ဗောက်ထ တာဟာ သိပ်ကို စိတ်ညစ်စရာကောင်းလွန်းပါတယ်။ ဆောင်းရာသီမှာမှမဟုတ်ဘဲ ရာသီမရွေးဗောက်ထတတ်တဲ့သူတွေလည်းရှိပါတယ်။
တစ်ချို့ကတော့ အသားအရေ ခြောက်သွေ့လို့ ဗောက်ထကြပြီး တစ်ချို့ကလည်း ခေါင်းလျှော်ရည်နဲ့ မတည့်တာကြောင့် ဗောက်ထကြပါတယ်။
နွေရာသီမှာ ချွေးထွက်များပြီး ဦးရေပြားယားယံကာ ဗောက်ထကြပါတယ်။ ခေါင်းလျှော်ရည်နဲ့ မတည့်တာမျိုးဆိုရင်တော့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးပေးသင့်ပါတယ်။
ဒါပေမယ့် ဈေးကွက်ထဲမှာ ရရှိနေတဲ့ ဗောက်ပျောက် ခေါင်းလျှော်ရည်တွေက သင်နဲ့ မတည့်ဘူးဆိုရင်တော့ သဘာဝနည်းလမ်းလေးကို မျှဝေပေးပါမယ်။
၁။ လက်ဖက်ဆီ (Tea Oil) ထည့်ပါ။
သင်လျှော်မယ့် ခေါင်းလျှော်ရည်ထဲ မှာ လက်ဖက်ဆီ ၂ စက် ၃ စက်လောက်ထည့်ပြီး ဦးရေပြားမှာ ၁ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးမှ ခေါင်းလျှော်ပေးပါ။
တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် ဗောက်ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။
၂။ မှုန့်ဖုတ်ဆိုဒါ (Baking Soda) နဲ့ ခေါင်းလျှော်ပါ။
အရင်ဆုံး ခေါင်းကို ရေစိုအောင်လုပ်ပြီး မှုန့်ဖုတ်ဆိုဒါ ကို ဦးရေပြားပေါ်လိမ်းပေးကာ သေချာနှိပ်ပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီမှ ခေါင်းလျှော်ချလိုက်ပါ။
၃။ ပန်းသီးရှလကာရည် (Apple Cider Vinegar)
ပန်းသီးရှလကာရည်ကို စပရေးဘူးထဲထည့်ပါ။ ပြီးရင်ေ ရ၃ ပုံ ၁ ပုံလောက်ရောပြီး ဦးရေပြားနဲ့ ယားယံနေတဲ့နေရာကို ဖြန်းပေးပါ။ ပြီးရင် ၄၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။
တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။
၄။ ပါးစပ်ဆေးတဲ့ဆေးရည် (Mouthwash)
Alcohol ပါဝင်မှုများတဲ့ ပါးစပ် ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး ခေါင်းလျှော်ရည်နဲ့ ခေါင်းအရင်လျှော်ပြီး ခေါင်းလျှော်ရည်ထည့်ပါ။ ပြီးရင် Mouthwash ထည့်ပါ။
အဲဒီနောက် ရေဆေးချပြီး ပေါင်းဆေးထည့်ပါ။ တစ်ပတ်ကို ၃ ကြိမ် နဲ့ ၁ လတိတိလုပ်ပေးပါ။
