ဗဟုသုတ

ကလေးကိုရိုက်မိ အော်မိတာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုမသိတော့ နားလည်မပေးနိုင်လို့ပါ

ကလေးကိုရိုက်မိ အော်မိတာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုမသိတော့ နားလည်မပေးနိုင်လို့ပါ။အကြိမ်ကြိမ် ပြန်တင်ခဲ့ပြီး သော ပို့စ်အဟောင်းလေးပါ ကလေး တွေ ဆိုးတယ် ၊ထိန်း မနိုင်ဘူး တဲ့လားမေမေ တို့ရေ..ကလေး ရှိတဲ့ အိမ်တိုင်းလိုလိုမှာ တစ်နှစ်ခွဲ နှစ်နှစ်လောက်က စပြီးတော့ ကလေးတွေ ဂျစ်တိုက်တာ ၊ ဂျီကျတာ၊ ပြောစကား နားမထောင်တာတွေကို ကြံရစမြဲပါ။

အဲဒီ့ အခါမှာ ကလေးနဲ့ မိဘ ကြားမှာ တိုက်ပွဲလေးတွေ စလာရတော့တာပါပဲ။ ကလေးတို့ ဂျစ်တိုက်လာတယ်၊ ဂျီကျလာတယ်။ ပြောလို့ ဆိုလို့ မကောင်းဘူး ဆိုတာဟာ တကယ်တော့ မိဘ (လူကြီး) ဘက် က မြင် တဲ့ အမြင်ပါပဲ။

ဒီအရွယ် တစ်နှစ်ကနေ သုံးနှစ်အရွယ်ဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက် ဖွံ့ဖြိုးတဲ့ အချိန်မို့လို့ ကလေးတိုင်းလိုလို ပြောရခက်၊ ဂျီကျတတ်ကြပါတယ်။ ကျွန်မတို့ လူတွေ ရဲ့ ဦးနှောက် ဟာ ဘယ်ဘက် နဲ့ ညာဘက်ခြမ်း ဆိုပြီးတော့ နှစ်ခြမ်း ရှိပါတယ်။ ညာဘက်ခြမ်းက ဒေါသထွက်တာ၊ ပျော်တာ ၊ဝမ်းနည်း တာ စတာတွေ ကို ခံစား တတ်တာတွေကိုလုပ်တယ်။

ဒေါသထွက်ရင် မျက် နှာ ကွက်ကနဲပျက်တာ၊ ဝမ်းသာရင် မျက်နှာလေးက လင်း ကနဲဖြစ်သွားတာ စတဲ့ ( Facial Expression) တွေကိုလည်း ဦးနှောက် ညာဘက် ခြမ်းပိုင်းကလုပ်ပါတယ်။ ဒေါသထွက်ရင် အသံကဒေါသသံပါလာတာ အသံမြန်လာစူးလာတာ၊ ပျော်ရင် အသံက ပျော်တဲ့ အသံ ပေါက်လာတာ (Tone of Voice) ဒါတွေကိုလည်း ဦးနှောက်ညာဘက်ခြမ်း ကလုပ်ပါတယ်။

ကျွန်မတို့ ရဲ့ ဦးနှောက် ဘယ်ဘက်ခြမ်းကတော့ အကျိုးနဲ့ အကြောင်း( Logical thinking)တွေးခေါ် စဉ်းစားတဲံ့အလုပ် ၊ နာမည် တပ်တဲ့ အလုပ် တွေကို လုပ်ပါတယ်။ ဒီလောက် ဆိုရင် ခံစားမှု နဲ ပါတ်သတ် ပြီးတော့ ဦးနှောက်နှစ်ခြမ်း မှာ ဘယ်အပိုင်းကို ဘာတွေကို လုပ်တယ် ဆိုတာကို မေမေ တို့အကြမ်း အားဖြင့် သဘော ပေါက် လောက်ပါပြီ။

ကလေးတို့ ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အရ အထူးသဖြင့် မွေးစကနေ သုံးနှစ်လောက် အတွင်းမှာ ကလေးတို့ဟာ ညာဘက် ဦးနှောက် အခြမ်းက ၊ ဘက်ဘက် ဦးနှောက်အခြမ်းထက် အရင် စတင် ဖွံ့ဖြိုးပါတယ်။ ဘယ်ဘက် အခြမ်းက ကောင်းကောင်း မဖွံဖြိုးသေးပါဘူး။

