ချစ်သူအပေါ်ယုံမှားသံသယလွန်ကဲနေသည့် လက္ခဏာ(၆)ခု
ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ ယုံကြည်မှုက အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ရေရှည်လက်တွဲခဲ့တဲ့ ချစ်သူတွေပဲဖြစ်ဖြစ်၊ အခုမှ ချစ်သူဖြစ်ကာစ စုံတွဲတွေပဲဖြစ်ဖြစ်
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်မှုရှိဖို့ လိုပါတယ်။
ယုံကြည်မှုကို တည်ဆောက်ဖို့ အချိန်တွေအများကြီးလိုအပ်ပေမယ့် ပျက်စီးသွားဖို့က စက္ကန့်ပိုင်းပဲ ကြာပါတယ်။
ပြန်လည်ရရှိဖို့ကတော့ ထာဝရအချိန်ယူရပါလိမ့်မယ်။
ယုံကြည်မှုဟာ အောင်မြင်ပျော်ရွှင်တဲ့ ချစ်လမ်းခရီးအတွက် အခြေခံအကျဆုံး စံနှုန်းလည်းဖြစ်ပါတယ်။
တစ်ကြိမ်လောက် ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုတာနဲ့ အရင်လိုဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ပါဘူး။
အတိတ်က အချိန်တစ်ခုမှာ လှည်းစားခံခဲ့ရဖူးသူ၊ သစ္စာဖောက်ခံခဲ့ရဖူးသူတွေအတွက်
ယုံကြည်မှုနဲ့ပတ်သက်လို့ အစွဲတွေ ရှိနေတတ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဒဏ်ရာရနှလုံးသားက နောက်ထပ်မနာကျဉ်ရဖို့ အရမ်းကို ဂရုစိုက်ပါလိမ့်မယ်။
ဒီလိုအချက်ကြောင့် လက်ရှိချစ်သူနဲ့ကြားမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။
ယုံကြည်နိုင်ဖို့ ခက်ခဲရာကနေ သံသယတွေဖြစ်လာပြီး မိသားစုပြိုကွဲတာ၊
ချစ်သူချင်းပြတ်ဆဲတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
သင့်ချစ်သူနဲ့ အငြင်းပွားစရာတွေ၊ ရန်ဖြစ်စရာတွေ၊ တင်းမာမှုတွေ များလာတာကို ခံစားမိပါသလား။
ဒီလို ခံစားမိတယ်ဆိုရင်တော့ အကြောင်းရင်းကို ရှာဖွေဖို့ လိုပါလိမ့်မယ်။
ဒီအကြောင်းရင်းကလည်း နှစ်ယောက်ထဲက တစ်ယောက်မှာ ယုံကြည်ဖို့ခက်ခဲတဲ့အစွဲရှိနေတာကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ယုံမှားသံသယတွေရှိမရှိကို သိနိုင်မယ့် လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီအချက်တွေကို သေချာဆန်းစစ်ပြီး ယုံမှားသံသယရှိနေသူက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖြေရှင်းပါ။
၁။ ချစ်သူရဲ့ ဖုန်းကို စစ်ဆေးတာ
အသိသာအထင်ရှားဆုံး လက္ခဏာက သင့်ချစ်သူရဲ့ ဖုန်းကို စစ်ဆေးချင်စိတ်ပြင်းပျနေတာပဲ ဖြစ်ပါတယ်။
