ဗဟုသုတ

ဘုရင်ကြီးလည်း သိချင်သော စကား ၄ ခွန်း

တခါတုန်းကတိုင်းပြည်တစ်ပြည်မှာ မင်းကျင့်တရားများနှင့်အညီ တရားမျှတစွာ အုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင်ကြီးတစ်ပါးရှိလေသည်။
ဘုရင်ကြီးဟာ တိုင်းရေး ပြည်ရာတွေနဲ့ နစ်မွန်းနေတာကြောင့် တရားဓမ္မအလုပ်ကို မေ့လျော့နေတာကြောင့်တစ်ညမှာ ထီးချက် စောင့်နတ်သမီးက ဘုရင်အား အိမ်မက်ပေး၍ သတိပေး စကားလေးခွန်း ပြောကြားလာပါတယ်။

” အရှင်မင်းကြီး ကျွန်ုပ်ဟာ သင့်ရဲ့ ထီးချက်စောင့်နတ်သ္မီးဖြစ်ပါတယ်..သင်ဟာ နောင် ၇ ရက်ကြာလျှ င် ကံတော်ကုန်ရပါတော့မည့်အကြောင်း လာရောက်သတိပေးရခြင်းဖြစ်ပါတယ် “နတ်သမီးရဲ့စကားကြောင့်မင်းကြီးဟာ ထိတ်လန့်တုန်လှုပ်သွားပြီး..” အဲဒီလို မဖြစ်အောင် လုပ်၍ ရနိုင်မည့်နည်းလမ်းများ မရှိဘူးလား အသင်နတ်သမီး “” လုပ်နိုင်ပါတယ်..ဒါပေမယ့် ကျွန်ုပ်ပြောတဲ့စကားလေးခွန်းရဲ့အဓိပ္ပါယ်ကို အသင်မင်းကြီး ရအောင်တော့ ဖော်ဆောင်ရပါလိမ့်မယ် “

” ကြိုးစားကြည့်ပါမယ်..မိန့်တော်မူပါ အသင်နတ်သမီး “” တစ်,အချက် ဘယ်အချိန်မှာ ဘယ်အလုပ်ဟာ သင့်တွက်အရေးကြီးဆုံးလဲ ။နှစ်, အချက် အဲဒီအချိန်မှာ အဘယ်ပုဂ္ဂိုလ်ကသင့်တွက် အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်မလဲ..။သုံး,။အချက် ဘယ်လိုလူမျိုးအပေါ် သင် မေတ္တာ ဂရုဏာထားရမလဲ..။လေး, ။အချ က် သင်မေ့လျော့နေတဲ့အရာတွေကိုပြန်ရှာဖွေပါ..။အဲ့ဒီ စကားလေးခွန်းရဲ့ အဓိပ္ပါယ်ကို ဖော်ထုတ် ဆောင်ရွက်နိုင်ရင် အသင်မင်းကြီးကံတော်ကုန်မယ့်ဘေးက လွတ်မြောက်ပါလိမ့်မည်

“နတ်သမီးကွယ်ပျောက်သွားတာနဲ့ ဘုရင်ကြီးလည်း အိပ်ရာမှ လန့်နိုးသွားပါတော့သည်။ ထိုခဏ၌ ပြန်အိပ်မရတော့ပဲနတ်သမီးရဲ့စကားလေးခွန်းအဓိပ္ပါယ်ကို စဉ်းစားနေမိတော့သည်။ သို့သော် လည်း မိုးလင်းချိန်ထိ စဉ်းစားမရနိုင်ခဲ့ချေ။နံနက်ညီလာခံတွင် သူ၏ ပညာရှိအမတ်များကို မေးမြန်းခဲ့သော်လည်း ဘယ်အမတ်မှ ရေးရေးရာရာ မဖြေနိုင်ကြဘဲထင်ကြေးဖြင့် ရမ်းသန်းဖြေကြသော အဖြေတွေပဲ ရရှိခဲ့လေသည်။ဘုရင်ကြီးလည်း စဉ်းစားရခက်နေပြီး နန်းထဲ၌ပင် အချိန်၃ ရက်ကြာသွားလေသည် ။

