တစ္ဘဝလုံးစာရည္ရြယ္ထားတဲ့ ခ်စ္သူစုံတြဲေတြသာျဖတ္ေက်ာ္နိုင္မဲ့ အခ်စ္ရဲ့အဆင့္ ( ၅ ) ဆင့္
ႀကိဳတင္ျပင္ဆင္ျခင္းဟာ ကုသျခင္းထက္ ေကာင္းတယ္ ဆိုတာ ၾကားဖူးပါ လိမ့္မယ္။ စုံတြဲေတြမွာ မ်ားေသာ အားျဖင့္ တစ္ေယာက္က ထိခိုက္လြယ္ တတ္ၿပီး အဲ့ဒီအတြက္ သင္ျပင္ဆင္ ထားသင့္ တဲ့အရာေတြကို ျမင္နိုင္ေအာင္ ေဖာ္ျပလိုက္ ပါတယ္။
အဆင့္ ၁ : လတ္လတ္ ဆတ္ဆတ္ အခ်စ္
သင့္ရဲ့နံရိုးေလးကို ရရွိလိုက္တဲ့ ခဏေလး အတြင္းမွာ အားလုံးဟာ ပ်ားရည္ လို ခ်ိဳျမေန တယ္။ ခ်စ္သူေလးကိုေတြ႕လိုက္တဲ့ အခ်ိန္တိုင္းမွာ လိပ္ျပာေလးေတြ ဝဲေနၿပီး အနမ္းေလးေတြ၊ အထိအေတြ႕ေလးေတြ အကုန္လုံးဟာ အ႐ူးအမူးျဖစ္ေစ တယ္။
မိနစ္တိုင္းသူ႔ဆီက မက္ေဆ့ေလးေတြ ေမၽွာ္ေနမိ တယ္။ နဲနဲ႐ူးေၾကာင္ေၾကာင္ နိုင္ေပမဲ့ ဘယ္သူ႔ဂ႐ုစိုက္ရမွာလဲ.. အခ်စ္မွာ လူတိုင္း႐ူးၾကတာပဲ။ အဲ့လိုေတြ ခံစားေနရတယ္ ဆိုရင္ သင္ဟာ လတ္လတ္ဆတ္ဆတ္အခ်စ္ တစ္ခု ရွိေနတာ ေသခ်ာပါတယ္။
အခုခံစား ေနရတာေလးကို မွတ္ထားလိုက္ပါ။ ေနာက္က်ရင္ ဒီအမွတ္ တရေလးေတြနဲ႔ အခ်စ္ကိုျပန္လည္လန္းဆန္းေအာင္လုပ္နိုင္ေအာင္လို႔ပါ။
အဆင့္ ၂ : အေျခက်သြားၿပီ
တကယ့္ကို အတည္ ဆိုတာေသခ်ာသြားၿပီ ဆိုရင္ အဆင့္ ၂ေရာက္သြားပါၿပီ။ လက္တြဲေဖာ္ေတြျဖစ္သြားၿပီ လို႔လဲေျပာလို ႔ရပါတယ္။ အဲ့ဒီအခ်ိန္ဟာ ဘဝဟာ အျမဲတမ္း ေပ်ာ္စရာေတြပဲ ရွိေနတာ မဟုတ္ဘူးဆိုတာ သိလာမဲ့ အခ်ိန္ပါ။
အခ်ိန္ေတြကို တက္နိုင္သမၽွအတူတူကုန္မယ္။ အေတြးေလးေတြကိုေျပာျပၾကမယ္။ ခ်စ္သူေလးရဲ့ ေန႔ဟာ အဆင္ေျပရဲ့လားေမးမယ္။
သူရဲ့အေျဖေတြကိုလည္း စိတ္ဝင္တစား နားေထာင္မယ္။ ဒါေပမဲ့ လုပ္ရိုးလုပ္စဥ္ေတြျဖစ္သြားျခင္းဟာ စိတ္လႈပ္ရွာ းစရာေတြရဲ့ ဖ်ားနာျခင္းပါ။ ခရီးသြားတာနဲ႔ အေျခခ် ေနထိုင္ဖို႔ သြားတာ ကြာသလိုပါပဲ။ ပန္းတိုင္ျခင္းတူေပမဲ့ တာဝန္ေတြ ကေတာ့ လုံးဝကြဲျပားသြား ပါၿပီ။
ႏွစ္ေယာက္ၾကားထဲက အလင္းေရာင္ေလးေတြ မွိန္မသြား ပါေစနဲ႔။ ႏွစ္ေယာက္တည္း လုပ္စရာေလးေတြ စဥ္းစားထားပါ။ လမ္းအတူတူ ေလ်ာက္တာေလးေတြ၊ ႐ုပ္ရွင္အတူတူၾကည့္တာေလးေတြ လုပ္ေပးပါ။ ႏွစ္ေယာက္ၾကားက ႀကိဳးေလးကို ထိန္းသိမ္းထားပါ။ အဲ့ဒါေလးေတြက အရမ္းထူးျခားၿပီး အရမ္းႏူးညံ့သိမ္ေမြ႕ပါတယ္။
