ၾကားသိရသမွ်

ကမ္ဘာပေါ်မှာ အကောင်းဆုံး ယောကျာ်းရထားတာမို့ ကိုယ့်ကိုကိုတောင် ဘုရင်မလို့ခံစားရတယ်ဆိုပြီး ရင်ဖွင့်လာတဲ့ ဘေဘီမောင်

ကမ္ဘာပေါ်မှာ အကောင်းဆုံး ခင်ပွန်းကောင်းရထားတာမို့ ကိုယ့်ကိုကိုတောင် ဘုရင်မလို့ခံစားရတယ်ဆိုပြီး ရင်ဖွင့်လာတဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဘေဘီမောင်ကတော့ အဆိုတော် သားဂမ်းနဲ့ ချစ်သူတွေ အဖြစ်ကနေ တရားဝင် လက်ထပ်ထိမ်းမြားခဲ့ပြီး ရင်သွေးလေးပါ ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သရုပ်ဆောင် ဘေဘီမောင်က ခင်ပွန်းကောင်းကို ရထားလို့ သူမကိုယ် သူမ ဘုရင်မလို တောင်ခံစားရကြောင်း အခုလို ပြောပြလာတာ ဖြစ်ပါတယ်။

မိန်းမကို အလိုလိုက်နိုင်တဲ့ ယောက်ျားပျော်ရွှင်မှုကို ရသွားတယ်။ မိန်းမကို ပျော်အောင်ထားနိုင်တဲ့ ယောက်ျားစိတ်၏ ချမ်းသာမှုကို ရသွားတယ်။

မိန်းမ စကား နားထောင်နိုင်တဲ့ ယောက်ျား အကြံညဏ်ကောင်းတွေရပြီး အောင်မြင်မှု ရသွားတယ်။ မိန်းမကို ပိုက်ဆံပေးသုံးနိုင်တဲ့ ယောက်ျား ကြီးပွားချမ်းသာမှုကို ရသွားတယ် ။မိန်းမကို သည်းခံနိုင်တဲ့ ယောက်ျား ကိုယ်၏ ကျန်းမာမှုကို ရသွားတယ်။

မိန်းမ ဘာသာရေး ကိုင်းရှိုင်းတာ အားပေးနိုင်တဲ့ ယောက်ျား ကိုယ်တိုင်လည်း ကောင်းမူကုသိုလ်တွေ ရသွားတယ်။ မိန်းမကို မိဘုရားလို ထားနိုင်တဲ့ ယောက်ျား ကိုယ်တိုင်လည်း ဘုရင်လို ခံစားသွားရတယ်။

မိသားစုကို ချစ်မြတ်နိုးတဲ့ ယောက်ျား မိသားစုရဲ့ လေးစားခြင်းကို အပြည့်အဝ ရရှိသွားတယ်ဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်။