(၁၈)နှစ်အရွယ် မိန်းကလေးတစ်ဦး မိုဘိုင်းဖုန်းကို အားသွင်းရင်း ဖုန်းစကားပြောနေစဉ် အပူလွန်ပြီး… See more
လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကတည်းက မိုဘိုင်းဖုန်း ဘတ်ထရီများကြောင့် မီးလောင်မှုတွေ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ဖူးတာကြောင့် ဖုန်းအသုံးပြုသူတွေကြားမှာ ထိန့်လန့်ခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ ဖုန်းတွေကို သုံးစွဲသူတွေအတွက် လုံခြုံစိတ်ချမှုရှိအောင် ပြုပြင်ထုတ်လုပ်လာခဲ့ကြပါတယ်။ဒါပေမယ့်လည်း လတ်တလောသတင်းတစ်ပုဒ်အရ
အိန္ဒိယနိုင်ငံမှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး မိုဘိုင်းဖုန်းကို အားသွင်းရင်း ဖုန်းစကားပြောနေစဉ် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရပါတယ်။သတင်းအရ အသက် ၁၈ နှစ်အရွယ် Uma Oram ဆိုသူ
မိန်းကလေးဟာ ဖုန်းအားသွင်းထားရင်း ဆွေမျိုးတွေဆီကို ဖုန်းဆက်စကားပြောနေစဉ် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရတာပါ။ ပေါက်ကွဲမှုကြောင့် သူမရဲ့ လက်၊ ရင်ဘတ်နဲ့ ခြေထောက်တို့မှာ ဒဏ်ရာတွေရရှိခဲ့ပါတယ်။
သူမရဲ့ Nokia အမျိုးအစား မိုဘိုင်းဖုန်းကို အားသွင်းတဲ့ အားသွင်းတုံးဟာ မီးလောင်ခံထားရတဲ့ ဒဏ်ရာရှိနေတာကြောင့် ပေါက်ကွဲမှု ဘယ်လောက် ပြင်းထန်တယ်ဆိုတာကို သိနိုင်ပါတယ်။ သူမကို မိသားစုတွေက တိုက်နယ်ဆေးရုံ ပို့ပေးခဲ့ပေမယ့်
ဆရာဝန်က သူမကွယ်လွန်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။သူမရဲ့ ဖုန်းဟာ Nokia 5233 အမျိုးအစားဖြစ်ပြီး ၂၀၁၀ ထုတ်မော်ဒယ်ဖြစ်ပါတယ်။ Nokia ဖုန်းတွေကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ HDM Global ရဲ့ အဆိုအရ.. “
အခုလို ငယ်ငယ်ရွယ်ရွယ် အသက် ၁၈ နှစ်မိန်းကလေးတစ်ယောက် ဒီလိုအဖြစ်မျိုးကြုံလိုက်ရတဲ့အတွက် အထူးပင်ဝမ်းနည်းမိပါတယ်။ ဖြစ်စဉ်မှာပါဝင်တဲ့ မိုဘိုင်းဖုန်းဟာ ကျွန်တော်တို့ HDM Global က ထုတ်လုပ်တဲ့ ဖုန်းမဟုတ်ပါဘူး။
Nokia ဖုန်းအမျိုးအစားသစ်တွေကို ၂၀၁၆ ဒီဇင်ဘာလက စတင်အကောင်ထည်ဖော်ပြီး ထုတ်လုပ်ခဲ့တာပါ။ သုံးစွဲသူတွေရဲ့ လက်ထဲကို အရည်သွေးမြင့်ဖုန်းတွေ ဖြန့်ဖြူးပေးပြီး လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့က ကုမ္ပဏီရဲ့ ရည်မှန်းချက်ပါ” လို့ ပြောကြားခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ကွယ်လွန်သူမိန်းကလေးရဲ့ မိဘဆွေမျိုးတွေကတော့ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီဆီကနေ လျှော်ကြေး ရလိုကြောင်း တောင်းဆိုထားပါတယ်။
