အခ်စ္နွင့္ဘဝ

လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်(၁၃)ချက်…

လူတစ္ေယာက္ကိုတကယ္ခ်စ္တဲ့အခါ ၿဖစ္ေပၚလာတဲ့ ခံစားခ်က္(၁၃)ခ်က္…

(၁) မနက္မိုးလင္းလို ့ မ်က္စိႏွစ္လံုး ဖြင့္လိုက္တာနဲ႔ သူ ့မ်က္ႏွာေလးကို အရင္ဦးဆံုး ၿမင္ေယာင္တတ္တယ္ …။

(၂) ဖုန္း Ringtone သံၾကားတိုင္း၊ မက္ေဆ့ တစ္ခု၀င္တိုင္း သူမ်ားလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ ဖုန္းကို ကမမ္းကတမ္း ဖြင့္ၾကည့္တတ္တယ္ …။(သူမဟုတ္ဘူးဆိုတာ သိလိုက္ရရင္ စိတ္ထဲမွာ အလိုလို ၀မ္းနည္းသြားတယ္ )

(၃) သူနဲ ့စိတ္ဆိုး စိတ္ေကာက္တဲ့ အခ်ိန္ေတြမွာ ထမင္းစားလို႔ မ်ဳိခ်ရင္ေတာင္ ရင္ထဲမွာဆို႔ေနတတ္ပါတယ္ …။

(၄) ဘယ္ေလာက္ပဲ စိတ္ညစ္စရာေတြ နဲ ့ၾကံၾကဳံ ဘယ္လို အခက္အခဲေတြပဲရွိရွိ သူ႕ရဲ႕ အားေပးႏွစ္သိမ့္တဲ့ စကားကို ၾကားလိုက္ရရင္ အနည္းနဲ႔ အမ်ားေတာ့ စိတ္သက္သာရာ ရသြားတတ္တယ္ …။

(၅) တိုက္ဆိုင္မွုတစ္ခုခုရွိတိုင္း (သူနဲ႔ အတူတူသြားခဲ့ဖူးတဲ့ ေနရာေတြ ေရာက္တိုင္း၊ သူၾကဳိက္တတ္တဲ့ အစားအစာတစ္ခု စားတိုင္း ) သူ ့ကို အရင္က ထက္ပိုၿပီး သတိရသြားတတ္ပါတယ္ …။

(၆) သူ႕ဆီက ဖုန္း၊ မက္ေဆ့ တစ္ခုခုလာမလားဆုိတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ ့ ဖုန္းကို မၾကာခဏ ဖြင့္ၾကည့္မိတတ္တယ္ …။

(၇) သူ ့ကို ဖုန္းဆက္လို႔ သူ ့ဘက္က ဖုန္းခ်လိုက္တဲ့ အခါမ်ဳိး၊ မအားေသးတဲ့အခါမ်ဳိး၊ စက္ပိတ္ထားတဲ့ အခါမ်ဳိးမွာ ဆိုရင္ ရင္ကို မီးစနဲ႔ ထိုးလုိက္သလို ထိုင္မရ ထမရ ၿဖစ္လို႔ေနတတ္တယ္ …။

(၈) သူနဲ႔ မေတြ ့ရလို႔ သူ႕ကိုလြမ္းတဲ့အခါတိုင္း သူနဲ႔ပို ့ခဲ့တဲ့ မက္ေဆ့အေဟာင္းေတြကို ၿပန္ဖတ္ၿပီး အရူးတစ္ေယာက္လို ရယ္ခဲ့ ၿပဳံးခဲ့ဖူးပါတယ္ …။

(၉) သူ ့မ်က္ႏွာ ညွဳိးေနတာကို မၿမင္ခ်င္ဘူး ၊ သူအခ်ိန္တိုင္း ေပ်ာ္ရႊင္ေနတာကိုပဲ ၿမင္ခ်င္တယ္ …။

(၁၀) သူ ့ဘက္ကအမွားတစ္ခု လုပ္မိလို႔ ကိုယ့္ဘက္က စိတ္ဆိုးသြားတဲ့အခါမ်ဳိးမွာ သူကေတာင္းပန္လိုက္ရင္ ကိုယ့္စိတ္က အလိုလို ညြတ္သြားတယ္ ၊ ၾကာၾကာ စိတ္မဆိုးႏုိင္ဘူး …။

