“ရေတွင်းဘောင်ပေါ်ထိုင်ပြီး နေ့စဉ် ဖုန်းပြောလေ့ရှိတဲ့ ကျောင်းထိုင်ဆရာတော် ရေတွင်းထဲ ပြုတ်ကျပြီး ပျံလွန်တော်မူ”
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကိုင်းတာအုပ်စု၊ ကျီးတောကျေးရွာရှိ ကျောင်းထိုင်ဆရာတော် တစ်ပါးသည် အသုံးမပြုသည်မှာ
(၈)နှစ်ခန့် ကြာနေသော ရေတွင်းဟောင်းထဲ ပြုတ်ကျပြီး ပျံလွန်တော်မူနေကြောင်း ယမန်နေ့ညနေ ၆း၃၀ နာရီ အချိန်ခန့်က သိရသည်။ ဖြစ်စဉ်မှာ တရားလို
ဒုရဲအုပ် ထက်ဝေဦးသည် ရဲစခန်း၌ တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် ကျီးတောကျေးရွာတွင် ဘုန်းကြီးတစ်ပါး ရေတွင်းထဲပြု-တ်ကျ ပျံလွန်တော်မူနေကြောင်း
သတင်းရရှိသဖြင့် သက်သေများနှင့်အတူ အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးရာ နံနက်၁၀ နာရီအချိန် နေ့ဆွမ်းအလှည့်ကျသူ အလှူရှင်မှ ကျောင်းသို့ဆွမ်းချိုင့်သွားပို့စဉ်
ဆရာတော်အား မတွေ့ရှိကြောင်း၊ ဆရာတော့်ဖုန်းကို ဆက်သော်လည်း ဆက်သွယ်၍ မရခဲ့ကြောင်းကို ကျေးရွာအုပ်ချုပ် ရေးမှူးအား အသိပေးခဲ့ကြောင်း၊ ယမန်ညနေ ၅ နာရီ
အချိန်ခန့်တွင် ကျောင်းဝန်းအတွင်းရှိ အသုံးမပြုတော့သည့် ရေတွင်းဟောင်းအတွင်း မှောက်လျှက် အနေအထားဖြင့် ရေန-စ်ပျံလွန်တော်မူနေကြောင်း စစ်ဆေး
တွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း ေ-ဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ကျောင်းကုန်းမြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး၊ လက်ထောက်ဆရာဝန် ဒေါက်တာဇေယျာလင်းမှ
PR အမှတ်(၃၂/၂၀၂၀) ဖြင့် ရင်ခွဲစစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ကျောင်းကုန်းမြို့မ ရဲစခန်းတွင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေဦးဆောင်၍ အခင်းဖြစ်ရပ်ရှိ ရေတွင်းနှုတ်ခမ်း အထူ(၈)လက်မ၊ အဝ(၅)ပေ အမြင့်(၂)ပေခွဲ၊ အပေါ်မှရေအထိ(၁၆)ပေ၊
အနက်(၈)ပေရှိသော အသုံးမပြုတော့သည့် ရေတွင်းထဲ ပြုတ်ကျပြီး ပျံလွန်တော်မူသွားသော ကျောင်းထိုင်ဆရာတော်သည် သက်တော် (၃၉)နှစ်သာ ရှိသေးပြီး၊
ကွန်ကရစ်ဖြင့် ပြုလုပ်ထားသောရေတွင်း ဘောင်ပေါ်တွင်ထိုင်လျှက် နေ့စဉ်ဖုန်း ပြောတတ်ကြောင်း၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါ အခံရှိကြောင်း ဆရာတော်၏
တူတော်စပ်သူ မောင်ငြိမ်းချမ်းကိုထံမှ သိရသည်။ ဝင်းကြိုင်(ကျောင်းကုန်း ပြန်/ဆက်)
Zawgyi