သေချာသည့် အဖြေကို မရရှိခဲ့သည့်နောက်…ရွှေမြို့တော်အပြင်ဖက် တောရပ်အနီးတွင်တရား ကျင့် နေ သည့် သူတော်စင်အဖိုးအိုတစ်ယောက်သည် ဉာဏ်ပညာ အမြော်အမြင်ကြီးကြောင်း သတင်းကြားသိရပြီး ထိုအဖိုးအိုထံသွားရန် သူဆင်းရဲ အယောင်ဆောင်၍နန်းတော်ထဲမှ တိတ်တဆိတ်ထွက်ခဲ့ပါတော့သည်။မေးမြန်းစုံစမ်းရင်း နှစ်ရက်ကြာမှ အဖိုးအိုထံ ရောက်သွားလေသည်။ ထိုအချိန်တွင် နန်းတော်ထဲမှ ဘုရင်ကြီးပျောက်သွားသဖြင့် စစ်သည်တော်တွေဟာ ဘုရင်ကြီးကို

လိုက်ရှာဖွေနေကြသလို ဤသတင်းကိုကြားသဖြင့် ဘုရင်ကြီးအားလုပ်ကြံ သတ်ဖြတ်ရန် လိုက်လံစုံစမ်းနေသည့် လူဆိုးကြီးတစ်ယောက်လည်း ရှိနေလေသည် ။ပညာရှိအဖိုးအိုထံဘုရင်ကြီးရောက်လာချိန်တွင် အဖိုးအိုကရာသီ သီးပင် စားပင်လေးတွေ စိုက်ပျိုးဖို့ မြေကိုတူးဆွနေပါသည်။ ဘုရင်ကြီးအနား ရောက်လာချိန်တွင် တစ်ချက်မျှသာ ငဲ့ကြည့်ပြီး သူ့အလုပ်ကိုသာ သူ ဆက်လုပ်နေပါသည်။ဘုရင်ကြီးက..” အဖိုး..ခင်ဗျား ” လို့ စကား စ လိုက်သည်နှင့် အဖိုးအိုကလက်ကာပြလိုက်သဖြင့်

အယောင်ဆောင်ဘုရင်ကြီးလည်းအနီးတွင်ရှိနေသော ပေါက်တူးကို ကောက်ကိုင်လိုက်ပြီးအဖိုးအိုနှင့်အတူ ကူညီ မြေတူးဆွနေလိုက်ပါတော့တယ်။
အလုပ်အကိုင်တွေ ပြီးစီးသွားချိန်မှာတော့ ဘုရင်ကြီးလည်းအတော်မောပမ်းနေချေပြီ။ အဖိုးအိုက စားသောက်ဖွယ်ရာတွေချ၍ ကျွေးမွေးသောအခါ ဘုရင်ကြီးလည်း မောလည်းမော..ဆာလည်း ဆာနေသဖြင့် လွန်စွာပင် စားကောင်းပါတော့သည်။စားသောက်ပြီးချိန်၌ အဖိုးအိုအားသိလိုသော စကားတို့ကိုမေးရန်ကြံရွယ်စဉ်..” မောင်ရင်လဲပင်ပမ်းနေပြီ..ဟိုထောင့်ကွေးလေးမှာ ခနမှေးလိုက်ပါဦး..နောက်မှပဲ စကားပြောကြတာပေါ့..အခုချိန်ကကျွန်ုပ်တရားထိုင်ဖို့ အချိန်ကျနေပါပြီ “ဘုရင်ကြီးလည်း အဖိုးအိုပြောတဲ့အတိုင်း တဲ ထောင့်ကွေးတွင်တစ်ရေးအိပ်လိုက်လေသည်။

အတန်ငယ်ကြာသွားပြီးနောက် တဲအပြင်မှ ဆူညံသံတွေကြားလို့ ထွက်ကြည့်သောအခါ ဒဏ်ရာဒဏ်ချက်တွေနှင့် လူတစ်ယောက် ရောက်နေသည်ကို တွေ့ရလေသည် ။ဘုရင်ကြီးလည်း ထိုလူကိုတဲအတွင်းသို့ ခေါ်လာခဲ့ပြီး သူ၏ဒဏ်ရာများကို တတ်နိုင်သမျှ ကုသပေးလေသည်။ တရားထိုင်ရာမှ ထလာသောအဖိုးအိုကလည်း လိုအပ်တဲ့ ဆေးဝါးတွေထုတ်ပေးလေသည်။ဆင်းရဲသားယောင်ဆောင်ဘုရင်ကြီးလည်းဒဏ် ရာတွေနှင့်လူကို

