Zawgyi
ေသခ်ာဖတ္ေလနားမလည္ေလျဖစ္ေနၾကတဲ့ ဗဟိုဘဏ္ရဲ႕ေငြထုတ္ယူမႈပုံစံစနစ္အသစ္
သိန္း၂၀၀ထက္ပိုလို႔ ဘဏ္နဲ႔ေငြေခ်တဲ့အခါ အေကာင့္အသစ္ကို ေငြသား ၅၀% ထုတ္ေပးၿပီး ၊အေကာင့္ေဟာင္းကို ၂၅%သာ ထုတ္ေပးမယ္။ အေရာင္းအဝယ္ျပဳလုပ္တဲ့အခါ သိန္း ၂၀၀ ထက္ပိုတဲ့ေငြသားကို ဘဏ္စနစ္နဲ႔ေပးေခ်ၿပီးေနာက္ အေကာင့္သစ္ New Account ျဖစ္ရင္ ေရာင္းခ်သူအေနနဲ႔ ေငြသား ၅၀ ရာခိုင္ႏူန္း ထုတ္ယူႏိုင္ၿပီး ၊ အေကာင့္ေဟာင္း Old Account ျဖစ္ပါက ေငြသား ၂၅%သာထုတ္ယူႏိုင္တယ္လို႔ ဗဟိုဘဏ္ကေျပာဆိုလိုက္ပါတယ္။
အသစ္ News account ထဲမွာက်န္ရွိတဲ့ ၅၀ ရာခိုင္ႏူန္းကို ရက္ေပါင္း ၃၁ ကေန ၄၅ ရက္အတြင္း ထပ္မံထုတ္ယူႏိုင္တယ္လို႔ သိရွိရၿပီး အေကာင့္အေဟာင္းေတြအတြက္ကိုေတာ့ က်န္ရာခိုင္ႏူန္း ထပ္မံထုတ္ယူဖို႔နဲ႔ပတ္သက္ၿပီး ေျပာဆိုထားျခင္းမရွိတာကိုလည္း ေတြ႕ရပါတယ္။
” အခု ဗဟိုဘဏ္ကေျပာထားတဲ့အထဲက အေကာင့္သစ္ဆိုရင္ ၅၀ ရာခိုင္ႏူန္း ထုတ္ရမယ္ေပါ့။ လုပ္ငန္းလုပ္သူဆိုရင္ တခုေရာင္းၿပီးတိုင္း အိတ္ထဲကစိုက္ရမယ့္ပုံျဖစ္သြားတယ္။ဘာလို႔ဆို သိန္း ၄၀၀ ဆိုရင္ ၂၀၀က လက္ငင္းရမယ္၊ ဘဏ္နဲ႔ေပးလိုက္တဲ့ ၁၀၀ က ၅၀ပဲရမယ္။ ဘယ္လိုအဆင္ေျပမွာလဲ ၊ အေကာင့္အေဟာင္းဆိုရင္၂၅ ရာခိုင္ႏႈန္းပဲျပန္ထုတ္ရမယ္ဆိုေတာ့ အဆင္မေျပပါဘူး “လို႔ လုပ္ငန္းရွင္တဦးက ေျပာပါတယ္။
ဗဟိုဘဏ္ကေတာ့ သိန္း၂၀၀ ထက္ပိုတဲ့ အေရာင္းအဝယ္လုပ္မယ့္သူေတြအနဲ႔ ဒစ္ဂ်စ္တယ္ေပးေခ်မႈကို လက္ခံရမွာျဖစ္ၿပီး၊ အဲ့ဒီဘဏ္စနစ္နဲ႔ ေဆာင္႐ြက္တဲ့ အေထာက္အထားျပႏိုင္မွသာ ေငြသားျပန္လည္ထုတ္ယူခြင့္နဲ႔ အျခားအက်ိဳးခံစားခြင့္ျဖစ္တဲ့ အိမ္ၿခံေျမ၊ ကား အမည္ေပါက္ေျပာင္းျခင္း၊ အခြန္ေပးေဆာင္တာေတြကို အစိုးရဌာနေတြက ခြင့္ျပဳေပးမွာျဖစ္တယ္လို႔ ဗဟိုဘဏ္ကေျပာဆိုထားပါတယ္။