ဒါကြောင့် သူတို့ ဟာ ဒေါသထွက်ရင် ဒေါသထွက် တာကို စကားလုံးနဲ့ မဖော်ပြတတ်သေးဘူး။ မထိန်းသိမ်းတတ်သေးဘူး။ စိတ်တိုလာ ရင် ကန်ကြောက်မယ်၊ အော်ဟစ်မယ်၊ ကိုယ်ကို ကြမ်းပြင်ပေါ်လှိမ့်ချမယ်။ ပျော်ရင် ထခုန်မယ်။ ဒါ တွေကို အကနု့သတ် အဆီးတားမရှိသူတို့ လုပ်တတ်ကြပါတယ်။

ပြောဆိုရင် မပြောဘူး။ လူစိမ်းနဲ့ တွေ့ရင် လည်း နှုတ်ဆက်ချင်မှ နှုတ်ဆက်မယ်။ နှုတ်မဆက်လို့ ရိုင်းပါလား ဆိုတာကို သူတို့ ဘယ်လို မှ နားကို မလည် နိုင်သေးပါဘူး။ သူတို့ ပြောချင် ရင် ပြောမယ်။ မပြောချင် ရင် မပြောဘူး ။စိတ်ခံစားချက် အတိုင်း လိုက်တတ်ကြပါတယ်။

အဲလိုပဲ တစ်နေရာ ကို ကလေးနဲ့ အတူတူ လမ်းလျှောက်သွားချိန်မျိုးမှာ သူတို့ စိတ်ဝင်စားတာကို တွေ့ရင် အကြာကြီးရပ်ကြည့်ချင် ကြည့်နေမှာပဲ။ အဲလို ရပ်ကြည့်နေလို့ သွားစရာ ရှိတာတွေ နောက်ကျကုန်မယ် လို့ လူကြီးက ဘယ်လောက်ပြောပြော သူတို့ နားမလည်နိုင်သေးပါဘူး။ အကျိုးအကြောင်းကို နာလည် နိုင်တဲ့ဦးနှောက်ဘယ်ဘက်အခြမ်း မဖွံ့ဖြိုးသေးလို့ပါပဲ။

ဒီအရွယ်မှာ အကောင်းဆုံး ကလေးပြုစုစောင့်ရှောက်နည်းကတော့ ကလေး နဲ့ တိုက်ရိုက် ပြသနာ ဖြစ်နိုင်တဲ့ အပြုမူ မျိုးကို လူကြီးက ရှောင်ရပါမယ်။ ဥပမာ- ကားနဲ့ ခရီး ကြာကြာသွားတဲ့ အခါမျိုးမှာ ကလေး ပျင်းရင် ဂျီမကျနိုင်အောင်လို့ ကလေးမပျင်းအောင် ( ကစားစရာ၊ ပုံဆွဲစာအုပ် စတာတွေကိုယူသွားတာမျိုး) ကိုယ့်ကားနဲ့ ကိုယ်ဆိုရင် လမ်းမှာ ခဏရပ်တာမျိုးပါ။

အဲလိုပဲ ကလေး ကို အိပ်ချိန်၊ စားချိန် မှန်အောင်လေ့ကျင့် ပေးတာ၊ သူမနှုတ်ဆက်ချင်တဲ့ တစိမ်းကို အတင်း မနှုတ်ဆက်ခိုင်းတာ၊ အယဉ်အကျေး စကား တွေကို ကလေး မပြောချင်တိုင်း အတင်း မပြောခိုင်းရပါဘူး။ အရေးကြီးဆုံး အရာက ကလေး ဘာလုပ်လုပ် ပျော်ဖို့ပါ။ ကလေး ပျော် ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ ဖြစ်ချင်တဲ့ အရာကို ကစားရင်းနဲ့ ကလေးတို့ကို မသိမသာ သင်ပေးရပါမယ်။ (ဒီအရွယ်ကလေးတွေကို စည်းကမ်းဘယ်လို ပေးရမယ် ဆိုတာကို ပျော်စရာကောင်းတဲ့ စည်းကမ်း ဆိုတဲ့ နာမည် နဲ့ ကျွန်မ ရေးထားဖူးပါတယ်။ )