ဂရုဏာရှေ့ထားပြီးကုသပေးနေခဲ့ရာ ထီးချက်စောင့်နတ်သမီးပြောသည့် ၇ ရက်ပြည့်မြောက်လာပါတော့သည်။ဘုရင်ကြီးလည်း..” မဖြစ်ဖူး..ဒီနေ့တော့ အဖိုးအိုအား မေးဖြစ်အောင် မေးမှဖြစ်တော့မည်.. ” ဟု..ကြံစီကာ အဖိုးအိုအားလပ်သည့်အချိန်တွင် မေးလိုက်ပါတော့သည်။ အဖိုးအိုက ဘုရင်မေးသောစကား ၄ ခွန်းကို သေချာနားထောင်လိုက်ပြီး..” အသင့်ကို စရောက်ကတည်းက ဘုရင်မှန်း ကျွန်ုပ်ခန့်မှန်းမိပါတယ်၊ အခုအသင်မေးတဲ့ စကား လေး ခွန်းကို

အသင်ကိုယ်တိုင် အလိုလို အဓိပ္ပါယ်ဖော်ပြီးဖြစ်နေပါပြီ “” ခင်ဗျာ..ကျွန်ုပ်တော့နားမလည်ပါလား.. ရှင်းပြပါအုံးအဖိုးရယ် “” သင် မင်းကြီးမေးတဲ့ ပထမစကားတစ်ခွန်းက ဘယ်အချိန်မှာဘယ်အလုပ်က အရေးကြီးဆုံးလဲ..လို့ ..မဟုတ်လား.. အဲဒါနဲ့ပတ်သက်ပြီး ကျွန်ုပ်ထံ အသင် စ ရောက်လာချိန်မှာအပင်စိုက်ရန် မြေတူးဆွပေးရတဲ့ အလုပ်ပါပဲ “” ဒုတိယ စကားက..အဲဒီအချိန်မှာ သင့်အတွက် အရေးကြီးဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူဖြစ်မလဲ..မဟုတ်လား..အဲ့ဒီသူဟာကျွန်ုပ်ပါပဲ..”

” တတိယ စကားအရ..ဘယ်လိုလူမျိုးကို ဂရုဏာမေတ္တာထားသင့်သလဲ မဟုတ်လား..အဲ့ဒီလူဟာလည်းသင်ဆေးကုပေးခဲ့တဲ့ ဒဏ်ရာရလာတဲ့သူပါပဲ..ကိုင်း..ကိုယ့်လူက ဘုရင်ကြီးကို အကျိုးအကြောင်း တစ်ခုခုတော့ ပြောပြလိုက်ပါအုံးလေ..ဒါမှ ဘုရင်ကြီး နားလည်သွားမှာ “အဖိုးအို၏စကားကြောင့် ဒဏ်ရာရသော လူနာက အကျိုးအကြောင်းဝင်ရောက် ရှင်းပြလေသည်။” ကျွန်တော်မျိုးဟာ အသင်မင်းကြီးကို သတ်ဖြတ်ဖို့ အမြဲချောင်းမြောင်းနေတဲ့ လူဆိုးလူမိုက်တစ်ဦးဖြစ်ပါတယ်..

မင်းကြီးကို သတ်ဖို့အလာ အဖိုးရဲ့ခြံမြေနားအရောက်မှာအသင်မင်းကြီးရဲ့စစ်သည် ရဲမက်တွေနဲ့တွေ့ပြီး တိုက်ခိုက်ခံရပါတယ်..ဒဏ်ရာတွေရပြီး ထွက်ပြေးအလာ ဒီကိုရောက်လာခဲ့ရာက အသင်မင်းကြီး ဂရုဏာရှေ့ထားပြီး ကုသပေးခဲ့လို့ အသက်ချမ်းသာခဲ့ရပါတယ်…ကျွန်တော်မျိုးမှာ သင်မင်းကြီး ပေးခဲ့တဲ့အသက်ဘဲ ရှိပါတော့တယ်…မင်းကြီးရဲ့ကျေးဇူးကို ကျွန်တော်မျိုးဆပ်လို့မကုန်တော့ပါဘူးဘုရား..ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ “ထိုလူကဘုရင်ကြီးကို ထိုင်ကန်တော့လေ၏။

