လမ်းခွဲတယ်ဆိုတာနှစ်မျိုးရှိပါတယ်။ ကောင်းသောလမ်းခွဲခြင်းနဲ့ မကောင်းသောလမ်းခွဲခြင်းတို့ပင် ဖြစ်ပါသည်။ ကောင်းသောလမ်းခွဲခြင်းနဲ့(မေတ္တာ) လမ်းခွဲရင်ဝမ်းနည်းစရာမလိုပါဘူး။
မကောင်းသောလမ်းခွဲခြင်းနဲ့ (တဏှာ)လမ်းခွဲရင်တော့ ဝမ်းနည်းရပါလိမ့်မယ်။ တဏှာဆိုတာ တစ်ဖက်အာရုံပေါ်မှာ ငြိကပ်နေတဲ့သဘောရှိပါတယ်။
တစ်ဖက်အာရုံကို အာရုံပြုပြီးတော့ မိမိရဲ့ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုကို ရယူလိုတဲ့ သဘောရှိတယ်။
ဒီတော့ လူတစ်ယောက်နဲ့တစ်ယောက် ခေတ္တခဏဆုံတွေ့ပြီးလို့ လမ်းခွဲရတဲ့အခါ ကိုယ်ခွဲရလိုက်တဲ့ ပုဂ္ဂိုလ်အပေါ်မှာတဏှာငြိ ကပ်တွယ်တာနေမယ် သံယောဇဉ်နဲ့နှောင်ဖွဲ့ ရစ်ပတ်စွဲလမ်းနေမယ်ဆိုရင်
မိမိရဲ့စိတ်အစဉ်မှာ မိမိနဲ့လမ်းခွဲလိုက်ရတဲ့ပုဂ္ဂိုလ်ကိုပဲ အမြဲတမ်းတမြင်ယောင်နေတဲ့အတွက် မိမိရဲ့စိတ်အစဉ်ကို မိမိကိုခွဲထွက်သွားတဲ့ပုဂ္ဂိုလ်ကပဲအနိုင်ယူ လွမ်းမိုးထားတဲ့အတွက် မိမိမှာဝမ်းနည်းရပါတယ်
မေတ္တာနဲ့လမ်းခွဲပြီဆိုရင်တော့ တစ်ဖက်ပုဂ္ဂိုလ်ကမိမိရဲ့ စိတ်အစဉ်မှာ မလွမ်းမိုးတော့ပါဘူး။ မေတ္တာရဲ့သဘောက တစ်ဖက်အာရုံပေါ်မှာငြိကပ်, တွယ်တာ, နှောင်ဖွဲ့နေတဲ့သဘောမရှိပါဘူး။
တစ်ဖက်သားကို ကောင်းစားစေချင်တယ်။ ချမ်းသာစေချင်တယ်။ အစစစအရာရာအဆင်ပြေစေချင်တယ်။ တစ်ဖက်သားကောင်းကျိုးရတယ်ဆိုရင် ကျေနပ်နေတဲ့သဘောရှိပါတယ်။
လူချင်းထိပ်တိုက်တွေ့အခါမှာလည်းပဲ တစ်ဖက်သားကောင်းကျိုးဖြစ်စေမည့်စကား, စိတ်, အကြံကိုပဲ ပြောဆိုတွေးတက်ပါတယ်။
အကြောင်းအားလျော်စွာ လမ်းခွဲလိုက်ရတဲ့အခါမှာလည်း တစ်ဖက်အာရုံမှာငြိကပ်ပြီးတော့ ဝမ်းနည်းနေတယ်ပူဆွေးနေတယ် သတိရတမ်းတနေတယ် လွမ်းဆွတ်နေတယ်ဆိုတာမရှိပါဘူး။
ဒီတော့အသက်ရှင်စဉ်မှာ တစ်ယောက်နဲ့ တစ်ယောက်လမ်းခွဲကြတဲ့အခါ တဏှာနဲ့လမ်းခွဲပြီဆိုရင် တစ်ဖက်အာရုံအပေါ်မှာ ငြိကပ်စွဲလမ်းပြီးတော့နေတဲ့အတွက် တစ်ဖက်အာရုံက မိမိရဲ့စိတ်အစဉ်ကိုကြိုးနဲ့တုပ်သလို ချုပ်ကိုင်နှောင်တွယ်ပြီးထားတဲ့အတွက်ကြောင့် မိမိမှာဝမ်းနည်းရပါတယ်။