(၁၁) သူက တစ္ၿခားသူေတြအေပၚမွာ လိုတာထက္ပိုၿပီး ရင္းရင္းႏွီးႏွီးနဲ႔ ဆက္ဆံတာၿမင္ရင္ အရမ္းသ၀န္တိုလာတယ္ …။

(၁၂) ညဘက္ေရာက္လို႔ သူ ့ဆီက Good Night ဆိုတဲ့ မက္ေဆ့ေလးမွ မပို ့ဘူးဆိုရင္ အိပ္မေပ်ာ္တဲ့အထိ ၿဖစ္လာတယ္ …။

(၁၃) အခု ဒီစာကို ဖတ္ေနတဲ့ အခ်ိန္မွာ သင္သူ႕အေၾကာင္းကို ေတြးေနတယ္ …။

အဲဒါဆိုရင္ေတာ့ ေသခ်ာၿပီ ၊ သင့္ သူ့ကို ၿမတ္ၿမတ္ႏုိးႏုိးနဲ့ တကယ္ ခ်စ္မိသြားပါၿပီ …။ ။

MC Zin Jay Shin(ႏွလံုးသားစာေပ)

Unicode

လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်(၁၃)ချက်…

(၁) မနက်မိုးလင်းလို ့ မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ သူ ့မျက်နှာလေးကို အရင်ဦးဆုံး မြင်ယောင်တတ်တယ် …။

(၂) ဖုန်း Ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် …။(သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ဝမ်းနည်းသွားတယ် )

(၃) သူနဲ ့စိတ်ဆိုး စိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်ပါတယ် …။

(၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ နဲ ့ကြံကြုံ ဘယ်လို အခက်အခဲတွေပဲရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရသွားတတ်တယ် …။

(၅) တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့ အတူတူသွားခဲ့ဖူးတဲ့ နေရာတွေ ရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာတစ်ခု စားတိုင်း ) သူ ့ကို အရင်က ထက်ပိုပြီး သတိရသွားတတ်ပါတယ် …။

(၆) သူ့ဆီက ဖုန်း၊ မက်ဆေ့ တစ်ခုခုလာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ ့ ဖုန်းကို မကြာခဏ ဖွင့်ကြည့်မိတတ်တယ် …။

(၇) သူ ့ကို ဖုန်းဆက်လို့ သူ ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး၊ မအားသေးတဲ့အခါမျိုး၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာ ဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက်သလို ထိုင်မရ ထမရ ဖြစ်လို့နေတတ်တယ် …။

(၈) သူနဲ့ မတွေ ့ရလို့ သူ့ကိုလွမ်းတဲ့အခါတိုင်း သူနဲ့ပို ့ခဲ့တဲ့ မက်ဆေ့အဟောင်းတွေကို ပြန်ဖတ်ပြီး အရူးတစ်ယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးပါတယ် …။

(၉) သူ ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး ၊ သူအချိန်တိုင်း ပျော်ရွှင်နေတာကိုပဲ မြင်ချင်တယ် …။

(၁၀) သူ ့ဘက်ကအမှားတစ်ခု လုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့အခါမျိုးမှာ သူကတောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလို ညွတ်သွားတယ် ၊ ကြာကြာ စိတ်မဆိုးနိုင်ဘူး …။

(၁၁) သူက တစ်ခြားသူတွေအပေါ်မှာ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံတာမြင်ရင် အရမ်းသဝန်တိုလာတယ် …။

(၁၂) ညဘက်ရောက်လို့ သူ ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို ့ဘူးဆိုရင် အိပ်မပျော်တဲ့အထိ ဖြစ်လာတယ် …။

(၁၃) အခု ဒီစာကို ဖတ်နေတဲ့ အချိန်မှာ သင်သူ့အကြောင်းကို တွေးနေတယ် …။

အဲဒါဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ်နိုးနိုးနဲ့ တကယ် ချစ်မိသွားပါပြီ …။ ။

MC Zin Jay Shin(နှလုံးသားစာပေ)