ထိုအခါ..ဘုရင်ကြီးက..” အဖိုးပြောတော့ဖြင့် ဟုတ်နေတာဘဲ..ဒါပေမယ့် ဘယ်လိုအကျိုးကြောင်းတွေ ဆက်စပ်နေသလဲ ကျွန်ုပ် မရှင်းသေးလို့ .. တဆိတ်လောက် ရှင်းပြပါအုံး အဖိုးရယ်..”အဖိုးအိုက..” အသင်မင်းကြီး..သင် ဒီကိုအချိန်မီရောက်လာပြီး ကျွန်ုပ်၏ အလုပ်များကို ကူလုပ်နေရခြင်း..ကျွနု်ပ်ကို အကြောင်းပြု၍ လာရသည်ဖြစ်ခြင်းတို့ကြောင့် သင်၏ရန်သူ လုပ်ကြံမည့် အန္တရာယ်က ကင်းလွတ်ခဲ့ရသည်..တဖန် သင်ဂရုဏာထားကုသ ပေးခဲ့လို့ သင့်ရန်သူက သင့်ကို

ကျေးဇူးတင်ပြီးထိုသူက နောက်ဆိုရင် သင့်အတွက် မိတ်ဆွေကောင်း ဖြစ်ပေတော့မည်..ဒါကြောင့် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းတဲ့အလုပ်တခုတွေ့ရင် ဒါဟာ လုပ်သင့်တဲ့အလုပ်ပဲ ဖြစ်တယ်..
အဲဒီအလုပ်နဲ့ ပတ်သက်နေတဲ့သူဟာလည်း အရေးပါတဲ့သူပဲပေါ့..ပြီးတော့.. ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ကိုယ့်ဖက်က မေတ္တာထားပြီး ပြုသင့်ပြုထိုက်တာကို ပြုပေးလိုက်ပါ..တန်ပြန်မေတ္တာ အကျိုးပြုပါလိမ့်မယ်..ဒါက စကား ၃ ခွန်းရဲ့..အဓိပ္ပါယ်သက်ရောက်မှုရှိတဲ့ အကျိုးကျေးဇူးတွေပါပဲ..နောက်ဆုံး ၄ ခွန်းမြောက်စကား..

မေ့လျော့ နေတာတွေကိုပြန်ရှာဖွေပါဆိုတဲ့ အဓိပ္ပါယ်ကတော့..အသင်မင်းကြီးဟာတိုင်းရေးပြည်ရာတွေထဲမှာ နစ်မွန်းနေလို့ တရားဓမ္မတွေကို အားထုတ်ဖို့ မေ့လျော့နေပါတယ်..ဒါကြောင့်..တရားဓမ္မများကိုလည်း မမေ့လျော့ဖို့ သတိပေးတာဘဲ ဖြစ်ပါတယ်.. “သူတော်စင်အဖိုးအို၏ ရှည်လျားစွာသော ရှင်းပြမှုအဆုံး၌ဘုရင်ကြီးလည်း ဝမ်းမြောက်ဝမ်းသာ၍ဦးသုံးကြိမ်ချရှစ်ခိုးကန်တော့လိုက်လေသည်။”ကျေးဇူးကြီးလှပါတယ် အဖိုး ခင်ဗျာ “ဤတွင် ဘုရင်ကြီးလည်း သူသိချင်သော စကား ၄ ခွန်း၏အဓိပ္ပါယ်ကိုသိရှိသွားရသည့်အပြင် ရ ရက်အတွင်းသေရမည့်ဘေးမှလွန်မြောက်ပြီး သူ၏ ရန်သူဖြစ်သည့်လူဆိုးကြီးသည်လည်း သူ့အပေါ်တွင် သစ္စာစောင့်သိသောသက်တော်စောင့် လူယုံတော်တစ်ဦး ဖြစ်သွားပါလေတော့တယ်။

Credit – မူရင်း

[zawgyi]

တခါတုန္းကတိုင္းျပည္တစ္ျပည္မွာ မင္းက်င့္တရားမ်ားႏွင့္အညီ တရားမွ်တစြာ အုပ္ခ်ဳပ္ မင္းလုပ္ေနတဲ့ ဘုရင္ႀကီးတစ္ပါးရွိေလသည္။
ဘုရင္ႀကီးဟာ တိုင္းေရး ျပည္ရာေတြနဲ႔ နစ္မြန္းေနတာေၾကာင့္ တရားဓမၼအလုပ္ကို ေမ့ေလ်ာ့ေနတာေၾကာင့္တစ္ညမွာ ထီးခ်က္ေစာင့္နတ္သမီးက ဘုရင္အား အိမ္မက္ေပး၍ သတိေပး စကားေလးခြန္း ေျပာၾကားလာပါတယ္။” အရွင္မင္းႀကီး ကြၽႏ္ုပ္ဟာ သင့္ရဲ႕ ထီးခ်က္ေစာင့္နတ္သၼီးျဖစ္ပါတယ္..သင္ဟာ