မက်ဆေ့ဂျ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ၊ ဖုန်းအဆက်အသွယ်တွေ စသဖြင့် အားလုံးကို စစ်ဆေးနေတာမျိုး ဖြစ်ပါလိမ့်မယ်။
Password တစ်ခုခု ခံထားလို့ကတော့ ချက်ချင်းပြဿနာထရှာတတ်ပါလိမ့်မယ်။
တကယ်တော့ သက်ဆိုင်သူရဲ့ဖုန်းထဲမှာ ဘာမှရှိမှာမဟုတ်ပါဘူး။
သင့်ရဲ့ကိုယ်ပိုင်စိတ်မလုံခြုံမှုက ခြောက်လှန့်နေတာ ဖြစ်ပါတယ်။
ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ ဖုန်းထဲမှာ ဘာမှသံသယဖြစ်စရာမတွေ့ရင်တောင်မှ
အားလုံးကို ဖျက်ထားလိုက်တာလို့ ထင်နေတတ်ပါသေးတယ်။
ဒီလိုဖြစ်နေတယ်ဆိုရင်တော့ သင့်ကိုယ်သင် နှိပ်စက်နေတာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
၂။ အဆိုးဆုံးအခြေအနေကို အမြဲတမ်းတွေးထားတာ
ဘာကိစ္စပဲရှိရှိ အဆိုးပဲမြင်နေတတ်တာမျိုး ဖြစ်ပါတယ်။
သင့်ချစ်သူက ရုံးပြန်ချိန်နောက်ကျရင် ဖောက်ပြန်နေပြီလို့ ထင်နေတတ်ပါတယ်။
ဖုန်းခေါ်တာကို မကိုင်မိရင် မဟုတ်တာတစ်ခုခုလုပ်နေပြီလို့ ထင်နေတတ်တာမျိုးတွေ ဖြစ်ပါတယ်။
ဒီလိုအဆိုးမြင်စိတ်တွေက သင့်မှာ ယုံမှားသံသယတွေ များနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။
၃။ လူမှုကွန်ယက်တွေမှာ ခြေရာခံလိုက်နေတာ
သင့်ချစ်သူရဲ့ Facebook account ကစပြီး Instagram page တွေအထိ
လူမှုကွန်ယက်တွေပေါ်မှာ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတာမျိုးဖြစ်ပါတယ်။
သူမရဲ့ အပြင်လောကထဲက ဘဝကိုသာမက ဒီဂျစ်တယ်ဘဝထဲကိုပါ ဝင်ရောက်စွက်ဖက်နေတာဖြစ်ပါတယ်။
ဒါ့ထက်ပိုဆိုးတာက တစ်ယောက်ယောက်ရဲ့ ဓာတ်ပုံ၊ Status ကို Like ပေးတဲ့ကိစ္စကိုပါ
သဝန်တိုပြီး လိုက်ချုပ်ချယ်နေတာ ဖြစ်ပါတယ်။
သဘာဝကျကျ တွေးကြည့်စမ်းပါ။
သင့်ရဲ့သူငယ်ချင်းတွေထဲမှာ မိန်းကလေးတွေ ရှိနေနိုင်သလို သူမဆီမှာလည်း ယောင်္ကျားလေး မိတ်ဆွေတွေ ရှိနေနိုင်ပါတယ်။
၄။ သင့်ချစ်သူကို အမြဲတမ်း စမ်းသပ်နေတာ
သင်တို့နှစ်ဦးကြား ဆက်ဆံရေးနဲ့ သင့်ရဲ့ချစ်သူကို အဆိုးရွားဆုံးထိခိုက်စေတာက
သူမကို ထပ်ကာထပ်ကာ စမ်းသပ်နေတာပဲ ဖြစ်ပါတယ်
သင့်ရဲ့ချစ်သူကို စမ်းသပ်ဖို့အကောင်းဆုံးအချိန်က ချစ်သူစုံတွဲမဖြစ်ခင်အချိန် ဖြစ်ပါတယ်။
ချစ်သူတွေအဖြစ် လက်တွဲကြပြီဆိုတာနဲ့ သူမရဲ့စိတ်ဓာတ်ကို မစမ်းသပ်သင့်တော့ပါဘူး။
၅။ ကိုယ်ပိုင်လွတ်လပ်ခွင့် မပေးတာ
သင့်ချစ်သူက သူမအပေါင်းအသင်းတွေနဲ့ သွားချင်လာချင်တာကို မကြိုက်တာမျိုး ဖြစ်ပါတယ်။
