နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလကို ရောက်လာခဲ့ပါပြီနော်။ နှစ်သစ်ဆိုတာကို လူတိုင်းက မျှော်လင့်တတ်ကြပြီး နှစ်သစ်မှာ ဘယ်လို အလှည့်အပြောင်းတွေ၊ ဘယ်လိုကံအပြောင်းအလဲတွေ တွေ့ဆုံရမယ်ဆိုတာကို လူတိုင်း သိချင်တတ်ကြပါတယ်။ ဒါပေမယ့် လာမယ့် (၂၀၂၁)ခုနှစ် မှာတော့ ရာသီခွင်ပေါ်မူတည်ပြီး လမ်းခွဲပြတ်စဲသွားနိုင်ခြေရှိတဲ့ စုံတွဲတစ်ချို့ ရှိလို့နေပါတယ်။ ဘယ်စုံတွဲတွေက ဘယ်လိုသတိထားဖို့လိုအပ်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
Taurus and Sagittarius
ဒီရာသီခွင်စုံတွဲကတော့ တစ်ယောက်နဲ့တစ်ယောက် ရင့်သီးတဲ့ စကားလုံးတွေပြောမိတာကြောင့်ပဲ လမ်းခွဲရတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ ဒီတော့ စကားလုံးတွေနဲ့ တိုက်ခိုက်တာမျိုးတွေကို သတိထားဖို့ လိုအပပ်ပါတယ်နော်။ နောက်ပြီး Taurus ရာသီခွင်တွေက Sagittarius တွေရဲ့ အကျင့်စရိုက်တွေကို သိပ်သဘောကျလေ့မရှိတတ်ကြတဲ့အတွက်လည်း ပြသနာဖြစ်ပေါ်တတ်တာဖြစ်လို့ ဒီအချက်လေးတွေက လမ်းခွဲတာအထိ ဖြစ်သွားစေနိုင်ပါတယ်။
Sponsored
တစ်ခါတစ်လေမှာ Genini ရာသီခွင်တွေရဲ့ စိတ်လိုက်မာန်ပါ လုပ်လိုက်မှုတွေက Cancer တွေအတွက် ထိခိုက်ခံစားလွယ်တဲ့ အချက်တွေ ဖြစ်စေတတ်ပါတယ်။ သူတို့ရာသီခွင် စုံတွဲကြားမှာ နောက်ထပ် ကွာခြားချက်တွေက Gemini တွေက ပေါ့ပါးလွတ်လပ်စွာ ပျော်ရွှင်ရတာ ကြိုက်တယ်၊ Cancer တွေက အေးအေးဆေးဆေး နေရတာ ကြိုက်တယ် ဒီအချက်တွေကြောင့်ပဲ စိတ်သဘောထားချင်း မတိုက်ဆိုင်မှုတွေဖြစ်ပြီး အဆုံးသတ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေကို သတိထားဖို့ လိုအပ်ပါတယ်နော်။
Libra and Scorpio
Libra and Scorpio တွေက တစ်ယောက်နဲ့တစ်ယောက် ဘက်မမျှတဲ့ ဆက်ဆံရေးတစ်ခုလို့ ပြောလို့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အလျော့ပေးမှုတွေ မရှိပဲ မာနတွေပဲ ပြိုင်ဆိုင်နေကြတဲ့အခါ ဒါဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးတော့ ဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။ ဒီတော့ လမ်းခွဲလိုက်တာကမှ ပိုကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်တယ်လို့ ဆိုလို့ရပါတယ်။
Leo and Capricorn
ဒီရာသီခွင် စုံတွဲနှစ်ခုလုံးက အောင်မြင်မှုနဲ့ ငွေဆိုတာကို ပထမဦးစားပေးတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် ပျော်ရွှင်တဲ့ အချိန်လေးတွေ မကုန်ဆုံးဖြစ်လောက်အောင်ကို ရည်မှန်းချက်တွေအတွက် အလုပ်တွေကြိုးစားနေတတ်ကြတာမို့ နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်သွားစေမှာပါ။ ဒီတော့ ကိုယ်ချစ်ရသူကို မဆုံးရှုံးစေချင်ရင်တော့ တစ်ချိန်လုံး အလုပ်တွေ၊ ရည်မှန်းချက်တွေနောက် လိုက်မနေပဲ ကိုယ်ချစ်ရသူကို အချိန်ပေးဖို့လည်း လိုအပ်ပါတယ်နော်။
Khin