ဗဟုသုတ

(၃) ႏွစ္သား ကေလးငယ္ေလးရဲ့ အသက္ကို ႏႈတ္ယူသြားတဲ့ ရွပ္အကၤ်ီက ေရႊၾကယ္သီးေလး

(3) ႏွစ္သား ကေလးငယ္ေလးရဲ့ အသက္ကို ႏႈတ္ယူသြားတဲ့ ရွပ္အကၤ်ီက ေရႊၾကယ္သီးေလး”

ေရႊၾကယ္သီးေလး ႏွင့္ ကေလးတို႔ အႏၲရာယ္

ေရးသားသူ – ေဒါက္တာသက္ထားေရႊစင္ဝင္း

”ဆရာမရယ္ ကၽြန္မသားေလးကို ကယ္ပါဦး”

ကေလး မ်က္စိထဲ ဓာတ္မီးနဲ႔ ထိုးၾကည့္ၿပီး ျပန္အလွည့္မွာ ကေလးအေမရဲ့ ငိုသံစြက္ေနတဲ့စကားေၾကာင့္ သက္ျပင္းခိုးခ်လိုက္မိတယ္။

ကေလးရဲ့ သူငယ္အိမ္က တုန္႔ျပန္မႈမရွိ … က်ယ္ႏွင့္ၿပီ။ ကေလးရဲ့ ဦးေႏွာက္က ေသႏွင့္ၿပီ ဆိုတဲ့အေၾကာင္း ဘယ္လိုအင္အားနဲ႔ ရွင္းျပရ

ပါ့။ ခုန္ေပါက္ေျပးလႊားေဆာ့ကစားေနတဲ့ သားျဖဴတုတ္ေလး နာရီဝက္ေလာက္အတြင္း ဒီလိုအျဖစ္ဆိုးမ်ိဳးၾကဳံရမယ္လို႔ ဒီအေမ ဘယ္ထင္

မိပါ့မလဲ။

တရားခံက သိပ္လွတဲ့ ”ၾကယ္သီးေလးတလုံး”

ကေလးအေမက အဝတ္ေလၽွာ္ေနခဲ့တယ္။ ဧည့္ခန္းထဲမွာ သားကေလး ကစားေနတယ္။ အဝတ္ေလၽွာ္ခါနီး အေဖလုပ္သူရဲ့ ရွပ္အက်ီၤ

က ေရႊၾကယ္သီးေလးကို အေမက တီဗီစင္ေပၚ တင္ထားလိုက္တယ္။

ခဏေနေတာ့ ကေလးက တဂစ္ဂစ္နဲ႔ လဲက်သြားတာေတြ႕လိုက္ရတယ္။ အေမမွာ ထမီရင္လ်ားနဲ႔ အူယားဖားရား ေျပးလာၾကည့္လိုက္

ေတာ့ သားကေလးက မ်က္ျဖဴလန္ၿပီး သတိလစ္ေနၿပီ။ တီဗီစင္ေပၚမွာ ၾကယ္သီးေလးကို မေတြ႕ရေတာ့။

အိမ္သားေတြကို ေအာ္ဟစ္ေခၚၿပီး ကေလးကို ေဆး႐ုံကို အျမန္ဆုံးေခၚလာခဲ့။ အေရးေပၚ႒ာနက ဆရာဝန္ေတြ ကေလးေရာက္လာ

ခ်င္း လည္ေခ်ာင္းထဲၾကည့္တဲ့မွန္ေျပာင္းနဲ႔ၾကည့္လိုက္ေတာ့ ေလႁပြန္အဝမွာ တစ္ေနတဲ့ ၾကယ္သီးကိုေတြ႕။ အလ်င္အျမန္ထုတ္။ ၿပီးတာ

နဲ႔ အသက္ရႈပိုက္ထည့္။

ႏွလုံးနဲ႔အဆုတ္ကို ျပန္အလုပ္လုပ္ေအာင္ အသက္ကယ္နည္းေတြနဲ႔ကုသ။ ဒါေတြအားလုံးၿပီးေတာ့ အထူးၾကပ္မတ္ကုသေဆာင္ကိုပို႔။

အသက္ရႉစက္တင္။ ႏွလုံးျပန္ခုန္လာ။ အသက္မရႉတာကို အသက္ရႉစက္က ရႉေပးေန။ လိုအပ္တဲ့ေဆးဝါးေတြနဲ႔ အေၾကာေဆးေတြေပးထား။