ကလေးတို့ ဟာ ဂျီ ကျလာပြီ။ အော်ဟစ်လာ ပြီ ၊ သောင်းကျန်းလာပြီ ဆိုရင်တော့ လူကြီးတို့ဟာ ကလေး နဲ့ အပြိုင်လိုက်ပြီးတော့ စိတ်ဆိုး ၊ စိတ်တို၊ အော်ဟစ်၊ ဆူပူ ၊ရိုက်နှက်တာ မျိုး မလုပ်ရပါဘူး။ သူတို့ အကြီးအကျယ် သောင်းကျန်း ခြင်းဟာ သူတို့ ဦးနှောက် ညာဘက်ခြမ်း အလွန်တရာ အလုပ်လုပ်နေခြင်းပါ။

ဒေါသထွက်၊ စိတ်တိုနေတဲ့ စိတ်ကလေး ပြေပျောက်သွားအောင်လို့ သူတို့ ကိုပွေ့ဖက် ရပါမယ်။ သူတို့ ခံစား နေတာကို နားလည် တဲ့ အကြောင်းကို အထိအတွေ့ (ပွေ့ဖက်ခြင်း၊ ကျောလေးသပ်ပေးခြင်း) နဲ့ စိတ်ပြေတဲ့ အထိ လုပ်ပေးရပါမယ် ။ စိတ်လေး အေး ချမ်းသွားတဲ့အ ထိ ချော့မြူပွတ်သပ်ပေးပါ။ ပြီးပြီ ဆိုတော့မှ အေးအေးဆေးဆေး ကလေးကို ပြောပြရပါမယ်။ ဒါမှ မဟုတ် အာရုံလွှဲပေးရပါမယ်။

ကလေးတို့ဟာ မေမေ ဒါ ဘာကြောင့် ဒီလို ဖြစ်တာလဲ။ ဘာကြောင့် ကားက သွား တာလဲ။ ဘာကြောင့် ထမင်း က မဝါဘဲ ဖြူနေတာလဲ ဆိုတဲ့ လူကြီးစိတ်ညစ်ဖွယ်ကောင်းအောင် မေးလာပြီ ဆိုရင်တော့ သူတို့ ဦးနှောက် ဘယ်ဘက်ခြမ်း (အကျိုးအကြောင်းကို နားလည် တဲ့အခြမ်း) ဖွံ့ဖြိုးလာပါပြီ။ ကျွန်မတို့ ရဲ့ ဦးနှောက် ဟာ မွေးကတည်း က ဖွံ့ဖြိုးပြီး ပါလာတာမဟုတ်ပါဘူး ။ ကလေးတို့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် ကျွန်မတို့ဟာ ကလေးတို့ကို လေ့ကျင့် ပေးဖို့ လိုပါတယ်။ ကလေးဦးနှောက်ဖွံ့ဖြိုးဖို့ အတွက်အေရးကြီးဆုံးအရာ က ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာပါ။

အခု လိမ်မာတယ် ၊ အသိရှိတယ် လို့ ပြောကြတဲ့ ကျွန်မရဲ့ ရှစ်နှစ်သား သားကြီး သြရသ ငယ်ငယ်တုံးက ဆိုရင် ဘယ် သူ့ကို မှ လမ်းတွေ့ရင် နှုတ်ဆက်ခိုင်းလို့ မရပါဘူး။ သူ့ကို ချစ်စရာလေး မို့လို့ ချစ်လို့ ကြည့်ရင် သူစိတ်အနှောက်ယှက်ဖြစ်တတ်ပါတယ်။ ဒီကာလ (တစ်နှစ်ကနေ သုံးနှစ်အတွင်း) မှာ ကျွန်မဟာ သား တစ်မျက်နှာကို ပဲ ကြည့်ပြီးတော့ထိန်းကျောင်းခဲ့ရတာပါပဲ။