ေနာင္ ၇ ရက္ၾကာလွ် င္ ကံေတာ္ကုန္ရပါေတာ့မည့္အေၾကာင္း လာေရာက္သတိေပးရျခင္းျဖစ္ပါတယ္ “နတ္သမီးရဲ႕စကားေၾကာင့္မင္းႀကီးဟာ ထိတ္လန႔္တုန္လႈပ္သြားၿပီး..” အဲဒီလို မျဖစ္ေအာင္ လုပ္၍ ရႏိုင္မည့္နည္းလမ္းမ်ား မရွိဘူးလား အသင္နတ္သမီး “” လုပ္ႏိုင္ပါတယ္..ဒါေပမယ့္ ကြၽႏ္ုပ္ေျပာတဲ့စကားေလးခြန္းရဲ႕အဓိပၸါယ္ကို အသင္မင္းႀကီး ရေအာင္ေတာ့ ေဖာ္ေဆာင္ရပါလိမ့္မယ္ “” ႀကိဳးစားၾကည့္ပါမယ္..မိန႔္ေတာ္မူပါ

အသင္နတ္သမီး “” တစ္,အခ်က္ ဘယ္အခ်ိန္မွာ ဘယ္အလုပ္ဟာ သင့္တြက္အေရးႀကီးဆုံးလဲ ။ႏွစ္, အခ်က္ အဲဒီအခ်ိန္မွာ အဘယ္ပုဂၢိဳလ္ကသင့္တြက္ အေရးႀကီးဆုံး ပုဂၢိဳလ္ျဖစ္မလဲ..။သုံး,။အခ်က္ ဘယ္လိုလူမ်ိဳးအေပၚ သင္ ေမတၱာ ဂ႐ုဏာထားရမလဲ..။ေလး, ။အခ် က္ သင္ေမ့ေလ်ာ့ေနတဲ့အရာေတြကိုျပန္ရွာေဖြပါ..။အဲ့ဒီ စကားေလးခြန္းရဲ႕ အဓိပၸါယ္ကို ေဖာ္ထုတ္ ေဆာင္႐ြက္ႏိုင္ရင္ အသင္မင္းႀကီးကံေတာ္ကုန္မယ့္ေဘးက လြတ္ေျမာက္ပါလိမ့္မည္ “နတ္သမီးကြယ္ေပ်ာက္သြားတာနဲ႔

ဘုရင္ႀကီးလည္း အိပ္ရာမွ လန႔္ႏိုးသြားပါေတာ့သည္။ ထိုခဏ၌ ျပန္အိပ္မရေတာ့ပဲနတ္သမီးရဲ႕စကားေလးခြန္းအဓိပၸါယ္ကို စဥ္းစားေနမိေတာ့သည္။ သို႔ေသာ္လည္း မိုးလင္းခ်ိန္ထိ စဥ္းစားမရႏိုင္ခဲ့ေခ်။နံနက္ညီလာခံတြင္ သူ၏ ပညာရွိအမတ္မ်ားကို ေမးျမန္းခဲ့ေသာ္လည္း ဘယ္အမတ္မွ ေရးေရးရာရာ မေျဖႏိုင္ၾကဘဲထင္ေၾကးျဖင့္ ရမ္းသန္းေျဖၾကေသာ အေျဖေတြပဲ ရရွိခဲ့ေလသည္။ဘုရင္ႀကီးလည္း စဥ္းစားရခက္ေနၿပီး နန္းထဲ၌ပင္ အခ်ိန္၃ ရက္ၾကာသြားေလသည္ ။

ေသခ်ာသည့္ အေျဖကို မရရွိခဲ့သည့္ေနာက္…ေ႐ႊၿမိဳ႕ေတာ္အျပင္ဖက္ ေတာရပ္အနီးတြင္တရားက်င့္ေနသည့္ သူေတာ္စင္အဖိုးအိုတစ္ေယာက္သည္ ဉာဏ္ပညာ အေျမာ္အျမင္ႀကီးေၾကာင္း သတင္းၾကားသိရၿပီး ထိုအဖိုးအိုထံသြားရန္ သူဆင္းရဲ အေယာင္ေဆာင္၍နန္းေတာ္ထဲမွ တိတ္တဆိတ္ထြက္ခဲ့ပါေတာ့သည္။ေမးျမန္းစုံစမ္းရင္း ႏွစ္ရက္ၾကာမွ အဖိုးအိုထံ ေရာက္သြားေလသည္။ ထိုအခ်ိန္တြင္ နန္းေတာ္ထဲမွ ဘုရင္ႀကီးေပ်ာက္သြားသျဖင့္ စစ္သည္ေတာ္ေတြဟာ

