ရန်ကုန်မြို့ မော်တင်ရှိ ရွှေလမင်းဆေးရုံမှ ဆရာဝန် ၂၉ ဦးတွင် ကိုဗစ်ပိုး တွေ့ ရှိထား
ရန်ကုန်၊ ဇူလိုင် ၃
တတိယလှိုင်းအဖြစ် ကိုဗစ်ရောဂါ တဖန်ပြန်လည် ကူးစက်ပျံ့နှံ့နေချိန် ရန်ကုန်မြို့ရှိ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော ရွှေလမင်း ဆေးရုံတွင် ဆရာဝန် ၂၉ ဦးတွင် ကိုဗစ်ရောဂါပိုး စစ်ဆေး တွေ့ ရှိထားကြောင်း ယင်းဆေးရုံနှင့် နီးစပ်သူ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။
ယင်းဆရာဝန်များသည် လက်ရှိအချိန်အထိ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ဆေးရုံကို အသွားအလာကန့်သတ်မှု ပြုလုပ်ရန်ရှိကြောင်းလည်း သိရသည်။
ယင်းဆေးရုံသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလကလည်း ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့ခဲ့ဖူးပြီး နောက်ပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ပြီး ဆေးရုံလည်း ပြန်လည် လည်ပတ်နိုင်ခဲ့သည်။
ပြည်တွင်းကူးစက်မှုများ ပြန်နှံ့လာချိန်တွင် မနေ့က လူပေါင်း ၉၁၄၆ ဦးကို စစ်ဆေးခဲ့ရာ ပိုးတွေ့သူ ၁၈၆၃ ဦး၊ ပိုးတွေ့ သူ ၂၀ ရာခိုင်နှုန်းကျော် ရှိနေပြီ ဖြစ်သလို ရန်ကုန်မြို့တွင် အင်းစိန်မြို့နယ်သည် ပိုးတွေ့ရှိရသူ အများဆုံး ဖြစ်နေကြောင်း သိရှိရသည်။
ပုံစာ – ရွှေလမင်းဆေးရုံ အတွင်းပိုင်း မြင်ကွင်း
ရန္ကုန္ၿမိဳ႕ ေမာ္တင္ရွိ ေရႊလမင္းေဆး႐ုံမွ ဆရာဝန္ ၂၉ ဦးတြင္ ကိုဗစ္ပိုး ေတြ႕ ရွိထား
ရန္ကုန္၊ ဇူလိုင္ ၃
တတိယလွိုင္းအျဖစ္ ကိုဗစ္ေရာဂါ တဖန္ျပန္လည္ ကူးစက္ပ်ံ႕ႏွံ့ေနခ်ိန္ ရန္ကုန္ၿမိဳ႕ရွိ က်န္းမာေရး ဝန္ေဆာင္မႈေပးေနေသာ ေရႊလမင္း ေဆး႐ုံတြင္ ဆရာဝန္ ၂၉ ဦးတြင္ ကိုဗစ္ေရာဂါပိုး စစ္ေဆး ေတြ႕ ရွိထားေၾကာင္း ယင္းေဆး႐ုံႏွင့္ နီးစပ္သူ က်န္းမာေရးဝန္ထမ္းတဦးက ေျပာသည္။
ယင္းဆရာဝန္မ်ားသည္ လက္ရွိအခ်ိန္အထိ က်န္းမာေရး ေကာင္းမြန္လ်က္ရွိၿပီး ေဆး႐ုံကို အသြားအလာကန႔္သတ္မႈ ျပဳလုပ္ရန္ရွိေၾကာင္းလည္း သိရသည္။
ယင္းေဆး႐ုံသည္ ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလကလည္း ကိုဗစ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ့ခဲ့ဖူးၿပီး ေနာက္ပိုင္းတြင္ ထိန္းခ်ဳပ္နိုင္ခဲ့ၿပီး ေဆး႐ုံလည္း ျပန္လည္ လည္ပတ္နိုင္ခဲ့သည္။
ျပည္တြင္းကူးစက္မႈမ်ား ျပန္ႏွံ့လာခ်ိန္တြင္ မေန႔က လူေပါင္း ၉၁၄၆ ဦးကို စစ္ေဆးခဲ့ရာ ပိုးေတြ႕သူ ၁၈၆၃ ဦး၊ ပိုးေတြ႕ သူ ၂၀ ရာခိုင္ႏႈန္းေက်ာ္ ရွိေနၿပီ ျဖစ္သလို ရန္ကုန္ၿမိဳ႕တြင္ အင္းစိန္ၿမိဳ႕နယ္သည္ ပိုးေတြ႕ရွိရသူ အမ်ားဆုံး ျဖစ္ေနေၾကာင္း သိရွိရသည္။
ပုံစာ – ေရႊလမင္းေဆး႐ုံ အတြင္းပိုင္း ျမင္ကြင္း