အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတစ်ဦးဖြစ်သူ အေးနေဝင်းဟာ ဒီကနေ့မနက် နိုဝင်ဘာလ ၉ ရက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဒူဘိုင်းမြို့ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီခွဲလောက်က ရန်ကုန် ၉ မိုင် အေဒီလမ်းမှာရှိတဲ့ ဗိုလ်နေဝင်းအိမ်ကနေ ဒတ်ဘယ်ကပ်လေးစီး စစ်သားအပြည့်နဲ့ ထွက်လာတယ်။ ဟွန်းတွေတီးပြီး မီးလည်းထိုးထားတယ်လို့ ဆိုပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ ရန်ကုန် – မလေး – ဒူဘိုင်း လေယာဉ်ပေါ်မှာ အေးနေဝင်းပါလာတယ်။ ဘိဇနက် ကလပ်စ်က စီးလာတာ။ အကြောင်းရင်းတော့ မသိပါ။
ဒီကနေ့နေ့လယ်မှာ အေးနေဝင်းဟာ ဝှီးလ်ချဲကို စီးနင်းနေပြီး သူနဲ့အတူ အမျိုးသမီးတစ်ဦးလိုက်ပါလာတာကိုလည်း ဓာတ်ပုံထဲမှာ မြင်တွေ့ရပါတယ်။
လက်ရှိအချိန်ထိ ဘယ်အကြောင်းကြောင့် ထွက်ခွာသွားရလဲဆိုတာ သီခြားသတင်း အတည်ပြုနိုင်ခြင်း မရှိသေးသလို ဒီခရီးစဉ်ကို မော်ဒယ်လ် ရွှေအိမ်စည် လိုက်ပါသွားတယ်ဆိုတဲ့သတင်းထွက်ပေါ်မှုကလည်း မှန်၊ မမှန် အတည်မပြုနိုင်သေးပါဘူး။
လာမယ့် နိုဝင်ဘာ ၁၅ ရက်ဟာ အေးနေဝင်း မွေးနေ့ ဖြစ်တာကြောင့် မွေးနေ့ကို ဒူဘိုင်းမှာ လုပ်ဖို့ ကြိုသွားတာမျိုး ဖြစ်လောက်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့တုန်းက ရန်ကုန်မြို့၊ ဆင်မလိုက်မှတ်တိုင်မှာ အေးနေဝင်းရဲ့ အစ်ကိုဖြစ်သူ ကျော်နေဝင်း ပိုင်ဆိုင်တဲ့ Omini Focus ယာဉ်လိုင်းပိုင် YBS 20 ဘတ်စ်ကားပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။
အာဏာသိမ်းပြီးကတည်းက နေဝင်းမိသားစု လှုပ်လှုပ်ရှားရှားဖြစ်တာ ဒီတစ်ကြိမ်ပဲ တွေ့ဖူးသေးတယ်။
unicode