ကျွန်မတို့ ကလေးတွေ လိမ်မာ၊ထူးချွန်ဖို့ ဆိုတာဟာ ဘဝတစ်သက်တာ လုံးအတွက် ကျွန်မတို့ က မျိုးစေ့ချပေး ရမှာပါ။ ဒီကာလလေး တစ်ခုတည်းမှာ လူကြီးကို ကြောက်လို့ လိမ်မာ ရတဲ့။ လူလိမ်မာလေးတွေ မဖြစ်စေချင်ပါဘူး။ ကလေးတို့ရဲ့ စိတ် ပိုင်းဆိုင်ရာ ကို ထိခိုက်စေမယ့် အပြု အမူ၊ အပြောအဆိုမျိုး ကို အထူးသဖြင့် ရှောင်ရှားကြဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ် ရှင်။

ကျွန်မ အနေနဲ့ကတော့ ဆိုးတဲ့ ကလေး ဆိုတာကို ဘယ်တုံးကမှ မတွေ့ဘူးခဲ့ပါဘူး။ ကလေးများဟာ မဆိုးပါဘူး။ ကလေးရဲ့ကမ္ဘာ၊ ကလေးအတွေး၊ ကလေးရဲ့ အမြင်ကို လူကြီး တွေက ဝင်မကြည့်၊ ဝင်မတွေး ပေးနိုင်ခြင်းဟာ ကလေး တွေကို ဆိုးတယ် လို့ ထင် ရတဲ့အကြောင်းရင်းပါ

ခေတ်ဘုန်းသစ်

Zawgyi

ကေလးကို႐ိုက္မိ ေအာ္မိတာ ကေလးဦးေႏွာက္ဖြံ႕ၿဖိဳးမႈကိုမသိေတာ့ နားလည္မေပးႏိုင္လို႔ပါ။

အႀကိမ္ႀကိမ္ ျပန္တင္ခဲ့ၿပီး ေသာ ပို႔စ္အေဟာင္းေလးပါ ကေလး ေတြ ဆိုးတယ္ ၊ထိန္း မႏိုင္ဘူး တဲ့လား ေမေမ တို႔ေရ..ကေလး ရွိတဲ့ အိမ္တိုင္းလိုလိုမွာ တစ္ႏွစ္ခြဲ ႏွစ္ႏွစ္ေလာက္က စၿပီးေတာ့ ကေလးေတြ ဂ်စ္တိုက္တာ ၊ ဂ်ီက်တာ၊ ေျပာစကား နားမေထာင္တာေတြကို ႀကံရစၿမဲပါ။

အဲဒီ့ အခါမွာ ကေလးနဲ႔ မိဘ ၾကားမွာ တိုက္ပြဲေလးေတြ စလာရေတာ့တာပါပဲ။ ကေလးတို႔ ဂ်စ္တိုက္လာတယ္၊ ဂ်ီက်လာတယ္။ ေျပာလို႔ ဆိုလို႔ မေကာင္းဘူး ဆိုတာဟာ တကယ္ေတာ့ မိဘ (လူႀကီး) ဘက္ က ျမင္ တဲ့ အျမင္ပါပဲ။

ဒီအ႐ြယ္ တစ္ႏွစ္ကေန သုံးႏွစ္အ႐ြယ္ဟာ ကေလးတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာခံစားခ်က္ ဖြံ႕ၿဖိဳးတဲ့ အခ်ိန္မို႔လို႔ ကေလးတိုင္းလိုလို ေျပာရခက္၊ ဂ်ီက်တတ္ၾကပါတယ္။ ကြၽန္မတို႔ လူေတြ ရဲ႕ ဦးေႏွာက္ ဟာ ဘယ္ဘက္ နဲ႔ ညာဘက္ျခမ္း ဆိုၿပီးေတာ့ ႏွစ္ျခမ္း ရွိပါတယ္။ ညာဘက္ျခမ္းက ေဒါသထြက္တာ၊ ေပ်ာ္တာ ၊ဝမ္းနည္း တာ စတာေတြ ကို ခံစား တတ္တာေတြကိုလုပ္တယ္။

ေဒါသထြက္ရင္ မ်က္ ႏွာ ကြက္ကနဲပ်က္တာ၊ ဝမ္းသာရင္ မ်က္ႏွာေလးက လင္း ကနဲျဖစ္သြားတာ စတဲ့ ( Facial Expression) ေတြကိုလည္း ဦးေႏွာက္ ညာဘက္ ျခမ္းပိုင္းကလုပ္ပါတယ္။ ေဒါသထြက္ရင္ အသံကေဒါသသံပါလာတာ အသံျမန္လာစူးလာတာ၊ ေပ်ာ္ရင္ အသံက ေပ်ာ္တဲ့ အသံ ေပါက္လာတာ (Tone of Voice) ဒါေတြကိုလည္း ဦးေႏွာက္ညာဘက္ျခမ္း ကလုပ္ပါတယ္။

