အခ်စ္နွင့္ဘဝ

MESSAGE လေးတစ်စောင်ကြောင့် ပြုံးလဲ ပြုံးခဲ့ဖူးသလို ငိုလဲငိုခဲ့ရဖူးတယ်

message လေးတစ်စောင်ကြောင့် ပြုံးခဲ့ဖူးသလို message လေးတစ်စောင်ကြောင့် ရီခဲ့ဖူးတယ် ။

တကယ်ကို အရူးလိုပါပဲ ။

အရာရာကို ရင်ဘတ်ကြီးနဲ့ ခံစားတတ်တဲ့ ကျွန်မက နေရာတကာမှာ ထိလွယ် ရှလွယ်ပါတယ် ။

လူတစ်ယောက်ရဲ့ ရင်ဝကို စောင့်ကန်ခံလိုက်ရတဲ့အခါ

အဲ့ဒီအကန်ခံလိုက်ရတဲ့ လူတစ်ယောက်ရဲ့ အရှိုက်တည့်တည့်ကို အားပြင်းရင် ပြင်းသလို

အသက်ရှုရခက် မတ်တပ်ရပ်ရခက် ထိုင်ရခက်ဆိုပြီး ဖြစ်တတ်တယ် ။

ဒီတစ်ခါ ကိုယ်ကိုယ်ကိုယ်တိုင် အကန်ခံရတာမဟုတ်ပဲ

Message လေးတစ်စောင့်ကြောင့် အရှိုက်ထိခံခဲ့ရဖူးတာကို ပြန်ပြောပြပါမှာ

မျှော်နေတဲ့အခါ … ဝင်လာတဲ့ message လေးတွေဟာ တကယ်ကို ကြည်နူးစရာပါ ။

နေမကောင်းဖြစ်တဲ့အခါ နေကောင်းအောင်နေပါ ဆိုတဲ့စာသားလေးက နွေးထွေးစရာ ။

ကိုယ်အားငယ်နေတဲ့အခါ အနားမှာ ရှိနေတယ်နော် ဘာမှမဖြစ်ဘူးဆိုတဲ့

စာကြောင်းလေးက ကိုယ့်အတွက် အားကိုးစရာ

ဒါဟာ တစ်ချိန်က ကျွန်မ ပျော်ခဲ့ဖူးတဲ့ message လေးတွေအကြောင်းပေါ့ ။

ကိုယ်မျှော်နေတဲ့အချိန်ထက် နောက်ကျပြီးမှ ရောက်လာတဲ့စာလေးတွေဟာ

ကိုယ်မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကျွန်မ ငိုမိချင်ငိုမိလိမ့်မယ် ။

ဥပမာ … အလုပ်တွေ ရှုပ်နေကာမှ အလိုက်ကို မသိဘူးဆိုတာမျိုး ။

တကယ်ဆို အချိန်တိုင်းလိုက်ရှုပ်တတ်တဲ့ ကောင်မလေးမျိုးမဟုတ်ပဲ တကယ်လွမ်းတဲ့အချိန်မှ အရဲစွန့်ပြီး ခေါ်တတ်တာမျိုးပါ ။

ကိုယ် တကယ်ပြိုလဲနေတဲ့အချိန်မှာမှ အားပေးစကားလေးတွေအစား

အမြဲတမ်းအဲ့အတိုင်းကြီးပဲဆိုတဲ့ စိတ်မရှည်မှုတွေဟာ ကျွန်မ မျက်ရည်တွေကို ချွေချနေတာပါ ။

ဖုန်းလေးကြည့်ရင်း ဒီ message လေးတွေကိုဖတ်ရင်း ပြုံးလဲ ပြုံးခဲ့ဖူးသလို ငိုလဲ ငိုခဲ့ဖူးတယ် ။

တွေးကြည့်ရင်တော့ အရူးလိုပါပဲ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

Unicode