ဟားငါးကောင် လူရွှင်တော်အဖွဲ့ကတော့ တောထဲတောင်ထဲကို ရောက်ရှိနေပေမယ့်လည်း ပြည်သူတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေဆဲ ဖြစ်ပါတယ် ။
သူတို့အဖွဲ့က တောထဲမှာ စစ်ပညာသင်ယူရင်းနဲ့ ဗီဒီယိုလေးတွေရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေပေးနေတာပဲ ဖြစ်ပါတယ် ။

ပြည်သူတွေကတော့ စွန့်လွှတ်အနစ်နာခံစိတ် အပြည့်ရှိကြတဲ့ သူတို့အဖွဲ့ကို ဆက်လက်အားပေးနေကြတာလည်း ဖြစ်ပါတယ် ။
ဟားငါးကောင်အဖွဲ့က တောထဲမှာ နေရေးထိုင်ရေး အဆင်မပြေပေမယ့်လည်း လုံးဝအားမလျှော့ဘဲ ဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေကြတာ ဖြစ်ပါတယ် ။
ဒါ့အပြင် သူတို့အဖွဲ့က ပြည်သူတွေ အားတက်စေဖို့အတွက် ဟာသဗီဒီယိုလေးတွေကို ရိုက်ကူးတင်ဆက်ပေးနေဆဲ ဖြစ်ပါတယ် ။ အခုလည်း ဟားငါးကောင်အဖွဲ့က
လူစုံတက်စုံနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

ဟားငါးကောင်အဖွဲ့ကတော့ မနေ့ကဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပြည်သူတွေ အရမ်းသိချင်နေတဲ့အကြောင်းကို ပြောထားတာ ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာတော့ လူရွှင်တော်ဝိုင်းကျော်က တစ်ယောက်တည်း အားရပါးရပြောချလိုက်ပြီးမှ “ဘာသဘောနဲ့မေးတာလဲ” ဆိုပြီး မေးခွန်းပြန်ထုတ်လိုက်တာလည်း တွေ့ရပါတယ်။
ပရိသတ်တွေကတော့ ဟားငါးကောင်အဖွဲ့ရဲ့ပြက်လုံးတွေကို သဘောကျနေကြတာပဲ ဖြစ်ပါတယ် ။
ရုပ္သံၾကည့္ရန္