အဆင့္ ၃ : လုပ္ရိုးလုပ္စဥ္ေတြနဲ႔ စိတ္ပ်က္စရာေတြ ေတြ႕လာရျခင္း …
သင့္ရဲ့ ကိုယ္တစ္ျခမ္းအေပၚမွာ ခံစားခ်က္ေတြေတာ့ အျပည့္ရွိေသးတယ္ ဒါေပမဲ့ နဲနဲေတာ့ကြဲျပားသြားတယ္။ အခ်ိန္ေတြ အတူတူ ကုန္ဆုံးရတာက အရင္ကေလာက္ စိတ္ဝင္စားစရာ မေကာင္းေတာ့ဘူး။
တာဝန္ေတြ၊ ကုန္က်စရိတ္ေတြ၊ အလုပ္ထဲမွာပဲနစ္ေနတာေတြ၊ ၾကည္ႏူးစရာေတြၾကားထဲမွာ အိမ္အလုပ္ေတြညပ္လာ တာေတြဟာ တစ္ခါတစ္ေလမွာသင့္ကို ေထာင္ေခ်ာက္ မိေနသလို ခံစားလာ ရလိမ့္မယ္။ ဒီအခ်ိန္ဟာ ကိုယ့္ေရြးခ်ယ္မႈ မွန္မွမွန္ရဲ့လားလို႔ျပန္ေတြးမိတဲ့အခ်ိန္ပါပဲ။
Relationship တစ္ခုရဲ့ အႏၲရာယ္အႀကီးဆုံ းအပိုင္းျဖစ္ ပါတယ္။ ဒါေပမဲ့ ဒီအပိုင္းကိုအတူတူျဖတ္ေက်ာ္သြားနိုင္ရင္ေတာ့ ေနာက္ပိုင္းမွ ာအခက္အခဲႀကီးႀကီးမားမား မရွိနိုင္ေတာ့ ပါဘူး။
မီးေတာက္ေလးၿငိမ္း မသြားေအာင္ ဆက္ၿပီး ႀကိဳးစားေနပါ။ သင့္ရဲ့ယခုလက္တြဲေဖာ္ဟာ အရင္အတည္းကသင္ခ်စ္ခဲ့တဲ့ သူပဲဆိုတာ မေမ့ပါနဲ႔။ ရည္းစားျဖစ္ကာ စအခ်ိန္က ၾကည္ႏူးစရာေလးေတြကိုျပန္စဥ္းစားပါ။ ေနာက္ၿပီး သင့္ဘဝဟာ ကေလးေတြ အတြက္ ခ်ည္းပဲ မဟုတ္ပါဘူး။ သင့္တို ႔ႏွစ္ေယာက္ရဲ့ကိုယ္ပိုင္အခ်ိန္ေလးေတြ လဲရွိသင့္ ပါတယ္။
အဆင့္ ၄: တည္ၿငိမ္မႈ …
ဒီအဆင့္ေရာက္ သြားရင္ေတာ့ တစ္ေယာက္ကို တစ္ေယာက္ အမွန္အတိုင္းျမင္ နိုင္လာၿပီး သင့္တို႔ရဲ့ဆက္ဆံေရး အေပၚမွာယုံၾကည္မ ႈအျပည့္အဝ ရွိလာပါၿပီ။ ပထမ အဆင့္တုန္းက လို တိမ္ေတြေပၚမွာ ကစားေနရသလို မ်ိဳးခံစားမႈေတြ ရွိေတာ့မွာမဟုတ္ေပမဲ့ တတိယအဆင့္ရဲ့ ကံဆိုးမႈေတြဟာလည္း ၿပီးဆုံးသြားပါၿပီ။ တစ္ေယာက္ကိုတစ္ေယာက္ လြတ္လပ္မႈေလးေတြေပးဖို႔ လိုတာကိုလည္းနားလည္လာပါၿပီ။ သင့္လက္တြဲေဖာ္မွာလည္း သူႀကိဳက္တာမႀကိဳက္တာေလးေတြ၊ ဝါသနာပါတာေလးေတြ၊ အက်င့္ေလးေတြရွိမွာပဲ။ ႏွစ္ေယာက္က ေနရာတိုင္းမွာစိတ္တူကိုယ္တူျဖစ္ေနဖို႔မလိုပါဘူး။ ကိုယ့္ကိုယ္ပိုင္ပုံစံေလးနဲ႔ေနထိုင္ၿပီး ႀကိဳးေလးကိုသာထိန္းသိမ္းထားပါ။