တကယ္လို႔ ပစၥည္းေရာင္းခ်သူဘက္က ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈကို လက္မခံရင္ ျဖစ္ေစ ၊ သိန္း ၂၀၀ ထက္ေက်ာ္တဲ့ပမာဏကို ေရာင္းဝယ္ထားေၾကာင္း စစ္ေဆးေတြ႕ရွိရင္ တည္ဆဲဥေပဒတစ္ရပ္ရပ္အရ သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းေတြကေန အေရးယူေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။
ကုန္ပစၥည္းေတြအေနနဲ႔ကေတာ့ ျပည္ပက တင္သြင္းျခင္းနဲ႔ ျပည္တြင္းမွာထုတ္လုပ္တဲ့ ပစၥည္းအမ်ိဳးမ်ိဳးပါဝင္ေၾကာင္း၊ ဝန္ေဆာင္မႈေတြထဲမွာဆိုရင္ ပညာေရး၊ က်န္းမာေရးစရိတ္၊ အာမခံေၾကး၊ လွ်ပ္စစ္မီတာခ၊ Wedding Packages ၊ ခရီးသြားအပန္းေျဖမႈကိစၥရပ္ စတဲ့ ဝန္ေဆာင္မႈအမ်ိဳးအစားအားလုံး ပါဝင္တယ္လို႔ ဗဟိုဘဏ္က ေျပာဆိုထားပါတယ္။ ဒါေပမယ့္ သိန္း ၂၀၀ တန္ဖိုးရွိၿပီး ကုန္ပစၥည္းအမ်ိဳးအစားမတူညီရင္ေတာ့ လူပုဂၢိဳလ္တဦးထဲကျဖစ္ေစ ေငြသားေပးေခ်ၿပီး ဝယ္ယူႏိုင္တယ္လို႔သိရပါတယ္။
VOM
Unicode
သေချာဖတ်လေနားမလည်လေဖြစ်နေကြတဲ့ ဗဟိုဘဏ်ရဲ့ငွေထုတ်ယူမှုပုံစံစနစ်အသစ်
သိန်း၂၀၀ထက်ပိုလို့ ဘဏ်နဲ့ငွေချေတဲ့အခါ အကောင့်အသစ်ကို ငွေသား ၅၀% ထုတ်ပေးပြီး ၊အကောင့်ဟောင်းကို ၂၅%သာ ထုတ်ပေးမယ်။ အရောင်းအဝယ်ပြုလုပ်တဲ့အခါ သိန်း ၂၀၀ ထက်ပိုတဲ့ငွေသားကို ဘဏ်စနစ်နဲ့ပေးချေပြီးနောက် အကောင့်သစ် New Account ဖြစ်ရင် ရောင်းချသူအနေနဲ့ ငွေသား ၅၀ ရာခိုင်နူန်း ထုတ်ယူနိုင်ပြီး ၊ အကောင့်ဟောင်း Old Account ဖြစ်ပါက ငွေသား ၂၅%သာထုတ်ယူနိုင်တယ်လို့ ဗဟိုဘဏ်ကပြောဆိုလိုက်ပါတယ်။
အသစ် News account ထဲမှာကျန်ရှိတဲ့ ၅၀ ရာခိုင်နူန်းကို ရက်ပေါင်း ၃၁ ကနေ ၄၅ ရက်အတွင်း ထပ်မံထုတ်ယူနိုင်တယ်လို့ သိရှိရပြီး အကောင့်အဟောင်းတွေအတွက်ကိုတော့ ကျန်ရာခိုင်နူန်း ထပ်မံထုတ်ယူဖို့နဲ့ပတ်သက်ပြီး ပြောဆိုထားခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။