ကြၽန္မတို႔ ရဲ႕ ဦးေႏွာက္ ဘယ္ဘက္ျခမ္းကေတာ့ အက်ိဳးနဲ႔ အေၾကာင္း( Logical thinking)ေတြးေခၚ စဥ္းစားတဲံ့အလုပ္ ၊ နာမည္ တပ္တဲ့ အလုပ္ ေတြကို လုပ္ပါတယ္။ ဒီေလာက္ ဆိုရင္ ခံစားမႈ နဲ ပါတ္သတ္ ၿပီးေတာ့ ဦးေႏွာက္ႏွစ္ျခမ္း မွာ ဘယ္အပိုင္းကို ဘာေတြကို လုပ္တယ္ ဆိုတာကို ေမေမ တို႔အၾကမ္း အားျဖင့္ သေဘာ ေပါက္ ေလာက္ပါၿပီ။

ကေလးတို႔ ရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ အရ အထူးသျဖင့္ ေမြးစကေန သုံးႏွစ္ေလာက္ အတြင္းမွာ ကေလးတို႔ဟာ ညာဘက္ ဦးေႏွာက္ အျခမ္းက ၊ ဘက္ဘက္ ဦးေႏွာက္အျခမ္းထက္ အရင္ စတင္ ဖြံ႕ၿဖိဳးပါတယ္။ ဘယ္ဘက္ အျခမ္းက ေကာင္းေကာင္း မဖြံၿဖိဳးေသးပါဘူး။

ဒါေၾကာင့္ သူတို႔ ဟာ ေဒါသထြက္ရင္ ေဒါသထြက္ တာကို စကားလုံးနဲ႔ မေဖာ္ျပတတ္ေသးဘူး။ မထိန္းသိမ္းတတ္ေသးဘူး။ စိတ္တိုလာ ရင္ ကန္ေၾကာက္မယ္၊ ေအာ္ဟစ္မယ္၊ ကိုယ္ကို ၾကမ္းျပင္ေပၚလွိမ့္ခ်မယ္။ ေပ်ာ္ရင္ ထခုန္မယ္။ ဒါ ေတြကို အကႏု႔သတ္ အဆီးတားမရွိသူတို႔ လုပ္တတ္ၾကပါတယ္။

ေျပာဆိုရင္ မေျပာဘူး။ လူစိမ္းနဲ႔ ေတြ႕ရင္ လည္း ႏႈတ္ဆက္ခ်င္မွ ႏႈတ္ဆက္မယ္။ ႏႈတ္မဆက္လို႔ ႐ိုင္းပါလား ဆိုတာကို သူတို႔ ဘယ္လို မွ နားကို မလည္ ႏိုင္ေသးပါဘူး။ သူတို႔ ေျပာခ်င္ ရင္ ေျပာမယ္။ မေျပာခ်င္ ရင္ မေျပာဘူး ။စိတ္ခံစားခ်က္ အတိုင္း လိုက္တတ္ၾကပါတယ္။

အဲလိုပဲ တစ္ေနရာ ကို ကေလးနဲ႔ အတူတူ လမ္းေလွ်ာက္သြားခ်ိန္မ်ိဳးမွာ သူတို႔ စိတ္ဝင္စားတာကို ေတြ႕ရင္ အၾကာႀကီးရပ္ၾကည့္ခ်င္ ၾကည့္ေနမွာပဲ။ အဲလို ရပ္ၾကည့္ေနလို႔ သြားစရာ ရွိတာေတြ ေနာက္က်ကုန္မယ္ လို႔ လူႀကီးက ဘယ္ေလာက္ေျပာေျပာ သူတို႔ နားမလည္ႏိုင္ေသးပါဘူး။ အက်ိဳးအေၾကာင္းကို နာလည္ ႏိုင္တဲ့ဦးေႏွာက္ဘယ္ဘက္အျခမ္း မဖြံ႕ၿဖိဳးေသးလို႔ပါပဲ။

