ၾကားသိရသမွ်

ဘဏ်ပိုင်ရှင်သူဌေးကြီး ဉီးဇော်ဇော် တစ်ယောက် အခုချိန် ဘယ်ရောက်နေလဲ

ဘဏ်ပိုင်ရှင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ၊ ကိုဗစ်လှိုင်းလုံးတွေကို ကြံ့ကြံ့ခံခဲ့တဲ့နေရာမှာ အလှူအတန်း ရက်ရောတဲ့ သူဌေးကြီး စသဖြင့် ဂုဏ်ပုဒ် အမျိုးမျိုး ရရှိထားတဲ့ ဉီးဇော်ဇော် တစ်ယောက် အခု ဘယ်ရောက်နေပါသလဲ…???

ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်တပ်က အာဏာစသိမ်းတဲ့ နေ့ကတည်းက ပျောက်ခြင်းမလှ ပျောက်သွားခဲ့တဲ့ သူဌေးကြီး ဉီးဇော်ဇော်နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်ခဲ့ပါတယ်။

စစ်တပ်က ဖမ်းဆီးထားပြီး ဘဏ်ထဲက ငွေတွေကို ထုတ်ပေးဖို့အကြပ်ကိုင်ခံနေရတယ်ဆိုပြီး တမျိုး၊ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတယ်ဆိုတာက တဖုံ စသဖြင့် ကောလာဟလ သတင်းတွေ အများအပြား ထွက်လာခဲ့ပေမယ့်လည်း တိကျတဲ့သတင်း တစွန်းတစမှ မရရှိခဲ့သလို လူမြင်ကွင်းကိုလည်း လုံးဝ ထွက်မလာခဲ့ပါဘူး။

မြန်မာပြည်မှာ ခရိုနီ အများအပြား ရှိပေမယ့်ဖေဖော်ဝါရီ (၁) ရက်နေ့က စပြီး အဲဒီလူတွေဟာ ဟယ်ရီပေါ်တာထဲက ကိုယ်ပျောက်ဝတ်ရုံ ခြုံလိုက်သလို လုံးဝ ပျောက်သွားခဲ့ပါတယ်။ လုံခြုံရေးကြောင့်လား၊ စစ်တပ်နဲ့ ညှိနှိုင်းပြီး ဆက်လုပ်စားဖို့ ကြံစည်နေတာလားဆိုတာကတော့ သူတို့ကိုယ်တိုင်ကအသိဆုံး ဖြစ်မှာပါ။ သူတို့တွေ အရှင်ထွက် ထွက်သလိုပျောက်သွားတာ ကိစ္စမရှိပေမယ့် အခက်အခဲတွေ တပုံကြီးနဲ့ကျန်ခဲ့တာကတော့ ထုံးစံအတိုင်း ပြည်သူတွေပါပဲ။

ခေတ်ပျက်ကြီးဖြစ်နေလို့ လုပ်ငန်းတွေ ရပ်ဆိုင်း ရပြီး ဝင်ငွေ မရှိတဲ့ ပြည်သူတွေဟာ သူတို့ ချွေးနဲစာနဲ့ စုဆောင်းထားတဲ့ ပိုက်ဆံတွေကိုဘဏ်တွေက ထုတ်မပေးတဲ့ အခါမှာတော့ မြွေပူရာ ကင်းမှောင့်ဆိုသလို ဒုက္ခတွေနဲ့ တွေ့နေရပါပြီ။ ဘဏ်ထဲက ငွေတွေကို လူတွေ ဘာကြောင့် အကုန်ထုတ်ချင်ရသလဲဆိုတဲ့ မေးခွန်းရဲ့အဖြေက ရှင်းရှင်းလေးပါ။ မအလ အာဏာသိမ်းပြီးနောက်မှာအင်တာနက်တွေ ဖြတ်တောက်ခဲ့တာကြောင့် လူတွေက ဘဏ်စနစ်ကို လုံးဝ မယုံကြည်တော့တဲ့ အဖြစ် ရောက်ခဲ့ပါတယ်။