အဆင့္ ၅: ကတိကဝတ္ျပဳျခင္း …
ဒီအဆင့္အထိ ကိုေရာက္လာၿပီဆိုရင္ေတာ့ ဂုဏ္ယူ ပါတယ္။ ႏွစ္ေယာက္ဟာ တကယ့္ တစ္သက္တာအဖြဲ႕ေလးသြားပါၿပီ။ အရင္တုန္း ကလို ႐ူး႐ူးမိုက္မိုက္ ခ်စ္တာေလးေတြ ကိုျပန္လို ခ်င္တာမ်ိဳးေတြ ရွိေတာ့မွာမဟုတ္ပဲ လက္ရွိဆက္ဆံေရးနဲ႔ အရမ္းကိုသက္ေတာင့္ သက္သာ ရွိေနမွာပါ။
နဲနဲေလးေျပာင္းလဲဖို ႔ကိုေတာင္ စဥ္းစားခ်င္မွာ မဟုတ္ေတာ့ ပါဘူး။ တစ္ေယာက္ခ်င္းစီရဲ့ အားနည္းခ်က္ေလးေတြနဲ႔ ႏွစ္ေယာက္ စလုံးဟာ ျပည့္စုံေနၾကတာကို လက္ခံနိုင္ သြားၾကတယ္။
ခ်စ္ျခင္းေတြကို တစ္ဘဝလုံး ဘယ္လို ထိန္းသိမ္းခဲ့ လဲ ဆိုတာ သားသမီးေတြကို သင္ေပးပါ။ အခက္အခဲဆိုတာ ေသခ်ာေပါက္ ရွိမွာပဲ ဒါေပမဲ့ အခ်စ္စစ္ ဆိုရင္ျဖတ္ေက်ာ္ နိုင္မွာပါ။
သင့္မွာေကာ ကိုယ္တိုင္ ျဖတ္သန္းခဲ့တဲ့ အေတြအၾကဳံေတြ ရွိလား? အေတြ႕အၾကဳံေတြမၽွေဝခဲ့ပါဦး..
Writer -Min Thu ( XYZ News )
Unicode
တစ်ဘဝလုံးစာရည်ရွယ်ထားတဲ့ ချစ်သူစုံတွဲတွေသာဖြတ်ကျော်နိုင်မဲ့ အချစ်ရဲ့အဆင့် ( ၅ ) ဆင့်
ကြိုတင်ပြင်ဆင်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ် ဆိုတာ ကြားဖူးပါ လိမ့်မယ်။ စုံတွဲတွေမှာ များသော အားဖြင့် တစ်ယောက်က ထိခိုက်လွယ် တတ်ပြီး အဲ့ဒီအတွက် သင်ပြင်ဆင် ထားသင့် တဲ့အရာတွေကို မြင်နိုင်အောင် ဖော်ပြလိုက် ပါတယ်။
အဆင့် ၁ : လတ်လတ် ဆတ်ဆတ် အချစ်
သင့်ရဲ့နံရိုးလေးကို ရရှိလိုက်တဲ့ ခဏလေး အတွင်းမှာ အားလုံးဟာ ပျားရည် လို ချိုမြနေ တယ်။ ချစ်သူလေးကိုတွေ့လိုက်တဲ့ အချိန်တိုင်းမှာ လိပ်ပြာလေးတွေ ဝဲနေပြီး အနမ်းလေးတွေ၊ အထိအတွေ့လေးတွေ အကုန်လုံးဟာ အရူးအမူးဖြစ်စေ တယ်။
မိနစ်တိုင်းသူ့ဆီက မက်ဆေ့လေးတွေ မျှော်နေမိ တယ်။ နဲနဲရူးကြောင်ကြောင် နိုင်ပေမဲ့ ဘယ်သူ့ဂရုစိုက်ရမှာလဲ.. အချစ်မှာ လူတိုင်းရူးကြတာပဲ။ အဲ့လိုတွေ ခံစားနေရတယ် ဆိုရင် သင်ဟာ လတ်လတ်ဆတ်ဆတ်အချစ် တစ်ခု ရှိနေတာ သေချာပါတယ်။