ဒီအ႐ြယ္မွာ အေကာင္းဆုံး ကေလးျပဳစုေစာင့္ေရွာက္နည္းကေတာ့ ကေလး နဲ႔ တိုက္႐ိုက္ ျပသနာ ျဖစ္ႏိုင္တဲ့ အျပဳမူ မ်ိဳးကို လူႀကီးက ေရွာင္ရပါမယ္။ ဥပမာ- ကားနဲ႔ ခရီး ၾကာၾကာသြားတဲ့ အခါမ်ိဳးမွာ ကေလး ပ်င္းရင္ ဂ်ီမက်ႏိုင္ေအာင္လို႔ ကေလးမပ်င္းေအာင္ ( ကစားစရာ၊ ပုံဆြဲစာအုပ္ စတာေတြကိုယူသြားတာမ်ိဳး) ကိုယ့္ကားနဲ႔ ကိုယ္ဆိုရင္ လမ္းမွာ ခဏရပ္တာမ်ိဳးပါ။

အဲလိုပဲ ကေလး ကို အိပ္ခ်ိန္၊ စားခ်ိန္ မွန္ေအာင္ေလ့က်င့္ ေပးတာ၊ သူမႏႈတ္ဆက္ခ်င္တဲ့ တစိမ္းကို အတင္း မႏႈတ္ဆက္ခိုင္းတာ၊ အယဥ္အေက်း စကား ေတြကို ကေလး မေျပာခ်င္တိုင္း အတင္း မေျပာခိုင္းရပါဘူး။ အေရးႀကီးဆုံး အရာက ကေလး ဘာလုပ္လုပ္ ေပ်ာ္ဖို႔ပါ။ ကေလး ေပ်ာ္ ဖို႔ အေရးႀကီးပါတယ္။ ကိုယ္လိုခ်င္တဲ့ ျဖစ္ခ်င္တဲ့ အရာကို ကစားရင္းနဲ႔ ကေလးတို႔ကို မသိမသာ သင္ေပးရပါမယ္။ (ဒီအ႐ြယ္ကေလးေတြကို စည္းကမ္းဘယ္လို ေပးရမယ္ ဆိုတာကို ေပ်ာ္စရာေကာင္းတဲ့ စည္းကမ္း ဆိုတဲ့ နာမည္ နဲ႔ ကြၽန္မ ေရးထားဖူးပါတယ္။ )

ကေလးတို႔ ဟာ ဂ်ီ က်လာၿပီ။ ေအာ္ဟစ္လာ ၿပီ ၊ ေသာင္းက်န္းလာၿပီ ဆိုရင္ေတာ့ လူႀကီးတို႔ဟာ ကေလး နဲ႔ အၿပိဳင္လိုက္ၿပီးေတာ့ စိတ္ဆိုး ၊ စိတ္တို၊ ေအာ္ဟစ္၊ ဆူပူ ၊႐ိုက္ႏွက္တာ မ်ိဳး မလုပ္ရပါဘူး။ သူတို႔ အႀကီးအက်ယ္ ေသာင္းက်န္း ျခင္းဟာ သူတို႔ ဦးေႏွာက္ ညာဘက္ျခမ္း အလြန္တရာ အလုပ္လုပ္ေနျခင္းပါ။

ေဒါသထြက္၊ စိတ္တိုေနတဲ့ စိတ္ကေလး ေျပေပ်ာက္သြားေအာင္လို႔ သူတို႔ ကိုေပြ႕ဖက္ ရပါမယ္။ သူတို႔ ခံစား ေနတာကို နားလည္ တဲ့ အေၾကာင္းကို အထိအေတြ႕ (ေပြ႕ဖက္ျခင္း၊ ေက်ာေလးသပ္ေပးျခင္း) နဲ႔ စိတ္ေျပတဲ့ အထိ လုပ္ေပးရပါမယ္ ။ စိတ္ေလး ေအး ခ်မ္းသြားတဲ့အ ထိ ေခ်ာ့ျမဴပြတ္သပ္ေပးပါ။ ၿပီးၿပီ ဆိုေတာ့မွ ေအးေအးေဆးေဆး ကေလးကို ေျပာျပရပါမယ္။ ဒါမွ မဟုတ္ အာ႐ုံလႊဲေပးရပါမယ္။