ဘုရင္ႀကီးကို လိုက္ရွာေဖြေနၾကသလို ဤသတင္းကိုၾကားသျဖင့္ ဘုရင္ႀကီးအားလုပ္ႀကံ သတ္ျဖတ္ရန္ လိုက္လံစုံစမ္းေနသည့္ လူဆိုးႀကီးတစ္ေယာက္လည္း ရွိေနေလသည္ ။ပညာရွိအဖိုးအိုထံဘုရင္ႀကီးေရာက္လာခ်ိန္တြင္ အဖိုးအိုကရာသီ သီးပင္ စားပင္ေလးေတြ စိုက္ပ်ိဳးဖို႔ ေျမကိုတူးဆြေနပါသည္။ ဘုရင္ႀကီးအနား ေရာက္လာခ်ိန္တြင္ တစ္ခ်က္မွ်သာ ငဲ့ၾကည့္ၿပီး သူ႔အလုပ္ကိုသာ သူ ဆက္လုပ္ေနပါသည္။ဘုရင္ႀကီးက..” အဖိုး..ခင္ဗ်ား ” လို႔ စကား စ လိုက္သည္ႏွင့္

အဖိုးအိုကလက္ကာျပလိုက္သျဖင့္ အေယာင္ေဆာင္ဘုရင္ႀကီးလည္းအနီးတြင္ရွိေနေသာ ေပါက္တူးကို ေကာက္ကိုင္လိုက္ၿပီးအဖိုးအိုႏွင့္အတူ ကူညီ ေျမတူးဆြေနလိုက္ပါေတာ့တယ္။
အလုပ္အကိုင္ေတြ ၿပီးစီးသြားခ်ိန္မွာေတာ့ ဘုရင္ႀကီးလည္းအေတာ္ေမာပမ္းေနေခ်ၿပီ။ အဖိုးအိုက စားေသာက္ဖြယ္ရာေတြခ်၍ ေကြၽးေမြးေသာအခါ ဘုရင္ႀကီးလည္း ေမာလည္းေမာ..ဆာလည္း ဆာေနသျဖင့္ လြန္စြာပင္ စားေကာင္းပါေတာ့သည္။စားေသာက္ၿပီးခ်ိန္၌ အဖိုးအိုအားသိလိုေသာ

စကားတို႔ကိုေမးရန္ႀကံ႐ြယ္စဥ္..” ေမာင္ရင္လဲပင္ပမ္းေနၿပီ..ဟိုေထာင့္ေကြးေလးမွာ ခနေမွးလိုက္ပါဦး..ေနာက္မွပဲ စကားေျပာၾကတာေပါ့..အခုခ်ိန္ကကြၽႏ္ုပ္တရားထိုင္ဖို႔ အခ်ိန္က်ေနပါၿပီ “ဘုရင္ႀကီးလည္း အဖိုးအိုေျပာတဲ့အတိုင္း တဲ ေထာင့္ေကြးတြင္တစ္ေရးအိပ္လိုက္ေလသည္။အတန္ငယ္ၾကာသြားၿပီးေနာက္ တဲအျပင္မွ ဆူညံသံေတြၾကားလို႔ ထြက္ၾကည့္ေသာအခါ ဒဏ္ရာဒဏ္ခ်က္ေတြႏွင့္ လူတစ္ေယာက္ ေရာက္ေနသည္ကို ေတြ႕ရေလသည္ ။

ဘုရင္ႀကီးလည္း ထိုလူကိုတဲအတြင္းသို႔ ေခၚလာခဲ့ၿပီး သူ၏ဒဏ္ရာမ်ားကို တတ္ႏိုင္သမွ် ကုသေပးေလသည္။ တရားထိုင္ရာမွ ထလာေသာအဖိုးအိုကလည္း လိုအပ္တဲ့ ေဆးဝါးေတြထုတ္ေပးေလသည္။ဆင္းရဲသားေယာင္ေဆာင္ဘုရင္ႀကီးလည္းဒဏ္ရာေတြႏွင့္လူကို ဂ႐ုဏာေရွ႕ထားၿပီးကုသေပးေနခဲ့ရာ ထီးခ်က္ေစာင့္နတ္သမီးေျပာသည့္ ၇ ရက္ျပည့္ေျမာက္လာပါေတာ့သည္။ဘုရင္ႀကီးလည္း..” မျဖစ္ဖူး..ဒီေန႔ေတာ့ အဖိုးအိုအား ေမးျဖစ္ေအာင္ ေမးမွျဖစ္ေတာ့မည္..

