အခ်စ္နွင့္ဘဝ

ႏွစ္ကိုယ့္တစ္စိတ္ ခ်စ္သူေတြဆိုတာကေတာ့ ဒီလိုေလးေတြပါ…

ႏွစ္ကိုယ့္တစ္စိတ္ ခ်စ္သူေတြဆိုတာကေတာ့ ဒီလိုေလးေတြပါ

သိပ္ခ်စ္တဲ့ခ်စ္သူေတြဆိုတာ တစ္ေယာက္တည္း ေနလို႔ မရပါဘူး။ ခ်စ္တဲ့ခ်စ္သူေလး အနားမွာပဲ ေနၿပီး ခ်စ္သူေလး ေပ်ာ္ေနေအာင္ပဲ လုပ္ေပးခ်င္ေနတာမ်ိဳးပါ။

 

စိတ္ခ်င္းပါ ဆက္ေနမယ့္ ခ်စ္သူေလး

ခ်စ္သူတိုင္းကေတာ့ ကိုယ္ခ်စ္တဲ့ခ်စ္သူနဲ႔ စြယ္ေတာ္႐ြက္ကေလးလို႔ ႏွစ္လႊာေပါင္းတစ္႐ြက္ပဲ ျဖစ္ခ်င္မွာပါ။ အခ်စ္စစ္နဲ႔ ခ်စ္တဲ့ခ်စ္သူေတြၾကားမွာကေတာ့ တစ္ေယာက္ မရွိရင္ က်န္တစ္ေယာက္က အဆင္မေျပတာမ်ိဳးကေတာ့ အလိုလို ျဖစ္သြားတတ္ပါတယ္။ အခု Marry ေျပာျပေပးခ်င္တာကေတာ့ ႏွစ္ကိုယ့္တစ္စိတ္ ခ်စ္သူေတြၾကားထဲမွာ ခံစားရမယ့္အရာေလးေတြ အေၾကာင္းပါ။ ခ်စ္သူေလးနဲ႔ ေဝးေနတဲ့အခ်ိန္မွာ ဘယ္လိုေလးေတြ ခံစားေနရမလဲ ဆိုတာကိုလည္း ေျပာျပထားပါတယ္ေနာ္။

စိတ္ခ်င္းဆက္ေနတယ္

ခ်စ္သူေတြၾကားက စိတ္ခ်င္း ဆက္သြယ္မႈ ဆိုတဲ့အတိုင္းပါပဲ။ ႏွစ္ကိုယ့္တစ္စိတ္ ခ်စ္သူေတြဆိုတာ တစ္ေယာက္ရွိမွ က်န္တစ္ေယာက္က ျပည့္စုံသြားရတာမ်ိဳးပဲ ျဖစ္ပါတယ္။ တစ္ေယာက္က တစ္ခုခု လိုတယ္ဆိုရင္ ပါးစပ္က ထုတ္မေျပာရေသးခင္မွာ က်န္တစ္ေယာက္က အလိုလို သိၿပီး ျဖည့္ဆည္းေပးတာမ်ိဳးေတြပါ။ စိတ္ခ်င္းဆက္ေနတာ ျဖစ္တဲ့အတြက္ ေျပာစရာေတာင္ မလိုေတာ့တာမ်ိဳးပါ။ တစ္ခုခု ဆိုရင္လည္း သူလုပ္တဲ့အခ်ိန္မွာ ကိုယ္လည္း တစ္ခ်ိန္တည္း လိုက္လုပ္မိေနတာမ်ိဳးပါ။ ဖုန္းတစ္ၿပိဳင္တည္း ေခၚေနမိတာတို႔ စာကို အတူတူ ပို႔မိတာမ်ိဳးတို႔ပါ။

 

သူေပ်ာ္ေအာင္ပဲ လုပ္ေပးခ်င္မိတယ္

သိပ္ခ်စ္တဲ့ခ်စ္သူေတြဆိုတာ တစ္ေယာက္တည္း ေနလို႔ မရပါဘူး။ ေနလို႔ မရတာထက္ မေနႏိုင္တာမ်ိဳးပါ။ ခ်စ္တဲ့ခ်စ္သူေလး အနားမွာပဲ ေနၿပီး ခ်စ္သူေလး ေပ်ာ္ေနေအာင္ပဲ လုပ္ေပးခ်င္ေနတာမ်ိဳးပါ။ ခ်စ္သူေလး ေပ်ာ္မယ္ဆိုရင္ ဘာေနေန လုပ္မယ္ဆိုတာကေတာ့ သူေပ်ာ္မွ ကိုယ္ေပ်ာ္ရတဲ့ခံစားခ်က္ေတြ ျပည့္ေနတဲ့အတြက္မို႔လို႔ပါ။ ၿပီးေတာ့လည္း ႏွစ္ေယာက္ေပါင္းမွ အဆင္ေျပသြားတာမ်ိဳးေၾကာင့္ ခ်စ္သူေလး အနားကေန မခြါႏိုင္ဘဲ ခ်စ္သူနဲ႔မွ၊ ခ်စ္သူနဲ႔ပဲ ဆိုတဲ့စိတ္ကေလးေတြ မ်ားလာတတ္ပါတယ္။