၅။ အုန်းဆီ
အုန်းဆီကို ခေါင်းမလျှော်ခင်မှာ လက်ဖက်ရည်ဇွန်း ၅ ဇွန်းစာလောက်ကို ဦးရေပြားပေါ်လိမ်းပေးပြီး ၁ နာရီလော်ကထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။
တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။ ၂ ပတ်တိတိလုပ်ပေးပါ။
၆။ သံပုရာရည် (သို့) သံပုယိုရည်
လတ်ဆတ်တဲ့ သံပုရာသီး (သို့) သံပုယိုသီးကို သုံးပေးပါ။ ပြီးရင် ပါးပါးလှီးပြီး ဦးရေပြားပေါ် အရည်ညှစ်ချကာ ပွတ်လိမ်းပေးပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပေးပါ။
၇။ ဆားကိုသုံးမယ်
ဆားကို ဦးရေပြားပေါ် ဖြန်းပေးပြီး ၅ မိနစ်လေက် ပွတ်လိမ်းပေးပါ။ပြီးရင် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။
၈။ ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက်ကိုယူပြီး အလည်ကနေခွဲကာ ဦးရေပြားပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ခေါင်းလျှာ်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပေးပါ။
သင်ခေါင်းလျှော်တိုင်းလုပ်ပေးလို့ရပါတယ်။
Mystylemyanmar
Zawgyi
ေဗာက္ထ တာဟာ သိပ္ကို စိတ္ညစ္စရာေကာင္းလြန္းပါတယ္။ ေဆာင္းရာသီမွာမွမဟုတ္ဘဲ ရာသီမေရြးေဗာက္ထတတ္တဲ့သူေတြလည္းရွိပါတယ္။
တစ္ခ်ိဳ႕ကေတာ့ အသားအေရ ေျခာက္ေသြ႕လို႔ ေဗာက္ထၾကၿပီး တစ္ခ်ိဳ႕ကလည္း ေခါင္းေလၽွာ္ရည္နဲ႔ မတည့္တာေၾကာင့္ ေဗာက္ထၾကပါတယ္။
ေႏြရာသီမွာ ေခၽြးထြက္မ်ားၿပီး ဦးေရျပားယားယံကာ ေဗာက္ထၾကပါတယ္။ ေခါင္းေလၽွာ္ရည္နဲ႔ မတည့္တာမ်ိဳးဆိုရင္ေတာ့ ေခါင္းေလၽွာ္ရည္ကို ေျပာင္းသုံးေပးသင့္ပါတယ္။
ဒါေပမယ့္ ေဈးကြက္ထဲမွာ ရရွိေနတဲ့ ေဗာက္ေပ်ာက္ ေခါင္းေလၽွာ္ရည္ေတြက သင္နဲ႔ မတည့္ဘူးဆိုရင္ေတာ့ သဘာဝနည္းလမ္းေလးကို မၽွေဝေပးပါမယ္။
၁။ လက္ဖက္ဆီ (Tea Oil) ထည့္ပါ။
သင္ေလၽွာ္မယ့္ ေခါင္းေလၽွာ္ရည္ထဲ မွာ လက္ဖက္ဆီ ၂ စက္ ၃ စက္ေလာက္ထည့္ၿပီး ဦးေရျပားမွာ ၁ မိနစ္ေလာက္ ႏွိပ္နယ္ေပးပါ။ ၿပီးမွ ေခါင္းေလၽွာ္ေပးပါ။