တဏှာနဲ့လမ်းခွဲရင် ဝမ်းနည်းရတာပါပဲ။ သူဘယ်လိုနေမလဲ သူဘယ်လိုများဖြစ်နေမလဲ သူငါ့ကိုမှသတိရပါ့မလား၊ ငါကတော့သူကိုသတိရလိုက်ရတာ၊ ငါသတိရသလောက်မှသူသတိရပါ့မလား။
အဲ့ဒီလိုတဏှာနဲ့ လမ်းခွဲသူရဲ့သန္တာန်မှာ ဝမ်းနည်းစိတ်တွေဖြစ်နေရပါတယ် မေတ္တာနဲ့လမ်းခွဲသူကတော့ တစ်ဖက်အာရုံမှာငြိကပ်စွဲလမ်းနေတာမျိုး မရှိတဲ့အတွက် လမ်းခွဲရပေမယ့် ဝမ်းမနည်းပါဘူး။
မေတ္တာရဲ့သဘောက တစ်ယောက်နဲ့တစ်ယောက်ဆုံတွေ့ရဖို့အဓိကမဟုတ်ဘူး တစ်ဖက်သားမှာ ကောင်းကျိုးတွေဖြစ်နေစေချင်တဲ့ စိတ်ကလေးရှိနေဖို့အဓိကပါပဲ။
တစ်ယောက်နဲ့ တစ်ယောက်မဆုံတွေ့ရရင်နေပါစေ။ တစ်ဖက်သားမှာကောင်းကျိုးချမ်းသာတွေဖြစ်နေမယ်ဆိုရင် ကျေနပ်နေတာပါပဲ။ ကိုယ်မေတ္တာထားရသူနဲ့ မဆုံတွေ့ရလည်းဝမ်းနည်းခြင်း, ပူဆွေးခြင်း, တမ်းတခြင်းလွမ်းဆွတ်ခြင်း မရှိပါဘူး။
ဝမ်းမနည်းလို့မေတ္တာမရရှိဘူးမထင်ပါနဲ့။ မေတ္တာရှိတာနဲ့ ဝမ်းနည်းတာနဲ့မဆိုင်ပါဘူး။ မေတ္တာရှိတာကအဒေါသ,ဝမ်းနည်းတာက ဒေါသ,တစ်ခုနဲ့တစ်ခုဆန့်ကျင်နေတာပါ။
မေတ္တာကြောင့်ဝမ်းနည်းရတယ်ဆိုတာ ဘယ်တော့မှမရှိပါဘူး။ တဏှာကြောင့်သာ ဝမ်းနည်းကြရတာပါ။
“ရှေ့ရေစက်ကြီးလွန်းလို့ တွေ့ခွင့်ဆုံခွင့် ချစ်ခင်ခွင့်ရခဲ့ကြတာမဟုတ်လား။
ဘာလို့များ တစ်ယောက်ပေါ်တစ်ယောက် ခွင့်မလွတ်နိုင်လောက်အောင် စိတ်ဆိုးငြိုးတေးနေရတာလဲ။
နာကျည်းမှုကုဋေကုဋာနဲ့ ဝမ်းနည်းစွာလမ်းခွဲခဲ့ကြမှတော့ သံသရာတစ်ကွေ့ပြန်လာတွေ့တဲ့အခါ ဘယ်လိုအပြုံး, ဘယ်လိုမျက်လုံးတွေနဲ့ နှုတ်ဆက်ဖက်ပွေ့ကြမလဲကွယ်”
တစ်ယောက်နဲ့တစ်ယောက် မေတ္တာဖြင့်သာလမ်းခွဲနိုင်ပါစေလို့ ရေးသားတင်ပြရင်း
ရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏
“လမ်းခွဲတာဝမ်းနည်းစရာလား””
