အခ်စ္နွင့္ဘဝ

သူစူးတာက နောက်မှာပါ … ခုလောလောဆယ်တော့ ကိုယ်ပဲ ရူးရတယ်

မေတ္တာစစ်ရင်စူးတယ်တဲ့ …သူစူးတာက နောက်မှာပါ … ခုလောလောဆယ်တော့ ကိုယ်ပဲ ရူးရတယ် ။

မချစ်မှန်းသိသိရဲ့နဲ့ တွယ်ကပ်နေရတာ အဆင်ပြေတယ်လို့ထင်လို့လား ဒါမမဟုတ် ကိုယ်ချစ်နေရုံနဲ့ ဖြစ်တယ်ဆိုတာကော တကယ်အမှန်လို့ထင်လို့လား တကယ်တမ်းကျတော့ အဲ့တာတွေက ဟန်ဆောင်လိုက်တာပါ ။ အနည်းဆုံးတော့ ကိုယ်ချစ်သလို ပြန်ပြီး ချစ်စေချင်တာကြတာပါပဲ ။

လူတိုင်းအတွက် အရေးပါဖို့မလိုဘူး … ဒါပေမယ့် ကိုယ်ချစ်တဲ့လူအတွက်တော့ လူတိုင်းအရေးပါချင်ကြတာချည်းပဲလေ ။ အရုပ်လေးတစ်ရုပ်ကို ချောင်ထိုးထားတာ ကြာသွားတဲ့အခါ ဖုန်တက်သွားသလိုပဲ ကျွန်မတို့မှာလဲ စိတ်တွေ ပျက်ရတယ် မျှော်လင့်ရင်းလဲ မျှော်လင့်နေရတာတွေကို မုန်းမိလာတယ် ။

ဘာပဲဖြစ်ဖြစ်ပါ … ချစ်မိသူက အရင် ရူးရတယ် ။

သူပျော်နေရင် အဆင်ပြေပါတယ်ဆိုပေမယ့် သူပျော်ဖို့အတွက် ကိုယ်ငိုပေးခဲ့ရတဲ့ရက်တွေတိုင်းဟာ ပြဿဒါးပါ ဒါကို ကျွန်မအချိန်အတော်ကြာ အဲ့ဒီနာကျင်စရာတွေကို သည်းခံခဲ့သေးတယ် ။ သိပ်ချစ်တာလေဆိုတဲ့ ခပ်ရူးရူးအတွေးတွေနဲ့ပေါ့ ။ လောကရဲ့ နိယာမ … မေတ္တာတွေစစ်ရင် အဲ့ဒီမေတ္တာကို တန်ဖိုးမထားတဲ့သူက အချိန်တစ်ခုရောက်တဲ့အခါ အဲ့ဒီမေတ္တာတွေ စူးတယ်တဲ့ ။

သူစူးတာ မစူးတာက နောက်မှပါ ချစ်မိတဲ့ ကိုယ်ကတော့ အရင်ရူးရတယ် ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