အိချောပို
လျှို့ဝှက်နာမည်တွေပေးတဲ့အချိန် ကျနော့်နာမည်ကို အိချောပိုဆိုပြီး အကုန်လုံးက ဝိုင်းပေးကြတယ်။
ဖင်ကောက်လို့တဲ့လေ။ အဲ့လောက်ကြီးလဲမဆိုးပါဘူး။
ဒါပေမယ့် သူတို့ထက်တော့ နဲနဲပိုတာပေါ့။ အစက အိချောပို သိပ်မကြိုက်ခဲ့ဘူး။
ခုတော့ အဲ့နာမည်ရပြီးကတည်းက တကယ့်အိချောပိုကိုလည်း အရမ်းကြိုက်လာပါတယ်။
လက်ရှိ တာဝန်ထမ်းဆောင်နေတာက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့မှာပါဗျ။
တော်လှန်ရေးစကတည်းကနေ ခုချိန်ထိ ရောက်ရာနေရာက တာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျ။
ကျွန်တော်တို့အဖွဲ့က အမြဲရှေ့ဆုံးကနေ နေပါတယ်။
ကျွန်တော်တိုက်တာ ၃ ပွဲရှိပြီ။ ၂ ပွဲက မှန်ဘီလူးရယ် ရေဘူးရယ် icon ရယ်ပဲပါတယ်။
မသေသေးတာ ကံကောင်း။ ဟိုဖက်က စက်လတ်နဲ့ဆွဲရင် ထိပ်ဆုံးကသေမှာ။
ရှေ့တန်းမလိုက်ရမှာစိုးလို့ အရမ်းတက်ကြွတယ်။ သွားရမယ်ဆိုတော့ အရမ်းပျော်တယ်။
ကျွန်တော်တို့အားလုံး လမ်းလျှောက်ရတာတွေ ပင်ပန်းလဲ ဟိုထဲရောက်ရင်ပျော်သွားရော။
ကိုယ်သာ အသာစီးရနေလို့ကတော့ စပ်ဖြီးဖြီးပဲ။ ဟိုဖက်ချောင်းလိုက် ဒီဖက်ချောင်းလိုက်ပေါ့။
အဲဒီမှာ သေနတ်ပါတဲ့နေ့မှပဲ အသာစီးမရခဲ့တာ။ ဒါပေမယ့် ကျဆုံးမရှိ အောင်မြင်စွာပြန်ဆုတ်နိုင်ခဲ့တယ်။
အဲ့နေ့ကတော့ ကျွန်တော့ဘဝ သေနေ့စေ့သွားပြီလို့ထင်ခဲ့တာ။
လက်နက်ကြီးတွေကြားထဲမှာ အသက်ပါအောင် မနည်းပြန်ဆုတ်ခဲ့ရတယ်။
သေမင်းခံတွင်းဝရောက်နေတာကို လွတ်အောင် မနည်းပြန်လှည့်ပြေးရတာပေါ့ဗျာ။
ပြန်ဆုတ်ရတာ တောင် ၃တောင်လောက်ရှိမယ်။
လမ်းတစ်ဝက်မှာ ချော်လဲပီး ညာခြေထောက် ကြွက်တက်လို့ လုပ်ရသေးတယ်။
ထော့နဲ့နဲ့ပြန်ဆုတ်ရတာ။
မဆုတ်လို့ကလဲ မရဘူးလေ။ နောက်မှာက လက်နက်ကြီးက တောက်လျှောက်လိုက်နေတာ။
ကြားစခန်းတစ်ခုရောက်တော့ အဲ့ကဆေးအဖွဲ့က သေချာလုပ်ပေး နှိပ်ပေးတယ်။
အဲ့ဖက်ခြေထောက်လုပ်ပေးရင်း တစ်လက်စထဲ ဘယ်ဖက်ခြေထောက် ခြေသလုံးအရိုးအပေါ်ကအသား (ညို့သဂျီး)က ရှေ့နေ့ကကွဲထားလို့ ဆေးပါတစ်ခါထဲထည့်ခိုင်းလိုက်တာ။
မချုပ်ဘူးလားတဲ့ ဆရာမက။ ချုပ်ရင်နာမှာ၊ နာရင်နောက်နေ့ ရှေ့တန်းမထွက်နိုင်မှာစိုးလို့လို့ပြောလိုက်တော့ ဆေးတော့ထိုးမှရမယ်တဲ့။
ဆေးထိုးအပ်က မွေးရာပါကြောက်တာ၊
မရဘူးဆေးပဲသောက်မယ်ပဲပြောတာကို အဲ့စခန်းက လူ ၄ ယောက်လောက်က ဝိုင်းချုပ်ပီးဆေးထိုးလွတ်လိုက်တာ၊