zawgyi
မေတ္တျာဖင့္လမ်းခြဲနိုင်အောင် ကြိုးစားကြည့္ပါ
လမ်းခြဲတယ္ဆိုတာနွစ္မိုးရွိပါတယ်။ ကောင်းသောလမ်းချြဲခင်းနဲ့ မေကာင်းသောလမ်းချြဲခင်းတို့ပင်ျဖစ္ပါသည်။ ကောင်းသောလမ်းချြဲခင်းနဲ့(မေတ္တာ) လမ်းခြဲရင်ဝမ်းနည်းစရာမလိုပါဘူး။
မေကာင်းသောလမ်းချြဲခင်းနဲ့ (တဏွာ)လမ်းခြဲရင်တော့ ဝမ်းနည်းရပါလိမ့္မယ်။ တဏွာဆိုတာ တစ္ဖက်အာရုံပေါ်မွာ ငြိကပ်နေတဲ့သေဘာရွိပါတယ်။
တစ္ဖက်အာရုံကို အာရျုံပုပြီးတော့ မိမိရဲ့ကိုယ္စိတ္နွစ္ပါး ခ်မ်းသာမှုကို ရယူလိုတဲ့ သေဘာရွိတယ်။
ဒီတော့ လူတစ်ယောက္နဲ့တစ်ယောက် ခေတ္တခဏဆုံတြေ့ပြီးလို့ လမ်းခြဲရတဲ့အခါ ကိုယ္ခြဲရလိုက္တဲ့ ပုဂ္ဂိုလ်အေပ်ါမွာတဏွာငြိ ကပ္တြယ္တာနေမယ် သံယောဇဉ္နဲ့နွောင္ဖြဲ့ ရစ္ပတ္စြဲလမ်းနေမယ္ဆိုရင်
မိမိရဲ့စိတ်အစဉ္မွာ မိမိနဲ့လမ်းခြဲလိုက်ရတဲ့ပုဂ္ဂိုလ္ကိုပဲ အမြဲတမ်းတျမင်ယောင်နေတဲ့အတြက် မိမိရဲ့စိတ်အစဉ္ကို မိမိကိုခြဲထြက်သြားတဲ့ပုဂ္ဂိုလ္ကပဲအနိုင်ယူ လြမ်းမိုးထားတဲ့အတြက် မိမိမွာဝမ်းနည်းရပါတယ်
မေတ္တာနဲ့လမ်းခြဲပြီဆိုရင်တော့ တစ္ဖက္ပုဂ္ဂိုလ္ကမိမိရဲ့ စိတ်အစဉ္မွာ မလြမ်းမိုးတော့ပါဘူး။ မေတ္တာရဲ့သေဘာက တစ္ဖက်အာရုံပေါ်မွာငြိကပ်, တြယ္တာ, နွောင္ဖြဲ့နေတဲ့သေဘာမရွိပါဘူး။
တစ္ဖက်သားကို ကောင်းစားစေခ်င္တယ်။ ခ်မ်းသာစေခ်င္တယ်။ အစစစအရာရာအဆင်ျေပေစခ်င္တယ်။ တစ္ဖက်သားကောင်းကိုးရတယ္ဆိုရင် က်ေနပ်နေတဲ့သေဘာရွိပါတယ်။
လူခ်င်းထိပ္တိုက်တြေ့အခါမွာလည်းပဲ တစ္ဖက်သားကောင်းကိုျးဖစ်စေမည့္စကား, စိတ်, အကြံကိုပဲျေပာဆိုတြေးတက္ပါတယ်။
အေကြာင်းအားလေ်္စြာာ လမ်းခြဲလိုက်ရတဲ့အခါမွာလည်း တစ္ဖက်အာရုံမွာငြိကပ်ပြီးတော့ ဝမ်းနည်းနေတယ္ပူဆြေးနေတယ် သတိရတမ်းတေနတယ် လြမ်းဆြတ်နေတယ္ဆိုတာမရွိပါဘူး။