အဓိက တရားခံကတော့ မအလပါပဲ။ လှုပ်လေ မြှုပ်လေဖြစ်နေတဲ့ မအလရဲ့ မအောင်မြင်တဲ့ အကွက်တွေကြောင့်စီးပွားရေး အကုန်ရပ်ဆိုင်းပြီး ဝါးလုံးခေါင်းထဲ ဆင်ဝင်သလိုအားလုံး ကျပ်တည်းနေကြတဲ့ အချိန်မှာ တချိန်က တက်ကြွလှုပ်ရှားပြီး သဒ်ဓါတရား ကောင်းတဲ့ သူဌေးကြီး ဦးဇော်ဇော်လည်း ပေါ်မလာတော့ပါဘူး။

သူပိုင်တဲ့ ဘဏ်ကလည်း ပြည်သူတွေက ယုံကြည်စွာ အပ်နှံထားတဲ့ ငွေတွေကို ကျေနပ်အောင်မထုတ်ပေးနိုင်သေးပါဘူး။ တကယ်ပဲ ထိန်းသိမ်း ခံနေရသလား၊တမင်ပဲ ရှောင်ပုန်းနေတာလား ဆိုတာကတော့ ပိတ်ကားပေါ်မှာ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။ ပြည်သူ့ အစိုးရ တက်လာတဲ့ အချိန်ကျမှ စပို့ရှပ်နဲ့ ဂျင်းဘောင်းဘီကို လူငယ်စတိုင်ဝတ်တတ်တဲ့ ဦးဇော်ဇော် တယောက် ပြန်လာမလား ဆိုတာကတော့.C r d

zawgyi

ဘဏ္ပိုင္ရွင္၊ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ၊ ကိုဗစ္လႈိင္းလုံးေတြကို ႀကံ့ႀကံ့ခံခဲ့တဲ့ေနရာမွာ အလႉအတန္း ရက္ေရာတဲ့ သူေဌးႀကီး စသျဖင့္ ဂုဏ္ပုဒ္ အမ်ိဳးမ်ိဳး ရရွိထားတဲ့ ဉီးေဇာ္ေဇာ္ တစ္ေယာက္ အခု ဘယ္ေရာက္ေနပါသလဲ…???

ေဖေဖာ္ဝါရီ (၁) ရက္ေန႔ စစ္တပ္က အာဏာစသိမ္းတဲ့ ေန႔ကတည္းက ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့တဲ့ သူေဌးႀကီး ဉီးေဇာ္ေဇာ္နဲ႔ ပတ္သက္ၿပီး သတင္းေတြ အမ်ိဳးမ်ိဳး ထြက္ခဲ့ပါတယ္။

စစ္တပ္က ဖမ္းဆီးထားၿပီး ဘဏ္ထဲက ေငြေတြကို ထုတ္ေပးဖို႔အၾကပ္ကိုင္ခံေနရတယ္ဆိုၿပီး တမ်ိဳး၊ အက်ယ္ခ်ဳပ္နဲ႔ ထိန္းသိမ္းခံထားရတယ္ဆိုတာက တဖုံ စသျဖင့္ ေကာလာဟလ သတင္းေတြ အမ်ားအျပား ထြက္လာခဲ့ေပမယ့္လည္း တိက်တဲ့သတင္း တစြန္းတစမွ မရရွိခဲ့သလို လူျမင္ကြင္းကိုလည္း လုံးဝ ထြက္မလာခဲ့ပါဘူး။