အခုခံစား နေရတာလေးကို မှတ်ထားလိုက်ပါ။ နောက်ကျရင် ဒီအမှတ် တရလေးတွေနဲ့ အချစ်ကိုပြန်လည်လန်းဆန်းအောင်လုပ်နိုင်အောင်လို့ပါ။
အဆင့် ၂ : အခြေကျသွားပြီ
တကယ့်ကို အတည် ဆိုတာသေချာသွားပြီ ဆိုရင် အဆင့် ၂ရောက်သွားပါပြီ။ လက်တွဲဖော်တွေဖြစ်သွားပြီ လို့လဲပြောလို့ရပါတယ်။ အဲ့ဒီအချိန်ဟာ ဘဝဟာ အမြဲတမ်း ပျော်စရာတွေပဲ ရှိနေတာ မဟုတ်ဘူးဆိုတာ သိလာမဲ့ အချိန်ပါ။
အချိန်တွေကို တက်နိုင်သမျှအတူတူကုန်မယ်။ အတွေးလေးတွေကိုပြောပြကြမယ်။ ချစ်သူလေးရဲ့ နေ့ဟာ အဆင်ပြေရဲ့လားမေးမယ်။
သူရဲ့အဖြေတွေကိုလည်း စိတ်ဝင်တစား နားထောင်မယ်။ ဒါပေမဲ့ လုပ်ရိုးလုပ်စဉ်တွေဖြစ်သွားခြင်းဟာ စိတ်လှုပ်ရှာ းစရာတွေရဲ့ ဖျားနာခြင်းပါ။ ခရီးသွားတာနဲ့ အခြေချ နေထိုင်ဖို့ သွားတာ ကွာသလိုပါပဲ။ ပန်းတိုင်ခြင်းတူပေမဲ့ တာဝန်တွေ ကတော့ လုံးဝကွဲပြားသွား ပါပြီ။
နှစ်ယောက်ကြားထဲက အလင်းရောင်လေးတွေ မှိန်မသွား ပါစေနဲ့။ နှစ်ယောက်တည်း လုပ်စရာလေးတွေ စဉ်းစားထားပါ။ လမ်းအတူတူ လျောက်တာလေးတွေ၊ ရုပ်ရှင်အတူတူကြည့်တာလေးတွေ လုပ်ပေးပါ။ နှစ်ယောက်ကြားက ကြိုးလေးကို ထိန်းသိမ်းထားပါ။ အဲ့ဒါလေးတွေက အရမ်းထူးခြားပြီး အရမ်းနူးညံ့သိမ်မွေ့ပါတယ်။
အဆင့် ၃ : လုပ်ရိုးလုပ်စဉ်တွေနဲ့ စိတ်ပျက်စရာတွေ တွေ့လာရခြင်း …
သင့်ရဲ့ ကိုယ်တစ်ခြမ်းအပေါ်မှာ ခံစားချက်တွေတော့ အပြည့်ရှိသေးတယ် ဒါပေမဲ့ နဲနဲတော့ကွဲပြားသွားတယ်။ အချိန်တွေ အတူတူ ကုန်ဆုံးရတာက အရင်ကလောက် စိတ်ဝင်စားစရာ မကောင်းတော့ဘူး။
တာဝန်တွေ၊ ကုန်ကျစရိတ်တွေ၊ အလုပ်ထဲမှာပဲနစ်နေတာတွေ၊ ကြည်နူးစရာတွေကြားထဲမှာ အိမ်အလုပ်တွေညပ်လာ တာတွေဟာ တစ်ခါတစ်လေမှာသင့်ကို ထောင်ချောက် မိနေသလို ခံစားလာ ရလိမ့်မယ်။ ဒီအချိန်ဟာ ကိုယ့်ရွေးချယ်မှု မှန်မှမှန်ရဲ့လားလို့ပြန်တွေးမိတဲ့အချိန်ပါပဲ။
Relationship တစ်ခုရဲ့ အန္တရာယ်အကြီးဆုံ းအပိုင်းဖြစ် ပါတယ်။ ဒါပေမဲ့ ဒီအပိုင်းကိုအတူတူဖြတ်ကျော်သွားနိုင်ရင်တော့ နောက်ပိုင်းမှ ာအခက်အခဲကြီးကြီးမားမား မရှိနိုင်တော့ ပါဘူး။
