သူ့အပေါ် ကိုယ်ကကောင်းရဲ့သားနဲ့ သူကကိုယ့်အပေါ် နည်းနည်းလေးမှကောင်းမလာဘူးဆိုရင်
⚘ ဝဋ်ကြွေးတစ်ခုသာ ဖြစ်လာရင် ⚘
ကိုယ်ကောင်းပေမယ့် သူမကောင်းတာ”ဝဋ်”ကြောင့်ပါ။
သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့သားနဲ့
သူက ကိုယ့်အပေါ် နည်းနည်းလေးမှ ကောင်းမလာဘူးဆိုရင် ကိုယ့်မှာဝဋ်ကြွေး ရှိနေပြီဆိုတာ သေချာပါတယ် …။
သူ့ကို ကိုယ်က ဘာမှအပြစ်လည်းမပြော ကိုယ်လုပ်ထားတဲ့ အပြစ်တွေ ဘာမှလည်းမရှိဘဲနဲ့
ကိုယ့်ကိုသူက အပြစ်ပဲ အမြဲပြောနေပြီဆိုရင်သေချာတယ် ကိုယ့်မှာ ဝဋ်ကြွေးရှိနေပြီဆိုတာ …၊
ကိုယ့်ကလည်း သူ့ကိုတစ်ခါမှ မမုန်းရပါပဲ ဘာမှန်းညာမှန်းမသိဘဲ သူ့ဆီမှာ …
ကိုယ်အမုန်းခံနေရပြီဆိုရင် သေချာတယ်၊ ကိုယ့်မှာ အမှန်တကယ် ဝဋ်ကြွေးရှိနေပြီဆိုတာ …၊
ဝဋ်ကြွေးရှိရင် ကိုယ်မလုပ်ပေမယ့် ကိုယ်လုပ်တယ်လို့ အထင်ခံရတတ်တယ်။
ကိုယ်မပြောပေမယ့် ကိုယ်ပြောတယ်လို့ အထင်ခံရ တတ်ပါတယ် …။
ကောင်းတာလုပ်တဲ့အခါလည်း ကောင်းတယ်လို့တစ်ချို့လူတွေမမြင်ကြဘူး။
ဝဋ်ဆိုတာ ဆပ်မှ ကျေမယ်။ ဆုတောင်းနေရုံဖြင့် ဝဋ်ကုန်သွားမှာ မဟုတ်ပါဘူး …။
ဝဋ်ကြွေးတွေကျေ ဖို့ သူမကောင်းပြောလည်း ကိုယ်က သူ့ကိုမကောင်းပြန်မပြောနဲ့။
သူကကိုယ့်ကို အမုန်းပေးနေလည်း ကိုယ်က အမုန်းပြန်မပေးနဲ့ …။
သူက ကိုယ့်ကို တစ်မျိုးထင်လည်း ကိုယ်ကသူ့ကိုတစ်မျိုး မထင်ပါနဲ့။
သူ့အပေါ်တင်နေတဲ့ အကြွေးတွေ ကျေတော့မယ်ဆိုတာ သတိရပေးပါ …။
သူဘာပေးပေး ကိုယ့်ဆီမှသူ့ကိုမေတ္တာပဲ ပေးလိုက်ပါ။
မေတ္တာဆိုတာ ဝဋ်ကြွေးတွေပြေဖို့အတွက် လူတစ်ယောက်အတွက် အကောင်းဆုံးလက်နက်ပဲ ဖြစ်ပါတယ် …။
အမုန်းတွေရှိရင်လည်း ဒီဘဝတင် ကျေပါစေ။ အငြိုးတွေရှိရင်လည်း ဒီဘဝတင် ကျေပါစေ။
ဒီဘဝမှာ ဆပ်ခွင့်ရတဲ့အကြွေးကို ဒီဘဝမှာပဲဆပ်လိုက်ပါ။ နောက်ဘဝတွေထိ မယူသွားလိုက်ပါနဲ့ …။
ဝဋ်ဆိုတာဆပ်မှကြေမယ်။ တကယ်တော့ ကိုယ်ကောင်းပေမယ့် သူမကောင်းတာဟာ ဝဋ်ကြွေးတစ်ခုခုကြောင့်ပါပဲ …။
ဝဋ်ကြွေးရှိရင်လဲ ဒီဘဝနဲ့သာ ကြေပါစေကွယ် …။ ။
Credit
Unicode