(၁၈)ႏွစ္အရြယ္ မိန္းကေလးတစ္ဦး မိုဘိုင္းဖုန္းကို အားသြင္းရင္း ဖုန္းစကားေျပာေနစဥ္ အပူလြန္ျပီး… See more
လြန္ခဲ့သည့္ ႏွစ္အနည္းငယ္ခန႔္ကတည္းက မိုဘိုင္းဖုန္း ဘတ္ထရီမ်ားေၾကာင့္ မီးေလာင္မွုေတြ ေပါက္ကြဲမွုေတြ ျဖစ္ခဲ့ဖူးတာေၾကာင့္ ဖုန္းအသုံးျပဳသူေတြၾကားမွာ ထိန႔္လန႔္ခဲ့ရပါတယ္။
အဲဒီေနာက္ပိုင္းမွာ ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီေတြက သူတို႔ရဲ့ ဖုန္းေတြကို သုံးစြဲသူေတြအတြက္ လုံျခဳံစိတ္ခ်မွုရွိေအာင္ ျပဳျပင္ထုတ္လုပ္လာခဲ့ၾကပါတယ္။ဒါေပမယ့္လည္း လတ္တေလာသတင္းတစ္ပုဒ္အရ
အိႏၵိယနိုင္ငံမွာ အသက္ ၁၈ ႏွစ္အရြယ္ မိန္းကေလးတစ္ဦး မိုဘိုင္းဖုန္းကို အားသြင္းရင္း ဖုန္းစကားေျပာေနစဥ္ ေပါက္ကြဲမွုျဖစ္စဥ္ေၾကာင့္ ေသဆုံးခဲ့ရပါတယ္။သတင္းအရ အသက္ ၁၈ ႏွစ္အရြယ္ Uma Oram ဆိုသူ
မိန္းကေလးဟာ ဖုန္းအားသြင္းထားရင္း ေဆြမ်ိဳးေတြဆီကို ဖုန္းဆက္စကားေျပာေနစဥ္ မေတာ္တဆ ေပါက္ကြဲမွု ျဖစ္ပြားခဲ့ရတာပါ။ ေပါက္ကြဲမွုေၾကာင့္ သူမရဲ့ လက္၊ ရင္ဘတ္နဲ႔ ေျခေထာက္တို႔မွာ ဒဏ္ရာေတြရရွိခဲ့ပါတယ္။
သူမရဲ့ Nokia အမ်ိဳးအစား မိုဘိုင္းဖုန္းကို အားသြင္းတဲ့ အားသြင္းတုံးဟာ မီးေလာင္ခံထားရတဲ့ ဒဏ္ရာရွိေနတာေၾကာင့္ ေပါက္ကြဲမွု ဘယ္ေလာက္ ျပင္းထန္တယ္ဆိုတာကို သိနိုင္ပါတယ္။ သူမကို မိသားစုေတြက တိုက္နယ္ေဆး႐ုံ ပို႔ေပးခဲ့ေပမယ့္
ဆရာဝန္က သူမကြယ္လြန္သြားၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။သူမရဲ့ ဖုန္းဟာ Nokia 5233 အမ်ိဳးအစားျဖစ္ၿပီး ၂၀၁၀ ထုတ္ေမာ္ဒယ္ျဖစ္ပါတယ္။ Nokia ဖုန္းေတြကို ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်တဲ့ HDM Global ရဲ့ အဆိုအရ.. “
အခုလို ငယ္ငယ္ရြယ္ရြယ္ အသက္ ၁၈ ႏွစ္မိန္းကေလးတစ္ေယာက္ ဒီလိုအျဖစ္မ်ိဳးၾကဳံလိုက္ရတဲ့အတြက္ အထူးပင္ဝမ္းနည္းမိပါတယ္။ ျဖစ္စဥ္မွာပါဝင္တဲ့ မိုဘိုင္းဖုန္းဟာ ကၽြန္ေတာ္တို႔ HDM Global က ထုတ္လုပ္တဲ့ ဖုန္းမဟုတ္ပါဘူး။
Nokia ဖုန္းအမ်ိဳးအစားသစ္ေတြကို ၂၀၁၆ ဒီဇင္ဘာလက စတင္အေကာင္ထည္ေဖာ္ၿပီး ထုတ္လုပ္ခဲ့တာပါ။ သုံးစြဲသူေတြရဲ့ လက္ထဲကို အရည္ေသြးျမင့္ဖုန္းေတြ ျဖန႔္ျဖဴးေပးၿပီး လိုအပ္ခ်က္ေတြကို အေကာင္းဆုံးျဖည့္ဆည္းေပးဖို႔က ကုမၸဏီရဲ့ ရည္မွန္းခ်က္ပါ” လို႔ ေျပာၾကားခဲ့ပါတယ္။
မည္သို႔ပင္ဆိုေစကာမူ ကြယ္လြန္သူမိန္းကေလးရဲ့ မိဘေဆြမ်ိဳးေတြကေတာ့ ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီဆီကေန ေလၽွာ္ေၾကး ရလိုေၾကာင္း ေတာင္းဆိုထားပါတယ္။