ဒီတော့အသက်ရွင္စဉ္မွာ တစ်ယောက္နဲ့ တစ်ယောက္လမ်းခြဲကြတဲ့အခါ တဏွာနဲ့လမ်းခြဲပြီဆိုရင် တစ္ဖက်အာရုံအေပ်ါမွာ ငြိကပ္စြဲလမ်းပြီးတော့နေတဲ့အတြက် တစ္ဖက်အာရုံက မိမိရဲ့စိတ်အစဉ္ကိုကြိုးနဲ့တုပ်သလို ခ်ုပ္ကိုင်နွောင္တြယ်ပြီးထားတဲ့အတြက်ကြောင့် မိမိမွာဝမ်းနည်းရပါတယ်။
တဏွာနဲ့လမ်းခြဲရင် ဝမ်းနည်းရတာပါပဲ။ သူဘယ္လိုနေမလဲ သူဘယ္လိုမ်ာျးဖစ်နေမလဲ သူငါ့ကိုမွသတိရပါ့မလား၊ ငါကေတာ့သူကိုသတိရလိုက်ရတာ၊ ငါသတိရသေလာက္မွသူသတိရပါ့မလား။
အဲ့ဒီလိုတဏွာနဲ့ လမ်းခြဲသူရဲ့သန္တာန္မွာ ဝမ်းနည်းစိတ်တျြေဖစ်နေရပါတယ် မေတ္တာနဲ့လမ်းခြဲသူကေတာ့ တစ္ဖက်အာရုံမွာငြိကပ္စြဲလမ်းနေတာမိုး မရွိတဲ့အတြက် လမ်းခြဲရေပမယ့် ဝမ်းမနည်းပါဘူး။
မေတ္တာရဲ့သေဘာက တစ်ယောက္နဲ့တစ်ယောက္ဆုံတြေ့ရဖို့အဓိကမဟုတ္ဘူး တစ္ဖက်သားမွာ ကောင်းကိုးတျြေဖစ်နေစခ်င္တဲ့ စိတ္ကေလးရွိနေဖို့အဓိကပါပဲ။
တစ်ယောက္နဲ့ တစ်ယောက္မဆုံတြေ့ရရင်နေပါစေ။ တစ္ဖက်သားမွာကောင်းကိုးခ်မ်းသာတျြေဖစ်နေမယ္ဆိုရင် က်ေနပ်နေတာပါပဲ။ ကိုယ်မေတ္တာထားရသူနဲ့ မဆုံတြေ့ရလည်းဝမ်းနည်ျးခင်း, ပူဆြေျးခင်း, တမ်းတျခင်းလြမ်းဆြတ်ျခင်း မရွိပါဘူး။
ဝမ်းမနည်းလို့မေတ္တာမရရွိဘူးမထင္ပါနဲ့။ မေတ္တာရွိတာနဲ့ ဝမ်းနည်းတာနဲ့မဆိုင္ပါဘူး။ မေတ္တာရွိတာကအေဒါသ,ဝမ်းနည်းတာက ဒေါသ,တစ္ခုနဲ့တစ္ခုဆန့္က်င်နေတာပါ။
မေတ္တာကြောင့်ဝမ်းနည်းရတယ္ဆိုတာ ဘယ်တော့မွမရွိပါဘူး။ တဏွာကြောင့်သာ ဝမ်းနည်းကြရတာပါ။
“ရွေ့ရေစက်ကြီးလြန်းလို့ တြေ့ခြင့္ဆုံခြင့် ခ်စ္ခင္ခြင့်ရခဲ့ကြတာမဟုတ္လား။
ဘာလို့မ်ား တစ်ယောက်ပေါ်တစ်ယောက် ခြင့္မလြတ္နိုင်လောက်အောင် စိတ္ဆိုးငြိုးတေးနေရတာလဲ။
နာက်ည်းမှုကုဋေကုဋာနဲ့ ဝမ်းနည်းစြာလမ်းခြဲခဲ့ကြမွေတာ့ သံသရာတစ်ကြျေ့ပန္လာတြေ့တဲ့အခါ ဘယ္လိုအပြုံး, ဘယ္လိုမ်က္လုံးတြေနဲ့ နှုတ္ဆက္ဖက်ပြေ့ကြမလဲကြယ်”
တစ်ယောက္နဲ့တစ်ယောက် မေတ္တျာဖင့်သာလမ်းခြဲနိုင္ပါစေလို့ ရေးသားတင်ျပရင်း
ရွင္ဆန္ဒာဓိက(ရွှေပါရမီတောရ)၏
“လမ်းခြဲတာဝမ်းနည်းစရာလား””