ဗေဒင်

December Born လေးတွေရဲ့ ထူးခြားတဲ့ အကျင့်စရိုက်(၄)မျိုး

December ဆိုတာနဲ့ အေးစိမ့်စိမ့်ရာသီဥတုလေးရယ် Christmas ရယ် New Year ရယ်က အထင်ကရတွေပါပဲ။

အခုပြောပြမှာကတော့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလလဲ ဖြစ်တဲ့ December Born လေးတွေရဲ့ အကျင့်စရိုက်လေးတွေပဲ ဖြစ်ပါတယ်။

(၁)December Born လေးတွေက မွေးရာပါ ဆရာကြီးတွေပဲနော်။ သူတို့သိထားတဲ့ ဗဟုသုတတွေ၊ အကြောင်းအရာတွေကို ဝေမျှပေးဖို့ ဝန်မလေးသလို အရမ်းကို ကူညီတက်ကြပါတယ်။

လူတွေရဲ့ အကောင်းဆုံးတွေပဲ မြင်တက်ပြီး အမြဲလိုအပ်တိုင်း အဆင်သင့်ရှိတက်ကြပါတယ်။

(၂)အရိုးသားဆုံးလူတွေကို December မှာမွေးတယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချခဲ့ပါတယ်။

လိမ်တာညာတာတွေ၊ မဟုတ်မမှန်ပြောတာတွေကို အရမ်းမုန်းပြီး ဘယ်နေရာမှာမဆို မှန်မှန်ကန်ကန်ပဲ နေတက်ကြပါတယ်နော်။

(၃)ပွဲတိုင်းကျော်လေးတွေကလဲ December Born လေးတွေနော်။ ကပွဲတွေ၊ အားကစားတွေ၊ ပရဟိတတွေမှာ အမြဲတက်တက်ကြွကြွနဲ့

စိတ်ရောကိုယ်ပါ ဆင်နွှဲတက်တာလဲ သူတို့ပါပဲ။ အမြဲတက်ကြွပြီး လန်းဆန်းနေတက်ကြတာပါတဲ့။

(၄)ဘယ်အရာမဆို ဦးဆောင်နိုင်ပြီး ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေလဲ ဖြစ်ကြပါတယ်။

အသင်းအဖွဲ့တွေကို ဦးဆောင်ရတာ ကြိုက်ပြီး အမြဲနောက်လူတွေကို စာနာကူညီတက်ကြတဲ့ December born လေးတွေနော်။

TPS

Zawgyi,












TPS