ေအာက္ဆီဂ်င္ျပတ္လပ္တာကို ငါးမိနစ္ထက္ပိုမခံနိုင္တဲ့ ဦးေႏွာက္ဆဲလ္ေတြက ထႂကြ ေသာင္းက်န္း။ တဒိုင္းဒိုင္းနဲ႔ အေၾကာတက္။

အေၾကာတက္တာ ရပ္ေတာ့ ဘာအလုပ္မွ မလုပ္ေတာ့။ ဦးေႏွာက္ေသၿပီ။ ထိန္းခ်ဳပ္အမိန္႔ေပးမယ့္ ဦးေႏွာက္ေသမွေတာ့ အေႏွးနဲ႔အျမန္

ႏွလုံးခုန္ တျဖည္းျဖည္းရပ္ေတာ့မယ္။ တျခားအဂၤါေတြ အလုပ္လုပ္တာ တျဖည္းျဖည္းရပ္ေတာ့မယ္။

”နက္ျဖန္ဆို သားေလးရဲ့ သုံးႏွစ္ျပည့္ေမြးေန႔ပါ ဆရာမရယ္ …” အေျခအေနအရပ္ရပ္ကို ရွင္းျပၿပီးတဲ့အခါ မ်က္ရည္ပိုးပိုးေပါက္ေပါက္

က်ရင္း ေျပာရွာတယ္။

လူ႔ေလာကထဲ သုံးႏွစ္ပဲ ေနခြင့္ရရွာတဲ့ ကေလးရယ္ … ေနာင္ဘဝ ဒီလို အျဖစ္မ်ိဳး ေဝးပါေစ ကြယ္။ ။

လတ္တေလာ ျဖစ္ရပ္မွန္ဇာတ္လမ္းပါ။ ”Chocking လည္ေခ်ာင္းထဲ တစ္ဆို႔ျခင္း” ကို မိဘမ်ား သတိျပဳနိုင္ေအာင္ ရင္နာနာနဲ႔ေရးရပါ

တယ္။ အေမကို ခြင့္ေတာင္းၿပီး ရိုက္ထားတဲ့ ၾကယ္သီးေလးပါ။ Chocking နဲ႔ပတ္သက္လို႔ ”ကေလးႏွင့္ Chocking အႏၲရာယ္” ဆို

ၿပီး (အပိုင္း ၅ပိုင္း) ေရးထားပါတယ္။ ျပန္ဖတ္နိုင္ပါတယ္။

ခ်စ္စရာရင္ေသြးငယ္တို႔ ေဘးကင္းၾကပါေစ။

ေရးသားသူ – ေဒါက္တာသက္ထားေရႊစင္ဝင္း (ကေလးဆရာဝန္)

ဗဟုသုတ

==========

Unicode,

(3) နှစ်သား ကလေးငယ်လေးရဲ့ အသက်ကို နှုတ်ယူသွားတဲ့ ရှပ်အင်္ကျီက ရွှေကြယ်သီးလေး”

ရွှေကြယ်သီးလေး နှင့် ကလေးတို့ အန္တရာယ်

ရေးသားသူ – ဒေါက်တာသက်ထားရွှေစင်ဝင်း

”ဆရာမရယ် ကျွန်မသားလေးကို ကယ်ပါဦး”

ကလေး မျက်စိထဲ ဓာတ်မီးနဲ့ ထိုးကြည့်ပြီး ပြန်အလှည့်မှာ ကလေးအမေရဲ့ ငိုသံစွက်နေတဲ့စကားကြောင့် သက်ပြင်းခိုးချလိုက်မိတယ်။

ကလေးရဲ့ သူငယ်အိမ်က တုန့်ပြန်မှုမရှိ … ကျယ်နှင့်ပြီ။ ကလေးရဲ့ ဦးနှောက်က သေနှင့်ပြီ ဆိုတဲ့အကြောင်း ဘယ်လိုအင်အားနဲ့ ရှင်းပြရ

ပါ့။ ခုန်ပေါက်ပြေးလွှားဆော့ကစားနေတဲ့ သားဖြူတုတ်လေး နာရီဝက်လောက်အတွင်း ဒီလိုအဖြစ်ဆိုးမျိုးကြုံရမယ်လို့ ဒီအမေ ဘယ်ထင်

မိပါ့မလဲ။

တရားခံက သိပ်လှတဲ့ ”ကြယ်သီးလေးတလုံး”

ကလေးအမေက အဝတ်လျှော်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ သားကလေး ကစားနေတယ်။ အဝတ်လျှော်ခါနီး အဖေလုပ်သူရဲ့ ရှပ်အကျီင်္

က ရွှေကြယ်သီးလေးကို အမေက တီဗီစင်ပေါ် တင်ထားလိုက်တယ်။

ခဏနေတော့ ကလေးက တဂစ်ဂစ်နဲ့ လဲကျသွားတာတွေ့လိုက်ရတယ်။ အမေမှာ ထမီရင်လျားနဲ့ အူယားဖားရား ပြေးလာကြည့်လိုက်

တော့ သားကလေးက မျက်ဖြူလန်ပြီး သတိလစ်နေပြီ။ တီဗီစင်ပေါ်မှာ ကြယ်သီးလေးကို မတွေ့ရတော့။

အိမ်သားတွေကို အော်ဟစ်ခေါ်ပြီး ကလေးကို ဆေးရုံကို အမြန်ဆုံးခေါ်လာခဲ့။ အရေးပေါ်ဋ္ဌာနက ဆရာဝန်တွေ ကလေးရောက်လာ

ချင်း လည်ချောင်းထဲကြည့်တဲ့မှန်ပြောင်းနဲ့ကြည့်လိုက်တော့ လေပြွန်အဝမှာ တစ်နေတဲ့ ကြယ်သီးကိုတွေ့။ အလျင်အမြန်ထုတ်။ ပြီးတာ

နဲ့ အသက်ရှုပိုက်ထည့်။

နှလုံးနဲ့အဆုတ်ကို ပြန်အလုပ်လုပ်အောင် အသက်ကယ်နည်းတွေနဲ့ကုသ။ ဒါတွေအားလုံးပြီးတော့ အထူးကြပ်မတ်ကုသဆောင်ကိုပို့။

အသက်ရှူစက်တင်။ နှလုံးပြန်ခုန်လာ။ အသက်မရှူတာကို အသက်ရှူစက်က ရှူပေးနေ။ လိုအပ်တဲ့ဆေးဝါးတွေနဲ့ အကြောဆေးတွေပေးထား။

အောက်ဆီဂျင်ပြတ်လပ်တာကို ငါးမိနစ်ထက်ပိုမခံနိုင်တဲ့ ဦးနှောက်ဆဲလ်တွေက ထကြွ သောင်းကျန်း။ တဒိုင်းဒိုင်းနဲ့ အကြောတက်။

အကြောတက်တာ ရပ်တော့ ဘာအလုပ်မှ မလုပ်တော့။ ဦးနှောက်သေပြီ။ ထိန်းချုပ်အမိန့်ပေးမယ့် ဦးနှောက်သေမှတော့ အနှေးနဲ့အမြန်

နှလုံးခုန် တဖြည်းဖြည်းရပ်တော့မယ်။ တခြားအင်္ဂါတွေ အလုပ်လုပ်တာ တဖြည်းဖြည်းရပ်တော့မယ်။

”နက်ဖြန်ဆို သားလေးရဲ့ သုံးနှစ်ပြည့်မွေးနေ့ပါ ဆရာမရယ် …” အခြေအနေအရပ်ရပ်ကို ရှင်းပြပြီးတဲ့အခါ မျက်ရည်ပိုးပိုးပေါက်ပေါက်

ကျရင်း ပြောရှာတယ်။

လူ့လောကထဲ သုံးနှစ်ပဲ နေခွင့်ရရှာတဲ့ ကလေးရယ် … နောင်ဘဝ ဒီလို အဖြစ်မျိုး ဝေးပါစေ ကွယ်။ ။

လတ်တလော ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ”Chocking လည်ချောင်းထဲ တစ်ဆို့ခြင်း” ကို မိဘများ သတိပြုနိုင်အောင် ရင်နာနာနဲ့ရေးရပါ

တယ်။ အမေကို ခွင့်တောင်းပြီး ရိုက်ထားတဲ့ ကြယ်သီးလေးပါ။ Chocking နဲ့ပတ်သက်လို့ ”ကလေးနှင့် Chocking အန္တရာယ်” ဆို

ပြီး (အပိုင်း ၅ပိုင်း) ရေးထားပါတယ်။ ပြန်ဖတ်နိုင်ပါတယ်။

ချစ်စရာရင်သွေးငယ်တို့ ဘေးကင်းကြပါစေ။

ရေးသားသူ – ဒေါက်တာသက်ထားရွှေစင်ဝင်း (ကလေးဆရာဝန်)