ဒီလိုဖြစ်ရတာက သူမကို သင့်အနားမှာ ရှိနေစေချင်လို့ ဆိုတာထက်
သင်မျက်စိအောက်မဟုတ်တဲ့ နေရာကို ရောက်သွားမှာကို မလိုချင်တာဖြစ်ပါတယ်။
လူတိုင်းက ကိုယ်ပိုင်လွတ်လပ်ခွင့် လိုအပ်ပါတယ်။ လူမှုရေးဆိုတာ လိုအပ်ပါတယ်။
သင့်ရဲ့ချစ်သူကို သူမရဲ့လူမှုဘဝကနေခွဲထုတ်တာ၊ ကန့်သတ်ချုပ်ချယ်တာတွေက
သူတို့ကို စိတ်ပျက်သွားစေနိုင်ပါတယ်။
၆။ အတိတ်ကအကြောင်းတွေကို အမြဲတူးဆွနေတာ
ချစ်သူချင်းစကားပြောတဲ့အခါမှာ အရင်တုန်းက ရည်းစားဟောင်းတွေအကြောင်းကို
ပြန်မပြောတာ အကောင်းဆုံးပါပဲ။
ဒါပေမယ့် သင်က အမြဲတမ်းလုပ်နေမိနိုင်ပါတယ်။
သင့်ချစ်သူရဲ့မျက်နှာကို ကြည့်ပြီး သူမရည်းစားဟောင်းနာမည်ကို ပြောနေတာက
တော်တော်ကို တရားလွန်ပါတယ်။
သူမရည်းစားဟောင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာလည်း
လိုက်စုံစမ်းပြီး လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေတတ်တယ်
ဆိုရင်တော့ သင့်မှာ ယုံမှားသံသယတွေ များနေပြီဆိုတာ သေချာပါတယ်။
ချစ်သူရည်းစားဆက်ဆံရေးတွေမှာ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။
သင့်အနေနဲ့ တစ်ယောက်ယောက်နဲ့ လက်တွဲတော့မယ်လို့ ဆုံဖြတ်လိုက်တာနဲ့
အတိတ်က နာကျဉ်မှုတွေကို မေ့ဖျောက်ပြီး ရာနှုန်းပြည့် အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။
Credit: mmgentleman
Unicode
ချစ်သူအပေါ်ယုံမှားသံသယလွန်ကဲနေသည့် လက္ခဏာ(၆)ခု
ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ ယုံကြည်မှုက အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ရေရှည်လက်တွဲခဲ့တဲ့ ချစ်သူတွေပဲဖြစ်ဖြစ်၊ အခုမှ ချစ်သူဖြစ်ကာစ
စုံတွဲတွေပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်မှုရှိဖို့ လိုပါတယ်။
ယုံကြည်မှုကို တည်ဆောက်ဖို့ အချိန်တွေအများကြီးလိုအပ်ပေမယ့် ပျက်စီးသွားဖို့က စက္ကန့်ပိုင်းပဲ ကြာပါတယ်။
ပြန်လည်ရရှိဖို့ကတော့ ထာဝရအချိန်ယူရပါလိမ့်မယ်။
ယုံကြည်မှုဟာ အောင်မြင်ပျော်ရွှင်တဲ့ ချစ်လမ်းခရီးအတွက် အခြေခံအကျဆုံး စံနှုန်းလည်းဖြစ်ပါတယ်။
တစ်ကြိမ်လောက် ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုတာနဲ့ အရင်လိုဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ပါဘူး။
အတိတ်က အချိန်တစ်ခုမှာ လှည်းစားခံခဲ့ရဖူးသူ၊ သစ္စာဖောက်ခံခဲ့ရဖူးသူတွေအတွက်