တစ္ပတ္ကို ၃ ႀကိမ္ေလာက္လုပ္ေပးပါ။ ၁ လေလာက္ဆိုရင္ ေဗာက္ျပႆနာကို ေျဖရွင္းၿပီးသားျဖစ္သြားပါလိမ္႔မယ္။
၂။ မႈန႔္ဖုတ္ဆိုဒါ (Baking Soda) နဲ႔ ေခါင္းေလၽွာ္ပါ။
အရင္ဆုံး ေခါင္းကို ေရစိုေအာင္လုပ္ၿပီး မႈန႔္ဖုတ္ဆိုဒါ ကို ဦးေရျပားေပၚလိမ္းေပးကာ ေသခ်ာႏွိပ္ေပးပါ။ ၿပီးရင္ ၁၀ မိနစ္ေလာက္ထားၿပီမွ ေခါင္းေလၽွာ္ခ်လိုက္ပါ။
၃။ ပန္းသီးရွလကာရည္ (Apple Cider Vinegar)
ပန္းသီးရွလကာရည္ကို စပေရးဘူးထဲထည့္ပါ။ ၿပီးရင္ေ ရ၃ ပုံ ၁ ပုံေလာက္ေရာၿပီး ဦးေရျပားနဲ႔ ယားယံေနတဲ့ေနရာကို ျဖန္းေပးပါ။ ၿပီးရင္ ၄၅ မိနစ္ေလာက္ထားၿပီး ေခါင္းေလၽွာ္ခ်လိုက္ပါ။
တစ္ပတ္ကို ၂ ႀကိမ္လုပ္ေပးပါ။
၄။ ပါးစပ္ေဆးတဲ့ေဆးရည္ (Mouthwash)
Alcohol ပါဝင္မႈမ်ားတဲ့ ပါးစပ္ ေဆးရည္ကို အသုံးျပဳနိုင္ပါတယ္။ အရင္ဆုံး ေခါင္းေလၽွာ္ရည္နဲ႔ ေခါင္းအရင္ေလၽွာ္ၿပီး ေခါင္းေလၽွာ္ရည္ထည့္ပါ။ ၿပီးရင္ Mouthwash ထည့္ပါ။
အဲဒီေနာက္ ေရေဆးခ်ၿပီး ေပါင္းေဆးထည့္ပါ။ တစ္ပတ္ကို ၃ ႀကိမ္ နဲ႔ ၁ လတိတိလုပ္ေပးပါ။
၅။ အုန္းဆီ
အုန္းဆီကို ေခါင္းမေလၽွာ္ခင္မွာ လက္ဖက္ရည္ဇြန္း ၅ ဇြန္းစာေလာက္ကို ဦးေရျပားေပၚလိမ္းေပးၿပီး ၁ နာရီေလာ္ကထားပါ။ ၿပီးရင္ ေခါင္းေလၽွာ္ရည္ ေပါင္းေဆးတို႔နဲ႔ ေခါင္းေလၽွာ္ခ်ပါ။
တစ္ပတ္ကို ၃ ႀကိမ္လုပ္ပါ။ ၂ ပတ္တိတိလုပ္ေပးပါ။
၆။ သံပုရာရည္ (သို႔) သံပုယိုရည္
လတ္ဆတ္တဲ့ သံပုရာသီး (သို႔) သံပုယိုသီးကို သုံးေပးပါ။ ၿပီးရင္ ပါးပါးလွီးၿပီး ဦးေရျပားေပၚ အရည္ညႇစ္ခ်ကာ ပြတ္လိမ္းေပးပါ။ ၿပီးရင္ ေခါင္းေလၽွာ္ရည္ ေပါင္းေဆးတို႔နဲ႔ ေခါင္းေလၽွာ္ခ်ေပးပါ။
၇။ ဆားကိုသုံးမယ္
ဆားကို ဦးေရျပားေပၚ ျဖန္းေပးၿပီး ၅ မိနစ္ေလက္ ပြတ္လိမ္းေပးပါ။ၿပီးရင္ ေခါင္းေလၽွာ္ရည္နဲ႔ ေခါင္းေလၽွာ္ခ်ေပးပါ။ တစ္ပတ္ကို ၂ ႀကိမ္လုပ္ေပးပါ။
၈။ ရွားေစာင္းလက္ပက္
ရွားေစာင္းလက္ပက္ကိုယူၿပီး အလည္ကေနခြဲကာ ဦးေရျပားေပၚမွာ လိမ္းေပးပါ။ ၿပီးရင္ ၅ မိနစ္ေလာက္ထားၿပီး ေခါင္းလၽွာ္ရည္ ေပါင္းေဆးတို႔နဲ႔ ေခါင္းေလၽွာ္ခ်ေပးပါ။
သင္ေခါင္းေလၽွာ္တိုင္းလုပ္ေပးလို႔ရပါတယ္။
Mystylemyanmar