ႏွစ္ကိုယ့္တစ္စိတ္ျဖစ္ေနတဲ့ခ်စ္သူေလးကို ပိုင္ဆိုင္ထားၿပီဆိုရင္ေတာ့ တန္ဖိုး ထားၿပီး သူခ်စ္ေပးတဲ့အခ်စ္ေတြကို အသိအမွတ္ ျပဳေပးဖို႔ မေမ့ဘဲ အခ်ိန္ၾကာေလ ပိုခ်စ္ေလျဖစ္တဲ့ခ်စ္သူစုံတြဲေလး အျဖစ္ ေနရာယူလိုက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္ေနာ္။

 

Unicode

နှစ်ကိုယ့်တစ်စိတ် ချစ်သူတွေဆိုတာကတော့ ဒီလိုလေးတွေပါ

သိပ်ချစ်တဲ့ချစ်သူတွေဆိုတာ တစ်ယောက်တည်း နေလို့ မရပါဘူး။ ချစ်တဲ့ချစ်သူလေး အနားမှာပဲ နေပြီး ချစ်သူလေး ပျော်နေအောင်ပဲ လုပ်ပေးချင်နေတာမျိုးပါ။

စိတ်ချင်းပါ ဆက်နေမယ့် ချစ်သူလေး

ချစ်သူတိုင်းကတော့ ကိုယ်ချစ်တဲ့ချစ်သူနဲ့ စွယ်တော်ရွက်ကလေးလို့ နှစ်လွှာပေါင်းတစ်ရွက်ပဲ ဖြစ်ချင်မှာပါ။ အချစ်စစ်နဲ့ ချစ်တဲ့ချစ်သူတွေကြားမှာကတော့ တစ်ယောက် မရှိရင် ကျန်တစ်ယောက်က အဆင်မပြေတာမျိုးကတော့ အလိုလို ဖြစ်သွားတတ်ပါတယ်။ အခု Marry ပြောပြပေးချင်တာကတော့ နှစ်ကိုယ့်တစ်စိတ် ချစ်သူတွေကြားထဲမှာ ခံစားရမယ့်အရာလေးတွေ အကြောင်းပါ။ ချစ်သူလေးနဲ့ ဝေးနေတဲ့အချိန်မှာ ဘယ်လိုလေးတွေ ခံစားနေရမလဲ ဆိုတာကိုလည်း ပြောပြထားပါတယ်နော်။

 

စိတ်ချင်းဆက်နေတယ်

ချစ်သူတွေကြားက စိတ်ချင်း ဆက်သွယ်မှု ဆိုတဲ့အတိုင်းပါပဲ။ နှစ်ကိုယ့်တစ်စိတ် ချစ်သူတွေဆိုတာ တစ်ယောက်ရှိမှ ကျန်တစ်ယောက်က ပြည့်စုံသွားရတာမျိုးပဲ ဖြစ်ပါတယ်။ တစ်ယောက်က တစ်ခုခု လိုတယ်ဆိုရင် ပါးစပ်က ထုတ်မပြောရသေးခင်မှာ ကျန်တစ်ယောက်က အလိုလို သိပြီး ဖြည့်ဆည်းပေးတာမျိုးတွေပါ။ စိတ်ချင်းဆက်နေတာ ဖြစ်တဲ့အတွက် ပြောစရာတောင် မလိုတော့တာမျိုးပါ။ တစ်ခုခု ဆိုရင်လည်း သူလုပ်တဲ့အချိန်မှာ ကိုယ်လည်း တစ်ချိန်တည်း လိုက်လုပ်မိနေတာမျိုးပါ။ ဖုန်းတစ်ပြိုင်တည်း ခေါ်နေမိတာတို့ စာကို အတူတူ ပို့မိတာမျိုးတို့ပါ။

သူပျော်အောင်ပဲ လုပ်ပေးချင်မိတယ်

သိပ်ချစ်တဲ့ချစ်သူတွေဆိုတာ တစ်ယောက်တည်း နေလို့ မရပါဘူး။ နေလို့ မရတာထက် မနေနိုင်တာမျိုးပါ။ ချစ်တဲ့ချစ်သူလေး အနားမှာပဲ နေပြီး ချစ်သူလေး ပျော်နေအောင်ပဲ လုပ်ပေးချင်နေတာမျိုးပါ။ ချစ်သူလေး ပျော်မယ်ဆိုရင် ဘာနေနေ လုပ်မယ်ဆိုတာကတော့ သူပျော်မှ ကိုယ်ပျော်ရတဲ့ခံစားချက်တွေ ပြည့်နေတဲ့အတွက်မို့လို့ပါ။ ပြီးတော့လည်း နှစ်ယောက်ပေါင်းမှ အဆင်ပြေသွားတာမျိုးကြောင့် ချစ်သူလေး အနားကနေ မခွါနိုင်ဘဲ ချစ်သူနဲ့မှ၊ ချစ်သူနဲ့ပဲ ဆိုတဲ့စိတ်ကလေးတွေ များလာတတ်ပါတယ်။

 

နှစ်ကိုယ့်တစ်စိတ်ဖြစ်နေတဲ့ချစ်သူလေးကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ တန်ဖိုး ထားပြီး သူချစ်ပေးတဲ့အချစ်တွေကို အသိအမှတ် ပြုပေးဖို့ မမေ့ဘဲ အချိန်ကြာလေ ပိုချစ်လေဖြစ်တဲ့ချစ်သူစုံတွဲလေး အဖြစ် နေရာယူလိုက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။