မျက်ရည်ပါဝဲရော။ အပြန်လမ်းကျ ထော့နဲ့ထော့နဲ့နဲ့။
မင်းစားနားတဲ့နေရာကို ၃ နာရီလောက်ရောက်် ထမင်းစားတုန်း အဲ့ရွာကို လက်နက်ကြီးကျလို့ ထမင်းထုပ်လွှတ်ချပြီး ပြန်ထပ်ဆုတ်ရတယ်။
အရေးထဲ လက်နက်ကြီးကျနေပါတယ်ဆို ကားက ဗွက်နစ်လို့ ဝိုင်းတွန်းရသေးတယ်။
တွန်းလို့ပြီးသွားတော့ ကားပေါ်ကိုဖြစ်သလို ဝိုင်းတက်ပြီး လွတ်မယ့်အကွာအဝေးလောက်ကနေ ပြန်ဝိုက်တက်ရသေးတယ်။
ခြေထောက်ထော့နဲ့နဲ့ ဖင်တစ်ခြမ်းစောင်းနဲ့။ ဆေးထိုးအပ်ကြောင့်နာနေတာလေ။
အဲ့နေ့က လမ်းလျောက်ရတာများသွားတာ။ မနက် ၇ခွဲကနေ ညနေ ၅ ခွဲ ၆ နာရီလောက်မှ ကားပေါ်ပြန်ရောက်မှနားရတာ။
ကြားထဲမှာ စုစုပေါင်းနားချိန် ၁ နာရီ ၁ နာရီခွဲလောက်ပဲရှိတယ်။
အဲ့နေ့ကတော့ အပင်ပန်းဆုံးနဲ့ အမှတ်တရပဲ။
တိုက်ပွဲချိန်ကတော့ ပျော်လဲပျော််တယ်၊ ကျေနပ်တယ်၊ အားရတယ်။
ဒဏ်ရာနဲ့အဖမ်းခံရမှာလဲကြောက်သလို တိုက်ရတာလည်း အားမရသေးဘူး။
ပြန်ဆုတ်လမ်းတစ်လျှောက် စိတ်ထဲကနေ ဘုရားစာရွတ်နေတာ တောက်လျှောက်ပဲ။
ကြောက်တယ်လေ။ မသေချင်သေးဘူး။ တိုက်ချင်သေးတယ်။
ရဲဘော်အိချောပို
(Zawgyi)
အိေခ်ာပို
လွ်ိဳ႕ဝွက္နာမည္ေတြေပးတဲ့အခ်ိန္ က်ေနာ့္နာမည္ကို အိေခ်ာပိုဆိုၿပီး အကုန္လုံးက ဝိုင္းေပးၾကတယ္။
ဖင္ေကာက္လို႔တဲ့ေလ။ အဲ့ေလာက္ႀကီးလဲမဆိုးပါဘူး။
ဒါေပမယ့္ သူတို႔ထက္ေတာ့ နဲနဲပိုတာေပါ့။ အစက အိေခ်ာပို သိပ္မႀကိဳက္ခဲ့ဘူး။
ခုေတာ့ အဲ့နာမည္ရၿပီးကတည္းက တကယ့္အိေခ်ာပိုကိုလည္း အရမ္းႀကိဳက္လာပါတယ္။
လက္ရွိ တာဝန္ထမ္းေဆာင္ေနတာက အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ အထူးစစ္ဆင္ေရးတပ္ဖြဲ႕မွာပါဗ်။
ေတာ္လွန္ေရးစကတည္းကေန ခုခ်ိန္ထိ ေရာက္ရာေနရာက တာဝန္ထမ္းေဆာင္ေနပါတယ္ခင္ဗ်။
ကြၽန္ေတာ္တို႔အဖြဲ႕က အၿမဲေရွ႕ဆုံးကေန ေနပါတယ္။
ကြၽန္ေတာ္တိုက္တာ ၃ ပြဲရွိၿပီ။ ၂ ပြဲက မွန္ဘီလူးရယ္ ေရဘူးရယ္ icon ရယ္ပဲပါတယ္။
မေသေသးတာ ကံေကာင္း။ ဟိုဖက္က စက္လတ္နဲ႔ဆြဲရင္ ထိပ္ဆုံးကေသမွာ။
ေရွ႕တန္းမလိုက္ရမွာစိုးလို႔ အရမ္းတက္ႂကြတယ္။ သြားရမယ္ဆိုေတာ့ အရမ္းေပ်ာ္တယ္။
ကြၽန္ေတာ္တို႔အားလုံး လမ္းေလွ်ာက္ရတာေတြ ပင္ပန္းလဲ ဟိုထဲေရာက္ရင္ေပ်ာ္သြားေရာ။
ကိုယ္သာ အသာစီးရေနလို႔ကေတာ့ စပ္ၿဖီးၿဖီးပဲ။ ဟိုဖက္ေခ်ာင္းလိုက္ ဒီဖက္ေခ်ာင္းလိုက္ေပါ့။
