ကမ္ဘာကျော် ကားအကောင်းစားတွေကို မိတ်ဆက်ပေးသည့်ဗီဒီယိုလေးတွေကိုလိုင်းပေါ်တင်ပေးခဲ့ရာမှ ပရိတ်သတ်ပေါင်းသန်း၅၀ကျော်ရရှိကာအောင်မြင်လာခဲ့ပြီး သန်းကြွယ်သူဋ္ဌေးဖြစ်လာခဲ့သည့် ၃၆နှစ်အရွယ်အမျိုးသမီး
ဆိုရှယ်မီဒီယာဟာအလွန်ခေတ်စားလာခဲ့ပြီးနောက်တွင်လူတစ်ဦးတစ်ယောက်ဟာအောင်မြင်မှုရရှိစေရန် မခက်ခဲတော့ဘဲကြိုးစားမှုပေါ်တွင်အခြေခံလာခဲ့ပြီဟုဆိုရမှာဖြစ်ပါတယ်။ယခုတွင်လည်း Supercar Blondie ဟုလူသိများသော Alex Hirschiဆိုသည့်အမျိုးသမီးဟာ အသက်၃၆နှစ်အရွယ်သာရှိသေးသော်လည်း သူမလျှောက်လှမ်းနေသည့်လမ်းကြောင်းပေါ်တွင် အောင်မြင်နေခဲ့ပြီး သူဋ္ဌေးတစ်ဦးဖြစ်လာခဲ့ပါတယ်။
အမျိုးသမီးဟာ ကားအကောင်းအစားတွေကို လူအများကသိရှိနားလည်စေရန် ရှင်းလင်းသင်ပြကာ မိတ်ဆက်ပေးရတာဖြစ်ပါတယ်။
ထိုသို့မိတ်ဆက်သင်ပြပေးသည့် ဗီဒီယိုလေးတွေကိုလိုင်းပေါ်တင်ခဲ့ရာမှ အမျိုးသမီးဟာ ယူကျူ့တွင် ပရိတ်သတ်၇သန်းကျော် ဖေ့ဘွတ်တွင် ၄၅သန်းကျော်နှင့် အင်စတာဂရမ်တွင်၉.၉သန်းကျော်အထိပင်ပရိတ်သတ်များပြားကာ အောင်မြင်လာခဲ့ပါတယ်။
Zawgyi
credit