အခ်စ္ေရး

နစ်နာစေတဲ့ အချစ်မျိုးဖြစ်အောင် မချစ်ကြဖို့ သတိပေးလိုက် တဲ့ ပုညခင်…

နစ်နာစေတဲ့ အချစ်မျိုးဖြစ်အောင် မချစ်ကြဖို့ သတိပေးလိုက် တဲ့ ပုညခင်…

လွန်ခဲ့တဲ့နှစ်တွေကတည်းကရင်သပ်ရှု့မောဖွယ် ဇာတ်အချိုးအကွေ့အဖွဲ့အနွဲ့အသုံးအနှုန်းတွေနဲ့ ဝတ္ထုစာအုပ်ပေါင်းများစွာထုတ်ပြီးပရိသတ်တွေ ရင်ထဲကိုဝင်ရောက်လာခဲ့တဲ့ပုညခင်ဆိုတဲ့ စာရေးဆရာမကိုလူတိုင်းနီးပါးသိကြမှာပါ။

ပုညခင်ဟာစာရေးဆရာမသက်သက်တင်မဟုတ်၊ ဇာတ်ညွှန်းတွေကြုံရင်ရေးသားသူလည်းဖြစ်တဲ့အပြင်စာအုပ်တွေထဲမှာ

လူငယ်တွေအတွက်ချစ်မှုရေးရာအကြံပေးစကားတွေလည်း အားရှိစရာထည့်သွင်းရေးသားတတ်တဲ့ အားကိုးချင်စရာအချစ်ရေး အကြံပေးတစ်ဦးလည်းဖြစ်ပါသေးတယ်။

ပုညခင်က မီဒီယာတွေနဲ့အင်တာဗျူးမှာ အချစ်အပေါ် ခံယူချက်တွေနဲ့ လူငယ်တွေအတွက် အကြံပေးစကားအချို့ကို ဖြေကြားထားပေးပါတယ် …။

ပုညခင်ကသူမရဲ့ချစ်ခြင်းမေတ္တာအပေါ် ရှု့မြင်ပုံကို “အချစ်ဆိုတာကတော့အနည်းဆုံးတော့တစ်ယောက်နဲ့ တစ်ယောက် လူဆိုတာ အတ္တမကင်းဘူး ဆိုပေမယ့်လည်း

အတ္တကို လျှော့ပြီးတော့တစ်ယောက်နဲ့ တစ်ယောက်ညှိုနှိုင်းရမယ့်အရာမျိုးလို့ အစ်မကတော့ ထင်ပါတယ်”လို့ဆရာမကပြောပြထားပါတယ် …။

ပုညခင်ကသူမရဲ့အိမ်ထောင်ရေးအကြောင်းကိုလည်း “အစ်မက အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ကျတာ။ အိမ်ထောင်ကျတော့ (၃၇) နှစ် ရှိပါပြီ။

အစ်မထက် ငယ်တဲ့လူနဲ့အိမ်ထောင်ကျတာပါ။ အစ်မထက်ငယ်တယ်ဆိုပေမယ့်အစ်မထက် ရှစ်နှစ်လောက်ငယ်တာပေါ့နော်။ ငယ်ပေမယ့်အခု အိမ်ထောင်သက်က ကိုးနှစ်လောက် ရှိပါပြီ …”လို့ ပြောပြထားပါတယ် …။

ပုညခင်ကအချစ်ရေးပင်လယ်ထဲမှာမြှပ်ချီပေါ်ချီ ကူးခတ် နေကြဆဲဖြစ်တဲ့သူမရဲ့စာဖတ်ပရိသတ်မနူးမနပ် လူငယ်လေးတွေ အတွက်လည်း

စေတနာဗရပွနဲ့ အကြံပေးစကားတွေကို “လူငယ်တွေကို ပြောချင်တာကတော့ အချစ်ဆိုတဲ့ဟာအပေါ်မှာအရမ်းကြီး ရူးသွပ်နေတာမျိုးမဟုတ်ပဲနဲ့လေ တစ်ယောက်နဲ့ တစ်ယောက် နစ်နာစေတဲ့ အချစ်မျိုး မဖြစ်အောင်ပေါ့နော် …။

ကိုယ်ကလည်း ကိုယ်ချစ်တဲ့သူကိုနစ်နာမသွားအောင် ကိုယ့်ကြောင့် ဆုတ်ယုတ် မသွားအောင်၊

ကိုယ်ချစ်တဲ့သူကလည်း ကိုယ့်ကို နစ်နာအောင် လုပ်ရင်လည်း ဒီအပေါ်မှာ ကိုယ့်ဘဝပျက်စီးမသွားပဲနဲ့ ကိုယ့်ဘဝကိုယ် ထိန်းကွပ်နိုင်အောင် အများကြီး ကြိုးစားသင့်တယ်လို့ အစ်မကတော့ထင်ပါတယ်”လို့ သေချာလေး ပြောပြထားပါတယ် …။

ပရိသတ်ကြီးထဲမှာရော.. ပုညခင်စာအုပ်တွေကို စွဲစွဲလန်းလန်း ဖတ်ရှု့သူတွေ ရှိကြလား။ ပုညခင်ရဲ့ နောက်ထွက်လာမယ့် စာအုပ်တွေကိုရော.. အားပေးဖို့ အသင့်ပဲလား …?

Credit to original

============

Unicode,

နစ်နာစေတဲ့ အချစ်မျိုးဖြစ်အောင် မချစ်ကြဖို့ သတိပေးလိုက် တဲ့ ပုညခင်

လွန်ခဲ့တဲ့နှစ်တွေကတည်းက ရင်သပ်ရှု့မောဖွယ် ဇာတ်အချိုးအကွေ့အဖွဲ့အနွဲ့အသုံးအနှုန်းတွေနဲ့ ဝတ္ထုစာအုပ်ပေါင်း များစွာထုတ်ပြီး ပရိသတ်တွေ ရင်ထဲကို ဝင်ရောက် လာခဲ့တဲ့ ပုညခင်ဆိုတဲ့ စာရေးဆရာမကို လူတိုင်းနီးပါး သိကြမှာပါ။

ပုညခင်ဟာ စာရေးဆရာမ သက်သက်တင်မဟုတ်၊ ဇာတ်ညွှန်းတွေကြုံရင် ရေးသားသူလည်းဖြစ်တဲ့အပြင် စာအုပ်တွေထဲမှာ

လူငယ်တွေအတွက် ချစ်မှုရေးရာ အကြံပေးစကားတွေလည်း အားရှိစရာ ထည့်သွင်းရေးသားတတ်တဲ့ အားကိုးချင်စရာ အချစ်ရေး အကြံပေးတစ်ဦးလည်း ဖြစ်ပါသေးတယ်။

ပုညခင်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ အချစ်အပေါ် ခံယူချက်တွေနဲ့ လူငယ်တွေအတွက် အကြံပေးစကားအချို့ကို ဖြေကြားထားပေးပါတယ် …။

ပုညခင်က သူမရဲ့ချစ်ခြင်းမေတ္တာ အပေါ် ရှု့မြင်ပုံကို “အချစ်ဆိုတာကတော့ အနည်းဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက် လူဆိုတာ အတ္တမကင်းဘူး ဆိုပေမယ့်လည်း

အတ္တကို လျှော့ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်းရမယ့် အရာမျိုးလို့ အစ်မကတော့ ထင်ပါတယ်”လို့ ဆရာမက ပြောပြထားပါတယ် …။

ပုညခင်က သူမရဲ့အိမ်ထောင်ရေး အကြောင်းကိုလည်း “အစ်မက အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ကျတာ။ အိမ်ထောင်ကျတော့ (၃၇) နှစ် ရှိပါပြီ။ အစ်မထက် ငယ်တဲ့လူနဲ့ အိမ်ထောင်ကျတာပါ။

အစ်မထက် ငယ်တယ်ဆိုပေမယ့် အစ်မထက် ရှစ်နှစ်လောက် ငယ်တာပေါ့နော်။ ငယ်ပေမယ့် အခု အိမ်ထောင်သက်က ကိုးနှစ်လောက် ရှိပါပြီ …”လို့ ပြောပြထားပါတယ် …။

ပုညခင်က အချစ်ရေးပင်လယ်ထဲမှာ မြှပ်ချီ ပေါ်ချီ ကူးခတ် နေကြဆဲဖြစ်တဲ့ သူမရဲ့ စာဖတ်ပရိသတ်မနူးမနပ် လူငယ်လေးတွေ အတွက်လည်း

စေတနာဗရပွနဲ့ အကြံပေး စကားတွေကို “လူငယ်တွေကို ပြောချင်တာကတော့ အချစ်ဆိုတဲ့ဟာအပေါ်မှာ အရမ်းကြီး ရူးသွပ်နေတာမျိုး မဟုတ်ပဲနဲ့လေ တစ်ယောက်နဲ့ တစ်ယောက် နစ်နာစေတဲ့ အချစ်မျိုး မဖြစ်အောင်ပေါ့နော် …။

ကိုယ်ကလည်း ကိုယ်ချစ်တဲ့သူကို နစ်နာမသွားအောင် ကိုယ့်ကြောင့် ဆုတ်ယုတ် မသွားအောင်၊

ကိုယ်ချစ်တဲ့သူကလည်း ကိုယ့်ကို နစ်နာအောင် လုပ်ရင်လည်း ဒီအပေါ်မှာ ကိုယ့်ဘဝပျက်စီးမသွားပဲနဲ့ ကိုယ့်ဘဝကိုယ် ထိန်းကွပ်နိုင်အောင် အများကြီး ကြိုးစားသင့်တယ်လို့ အစ်မကတော့ထင်ပါတယ်”လို့ သေချာလေး ပြောပြထားပါတယ် …။

‌ေပရိသတ်ကြီးထဲမှာရော.. ပုညခင်စာအုပ်တွေကို စွဲစွဲလန်းလန်း ဖတ်ရှု့သူတွေ ရှိကြလား။ ပုညခင်ရဲ့ နောက်ထွက်လာမယ့် စာအုပ်တွေကိုရော.. အားပေးဖို့ အသင့်ပဲလား …?

Credit to original