ယုံကြည်မှုနဲ့ပတ်သက်လို့ အစွဲတွေ ရှိနေတတ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဒဏ်ရာရနှလုံးသားက နောက်ထပ်မနာကျဉ်ရဖို့ အရမ်းကို ဂရုစိုက်ပါလိမ့်မယ်။
ဒီလိုအချက်ကြောင့် လက်ရှိချစ်သူနဲ့ကြားမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။
ယုံကြည်နိုင်ဖို့ ခက်ခဲရာကနေ သံသယတွေဖြစ်လာပြီး မိသားစုပြိုကွဲတာ၊
ချစ်သူချင်းပြတ်ဆဲတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
သင့်ချစ်သူနဲ့ အငြင်းပွားစရာတွေ၊ ရန်ဖြစ်စရာတွေ၊ တင်းမာမှုတွေ များလာတာကို ခံစားမိပါသလား။
ဒီလို ခံစားမိတယ်ဆိုရင်တော့ အကြောင်းရင်းကို ရှာဖွေဖို့ လိုပါလိမ့်မယ်။
ဒီအကြောင်းရင်းကလည်း နှစ်ယောက်ထဲက တစ်ယောက်မှာ
ယုံကြည်ဖို့ခက်ခဲတဲ့အစွဲရှိနေတာကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ယုံမှားသံသယတွေရှိမရှိကို သိနိုင်မယ့် လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီအချက်တွေကို သေချာဆန်းစစ်ပြီး ယုံမှားသံသယရှိနေသူက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖြေရှင်းပါ။
၁။ ချစ်သူရဲ့ ဖုန်းကို စစ်ဆေးတာ
အသိသာအထင်ရှားဆုံး လက္ခဏာက သင့်ချစ်သူရဲ့ ဖုန်းကို စစ်ဆေးချင်စိတ်ပြင်းပျနေတာပဲ ဖြစ်ပါတယ်။
မက်ဆေ့ဂျ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ၊ ဖုန်းအဆက်အသွယ်တွေ စသဖြင့်
အားလုံးကို စစ်ဆေးနေတာမျိုး ဖြစ်ပါလိမ့်မယ်။
Password တစ်ခုခု ခံထားလို့ကတော့ ချက်ချင်းပြဿနာထရှာတတ်ပါလိမ့်မယ်။
တကယ်တော့ သက်ဆိုင်သူရဲ့ဖုန်းထဲမှာ ဘာမှရှိမှာမဟုတ်ပါဘူး။ သင့်ရဲ့ကိုယ်ပိုင်စိတ်မလုံခြုံမှုက ခြောက်လှန့်နေတာ ဖြစ်ပါတယ်။
ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ ဖုန်းထဲမှာ ဘာမှသံသယဖြစ်စရာမတွေ့ရင်တောင်မှ
အားလုံးကို ဖျက်ထားလိုက်တာလို့ ထင်နေတတ်ပါသေးတယ်။
ဒီလိုဖြစ်နေတယ်ဆိုရင်တော့ သင့်ကိုယ်သင် နှိပ်စက်နေတာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
၂။ အဆိုးဆုံးအခြေအနေကို အမြဲတမ်းတွေးထားတာ
ဘာကိစ္စပဲရှိရှိ အဆိုးပဲမြင်နေတတ်တာမျိုး ဖြစ်ပါတယ်။
သင့်ချစ်သူက ရုံးပြန်ချိန်နောက်ကျရင် ဖောက်ပြန်နေပြီလို့ ထင်နေတတ်ပါတယ်။
ဖုန်းခေါ်တာကို မကိုင်မိရင် မဟုတ်တာတစ်ခုခုလုပ်နေပြီလို့ ထင်နေတတ်တာမျိုးတွေ ဖြစ်ပါတယ်။
