ဘယ္ေလာက္ေဝးေဝးေရစက္႐ွိတဲ့သူေတြကကိုယ့္အနား အလိုလို ေရာက္လာမွာပဲ….
ဘယ္ေလာက္ေဝးေဝးေရစက္႐ွိတဲ့သူေတြကကိုယ့္အနား အလိုလို ေရာက္လာမွာပဲ….
ဘယ္ေလာက္နီးနီးေရစက္ကုန္သြားတဲ့ သူေတြကေတာ့ခြဲၾကရဦးမယ္….
ဘဝဆိုတာ…အရာရာစိတ္တိုင္းက်ေတာ့ မျဖစ္ႏိုင္ဘူး…
စိတ္မပ်က္ပါနဲ႔….ဒုကၡဆိုတာ႐ွိလို႔ သုခအမွန္႐ွာရင္းနဲ႔သစၥာကို ႐ွာေတြ႕သြားၾကတာပဲမဟုတ္လား…
ေလာကနိယာမေတြက႐ိုး႐ိုးေလးေတြးရင္႐ွင္း႐ွင္းေလးေပၚလာတယ္….
ဆုံလာၾကသမွ် တစ္ေန႔ခြဲရမယ္…ျဖစ္လာတာမွန္သမွ် တစ္ေန႔ပ်က္ရမယ္..
အေႏွးနဲ႔ အျမန္ပဲ…ဆြဲထားလို႔ ရရင္ေတာင္ ခဏပါပဲ….
ဘာကိုမွ တရားေသစြဲမထားတဲ့သူဟာလြတ္လပ္တယ္….
ဘာကိုမွဆုပ္ကိုင္ မထားတဲ့သူဟာေပါ့ပါးတယ္…
အလိုက္သင့္ေလးေနတတ္တဲ့ သူဟာၿငိမ္းခ်မ္းပါလိမ့္မယ္….
ဘာပဲျဖစ္ျဖစ္ပါ…လက္႐ွိေတြးေနတဲ့အေတြးကိုေကာင္းေအာင္ေတြး
လက္႐ွိလုပ္ေနတဲ့အလုပ္ကိုအေကာင္းဆုံးလုပ္
လက္႐ွိေတြ႕ေနတဲ့သူကိုအေကာင္းဆုံးဆက္ဆံ
လက္႐ွိအခ်ိန္ေလးကိုပဲအေကာင္းဆုံး တတ္ႏိုင္သေလာက္ဂ႐ုစိုက္ေနရင္ ရပါၿပီ….
ဒါ ကိုယ့္အနာဂါတ္အတြက္အေကာင္းဆုံး အရင္းအႏွီး ျဖစ္လာပါလိမ့္မယ္….
ၿငိမ္းေအး၊လြတ္လပ္ေသာဘဝမ်ား…ပိုင္ဆိုင္ႏိုင္ၾကပါေစ…။
Nan Kyawt Shwe Su

Credit
Unicode
ဘယ်လောက်ဝေးဝေးရေစက်ရှိတဲ့သူတွေကကိုယ့်အနား အလိုလို ရောက်လာမှာပဲ….
ဘယ်လောက်ဝေးဝေးရေစက်ရှိတဲ့သူတွေကကိုယ့်အနား အလိုလို ရောက်လာမှာပဲ….
ဘယ်လောက်နီးနီးရေစက်ကုန်သွားတဲ့ သူတွေကတော့ခွဲကြရဦးမယ်….
ဘဝဆိုတာ…အရာရာစိတ်တိုင်းကျတော့ မဖြစ်နိုင်ဘူး…
စိတ်မပျက်ပါနဲ့….ဒုက္ခဆိုတာရှိလို့ သုခအမှန်ရှာရင်းနဲ့သစ္စာကို ရှာတွေ့သွားကြတာပဲမဟုတ်လား…
လောကနိယာမတွေကရိုးရိုးလေးတွေးရင်ရှင်းရှင်းလေးပေါ်လာတယ်….
ဆုံလာကြသမျှ တစ်နေ့ခွဲရမယ်…ဖြစ်လာတာမှန်သမျှ တစ်နေ့ပျက်ရမယ်..
အနှေးနဲ့ အမြန်ပဲ…ဆွဲထားလို့ ရရင်တောင် ခဏပါပဲ….
ဘာကိုမှ တရားသေစွဲမထားတဲ့သူဟာလွတ်လပ်တယ်….
ဘာကိုမှဆုပ်ကိုင် မထားတဲ့သူဟာပေါ့ပါးတယ်…
အလိုက်သင့်လေးနေတတ်တဲ့ သူဟာငြိမ်းချမ်းပါလိမ့်မယ်….
ဘာပဲဖြစ်ဖြစ်ပါ…လက်ရှိတွေးနေတဲ့အတွေးကိုကောင်းအောင်တွေး
လက်ရှိလုပ်နေတဲ့အလုပ်ကိုအကောင်းဆုံးလုပ်
လက်ရှိတွေ့နေတဲ့သူကိုအကောင်းဆုံးဆက်ဆံ
လက်ရှိအချိန်လေးကိုပဲအကောင်းဆုံး တတ်နိုင်သလောက်ဂရုစိုက်နေရင် ရပါပြီ….
ဒါ ကိုယ့်အနာဂါတ်အတွက်အကောင်းဆုံး အရင်းအနှီး ဖြစ်လာပါလိမ့်မယ်….
ငြိမ်းအေး၊လွတ်လပ်သောဘဝများ…ပိုင်ဆိုင်နိုင်ကြပါစေ…။
Nan Kyawt Shwe Su
Credit




