ၾကားသိရသမွ်

ရှာစုခဲ့သမျှငွေ မိန်းမကို ယုံပြီး အပ်ခဲ့တဲ့ ယောက်ကျား ကားဝယ်တော့မယ် ဆိုမှ ရင်ကွဲပက်လက် ဖြစ်ခဲ့ရတဲ့အဖြစ်













ကျော်ကျော်(သန်လျင်)

Unicode

ရှာစုခဲ့သမျှငွေ မိန်းမကို ယုံပြီး အပ်ခဲ့တဲ့ ယောက်ကျား ကားဝယ်တော့မယ် ဆိုမှ ရင်ကွဲပက်လက် ဖြစ်ခဲ့ရ

လိမ်လည်တိုင်တန်းထားသည့် အမှု

နိုဝင်ဘာလ(၂၁)ရက်နေ့ မနက် (၁)နာရီအချိန်ခန့်ကတောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အမှုထမ်းရပ်ကွက်တွင်နေအိမ်ထဲ၌သားအမိနှစ်ယောက်ထဲရှိနေစဉ်အမည်မသိအမျိုးသား(၁)ဦးမျက်နှာကိုပုဆိုးအုပ်စည်းလျက်အရိုးအသွား(၆)လက်မခန့် ဓားဦးချွန်ကိုင်ဆောင်ကာခြိမ်းခြောက်၍ရွှေ/ငွေတန်ဖိုးခန့်(၉၄၀၀၀၀၀)ကျပ်ခန့်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ(၂၁)ရက်နေ့မနက်(၁)နာရီအချိန်ခန့်ကတရားလိုဖြစ်သူ ဒေါ်သန်းသန်းဝေ(၄၇)နှစ်(ဘ)ဦးသံချောင်း သစ်တောလမ်းသွယ်(၁)၊အမှုထမ်းရပ်ကွက်၊ သန်လျင်မြို့နေသူသည် ၎င်း၏နေအိမ်၌ သမီးဖြစ်သူမအေးမြတ်သူ(၈)နှစ်နှင့်အတူနေအိမ်ရှေ့ခန်းတွင် –

ကာတွန်ကားထိုင်ကြည့်နေစဉ်သမီးဖြစ်သူမှဗိုက်ဆာသည်ဆိုသဖြင့် အိမ်ရှေ့တံခါးဖွင့်ပြီးလက်ဆေး၍ တံခါးဂျက်အားဂျက်မထိုးပဲဟထားကာ ထမင်းကျွေးပြီးသမီးဖြစ်သူမှထမင်းစားပြီးအိပ်မည်ပြောသောကြောင့်ခြင်ထောင်ထောင်ပေးနေစဉ်

နေအိမ်ရှေ့တံခါးအားတွန်းဖွင့်သံကြား၍ကြည့်လိုက်ရာနေအိမ်ထဲသို့မျက်နှာပုဆိုးဖြင့်အုပ်စည်းထားသောအမည်မသိအမျိုးသားတစ်ဦးဝင်လာပြီး၎င်းလက်ထဲတွင်အရိုးအသွား (၆) လက်မခန့်ဓားဦးချွန်တစ်ချောင်းကိုင်ထားကာ –

တရားလိုဖြစ်သူအား”ပိုက်ဆံပေး”ဟုတောင်းခံရာတရားလိုမှပိုက်ဆံမရှိကြောင်းပြန်လည်ပြောဆိုလိုက်စဉ်”သားအမိနှစ်ယောက်လုံးသက်ပြစ်မယ်””ရှိတာထုတ်ပေးဟု”ပြောဆိုကာ

ဘီဒိုသော့အားအတင်းဖွင့်ခိုင်းသဖြင့်ကြောက်လန့်၍ဖွင့်ပေးလိုက်စဉ်ထိုသူမှဗီဒိုတွင်းထဲ့ထားသည့်အမျိုးသမီးဘေးလွယ်အိတ်တစ်လုံးအားတွေ့ရှိသွားသဖြင့် –

ဖွင့်ခိုင်းရာအိတ်အတွင်းမှငွေစက္ကူရောရာ(၇၅)သိန်းကျပ် ရွှေဆွဲကြိုးအပါစုစုပေါင်းရွှေအလေးချိန်(၂)ကျပ်သား(၂)မူးကာလခန့်မှန်းတန်ဖိုး(၁၉၀၀၀၀၀)ကျပ်အားတို့အားတွေ့ရှိရသဖြင့်ယူဆောင်၍နေအိမ်ပြန်ထွက်သွားရာ-

အိမ်အပြင်ဘက်တွင်အမည်မသိအမျိုးသားတစ်ဦးစောင့်နေသည်ကိုတွေ့ရှိရကြောင်းနှင့်ပိုက်ဆံပေးရင်ပေးမပေးရင်သက်ပြစ်မယ်ခြောက်လှန့်၍ရွှေနှင့်ငွေများတောင်းယူသွားသူအမည်မသိအမျိုးသား(၂)ဦးအားဥပဒေအရအရေးယူဆောင်ရွက်ပေးရန်

သန်လျင်မြို့မရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ကြောင်းသိရသည်၊တရားလိုဖြစ်သူ၏ခင်ပွန်းဦးမိုးသူနှင့်သားဖြစ်သူမောင်ရှိုင်းကိုကိုတို့သည် ကိုဗစ် လူနာများနေထိုင်ရေးအတွက်အဆောက်အဦးအသစ်ဆောက်လုပ်ရန်ဖောင်ကြီးမြို့နယ်သို့ဆောက်လုပ်ရေးလုပ်ငန်းကို နိုဝင်ဘာလ(၇)ရက်နေ့ကသွားရောက်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်၊

ယခုအခါသန်လျင်မြို့မရဲစခန်းမှဖြစ်စဉ်နှင့်ပက်သက်၍(ပ)၃၀၇၅/၂၀၂၀၊ပုဒ်မ- ၃၈၆/၁၁၄ အရအမှုဖွင့်၍အမှုစစ်အဖြစ်နယ်ထိန်းအရာရှိရဲအုပ်ချမ်းမြေ့အောင်မှတရားခံအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက်လိုက်လံစုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျော်ကျော်(သန်လျင်)