Unicode
ဖခင်က ဂျစ်စီကားမောင်းသမားဖြစ်နေလို့ ရှက်ရွံ့နေတာမျိုးမရှိဘဲ ကျောင်းဆင်းတိုင်း အပြေးသွားပြီး ဖခင်ကိုကူညီပေးလေ့ရှိတဲ့ မိန်းကလေး
အကယ်လို့များ သင်က တစ်ဖန်ပြန်မွေးဖွားနိုင်တယ်ဆိုပါက သင့်အနေနဲ့ သင့်မိသားစုဆီမှာဘဲ ပြန်မွေးဖွားလာချင်သေးသလား သို့မဟုတ် ပိုချမ်းသာတဲ့မိသားစုမှာ မွေးဖွားချင်ပါသလားဗျာ။ ဟုတ်ပါတယ်၊ ကျွန်တော်တို့တော်တော်များများက ကိုယ့်မှာ ပိုက်ဆံအများကြီးမရှိရင်တောင် ကိုယ့်နဲ့ထူးခြားချက်တွေနဲ့ ရူးသွပ်မှုတွေ တူညီတဲ့မိသားစုမှာဘဲ တစ်ဖန်ပြန်မွေးဖွားဖို့ လိုလားနေကြတုန်းပဲမဟုတ်လားဗျာ။ Mary Angeli Camzon အမည်ရှိမိန်းကလေးရဲ့စိတ်ခံစားချက်ကလည်း အလားတူပါဘဲ။

ကျောင်းသူလေးဖြစ်တဲ့ Camzon ဟာ ဖခင်ဖြစ်သူက သူမတို့ရဲ့ဘဝမှာ စူပါမင်းဖြစ်တာကြောင့် ဂျစ်ကားဘဲစီးနေရရင်တောင်မှ ဒီလိုဖခင်ကောင်းတစ်ယောက်ရထားတာ ကံကောင်းတယ်လို့ခံစားရပုံကို သူမရဲ့ဖေ့စ်ဘွတ်မှာရေးသားတင်ပြခဲ့ပါတယ်။Camzon ရဲ့ အဆိုအရ ..သူမရဲ့ဖခင်ဟာ သူ့ကလေးများအားလုံး ကျောင်းတက်နိုင်စေဖို့ အသက်မွေးဝမ်းကျောင်းပြုရန် အစွမ်းကုန်အားထုတ်ကြိုးစားခဲ့ပါတယ်။
“ တကယ်လို့ သမီးသာ တစ်ဖန်မွေးဖွားလာခဲ့ရင် အဖေ့ကို သမီးရဲ့အဖေအဖြစ် ဆက်ရှိစေချင်ပြီး သမီးက ဒီတူညီတဲ့မိသားစုထဲမှာဘဲ ရှိနေစေချင်တယ် ၊ အဖေ့ကို ပိုင်ဆိုင်ခွင့်ရတာ သမီးတို့အတွက် အရမ်းကံကောင်းတယ်၊ သမီးနဲ့ မောင်နှမတွေကို ကျောင်းပြီးအောင် သွေး၊ချွေးအပြည့်နဲ့ ဂျစ်စီကားမောင်းပြီး ထောက်ပံ့ ပံ့ပိုးပေးနေတဲ့ သမီးတို့အဖေကို လှမ်းအော်ပြောလိုက်ချင်တယ်၊ သိပ်ချစ်တယ် အဖေရေ ” ဟု Camzon က သူမရဲ့post မှာ ဖိခင်အားသိပ်ချစ်မြတ်နိုးကြောင်းကို ဂုဏ်ယူစွာရေးသားဖော်ပြထားခဲ့ပါတယ်။
သို့ပေမဲ့ အင်တာနက်သုံးစွဲသူများက Camzon ဟာ ကျောင်းချိန်အပြီး သူမရဲ့ဖခင်အား ကူညီလာခဲ့ရာမှ ခရီးသည်များ ပိုမိုရရှိရန် ဖခင်အတွက် barker တစ်ယောက်ဖြစ်လာခဲ့တာကို ပိုသဘောကျနေခဲ့ကြပါတယ်။
တကယ်တော့၊ ၎င်းတို့မိဘတွေနဲ့အတူ ‘ဆင်းရဲတယ်’ လို့ခေါ်တဲ့အလုပ်တွေလုပ်ရတာကို ရှက်ရွံ့ရှာနေသလိုခံစားနေတတ်တဲ့ကလေးတွေ အများကြီးရှိပေမယ့် Camzon ကတော့ သူမဖခင်အတွက် ဂုဏ်ယူနေပြီး ဖခင်အား ကူညီပေးနေရတာကို တကယ်သဘောကျနှစ်သက်နေခဲ့ပါတယ်။
သူမရဲ့ဖခင်အတွက် ဂုဏ်ယူနေပြီး ဖခင်က ဂျစ်စီကားသမားဖြစ်နေတာကို မရှက်မိနေတဲ့ Camzon ရဲ့စိတ်နေသဘောထားကိုတော့ လေးစားချီးကျူးမိပါတယ်။
