ဒီဇတ်ကားမှာ ထိုင်းမင်းသား Got Jirayu Tantrakul ၊ ထိုင်းမင်းသမီး Tangtang Nattaruchi Witsawanaraph တို့နဲ့အတူမြန်မာအနုပညာရှင်များဖြစ်တဲ့ သရုပ်ဆောင် ဒေါင်း၊အလှမယ် နှင်းသွေးယုအောင်တို့ပါဝင်ထားကာကုန်ဘောင်ခေတ်နှင့် အယုဒ္ဓယခေတ်နှောင်းပိုင်းကို အခြေခံကာရိုက်ကူးထားခြင်းဖြစ်ပါတယ်။
ဇာတ်လမ်း အကျဉ်းကတော့ ထိုင်းမိန်းကလေးတယောက် (Miss.Nuchanat)ကရန်ကုန်မှာ လက်ထောက်စားဖိုမှူး အလုပ်စလုပ်ခဲ့ရာသူ့ရဲ့ မိတ်ဆွေသစ်ဖြစ်တဲ့မဇင်ဇင်၊စားဖိုမှူးခေါင်းဆောင် (Mr.Pakorn)နဲ့ တွေ့ဆုံခဲ့ပြီးမြန်မာဘာသာနဲ့ ရေးထားတဲ့အီနောင်ဇတ်တော်ကြီး ရရှိပြီးတဲ့အခါ သူ့ရဲ့စိတ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ကျော် ကုန်းဘောင်ခေတ်ဦးဆင်ဖြူရှင်မင်းလက်ထက်ကယိုးဒယား စစ်သုံ့ပန်းဖြစ်ခဲ့ရတဲ့အတိတ်ကို မျောလွင့်သွားပြီးမြဝတီမင်းကြီးဦးစ(မင်းသားဒေါင်း)နဲ့ တွေ့ဆုံရတဲ့အကြောင်းအရာတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ စုစုပေါင်းအပိုင်း ၂၀ ပါဝင်ပြီး၊ဇန်နဝါရီ ၁ရက်နေ့မှ စတင်ကာအပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း ထိုင်းစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်အချိန်၌၊ Thai PBS ရုပ်သံလိုင်းမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အွန်လိုင်းကကြည့်မယ်ဆိုရင် www.thaipbs.or.th/live ကနေ ကြည့်ရှု့နိုင်ပါတယ်။
Source The Irrawaddy – Burmese Edition
Zawgyi
ဒီဇတ္ကားမွာ ထိုင္းမင္းသား Got Jirayu Tantrakul ၊ထိုင္းမင္းသမီး Tangtang Nattaruchi Witsawanaraphတို႔နဲ႔အတူ ျမန္မာအႏုပညာ႐ွင္မ်ားျဖစ္တဲ့ သ႐ုပ္ေဆာင္ ေဒါင္း၊ အလွမယ္ ႏွင္းေသြးယုေအာင္တို႔ပါဝင္ထားကာ ကုန္ေဘာင္ေခတ္ႏွင့္ အယုဒၶယ ေခတ္ေႏွာင္းပိုင္းကိုအေျခခံကာ ႐ိုက္ကူးထားျခင္းျဖစ္ပါတယ္။
ဇာတ္လမ္း အက်ဥ္းကေတာ့ထိုင္းမိန္းကေလးတေယာက္ (Miss.Nuchanat)က ရန္ကုန္မွာ လက္ေထာက္ စားဖိုမႉး အလုပ္စလုပ္ခဲ့ရာ သူ႕ရဲ႕ မိတ္ေဆြသစ္ျဖစ္တဲ့ မဇင္ဇင္၊စားဖိုမႉးေခါင္းေဆာင္ (Mr.Pakorn) နဲ႔ ေတြ႕ဆုံခဲ့ၿပီး ျမန္မာဘာသာနဲ႔ ေရးထားတဲ့အီေနာင္ဇတ္ေတာ္ႀကီး ရ႐ွိၿပီးတဲ့အခါ သူ႕ရဲ႕စိတ္ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀ေက်ာ္ ကုန္းေဘာင္ေခတ္ဦး ဆင္ျဖဴ႐ွင္မင္းလက္ထက္ကယိုးဒယား စစ္သုံ႔ပန္းျဖစ္ခဲ့ရတဲ့အတိတ္ကို ေမ်ာလြင့္သြားၿပီး ျမဝတီမင္းႀကီးဦးစ(မင္းသားေဒါင္း) နဲ႔ ေတြ႕ဆုံရတဲ့အေၾကာင္းအရာေတြကို ႐ိုက္ကူးထားတာျဖစ္ပါတယ္။
ဒီဇာတ္လမ္းမွာစုစုေပါင္းအပိုင္း ၂၀ ပါဝင္ၿပီး၊ဇန္နဝါရီ ၁ရက္ေန႔မွစတင္ကာ အပတ္စဥ္ စေန၊တနဂၤေႏြေန႔တိုင္းထိုင္းစံေတာ္ခ်ိန္ ည ၈ နာရီ ၁၅ မိနစ္အခ်ိန္၌၊ Thai PBS ႐ုပ္သံလိုင္းမွာ ၾကည့္႐ႈႏိုင္မွာ ျဖစ္ပါတယ္။
ဒါ့အျပင္ အြန္လိုင္းကၾကည့္မယ္ဆိုရင္ www.thaipbs.or.th/liveကေန ၾကည့္႐ႈ႕ႏိုင္ပါတယ္။
Source The Irrawaddy – Burmese Edition