ကေလးတို႔ဟာ ေမေမ ဒါ ဘာေၾကာင့္ ဒီလို ျဖစ္တာလဲ။ ဘာေၾကာင့္ ကားက သြား တာလဲ။ ဘာေၾကာင့္ ထမင္း က မဝါဘဲ ျဖဴေနတာလဲ ဆိုတဲ့ လူႀကီးစိတ္ညစ္ဖြယ္ေကာင္းေအာင္ ေမးလာၿပီ ဆိုရင္ေတာ့ သူတို႔ ဦးေႏွာက္ ဘယ္ဘက္ျခမ္း (အက်ိဳးအေၾကာင္းကို နားလည္ တဲ့အျခမ္း) ဖြံ႕ၿဖိဳးလာပါၿပီ။ ကြၽန္မတို႔ ရဲ႕ ဦးေႏွာက္ ဟာ ေမြးကတည္း က ဖြံ႕ၿဖိဳးၿပီး ပါလာတာမဟုတ္ပါဘူး ။ ကေလးတို႔ ဦးေႏွာက္ဖြံ႕ၿဖိဳးဖို႔အတြက္ ကြၽန္မတို႔ဟာ ကေလးတို႔ကို ေလ့က်င့္ ေပးဖို႔ လိုပါတယ္။ ကေလးဦးေႏွာက္ဖြံ႕ၿဖိဳးဖို႔ အတြက္ေအရးႀကီးဆုံးအရာ က ေပ်ာ္႐ႊင္မႈနဲ႔ ခ်စ္ျခင္းေမတၱာပါ။

အခု လိမ္မာတယ္ ၊ အသိရွိတယ္ လို႔ ေျပာၾကတဲ့ ကြၽန္မရဲ႕ ရွစ္ႏွစ္သား သားႀကီး ၾသရသ ငယ္ငယ္တုံးက ဆိုရင္ ဘယ္ သူ႔ကို မွ လမ္းေတြ႕ရင္ ႏႈတ္ဆက္ခိုင္းလို႔ မရပါဘူး။ သူ႔ကို ခ်စ္စရာေလး မို႔လို႔ ခ်စ္လို႔ ၾကည့္ရင္ သူစိတ္အေႏွာက္ယွက္ျဖစ္တတ္ပါတယ္။ ဒီကာလ (တစ္ႏွစ္ကေန သုံးႏွစ္အတြင္း) မွာ ကြၽန္မဟာ သား တစ္မ်က္ႏွာကို ပဲ ၾကည့္ၿပီးေတာ့ထိန္းေက်ာင္းခဲ့ရတာပါပဲ။

ကြၽန္မတို႔ ကေလးေတြ လိမ္မာ၊ထူးခြၽန္ဖို႔ ဆိုတာဟာ ဘဝတစ္သက္တာ လုံးအတြက္ ကြၽန္မတို႔ က မ်ိဳးေစ့ခ်ေပး ရမွာပါ။ ဒီကာလေလး တစ္ခုတည္းမွာ လူႀကီးကို ေၾကာက္လို႔ လိမ္မာ ရတဲ့။ လူလိမ္မာေလးေတြ မျဖစ္ေစခ်င္ပါဘူး။ ကေလးတို႔ရဲ႕ စိတ္ ပိုင္းဆိုင္ရာ ကို ထိခိုက္ေစမယ့္ အျပဳ အမူ၊ အေျပာအဆိုမ်ိဳး ကို အထူးသျဖင့္ ေရွာင္ရွားၾကဖို႔ ကြၽန္မ တိုက္တြန္းခ်င္ပါတယ္ ရွင္။

ကြၽန္မ အေနနဲ႔ကေတာ့ ဆိုးတဲ့ ကေလး ဆိုတာကို ဘယ္တုံးကမွ မေတြ႕ဘူးခဲ့ပါဘူး။ ကေလးမ်ားဟာ မဆိုးပါဘူး။ ကေလးရဲ႕ကမာၻ၊ ကေလးအေတြး၊ ကေလးရဲ႕ အျမင္ကို လူႀကီး ေတြက ဝင္မၾကည့္၊ ဝင္မေတြး ေပးႏိုင္ျခင္းဟာ ကေလး ေတြကို ဆိုးတယ္ လို႔ ထင္ ရတဲ့အေၾကာင္းရင္းပါ

ေခတ္ဘုန္းသစ္