ၾကားသိရသမွ်

ထူးထူးဆန်းဆန်း ထမင်းပေါင်းအိုးနဲ့ လက်ထပ်လိုက်တဲ့ အမျိုးသား

ဒီလောကကြီးမှာ လူတစ်ချို့ရဲ့ အတွေးအခေါ်တွေက လိုက်မမှီနိုင်ပါဘူး။ သူတို့မှာက ထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိကြပြီးတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေကြပါတယ်။

Khairol Anam လို့ခေါ်တဲ့ အင်ဒိုနီးရှားနိုင်ငံက အမျိုးသား တစ်ဦးဟာ သာမန်လူတွေနဲ့ မတူပဲ ထမင်းပေါင်းအိုး တစ်လုံးကို လက်ထပ်ခဲ့ပါတယ်။ သူဟာ သတို့သားဝတ်စုံပြည့် ဝတ်ဆင်ထားပြီးတော့ ဘောင်းဘီအဖြူရောင် ကိုလည်း ဝတ်ထားခဲ့ပါသေးတယ်။ သတို့သမီးလေး ထမင်းပေါင်းအိုး ကိုတော့ ပိတ်စအဖြူလေး ခြုံပေးထားခဲ့ပါတယ်။

လူသားတစ်ဦးနဲ့ ထမင်းပေါင်းအိုး တစ်လုံးတို့ရဲ့ လှပတဲ့ မင်္ဂလာပွဲလေးပါပဲ။ သူဒီလို လက်ထပ်တာကို စက်တင်ဘာ (၂၀) ရက်နေ့က သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။

caption မှာတော့ “solemnisation ceremony” လို့ရေးထားပါတယ်။ အဓိပ္ပာယ်ကတော့ ကောင်းကင်ဘုံကနေ တွဲစက်ပေးတဲ့ အချစ်ငှက်ငယ်လေးတွေ လို့ ဆိုလိုပါတယ်။

“ ဖြူစင်တယ်၊ တိတ်ဆိတ်တယ်၊ ပြည့်စုံတယ်။ စကားတွေ အများကြီး မပြောတတ်ဘူး။ ချက်ပြုတ်တဲ့ နေရာမှာလည်း ကောင်းတယ်။ မင်းမရှိရင် ငါထမင်းမစားနိုင်ဘူး” လို့ Khairol Anam က ပြောထားပါသေးတယ်။

ကံမကောင်းစွာနဲ့ပဲ သူတို့ရဲ့ အချစ်အိမ်ထောင်ရေးလေးဟာ ခဏလေးနဲ့ ပျက်စီးပြိုကွဲ ခဲ့ရပါတယ်။ လေးရက်အကြာ စက်တင်ဘာ ၂၄ မှာ Khoirul ဟာ သူ့ရဲ့ဇနီးနဲ့ ကွာရှင်းလိုက်ပြီ ဖြစ်ကြောင်း သူ့ရဲ့လူမှုစာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

ကွာရှင်းရခြင်း အကြောင်းရင်းကတော့ “ သူမဟာ ထမင်းဟင်းချက်တာ ကောင်းပေမယ့် အခြားဟင်းလျာတွေ ချက်ပြုတ်ရာမှာ မကျွမ်းကျင်လို့ပါ” တဲ့။

Khoirul ဟာ အင်ဒိုနီးရှားနိုင်ငံမှာတော့ လူသိများကျော်ကြားတဲ့ cele တစ်ဦးဖြစ်ပြီးတော့ လူမှုကွန်ရက်မှာ အပြောင်အပျက်တွေ တင်တဲ့သူ အဖြစ်လည်း လူသိများကြပါတယ်။

