ၾကားသိရသမွ်

နိုင်ငံခြားရော မြန်မာမှာပါ လူနာတင်ကားတွေ “Ambulance” ဆိုတဲ့ စာလုံးကို ပြောင်းပြန်ရေးခြင်းရဲ့ အဓိပ္ပါယ် …

နိုင်ငံခြားရော မြန်မာမှာပါ လူနာတင်ကားတွေ “Ambulance” ဆိုတဲ့ စာလုံးကို ပြောင်းပြန်ရေးခြင်းရဲ့ အဓိပ္ပါယ် …

လူတိုင်း မေးဖူးကြမှာပါ။ ဘာလို့ လူနာတင်ကားမှာ Ambulance ဆိုတဲ့ စာလုံးကို ပြောင်းပြန် ရေးထားလဲ ဆိုတာ။

ကျနော် ငယ်ငယ်က သိပ်သိချင်ခဲ့တယ်။ ဒီလိုနဲ့ လူကြီးတွေကို လိုက်မေးရင်း မေးရင်းနဲ့ နောက်တော့ သိသွားတယ်။

လူနာတင်ကားမှာ ပြောင်းပြန် ဖြစ်နေတဲ့ Ambulance ဆိုတဲ့ စာလုံးက သိပ်ကို အဓိပ္ပါယ်ရှိပြီး အရေးပါ ပါတယ်။

Ambulance ကားရဲ့ အသက်ပေါ့ကွာ။ ဘဝမှာ လူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါမှာလည်း ဒီအချက်က သိပ်ကို အရေးကြီးပါတယ်။

တချို့ကိစွတွေမှာ ကိုယ်ဖြစ်ချင်တာထက် ကြည့်ကောင်းနေဖို့ထက် သူများတွေ အဆင်ပြေဖို့ ကိုယ်လုပ်နေကျ၊ တွေးနေကျ၊ ပြောနေကျ အရာတွေနဲ့ ဆန့်ကျင်ဖက်တွေ လုပ်တတ်ဖို့ လိုတယ်။

ကိုယ့်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ပြီး ဟန်ဆောင်ပါလို့ ဆိုလိုတာ မဟုတ်ပါဘူး။

ကိုယ့်အတွက် အဆင်မပြေရင်တောင် သူများနားလည်ဖို့ အဆင်ပြေဖို့ ကိုယ့်ရဲ့ အဆင်မပြေခြင်းကို သီးခံတတ်ရမယ်လို့ ဆိုလိုတာပါ။ ဒါမှ ခရီးရောက်မှာပါ။

Ambulance ကားတွေဟာ အရေးပေါ်လူနာတင်ပြီး ရှူပ်ထွေးတဲ့ လမ်းမပေါ်မှာ ပြေးလွှားပြီး လူနာအသက်ကို ကယ်ရတာပါ။ အဲလိုအခြေနေမျိုးမှာ သူလာနေပြီဆိုတာ အသိပေးတဲ့ အနေနဲ့ အသံပေးပါတယ်။

ဒီအသံ တစ်ခုတည်းက သူ့ပန်းတိုင် ခရီးရောက်ဖို့ မကူညီ ပေးနိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ကားတွေအရမ်းများပြီး ဆူညံနေတဲ့ အခါမျိုးမှာ အသံပဲ ကြားပြီး ဘယ်အရပ်က လာနေမှန်း မသိတော့ တခြားကားတွေက လမ်းဖယ် ပေးဖို့ မဖြစ်နိုင်ပါဘူး။

ကားသမားတွေက ရှုပ်ထွေးနေတဲ့ လမ်းမပေါ်မှာ အရပ်လေးမျက်နာကို မြင်နိုင်တဲ့ အခြေအနေ မရှိပါဘူး။

ဒီတော့ နောက်က လာတဲ့ Ambulance ကားက သူ့ရဲ့ ပြောင်းပြန် ရေးထားတဲ့ စာလုံးကြောင့် ရှေ့မှာ သွားနေတဲ့ ကားတွေရဲ့ နောက်ကြည့်မှန်မှာ အတည့်၊ အမှန်တိုင်း သွားပေါ်ပါတယ်။

ဒီတော့ ကားသမားတွေက Ambulance ဆိုတာ သိတော့ လမ်းရှင်းပေးလို့ ရတာပေါ့။

တခါတရံ သူ ငါ့ကို နားလည်မှာပါလို့ ယူဆလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ သူက သင်နဲ့ မတူတဲ့ ရှုထောင့်ကနေပြီး ကြည့်နေတယ် တွေးနေတယ် ဆိုတာကို သိဖို့လိုပါတယ်။

𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊𝖗

Zawgyi ဖြင့် ဖတ်ရန်

ႏိုင္ငံျခားေရာ ျမန္မာမွာပါ လူနာတင္ကားေတြ “Ambulance” ဆိုတဲ့ စာလုံးကို ေျပာင္းျပန္ေရးျခင္းရဲ႕ အဓိပၸါယ္ …

