တပ်မတော်နေ့မှာ ပြည်သူတွေ နာရီဝက် မီးပိတ်ထားဖို့ NU…see more
လာမယ့် မတ်လ ၂၇ ရက်နေ့မှာကျရောက်တဲ့ ၇၇ နှစ်မြောက်တပ်မတော်နေ့မှာ နိုင်ငံတဝန်းက
နေအိမ်တွေမှာ လျှပ်စစ်မီးမသုံးဘဲ ဆန္ဒပြကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ
NUG က ဒီကနေ့မတ်လ ၂၆ မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။
မတ်လ ၂၇ရက်နေ့မှာ ည ၈နာရီသတင်းလာချိန်ကနေ ည ၈နာရီခွဲအထိ နိုင်ငံတဝန်းကနေအိမ်တွေ
လျှပ်စစ်မီးမသုံးဘဲ ဆန္ဒပြဖို့ဖိတ်ခေါ်တယ်လို့NUG ကဆိုပါတယ်။
ဒီကာလမှာ နေ့စဉ်ပြတ်တောက်နေတဲ့ လျှပ်စစ်မီးကို အချိန်ပိုင်းမသုံးဘဲ
ဆန္ဒပြတာဖြစ်တယ်လို့NUG ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။
လက်ရှိပြည်တွင်းမှာတော့ အခုမတ်လကစလို့နိုင်ငံတဝန်းမှာ လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာတွေဖြစ်ခဲ့ပြီး
အလှည့်ကျမီးပေးတဲ့စနစ်နဲ့ မြို့နယ်ရပ်ကွက်အလိုက် ပြည်သူတွေ မီးသုံးစွဲခဲ့ရပါတယ်။
ဒီလိုအလှည့်ကျမီးပေးတဲ့ စနစ်ကို လာမယ့် မေလ အထိဆက်လုပ်သွားမယ်လို့မတ်လ
၂၄ ရက်က သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
ဘီဘီစီမြန်မာပိုင်း
zawgyi,
တပ္မေတာ္ေန႔မွာ ျပည္သူေတြ နာရီဝက္ မီးပိတ္ထားဖို႔ NU…see more
လာမယ့္ မတ္လ ၂၇ ရက္ေန႔မွာက်ေရာက္တဲ့ ၇၇ ႏွစ္ေျမာက္တပ္မေတာ္ေန႔မွာ ႏိုင္ငံတဝန္းက
ေနအိမ္ေတြမွာ လွ်ပ္စစ္မီးမသုံးဘဲ ဆႏၵျပၾကဖို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ
NUG က ဒီကေန႔မတ္လ ၂၆ မွာ တိုက္တြန္းထုတ္ျပန္ပါတယ္။
မတ္လ ၂၇ရက္ေန႔မွာ ည ၈နာရီသတင္းလာခ်ိန္ကေန ည ၈နာရီခြဲအထိ ႏိုင္ငံတဝန္းကေနအိမ္ေတြ
လွ်ပ္စစ္မီးမသုံးဘဲ ဆႏၵျပဖို႔ဖိတ္ေခၚတယ္လို႔NUG ကဆိုပါတယ္။
ဒီကာလမွာ ေန႔စဥ္ျပတ္ေတာက္ေနတဲ့ လွ်ပ္စစ္မီးကို အခ်ိန္ပိုင္းမသုံးဘဲ
ဆႏၵျပတာျဖစ္တယ္လို႔NUG ရဲ႕ထုတ္ျပန္ခ်က္ကဆိုပါတယ္။
လက္ရွိျပည္တြင္းမွာေတာ့ အခုမတ္လကစလို႔ႏိုင္ငံတဝန္းမွာ လွ်ပ္စစ္မီးအခ်ိန္ၾကာျမင့္စြာျပတ္ေတာက္တာေတြျဖစ္ခဲ့ၿပီး
အလွည့္က်မီးေပးတဲ့စနစ္နဲ႔ ၿမိဳ႕နယ္ရပ္ကြက္အလိုက္ ျပည္သူေတြ မီးသုံးစြဲခဲ့ရပါတယ္။
ဒီလိုအလွည့္က်မီးေပးတဲ့ စနစ္ကို လာမယ့္ ေမလ အထိဆက္လုပ္သြားမယ္လို႔မတ္လ
၂၄ ရက္က သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီသတင္းထုတ္ျပန္ေရးေခါင္းေဆာင္
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုထားပါတယ္။
ဘီဘီစီျမန္မာပိုင္း