Zombie (Lovemedia)

for zawgyi

ထူးထူးဆန္းဆန္း ထမင္းေပါင္းအိုးနဲ႔ လက္ထပ္လိုက္တဲ့ အမ်ိဳးသား

ဒီေလာကႀကီးမွာ လူတစ္ခ်ိဳ႕ရဲ႕ အေတြးအေခၚေတြက လိုက္မမွီႏိုင္ပါဘူး။ သူတို႔မွာက ထူးျခားတဲ့ စိတ္ကူးစိတ္သန္းေတြ ရွိၾကၿပီးေတာ့ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ ျဖတ္သန္းေနၾကပါတယ္။

Khairol Anam လို႔ေခၚတဲ့ အင္ဒိုနီးရွားႏိုင္ငံက အမ်ိဳးသား တစ္ဦးဟာ သာမန္လူေတြနဲ႔ မတူပဲ ထမင္းေပါင္းအိုး တစ္လုံးကို လက္ထပ္ခဲ့ပါတယ္။

သူဟာ သတို႔သားဝတ္စုံျပည့္ ဝတ္ဆင္ထားၿပီးေတာ့ ေဘာင္းဘီအျဖဴေရာင္ ကိုလည္း ဝတ္ထားခဲ့ပါေသးတယ္။ သတို႔သမီးေလး ထမင္းေပါင္းအိုး ကိုေတာ့ ပိတ္စအျဖဴေလး ၿခဳံေပးထားခဲ့ပါတယ္။

လူသားတစ္ဦးနဲ႔ ထမင္းေပါင္းအိုး တစ္လုံးတို႔ရဲ႕ လွပတဲ့ မဂၤလာပြဲေလးပါပဲ။ သူဒီလို လက္ထပ္တာကို စက္တင္ဘာ (၂၀) ရက္ေန႔က သူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ တင္ထားခဲ့ပါတယ္။

caption မွာေတာ့ “solemnisation ceremony” လို႔ေရးထားပါတယ္။ အဓိပၸာယ္ကေတာ့ ေကာင္းကင္ဘုံကေန တြဲစက္ေပးတဲ့ အခ်စ္ငွက္ငယ္ေလးေတြ လို႔ ဆိုလိုပါတယ္။

“ ျဖဴစင္တယ္၊ တိတ္ဆိတ္တယ္၊ ျပည့္စုံတယ္။ စကားေတြ အမ်ားႀကီး မေျပာတတ္ဘူး။ ခ်က္ျပဳတ္တဲ့ ေနရာမွာလည္း ေကာင္းတယ္။ မင္းမရွိရင္ ငါထမင္းမစားႏိုင္ဘူး” လို႔ Khairol Anam က ေျပာထားပါေသးတယ္။

ကံမေကာင္းစြာနဲ႔ပဲ သူတို႔ရဲ႕ အခ်စ္အိမ္ေထာင္ေရးေလးဟာ ခဏေလးနဲ႔ ပ်က္စီးၿပိဳကြဲ ခဲ့ရပါတယ္။ ေလးရက္အၾကာ စက္တင္ဘာ ၂၄ မွာ Khoirul ဟာ သူ႔ရဲ႕ဇနီးနဲ႔ ကြာရွင္းလိုက္ၿပီ ျဖစ္ေၾကာင္း သူ႔ရဲ႕လူမႈစာမ်က္ႏွာေပၚမွာ တင္ခဲ့ပါတယ္။

ကြာရွင္းရျခင္း အေၾကာင္းရင္းကေတာ့ “ သူမဟာ ထမင္းဟင္းခ်က္တာ ေကာင္းေပမယ့္ အျခားဟင္းလ်ာေတြ ခ်က္ျပဳတ္ရာမွာ မကြၽမ္းက်င္လို႔ပါ” တဲ့။

Khoirul ဟာ အင္ဒိုနီးရွားႏိုင္ငံမွာေတာ့ လူသိမ်ားေက်ာ္ၾကားတဲ့ cele တစ္ဦးျဖစ္ၿပီးေတာ့ လူမႈကြန္ရက္မွာ အေျပာင္အပ်က္ေတြ တင္တဲ့သူ အျဖစ္လည္း လူသိမ်ားၾကပါတယ္။

Zombie (Lovemedia)