လူတိုင္း ေမးဖူးၾကမွာပါ။ ဘာလို႔ လူနာတင္ကားမွာ Ambulance ဆိုတဲ့ စာလုံးကို ေျပာင္းျပန္ ေရးထားလဲ ဆိုတာ။ က်ေနာ္ ငယ္ငယ္က သိပ္သိခ်င္ခဲ့တယ္။ ဒီလိုနဲ႔ လူႀကီးေတြကို လိုက္ေမးရင္း ေမးရင္းနဲ႔ ေနာက္ေတာ့ သိသြားတယ္။

လူနာတင္ကားမွာ ေျပာင္းျပန္ ျဖစ္ေနတဲ့ Ambulance ဆိုတဲ့ စာလုံးက သိပ္ကို အဓိပၸါယ္ရွိၿပီး အေရးပါ ပါတယ္။

Ambulance ကားရဲ႕ အသက္ေပါ့ကြာ။ ဘဝမွာ လူေတြနဲ႔ ထိေတြ႕ ဆက္ဆံတဲ့ အခါမွာလည္း ဒီအခ်က္က သိပ္ကို အေရးႀကီးပါတယ္။

တခ်ိဳ႕ကိစြေတြမွာ ကိုယ္ျဖစ္ခ်င္တာထက္ ၾကည့္ေကာင္းေနဖို႔ထက္ သူမ်ားေတြ အဆင္ေျပဖို႔ ကိုယ္လုပ္ေနက်၊ ေတြးေနက်၊ ေျပာေနက် အရာေတြနဲ႔ ဆန႔္က်င့္ဖက္ေတြ လုပ္တတ္ဖို႔ လိုတယ္။

ကိုယ့္ရဲ႕ စစ္မွန္တဲ့ ျဖစ္တည္မႈကို ဖုံးကြယ္ၿပီး ဟန္ေဆာင္ပါလို႔ ဆိုလိုတာ မဟုတ္ပါဘူး။ ကိုယ့္အတြက္ အဆင္မေျပရင္ေတာင္ သူမ်ားနားလည္ဖို႔ အဆင္ေျပဖို႔ ကိုယ့္ရဲ႕ အဆင္မေျပျခင္းကို သီးခံတတ္ရမယ္လို႔ ဆိုလိုတာပါ။ ဒါမွ ခရီးေရာက္မွာပါ။

Ambulance ကားေတြဟာ အေရးေပၚလူနာတင္ၿပီး ရႉပ္ေထြးတဲ့ လမ္းမေပၚမွာ ေျပးလႊာၿပီး လူနာအသက္ကို ကယ္ရတာပါ။ အဲလိုအေျခေနမ်ိဳးမွာ သူလာေနၿပီဆိုတာ အသိေပးတဲ့ အေနနဲ႔ အသံေပးပါတယ္။

ဒီအသံ တစ္ခုတည္းက သူ႔ပန္းတိုင္ ခရီးေရာက္ဖို႔ မကူညီ ေပးႏိုင္ပါဘူး။ ဘာေၾကာင့္လည္း ဆိုေတာ့ ကားေတြအရမ္းမ်ားၿပီး ဆူညံေနတဲ့ အခါမ်ိဳးမွာ အသံပဲၾကားၿပီး ဘယ္အရပ္က လာေနမွန္း မသိေတာ့ တျခားကားေတြက လမ္းဖယ္ ေပးဖို႔ မျဖစ္ႏိုင္ပါဘူး။

ကားသမားေတြက ရႈပ္ေထြးေနတဲ့ လမ္းမေပၚမွာ အရပ္ေလးမ်က္နာကို ျမင္ႏိုင္တဲ့ အေျခအေနမရွိပါဘူး။

ဒီေတာ့ ေနာက္က လာတဲ့ Ambulance ကားက သူ႔ရဲ႕ ေျပာင္းျပန္ ေရးထားတဲ့ စာလုံးေၾကာင့္ ေရွ႕မွာ သြားေနတဲ့ ကားေတြရဲ႕ ေနာက္ၾကည့္မွန္မွာ အတည့္၊ အမွန္တိုင္း သြားေပၚပါတယ္။

ဒီေတာ့ ကားသမားေတြက Ambulance ဆိုတာ သိေတာ့ လမ္းရွင္းေပးလို႔ ရတာေပါ့။

တခါတရံ သူငါ့ကို နားလည္မွာပါလို႔ ယူဆလို႔ မရပါဘူး။ ဘာလို႔လဲဆိုေတာ့ သူက သင္နဲ႔ မတူတဲ့ ရႈေထာင့္ကေနၿပီး ၾကည့္ေနတယ္ ေတြးေနတယ္ ဆိုတာကို သိဖို႔လိုပါတယ္။

𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊𝖗