တိပိဋကယောဆရာတော်ကြီး သီတင်းသုံးနေသည့် ရန်ကုန်ကျောင်းတိုက်ကို စစ်တပ်က စစ်ဖိနပ်မချွတ်ဘဲ အင်အားအလုံးအရင်းဖြင့် အကြမ်းဖက်ဝင်စီး၊ ဘာမှ ရှာမတွေ့မှ သတင်းမှားဟု ရိုင်းပျစွာ ပြောဆို ပြန်သွား
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ဝိနည်းကို အထူးအလေးထားပြီး သီလ၊ သမာဓိ၊ ပညာဖြင့် ပြည့်စုံသော တိပိဋကယောဆရာတော် စီမံအုပ်ချုပ် သီတင်းသုံးနေသော ရန်ကုန်တိုင်း၊ ဗဟန်းမြို့ နယ် ရှိ မဟာဝိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်ကြီးကို စစ်ကောင်စီတပ်က နိုဝင် ဘာ လ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့ ကြောင်း ဆရာတော်ကြီး၏ ဒါယိကာများထံမှ သိရှိရသည်။
ယောဆရာတော်ကြီးအပါအဝင် သံဃာတော်များ ဘုရားဝတ်ပြုနေချိန်တွင် စစ်ကား ၅ စီးဖြင့် ရောက်ရှိလာပြီး စစ်ဖိနပ်များမချွတ်ဘဲ ကျောင်းတိုက်ကို ပိတ်ဆို့အကြမ်းဖက် စီးနင်းပြီး ၅ ထပ်ကျောင်းဆောင် အောက်ထပ်နှင့် ဆွမ်းချက်ဆောင်အပေါ်ထပ်ကို ရှာဖွေမှုများကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရှိရသည်။
ယောဒေသမှ အမျိုးသမီး PDF ၆ ယောက် ဖောက်ခွဲရေးပစ္စည်းများနှင့် ဖောက် ခွဲ ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိတည်းခိုနေကြောင်း သတင်းအတိအကျရသဖြင့် လာရှာခြင်းဖြစ်သည်ဟု စစ်တပ်ဘက်က ရိုင်းပျစွာ ပြောဆိုကြောင်း၊ ကျောင်းဆောင်ဆောက်လုပ်နေသူများကို ပုံစံထိုင်ခိုင်းကာစစ်ဆေးမှုများလုပ်ခဲ့ကြောင်း ဆရာတော်ကြီး၏ အနီးကပ် ဒါယိကာများထံမှ သိရှိရသည်။
ယောဆရာတော်ကြီး၏ ကျောင်းဆောင်အားလုံးကို စိတ်ကြိုက်ရှာဖွေပြီး မတွေ့မှ ယောဆရာတော်ကြီးကို အသိပေးကာ ပြန်သွားကြကြောင်း၊ ယောဆရာ တော်ကြီးသည် တိပိဋက ဆရာတော်တစ်ပါးဖြစ်ပြီး နိုင်ငံတစ်ဝန်း သံဃာများက ကြည်ညိုလေးစားရသည့် ထေကြီးဝါကြီး ဆရာတော်ကြီး တစ်ပါးဖြစ် ကြောင်း၊ နိုင်ငံတော်သံဃာမဟာနာယကမှ ဆရာတော်၊သံဃာတော်များက ကြည် ညိုသူ တစ်ဦးဖြစ်ရာ ယခုကဲ့သို့ ရိုင်းပြစော် ကားသည့် အပြုအမူမျိုး မလုပ်သင့်ကြောင်း ၎င်းကဆိုသည်။
unicode