ဒီလိုအဆိုးမြင်စိတ်တွေက သင့်မှာ ယုံမှားသံသယတွေ များနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။
၃။ လူမှုကွန်ယက်တွေမှာ ခြေရာခံလိုက်နေတာ
သင့်ချစ်သူရဲ့ Facebook account ကစပြီး Instagram page တွေအထိ
လူမှုကွန်ယက်တွေပေါ်မှာ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတာမျိုးဖြစ်ပါတယ်။
သူမရဲ့ အပြင်လောကထဲက ဘဝကိုသာမက ဒီဂျစ်တယ်ဘဝထဲကိုပါ ဝင်ရောက်စွက်ဖက်နေတာဖြစ်ပါတယ်။
ဒါ့ထက်ပိုဆိုးတာက တစ်ယောက်ယောက်ရဲ့ ဓာတ်ပုံ၊ Status ကို Like ပေးတဲ့ကိစ္စကိုပါ
သဝန်တိုပြီး လိုက်ချုပ်ချယ်နေတာ ဖြစ်ပါတယ်။
သဘာဝကျကျ တွေးကြည့်စမ်းပါ။ သင့်ရဲ့သူငယ်ချင်းတွေထဲမှာ မိန်းကလေးတွေ
ရှိနေနိုင်သလို သူမဆီမှာလည်း ယောင်္ကျားလေး မိတ်ဆွေတွေ ရှိနေနိုင်ပါတယ်။
၄။ သင့်ချစ်သူကို အမြဲတမ်း စမ်းသပ်နေတာ
သင်တို့နှစ်ဦးကြား ဆက်ဆံရေးနဲ့ သင့်ရဲ့ချစ်သူကို အဆိုးရွားဆုံးထိခိုက်စေတာက သူမကို ထပ်ကာထပ်ကာ စမ်းသပ်နေတာပဲ ဖြစ်ပါတယ်
သင့်ရဲ့ချစ်သူကို စမ်းသပ်ဖို့အကောင်းဆုံးအချိန်က ချစ်သူစုံတွဲမဖြစ်ခင်အချိန် ဖြစ်ပါတယ်။
ချစ်သူတွေအဖြစ် လက်တွဲကြပြီဆိုတာနဲ့ သူမရဲ့စိတ်ဓာတ်ကို မစမ်းသပ်သင့်တော့ပါဘူး။
၅။ ကိုယ်ပိုင်လွတ်လပ်ခွင့် မပေးတာ
သင့်ချစ်သူက သူမအပေါင်းအသင်းတွေနဲ့ သွားချင်လာချင်တာကို မကြိုက်တာမျိုး ဖြစ်ပါတယ်။
ဒီလိုဖြစ်ရတာက သူမကို သင့်အနားမှာ ရှိနေစေချင်လို့ ဆိုတာထက်
သင်မျက်စိအောက်မဟုတ်တဲ့ နေရာကို ရောက်သွားမှာကို မလိုချင်တာဖြစ်ပါတယ်။
လူတိုင်းက ကိုယ်ပိုင်လွတ်လပ်ခွင့် လိုအပ်ပါတယ်။ လူမှုရေးဆိုတာ လိုအပ်ပါတယ်။
သင့်ရဲ့ချစ်သူကို သူမရဲ့လူမှုဘဝကနေခွဲထုတ်တာ၊ ကန့်သတ်ချုပ်ချယ်တာတွေက
သူတို့ကို စိတ်ပျက်သွားစေနိုင်ပါတယ်။
၆။ အတိတ်ကအကြောင်းတွေကို အမြဲတူးဆွနေတာ
ချစ်သူချင်းစကားပြောတဲ့အခါမှာ အရင်တုန်းက ရည်းစားဟောင်းတွေအကြောင်းကို ပြန်မပြောတာ အကောင်းဆုံးပါပဲ။
ဒါပေမယ့် သင်က အမြဲတမ်းလုပ်နေမိနိုင်ပါတယ်။ သင့်ချစ်သူရဲ့မျက်နှာကို ကြည့်ပြီး
သူမရည်းစားဟောင်းနာမည်ကို ပြောနေတာက တော်တော်ကို တရားလွန်ပါတယ်။
သူမရည်းစားဟောင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာလည်း
လိုက်စုံစမ်းပြီး လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေတတ်တယ် ဆိုရင်တော့
သင့်မှာ ယုံမှားသံသယတွေ များနေပြီဆိုတာ သေချာပါတယ်။