အချစ်နှင့်ဘဝ

ချစ်ရသူနဲ့ အမြဲမခွဲ လက်တွဲသွားချင်တယ်ဆိုရင် ဒီအချက် (၅) ချက်ကို လိုက်နာပါ

ချစ်ရသူနဲ့ အမြဲမခွဲ လက်တွဲသွားချင်တယ်ဆိုရင် ဒီအချက် (၅) ချက်ကို လိုက်နာပါ

ကိုယ့်ချစ်ရသူနဲ့ တစ်သက်လုံး လက်တွဲပြီး ဘ၀ခရီးလမ်းကို အတူလျှောက်လှမ်းချင်ပါသလား။ နှစ်ဦးသား လိုက်နာရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဒီအချက်လေးတွေက သင်တို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ပိုနားလည်လာအောင်၊ သံယောဇဉ်ပိုရှိလာအောင် ကူညီပံ့ပိုးပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။

၁။ ဖြေးဖြေးချင်း ရှေ့ဆက်ပါ။

စိတ်မြန်၊ လက်မြန် ဘယ်အရာကိုမှ မလုပ်မိပါစေနဲ့။တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိအောင် ကြိုးစားဖို့ဆို ဘယ်အရာကိုမှ အလျှင်စလို လုပ်စရာမလိုပါဘူး။ တစ်ဆင့်ချင်းသွားပါ။ အတူနေဖို့၊ ချစ်တင်းနှီးနှောဖို့ ကိစ္စတွေကအစ ရည်းစားဖြစ်ပြီးပြီးချင်း လုပ်ဆောင်သင့်တဲ့အရာတွေ မဟုတ်ပါဘူး။ အားလုံးကို တစ်ဆင့်ချင်း လုပ်ဆောင်သွားပါ။ အချိန်ယူပါ။

၂။ သင်လိုအပ်တာက ဘာဆိုတာ ပြောပြပါ။

နှစ်ဦးသား နှစ်ရှည်လများ လက်တွဲသွားကြဖို့ဆိုရင် တစ်ယောက် လိုအပ်ချက်ကို တစ်ယောက် သေချာသိမှ ဖြစ်မှာပါ။ တစ်ခါတစ်လေ တစ်ယောက်ရဲ့အကြိုက်ကိုချည်း တစ်ယောက်က လိုက်ပေးနေရင် အဲ့ဒီ တစ်ယောက်ရဲ့စိတ်ခံစားချက်က တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ကိုယ်ခံစားရတာဘာဆိုတာတော့ ကိုယ့်ချစ်သူ သိထားမှ ဖြစ်မှာပါ။ ဒီလိုဆိုရင် သူလည်း နားလည်သွားလိမ့်မယ်။ စိတ်ထဲမှာပဲ အရာအားလုံးကို ထည့်မထားပဲ ကိုယ့်ချစ်သူကို ကိုယ့်ခံစားချက်၊ ကိုယ့်လိုအပ်ချက် စတာတွေကို ဖွင့်ပြောပြီး ပေးသိလိုက်ပါ။

၃။ သင့်သူငယ်ချင်း၊ မိသားစု၊ အလုပ်နဲ့ ၀ါသနာကို မေ့မထားပါနဲ့။

ကိုယ့်ချစ်သူနဲ့ နှစ်ဦး အမြဲတမ်းရှိနေတာမျိုး လိုချင်တတ်ကြတာ မမှားပါဘူး။ ဒါပေမယ့် ကိုယ့်ချစ်သူအပြင် ကိုယ့်ဘ၀အတွက် အခြားအရေးကြီးတဲ့ အရာတွေကိုလည်း မေ့မထားလိုက်ပါနဲ့။ အထူးသဖြင့် သူငယ်ချင်းတွေနဲ့ အတူမျောဖို့၊ မိသားစုကို အချိန်ပေးနိုင်ဖို့၊ ကိုယ့်အလုပ်အတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေ လေ့လာဆည်းဖူးဖို့၊ ကိုယ်ဝါသနာပါတဲ့ အရာလေးတွေကို ပုံမှန်ဆောင်ရွက်ဖို့ဟာ သင့်ဘ၀အတွက် အရေးကြီးပါတယ်။

၎။ တစ်ယောက်တည်းအချိန်လေးတွေ ဖန်တီးပါ။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အချိန် တစ်ယောက်တည်း သွားလုပ်လိုက်တာမျိုးက တစ်ယောက်တည်းအချိန်လေးတွေ ဖန်တီးဖို့ ကောင်းတာပါပဲ။ အရာရာတိုင်း ချစ်သူနဲ့အတူ တတွဲတွဲဆောင်ရွက်နေတာမျိုးချည်း မလုပ်ပါနဲ့။ တကယ်တော့ ကိုယ့်ကိုယ်ကို နားလည်အောင် ကြိုးစားဖို့၊ စိတ်တွေရှုပ်လာရင် ကိုယ့်ကိုယ်ကို ပြန်အားပေးဖို့၊ အနာဂတ်လမ်းခရီးကို စီမံခန့်ခွဲဖို့ တစ်ယောက်တည်းအချိန်ဆိုတာ လိုကိုလိုအပ်ပါတယ်။

၅။ နိုး ဆိုပြီး ငြင်းဆိုဖို့လည်း မတွန့်ဆုတ်ပါနဲ့။

တကယ်လို့ ကိုယ့်ချစ်သူက ကိုယ့်ကို တောင်းဆိုလာတဲ့ အရာကို ကိုယ်လုံးဝလက်မခံနိုင်ဘူးဆိုရင် နိုး ဆိုပြီး ငြင်းလိုက်ပါ။ ဆုံးဖြတ်ချက်ချတဲ့အပိုင်းကိုလည်း နှစ်ဦးသဘောတူ ချနိုင်ဖို့သာ ကြိုးစားပါ။

Ref:yourtango