” အခု ဗဟိုဘဏ်ကပြောထားတဲ့အထဲက အကောင့်သစ်ဆိုရင် ၅၀ ရာခိုင်နူန်း ထုတ်ရမယ်ပေါ့။ လုပ်ငန်းလုပ်သူဆိုရင် တခုရောင်းပြီးတိုင်း အိတ်ထဲကစိုက်ရမယ့်ပုံဖြစ်သွားတယ်။ဘာလို့ဆို သိန်း ၄၀၀ ဆိုရင် ၂၀၀က လက်ငင်းရမယ်၊ ဘဏ်နဲ့ပေးလိုက်တဲ့ ၁၀၀ က ၅၀ပဲရမယ်။ ဘယ်လိုအဆင်ပြေမှာလဲ ၊ အကောင့်အဟောင်းဆိုရင်၂၅ ရာခိုင်နှုန်းပဲပြန်ထုတ်ရမယ်ဆိုတော့ အဆင်မပြေပါဘူး “လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဗဟိုဘဏ်ကတော့ သိန်း၂၀၀ ထက်ပိုတဲ့ အရောင်းအဝယ်လုပ်မယ့်သူတွေအနဲ့ ဒစ်ဂျစ်တယ်ပေးချေမှုကို လက်ခံရမှာဖြစ်ပြီး၊ အဲ့ဒီဘဏ်စနစ်နဲ့ ဆောင်ရွက်တဲ့ အထောက်အထားပြနိုင်မှသာ ငွေသားပြန်လည်ထုတ်ယူခွင့်နဲ့ အခြားအကျိုးခံစားခွင့်ဖြစ်တဲ့ အိမ်ခြံမြေ၊ ကား အမည်ပေါက်ပြောင်းခြင်း၊ အခွန်ပေးဆောင်တာတွေကို အစိုးရဌာနတွေက ခွင့်ပြုပေးမှာဖြစ်တယ်လို့ ဗဟိုဘဏ်ကပြောဆိုထားပါတယ်။
တကယ်လို့ ပစ္စည်းရောင်းချသူဘက်က ဒစ်ဂျစ်တယ်ငွေပေးချေမှုကို လက်မခံရင် ဖြစ်စေ ၊ သိန်း ၂၀၀ ထက်ကျော်တဲ့ပမာဏကို ရောင်းဝယ်ထားကြောင်း စစ်ဆေးတွေ့ရှိရင် တည်ဆဲဥပေဒတစ်ရပ်ရပ်အရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကနေ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကုန်ပစ္စည်းတွေအနေနဲ့ကတော့ ပြည်ပက တင်သွင်းခြင်းနဲ့ ပြည်တွင်းမှာထုတ်လုပ်တဲ့ ပစ္စည်းအမျိုးမျိုးပါဝင်ကြောင်း၊ ဝန်ဆောင်မှုတွေထဲမှာဆိုရင် ပညာရေး၊ ကျန်းမာရေးစရိတ်၊ အာမခံကြေး၊ လျှပ်စစ်မီတာခ၊ Wedding Packages ၊ ခရီးသွားအပန်းဖြေမှုကိစ္စရပ် စတဲ့ ဝန်ဆောင်မှုအမျိုးအစားအားလုံး ပါဝင်တယ်လို့ ဗဟိုဘဏ်က ပြောဆိုထားပါတယ်။ ဒါပေမယ့် သိန်း ၂၀၀ တန်ဖိုးရှိပြီး ကုန်ပစ္စည်းအမျိုးအစားမတူညီရင်တော့ လူပုဂ္ဂိုလ်တဦးထဲကဖြစ်စေ ငွေသားပေးချေပြီး ဝယ်ယူနိုင်တယ်လို့သိရပါတယ်။
VOM