အဲဒီမွာ ေသနတ္ပါတဲ့ေန႔မွပဲ အသာစီးမရခဲ့တာ။ ဒါေပမယ့္ က်ဆုံးမရွိ ေအာင္ျမင္စြာျပန္ဆုတ္ႏိုင္ခဲ့တယ္။
အဲ့ေန႔ကေတာ့ ကြၽန္ေတာ့ဘဝ ေသေန႔ေစ့သြားၿပီလို႔ထင္ခဲ့တာ။
လက္နက္ႀကီးေတြၾကားထဲမွာ အသက္ပါေအာင္ မနည္းျပန္ဆုတ္ခဲ့ရတယ္။
ေသမင္းခံတြင္းဝေရာက္ေနတာကို လြတ္ေအာင္ မနည္းျပန္လွည့္ေျပးရတာေပါ့ဗ်ာ။
ျပန္ဆုတ္ရတာ ေတာင္ ၃ေတာင္ေလာက္ရွိမယ္။
လမ္းတစ္ဝက္မွာ ေခ်ာ္လဲပီး ညာေျခေထာက္ ႂကြက္တက္လို႔ လုပ္ရေသးတယ္။
ေထာ့နဲ႔နဲ႔ျပန္ဆုတ္ရတာ။
မဆုတ္လို႔ကလဲ မရဘူးေလ။ ေနာက္မွာက လက္နက္ႀကီးက ေတာက္ေလွ်ာက္လိုက္ေနတာ။
ၾကားစခန္းတစ္ခုေရာက္ေတာ့ အဲ့ကေဆးအဖြဲ႕က ေသခ်ာလုပ္ေပး ႏွိပ္ေပးတယ္။
အဲ့ဖက္ေျခေထာက္လုပ္ေပးရင္း တစ္လက္စထဲ ဘယ္ဖက္ေျခေထာက္ ေျခသလုံးအ႐ိုးအေပၚကအသား (ညိဳ႕သဂ်ီး)က ေရွ႕ေန႔ကကြဲထားလို႔ ေဆးပါတစ္ခါထဲထည့္ခိုင္းလိုက္တာ။
မခ်ဳပ္ဘူးလားတဲ့ ဆရာမက။ ခ်ဳပ္ရင္နာမွာ၊ နာရင္ေနာက္ေန႔ ေရွ႕တန္းမထြက္ႏိုင္မွာစိုးလို႔လို႔ေျပာလိုက္ေတာ့ ေဆးေတာ့ထိုးမွရမယ္တဲ့။
ေဆးထိုးအပ္က ေမြးရာပါေၾကာက္တာ၊
မရဘူးေဆးပဲေသာက္မယ္ပဲေျပာတာကို အဲ့စခန္းက လူ ၄ ေယာက္ေလာက္က ဝိုင္းခ်ဳပ္ပီးေဆးထိုးလြတ္လိုက္တာ၊
မ်က္ရည္ပါဝဲေရာ။ အျပန္လမ္းက် ေထာ့နဲ႔ေထာ့နဲ႔နဲ႔။
ထမင္းစားနားတဲ့ေနရာကို ၃ နာရီေလာက္ေရာက္္ ထမင္းစားတုန္း အဲ့႐ြာကို လက္နက္ႀကီးက်လို႔ ထမင္းထုပ္လႊတ္ခ်ၿပီး ျပန္ထပ္ဆုတ္ရတယ္။
အေရးထဲ လက္နက္ႀကီးက်ေနပါတယ္ဆို ကားက ဗြက္နစ္လို႔ ဝိုင္းတြန္းရေသးတယ္။
တြန္းလို႔ၿပီးသြားေတာ့ ကားေပၚကိုျဖစ္သလို ဝိုင္းတက္ၿပီး လြတ္မယ့္အကြာအေဝးေလာက္ကေန ျပန္ဝိုက္တက္ရေသးတယ္။
ေျခေထာက္ေထာ့နဲ႔နဲ႔ ဖင္တစ္ျခမ္းေစာင္းနဲ႔။ ေဆးထိုးအပ္ေၾကာင့္နာေနတာေလ။
အဲ့ေန႔က လမ္းေလ်ာက္ရတာမ်ားသြားတာ။ မနက္ ၇ခြဲကေန ညေန ၅ ခြဲ ၆ နာရီေလာက္မွ ကားေပၚျပန္ေရာက္မွနားရတာ။
ၾကားထဲမွာ စုစုေပါင္းနားခ်ိန္ ၁ နာရီ ၁ နာရီခြဲေလာက္ပဲရွိတယ္။
အဲ့ေန႔ကေတာ့ အပင္ပန္းဆုံးနဲ႔ အမွတ္တရပဲ။
တိုက္ပြဲခ်ိန္ကေတာ့ ေပ်ာ္လဲေပ်ာ္္တယ္၊ ေက်နပ္တယ္၊ အားရတယ္။
ဒဏ္ရာနဲ႔အဖမ္းခံရမွာလဲေၾကာက္သလို တိုက္ရတာလည္း အားမရေသးဘူး။
ျပန္ဆုတ္လမ္းတစ္ေလွ်ာက္ စိတ္ထဲကေန ဘုရားစာ႐ြတ္ေနတာ ေတာက္ေလွ်ာက္ပဲ။
ေၾကာက္တယ္ေလ။ မေသခ်င္ေသးဘူး။ တိုက္ခ်င္ေသးတယ္။
ရဲေဘာ္အိေခ်ာပို
Burmese Alphabet Concrete Visual Art