” ဟု..ႀကံစီကာ အဖိုးအိုအားလပ္သည့္အခ်ိန္တြင္ ေမးလိုက္ပါေတာ့သည္။ အဖိုးအိုက ဘုရင္ေမးေသာစကား ၄ ခြန္းကို ေသခ်ာနားေထာင္လိုက္ၿပီး..” အသင့္ကို စေရာက္ကတည္းက ဘုရင္မွန္း ကြၽႏ္ုပ္ခန႔္မွန္းမိပါတယ္၊ အခုအသင္ေမးတဲ့ စကား ေလး ခြန္းကို အသင္ကိုယ္တိုင္ အလိုလို အဓိပၸါယ္ေဖာ္ၿပီးျဖစ္ေနပါၿပီ “” ခင္ဗ်ာ..ကြၽႏ္ုပ္ေတာ့နားမလည္ပါလား.. ရွင္းျပပါအုံးအဖိုးရယ္ “” သင္ မင္းႀကီးေမးတဲ့ ပထမစကားတစ္ခြန္းက

ဘယ္အခ်ိန္မွာဘယ္အလုပ္က အေရးႀကီးဆုံးလဲ..လို႔ ..မဟုတ္လား.. အဲဒါနဲ႔ပတ္သက္ၿပီး ကြၽႏ္ုပ္ထံ အသင္ စ ေရာက္လာခ်ိန္မွာအပင္စိုက္ရန္ ေျမတူးဆြေပးရတဲ့ အလုပ္ပါပဲ “” ဒုတိယ စကားက..အဲဒီအခ်ိန္မွာ သင့္အတြက္ အေရးႀကီးဆုံးပုဂၢိဳလ္ဟာ ဘယ္သူျဖစ္မလဲ..မဟုတ္လား..အဲ့ဒီသူဟာကြၽႏ္ုပ္ပါပဲ..”” တတိယ စကားအရ..ဘယ္လိုလူမ်ိဳးကို ဂ႐ုဏာေမတၱာထားသင့္သလဲ မဟုတ္လား..အဲ့ဒီလူဟာလည္းသင္ေဆးကုေပးခဲ့တဲ့ ဒဏ္ရာရလာတဲ့သူပါပဲ..ကိုင္း..ကိုယ့္လူက ဘုရင္ႀကီးကို အက်ိဳးအေၾကာင္း

တစ္ခုခုေတာ့ ေျပာျပလိုက္ပါအုံးေလ..ဒါမွ ဘုရင္ႀကီး နားလည္သြားမွာ “အဖိုးအို၏စကားေၾကာင့္ ဒဏ္ရာရေသာ လူနာက အက်ိဳးအေၾကာင္းဝင္ေရာက္ ရွင္းျပေလသည္။” ကြၽန္ေတာ္မ်ိဳးဟာ အသင္မင္းႀကီးကို သတ္ျဖတ္ဖို႔ အၿမဲေခ်ာင္းေျမာင္းေနတဲ့ လူဆိုးလူမိုက္တစ္ဦးျဖစ္ပါတယ္..မင္းႀကီးကို သတ္ဖို႔အလာ အဖိုးရဲ႕ၿခံေျမနားအေရာက္မွာအသင္မင္းႀကီးရဲ႕စစ္သည္ ရဲမက္ေတြနဲ႔ေတြ႕ၿပီး တိုက္ခိုက္ခံရပါတယ္..

ဒဏ္ရာေတြရၿပီး ထြက္ေျပးအလာ ဒီကိုေရာက္လာခဲ့ရာက အသင္မင္းႀကီး ဂ႐ုဏာေရွ႕ထားၿပီး ကုသေပးခဲ့လို႔ အသက္ခ်မ္းသာခဲ့ရပါတယ္…
ကြၽန္ေတာ္မ်ိဳးမွာ သင္မင္းႀကီး ေပးခဲ့တဲ့အသက္ဘဲ ရွိပါေတာ့တယ္…မင္းႀကီးရဲ႕ေက်းဇူးကို ကြၽန္ေတာ္မ်ိဳးဆပ္လို႔မကုန္ေတာ့ပါဘူးဘုရား..ကြၽန္ေတာ္မ်ိဳးကို ခြင့္လႊတ္ေတာ္မူပါ “ထိုလူကဘုရင္ႀကီးကို ထိုင္ကန္ေတာ့ေလ၏။ထိုအခါ..ဘုရင္ႀကီးက..” အဖိုးေျပာေတာ့ျဖင့္ ဟုတ္ေနတာဘဲ..