မီးတောက်လေးငြိမ်း မသွားအောင် ဆက်ပြီး ကြိုးစားနေပါ။ သင့်ရဲ့ယခုလက်တွဲဖော်ဟာ အရင်အတည်းကသင်ချစ်ခဲ့တဲ့ သူပဲဆိုတာ မမေ့ပါနဲ့။ ရည်းစားဖြစ်ကာ စအချိန်က ကြည်နူးစရာလေးတွေကိုပြန်စဉ်းစားပါ။ နောက်ပြီး သင့်ဘဝဟာ ကလေးတွေ အတွက် ချည်းပဲ မဟုတ်ပါဘူး။ သင့်တို့နှစ်ယောက်ရဲ့ကိုယ်ပိုင်အချိန်လေးတွေ လဲရှိသင့် ပါတယ်။
အဆင့် ၄: တည်ငြိမ်မှု …
ဒီအဆင့်ရောက် သွားရင်တော့ တစ်ယောက်ကို တစ်ယောက် အမှန်အတိုင်းမြင် နိုင်လာပြီး သင့်တို့ရဲ့ဆက်ဆံရေး အပေါ်မှာယုံကြည်မ ှုအပြည့်အဝ ရှိလာပါပြီ။ ပထမ အဆင့်တုန်းက လို တိမ်တွေပေါ်မှာ ကစားနေရသလို မျိုးခံစားမှုတွေ ရှိတော့မှာမဟုတ်ပေမဲ့ တတိယအဆင့်ရဲ့ ကံဆိုးမှုတွေဟာလည်း ပြီးဆုံးသွားပါပြီ။ တစ်ယောက်ကိုတစ်ယောက် လွတ်လပ်မှုလေးတွေပေးဖို့ လိုတာကိုလည်းနားလည်လာပါပြီ။ သင့်လက်တွဲဖော်မှာလည်း သူကြိုက်တာမကြိုက်တာလေးတွေ၊ ဝါသနာပါတာလေးတွေ၊ အကျင့်လေးတွေရှိမှာပဲ။ နှစ်ယောက်က နေရာတိုင်းမှာစိတ်တူကိုယ်တူဖြစ်နေဖို့မလိုပါဘူး။ ကိုယ့်ကိုယ်ပိုင်ပုံစံလေးနဲ့နေထိုင်ပြီး ကြိုးလေးကိုသာထိန်းသိမ်းထားပါ။
အဆင့် ၅: ကတိကဝတ်ပြုခြင်း …
ဒီအဆင့်အထိ ကိုရောက်လာပြီဆိုရင်တော့ ဂုဏ်ယူ ပါတယ်။ နှစ်ယောက်ဟာ တကယ့် တစ်သက်တာအဖွဲ့လေးသွားပါပြီ။ အရင်တုန်း ကလို ရူးရူးမိုက်မိုက် ချစ်တာလေးတွေ ကိုပြန်လို ချင်တာမျိုးတွေ ရှိတော့မှာမဟုတ်ပဲ လက်ရှိဆက်ဆံရေးနဲ့ အရမ်းကိုသက်တောင့် သက်သာ ရှိနေမှာပါ။
နဲနဲလေးပြောင်းလဲဖို့ကိုတောင် စဉ်းစားချင်မှာ မဟုတ်တော့ ပါဘူး။ တစ်ယောက်ချင်းစီရဲ့ အားနည်းချက်လေးတွေနဲ့ နှစ်ယောက် စလုံးဟာ ပြည့်စုံနေကြတာကို လက်ခံနိုင် သွားကြတယ်။
ချစ်ခြင်းတွေကို တစ်ဘဝလုံး ဘယ်လို ထိန်းသိမ်းခဲ့ လဲ ဆိုတာ သားသမီးတွေကို သင်ပေးပါ။ အခက်အခဲဆိုတာ သေချာပေါက် ရှိမှာပဲ ဒါပေမဲ့ အချစ်စစ် ဆိုရင်ဖြတ်ကျော် နိုင်မှာပါ။
သင့်မှာကော ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ အတွေအကြုံတွေ ရှိလား? အတွေ့အကြုံတွေမျှဝေခဲ့ပါဦး..