Zawgyi
ဖခင္က ဂ်စ္စီကားေမာင္းသမားျဖစ္ေနလို႔ ရွက္႐ြံ႕ေနတာမ်ိဳးမရွိဘဲ ေက်ာင္းဆင္းတိုင္း အေျပးသြားၿပီး ဖခင္ကိုကူညီေပးေလ့ရွိတဲ့ မိန္းကေလး
အကယ္လို႔မ်ား သင္က တစ္ဖန္ျပန္ေမြးဖြားႏိုင္တယ္ဆိုပါက သင့္အေနနဲ႔ သင့္မိသားစုဆီမွာဘဲ ျပန္ေမြးဖြားလာခ်င္ေသးသလား သို႔မဟုတ္ ပိုခ်မ္းသာတဲ့မိသားစုမွာ ေမြးဖြားခ်င္ပါသလားဗ်ာ။ ဟုတ္ပါတယ္၊ ကြၽန္ေတာ္တို႔ေတာ္ေတာ္မ်ားမ်ားက ကိုယ့္မွာ ပိုက္ဆံအမ်ားႀကီးမရွိရင္ေတာင္ ကိုယ့္နဲ႔ထူးျခားခ်က္ေတြနဲ႔ ႐ူးသြပ္မႈေတြ တူညီတဲ့မိသားစုမွာဘဲ တစ္ဖန္ျပန္ေမြးဖြားဖို႔ လိုလားေနၾကတုန္းပဲမဟုတ္လားဗ်ာ။ Mary Angeli Camzon အမည္ရွိမိန္းကေလးရဲ႕စိတ္ခံစားခ်က္ကလည္း အလားတူပါဘဲ။

ေက်ာင္းသူေလးျဖစ္တဲ့ Camzon ဟာ ဖခင္ျဖစ္သူက သူမတို႔ရဲ႕ဘဝမွာ စူပါမင္းျဖစ္တာေၾကာင့္ ဂ်စ္ကားဘဲစီးေနရရင္ေတာင္မွ ဒီလိုဖခင္ေကာင္းတစ္ေယာက္ရထားတာ ကံေကာင္းတယ္လို႔ခံစားရပုံကို သူမရဲ႕ေဖ့စ္ဘြတ္မွာေရးသားတင္ျပခဲ့ပါတယ္။Camzon ရဲ႕ အဆိုအရ သူမရဲ႕ဖခင္ဟာ သူ႔ကေလးမ်ားအားလုံး ေက်ာင္းတက္ႏိုင္ေစဖို႔ အသက္ေမြးဝမ္းေက်ာင္းျပဳရန္ အစြမ္းကုန္အားထုတ္ႀကိဳးစားခဲ့ပါတယ္။
“ တကယ္လို႔ သမီးသာ တစ္ဖန္ေမြးဖြားလာခဲ့ရင္ အေဖ့ကို သမီးရဲ႕အေဖအျဖစ္ ဆက္ရွိေစခ်င္ၿပီး သမီးက ဒီတူညီတဲ့မိသားစုထဲမွာဘဲ ရွိေနေစခ်င္တယ္ ၊ အေဖ့ကို ပိုင္ဆိုင္ခြင့္ရတာ သမီးတို႔အတြက္ အရမ္းကံေကာင္းတယ္၊ သမီးနဲ႔ ေမာင္ႏွမေတြကို ေက်ာင္းၿပီးေအာင္ ေသြး၊ေခြၽးအျပည့္နဲ..႔ ဂ်စ္စီကားေမာင္းၿပီး ေထာက္ပံ့ ပံ့ပိုးေပးေနတဲ့ သမီးတို႔အေဖကို လွမ္းေအာ္ေျပာလိုက္ခ်င္တယ္၊ သိပ္ခ်စ္တယ္ အေဖေရ ” ဟု Camzon က သူမရဲ႕post မွာ ဖိခင္အားသိပ္ခ်စ္ျမတ္ႏိုးေၾကာင္းကို ဂုဏ္ယူစြာေရးသားေဖာ္ျပထားခဲ့ပါတယ္။
သို႔ေပမဲ့ အင္တာနက္သုံးစြဲသူမ်ားက Camzon ဟာ ေက်ာင္းခ်ိန္အၿပီး သူမရဲ႕ဖခင္အား ကူညီလာခဲ့ရာမွ ခရီးသည္မ်ား ပိုမိုရရွိရန္ ဖခင္အတြက္ barker တစ္ေယာက္ျဖစ္လာခဲ့တာကို ပိုသေဘာက်ေနခဲ့ၾကပါတယ္။
တကယ္ေတာ့၊ ၎တို႔မိဘေတြနဲ႔အတူ ‘ဆင္းရဲတယ္’ လို႔ေခၚတဲ့အလုပ္ေတြလုပ္ရတာကို ရွက္႐ြံ႕ရွာေနသလိုခံစားေနတတ္တဲ့ကေလးေတြ အမ်ားႀကီးရွိေပမယ့္ Camzon ကေတာ့ သူမဖခင္အတြက္ ဂုဏ္ယူေနၿပီး ဖခင္အား ကူညီေပးေနရတာကို တကယ္သေဘာက်ႏွစ္သက္ေနခဲ့ပါတယ္။
သူမရဲ႕ဖခင္အတြက္ ဂုဏ္ယူေနၿပီး ဖခင္က ဂ်စ္စီကားသမားျဖစ္ေနတာကို မရွက္မိေနတဲ့ Camzon ရဲ႕စိတ္ေနသေဘာထားကိုေတာ့ ေလးစားခ်ီးက်ဴးမိပါတယ္။