ဒါေပမယ့္ ဘယ္လိုအက်ိဳးေၾကာင္းေတြ ဆက္စပ္ေနသလဲ ကြၽႏ္ုပ္ မရွင္းေသးလို႔ .. တဆိတ္ေလာက္ ရွင္းျပပါအုံး အဖိုးရယ္..”အဖိုးအိုက..” အသင္မင္းႀကီး..သင္ ဒီကိုအခ်ိန္မီေရာက္လာၿပီး ကြၽႏ္ုပ္၏အလုပ္မ်ားကို ကူလုပ္ေနရျခင္း..ကြၽႏု္ပ္ကို အေၾကာင္းျပဳ၍ လာရသည္ျဖစ္ျခင္းတို႔ေၾကာင့္ သင္၏ရန္သူ လုပ္ႀကံမည့္ အႏၲရာယ္က ကင္းလြတ္ခဲ့ရသည္..တဖန္ သင္ဂ႐ုဏာထားကုသ ေပးခဲ့လို႔ သင့္ရန္သူက သင့္ကို ေက်းဇူးတင္ၿပီးထိုသူက

ေနာက္ဆိုရင္ သင့္အတြက္ မိတ္ေဆြေကာင္း ျဖစ္ေပေတာ့မည္..ဒါေၾကာင့္ ဘယ္အခ်ိန္ပဲ ျဖစ္ျဖစ္ ေကာင္းတဲ့အလုပ္တခုေတြ႕ရင္ ဒါဟာ လုပ္သင့္တဲ့အလုပ္ပဲ ျဖစ္တယ္..အဲဒီအလုပ္နဲ႔ ပတ္သက္ေနတဲ့သူဟာလည္း အေရးပါတဲ့သူပဲေပါ့..ၿပီးေတာ့.. ရန္သူျဖစ္ေစ မိတ္ေဆြျဖစ္ေစ ကိုယ့္ဖက္က ေမတၱာထားၿပီး ျပဳသင့္ျပဳထိုက္တာကို ျပဳေပးလိုက္ပါ..တန္ျပန္ေမတၱာ အက်ိဳးျပဳပါလိမ့္မယ္..ဒါက စကား ၃ ခြန္းရဲ႕..အဓိပၸါယ္သက္ေရာက္မႈရွိတဲ့ အက်ိဳးေက်းဇူးေတြပါပဲ..ေနာက္ဆုံး ၄

ခြန္းေျမာက္စကား.. ေမ့ေလ်ာ့ ေနတာေတြကိုျပန္ရွာေဖြပါဆိုတဲ့ အဓိပၸါယ္ကေတာ့..အသင္မင္းႀကီးဟာတိုင္းေရးျပည္ရာေတြထဲမွာ နစ္မြန္းေနလို႔ တရားဓမၼေတြကို အားထုတ္ဖို႔ ေမ့ေလ်ာ့ေနပါတယ္..ဒါေၾကာင့္..တရားဓမၼမ်ားကိုလည္း မေမ့ေလ်ာ့ဖို႔ သတိေပးတာဘဲ ျဖစ္ပါတယ္.. “သူေတာ္စင္အဖိုးအို၏ ရွည္လ်ားစြာေသာ ရွင္းျပမႈအဆုံး၌ဘုရင္ႀကီးလည္း ဝမ္းေျမာက္ဝမ္းသာ၍ဦးသုံးႀကိမ္ခ်ရွစ္ခိုးကန္ေတာ့လိုက္ေလသည္။”ေက်းဇူးႀကီးလွပါတယ္ အဖိုး ခင္ဗ်ာ “ဤတြင္ ဘုရင္ႀကီးလည္း သူသိခ်င္ေသာ စကား ၄ ခြန္း၏အဓိပၸါယ္ကိုသိရွိသြားရသည့္အျပင္ ရ ရက္အတြင္းေသရမည့္ေဘးမွလြန္ေျမာက္ၿပီး သူ၏ ရန္သူျဖစ္သည့္လူဆိုးႀကီးသည္လည္း သူ႔အေပၚတြင္ သစၥာေစာင့္သိေသာသက္ေတာ္ေစာင့္ လူယုံေတာ္တစ္ဦး ျဖစ္သြားပါေလေတာ့တယ္။