ျမန္မာျပည္မွာ ခ႐ိုနီ အမ်ားအျပား ရွိေပမယ့္ေဖေဖာ္ဝါရီ (၁) ရက္ေန႔က စၿပီး အဲဒီလူေတြဟာ ဟယ္ရီေပၚတာထဲက ကိုယ္ေပ်ာက္ဝတ္႐ုံ ၿခဳံလိုက္သလို လုံးဝ ေပ်ာက္သြားခဲ့ပါတယ္။ လုံၿခဳံေရးေၾကာင့္လား၊ စစ္တပ္နဲ႔ ညႇိႏႈိင္းၿပီး ဆက္လုပ္စားဖို႔ ႀကံစည္ေနတာလားဆိုတာကေတာ့ သူတို႔ကိုယ္တိုင္ကအသိဆုံး ျဖစ္မွာပါ။ သူတို႔ေတြ အရွင္ထြက္ ထြက္သလိုေပ်ာက္သြားတာ ကိစၥမရွိေပမယ့္ အခက္အခဲေတြ တပုံႀကီးနဲ႔က်န္ခဲ့တာကေတာ့ ထုံးစံအတိုင္း ျပည္သူေတြပါပဲ။

ေခတ္ပ်က္ႀကီးျဖစ္ေနလို႔ လုပ္ငန္းေတြ ရပ္ဆိုင္း ရၿပီး ဝင္ေငြ မရွိတဲ့ ျပည္သူေတြဟာ သူတို႔ ေခြၽးနဲစာနဲ႔ စုေဆာင္းထားတဲ့ ပိုက္ဆံေတြကိုဘဏ္ေတြက ထုတ္မေပးတဲ့ အခါမွာေတာ့ ေႁမြပူရာ ကင္းေမွာင့္ဆိုသလို ဒုကၡေတြနဲ႔ ေတြ႕ေနရပါၿပီ။ ဘဏ္ထဲက ေငြေတြကို လူေတြ ဘာေၾကာင့္ အကုန္ထုတ္ခ်င္ရသလဲဆိုတဲ့ ေမးခြန္းရဲ႕အေျဖက ရွင္းရွင္းေလးပါ။ မအလ အာဏာသိမ္းၿပီးေနာက္မွာအင္တာနက္ေတြ ျဖတ္ေတာက္ခဲ့တာေၾကာင့္ လူေတြက ဘဏ္စနစ္ကို လုံးဝ မယုံၾကည္ေတာ့တဲ့ အျဖစ္ ေရာက္ခဲ့ပါတယ္။

အဓိက တရားခံကေတာ့ မအလပါပဲ။ လႈပ္ေလ ျမႇဳပ္ေလျဖစ္ေနတဲ့ မအလရဲ႕ မေအာင္ျမင္တဲ့ အကြက္ေတြေၾကာင့္စီးပြားေရး အကုန္ရပ္ဆိုင္းၿပီး ဝါးလုံးေခါင္းထဲ ဆင္ဝင္သလိုအားလုံး က်ပ္တည္းေနၾကတဲ့ အခ်ိန္မွာ တခ်ိန္က တက္ႂကြလႈပ္ရွားၿပီး သဒ္ဓါတရား ေကာင္းတဲ့ သူေဌးႀကီး ဦးေဇာ္ေဇာ္လည္း ေပၚမလာေတာ့ပါဘူး။

သူပိုင္တဲ့ ဘဏ္ကလည္း ျပည္သူေတြက ယုံၾကည္စြာ အပ္ႏွံထားတဲ့ ေငြေတြကို ေက်နပ္ေအာင္မထုတ္ေပးႏိုင္ေသးပါဘူး။ တကယ္ပဲ ထိန္းသိမ္း ခံေနရသလား၊တမင္ပဲ ေရွာင္ပုန္းေနတာလား ဆိုတာကေတာ့ ပိတ္ကားေပၚမွာ ဆက္လက္ ေစာင့္ၾကည့္ရဦးမွာပါ။ ျပည္သူ႔ အစိုးရ တက္လာတဲ့ အခ်ိန္က်မွ စပို႔ရွပ္နဲ႔ ဂ်င္းေဘာင္းဘီကို လူငယ္စတိုင္ဝတ္တတ္တဲ့ ဦးေဇာ္ေဇာ္ တေယာက္ ျပန္လာမလား ဆိုတာကေတာ့.C r d