၿပီး အခ်ိန္ကုန္သက္သာလို႔

အိမ္ရွင္မေတြအတြက္ ေ႐ြးခ်ယ္စရာတစ္ခု ျဖစ္ေနတာပဲျဖစ္ပါတယ္။ငါးေသတၱာဘူးေတြကို မ်ားေသာအားျဖင့္ေတာ့ ကုန္ၾကမ္းေရာ လုပ္သားအင္အားေပါတဲ့ တ႐ုတ္ဘက္ကေန ထုတ္တာမ်ားပါတယ္။ တ႐ုတ္ျပည္မွာ

ငါးေသတၱာ လုပ္တဲ့ စက္႐ုံေတြ အေျမာက္အမ်ားေတြ႕ႏိုင္ၿပီး ျမန္မာႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားကို တင္ပို႔လ်က္ရွိပါတယ္။ဒါေပမဲ့ ေမလ ၂၀၁၈ ခုႏွစ္မွာေတာ့ မေလးရွားႏိုင္ငံက MAQIS ဆိုတဲ့ အဖြဲ႕အစည္းရဲ႕ေတြ႕ရွိခ်က္အရ

တ႐ုတ္ကတင္ပို႔လာတဲ့ ဆာဒင္းငါးေသတၱာေတြထဲမွာ လူကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ သံေကာင္ေတြ ပါဝင္လ်က္ရွိေၾကာင္းကို ေလ့လာေတြ႕ရွိခဲ့ပါတယ္။ ဒီသံေကာင္ေတြကိုမ်ားေသာအားျဖင့္ ပင္လယ္စာအစိမ္းေတြမွာ

ေတြ႕ရေလ့ရွိၿပီး အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ တြယ္ကပ္ၿပီး မ်ိဳးပြားႏိုင္တဲ့ အဲ့ဒီသံေကာင္ေတြေၾကာင့္ လူရဲ႕ ကိုယ္ခံအားစနစ္ကို တေျဖးေျဖးခ်င္း က်ဆင္းလာေစႏိုင္တယ္လို႔ဆိုပါတယ္။ သံေကာင္ေတြ ဗိုက္ထဲေရာက္သြားၿပီဆိုရင္

လတ္တေလာ ႀကဳံႏိုင္တဲ့ ျပႆနာကေတာ့ မူးေဝ ေအာ့အန္တာနဲ႔ ဝမ္းပ်က္ ဝမ္းေလွ်ာေစတာပါပဲ။ဒီေကာင္ေတြဟာ လူကို ခ်က္ခ်င္းႀကီးေသေစႏိုင္တာမ်ိဳးေတာ့ မဟုတ္ေပမဲ့ ဗိုက္ထဲမွာ တေျဖးေျဖးပြားမ်ားလာၿပီး တစိမ့္စိမ့္ ဒုကၡေပးႏိုင္တဲ့ ကပ္ပါးေကာင္ေတြပဲျဖစ္ပါတယ္။ ငါးေသတၱာဘူးေတြကို

ျပန္ေတာင္မခ်က္ျပဳတ္ဘဲ ဒီတိုင္းအလြယ္စားတတ္သူေတြအတြက္ဆိုရင္ေတာ့ ေတြးေတာင္မေတြးရဲစရာပါေနာ္. . .။အခုဆိုရင္ ျမန္မာႏိုင္ငံမွာဆိုရင္လည္း ငါးေသတၱာဘူးေတြဟာ သုံးစြဲသူ မ်ားသေလာက္ brand ေတြလည္း မ်ိဳးစုံစြာရွိေနပါၿပီ။ သို႔ေပမဲ့လည္း

ဖြံ႕ၿဖိဳးဆဲႏိုင္ငံတစ္ခုပီပီ အေသးစိတ္ စစ္ေဆး အေရးယူမႈေတြအနည္းငယ္ အားနည္းတဲ့အတြက္ ငါးေသတၱာစားသုံးေလ့ရွိသူေတြအေနနဲ႔ ကိုယ္တိုင္ဂ႐ုစိုက္ေပးဖို႔အႀကံျပဳခ်င္ပါတယ္။ ငါးေသတၱာဘူးေတြကို စားသုံးတဲ့အခါမွာ

ေသခ်ာ ျပန္ၿပီးခ်က္ျပဳတ္တာပဲျဖစ္ျဖစ္၊ မစားခင္ သန္ေကာင္ေတြ ပါ မပါ ေသခ်ာ စစ္ေဆးၾကည့္တာပဲျဖစ္ျဖစ္ သတိေလးနည္းနည္းကပ္ၿပီးေတာ့ စားသုံးၾကဖို႔ သတိေပးႏႈိးေဆာ္လိုက္ရပါေစလားခင္ဗ်ာ. . .။

Crd;