မနေ့က ဇွန်လ ၁ဝရက် ၊ ပြင်ဦးလွင် အနီးစခန်းအနီးမှာ လေယဉ်တစီးပျက်ကျပြီး လူ ၁၂ ဦးသေ ကာ အမျိုးသမီးတဦး စိုးရိမ်ရအခြေအနေ ရှိတယ်လို့ မန္တလာမြေမှ မီးသတင်းများ ဖေ့ဘွတ်စာမျက်နှာက အတည်ပြုထားပါတယ်
ဒီထဲကနေမှ ထူးခြားစွာ အသက်ဘေးက လွတ်မြောက်ခဲ့သူကတော့ ၉ နှစ်အရွယ် မောင်ကံကောင်းလေး ပိုင်ဘုန်းပြည့် ဘဲဖြစ်ပါတယ်
သူရဲ့ မိဘတွေဖြစ်တဲ့ ဘီးလင်းမြို့က ရွှေဖူး ကုမ္ပဏီ ပိုင်ရှင် ဦးမြဖူး ၊ ဒေါ်လဲ့လဲ့ဝင်း နဲ့ အစ်ကို ဖြစ်သူ တို့ဟာ အဆိုပါ ဖြစ်စဉ်မှာဘဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်
ဓာတ်ပုံလေးကတော့ သူ့ရဲ့မွေးနေ့ပွဲမှာ ဖေဖေ မေမေ ကိုကို တို့နဲ့ ပျော်ရွှင်စွာ ဆင်နွှဲနေတာတွေ့ကြရမှာပါ၊ ထွက်သွားတဲ့လူတွေက ထွက်သွားခဲ့ ကြပေမယ့် ကျန်ရစ်တဲ့လူကတော့ လွမ်းစွတ် ခံစားနေရတော့မှာပါ
လူသန်းတစ်ထောင်မှာ တစ်ယောက်ဆိုသလို ရှားရှားပါးပါး အသက်ရှင်ကျန်တဲ့ ဖိုးကံကောင်းလေးအတွက် အားပေးစကားတွေပြောခဲ့ကြပါအုံးနော်၊ အချိန်ပေး ဖတ်ရှု့ခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်