ဗဟုသုတ

ရည်မှန်းချက်တစ်ခု မအောင်မြင်ခဲ့ရင် (မဖတ်လိုက်ရရင်နာမယ်)

ရည်မှန်းချက်တစ်ခု မအောင်မြင်ခဲ့ရင် (မဖတ်လိုက်ရရင်နာမယ်)

ဘဝဆိုတာ ခရီးတစ်ခုပါ

လူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်ကိုယ်စီရှိကြပါတယ်။ကျောင်းသားဘဝတုန်းက အမှတ်များများရဖို့နဲ့ ဂုဏ်ထူးများများပါခဲ့ရင် တက္ကသိုလ်ကောင်းကောင်းတက်ဖို့ ရည်မှန်းခဲ့ကြတယ်။

နေ့ညမနားကြိုးစားပြီး အမှတ်ကောင်းကောင်းနဲ့ တက္ကသိုလ်ကောင်းကောင်းတက်ရပြန်တော့လည်း အလုပ်ကောင်းကောင်းရဖို့ လစာကောင်းကောင်းရပြီး မိသားစုကိုထောက်ပံ့နိုင်ဖို့က ရည်မှန်းချက်ဖြစ်လာရပြန်တယ်။

ဒါပေမယ့် ဒါကကော တကယ့်ရည်မှန်းချက်ပန်းတိုင်လားဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး။ ကျွန်တော်တို့ထင်တာက ပန်းတိုင်မှာ ပျော်စရာတွေနဲ့ကြီးပဲ ဝန်းရံနေမယ်လို့မျှော်လင့်ထားပေမယ့် တကယ်တမ်းကျတော့ အောင်မြင်တယ်လို့ခံစားလိုက်ရတာ ခဏတာပါပဲ။

တချို့က ရည်မှန်းချက်တစ်ခု မအောင်မြင်ခဲ့ရင် ဘဝတစ်ခုလုံးဆုံးရှုံးလိုက်သလို ဘာမှဆက်မလုပ်ဘဲ အရှုံးပေးလိုက်ကြတယ်။ တစ်ချို့ကျပြန်တော့လည်း မိသားစုအချိန်တွေ၊ ငယ်ရွယ်မှုတွေကို စတေးပြီး ရည်မှန်းချက်အောင်မြင်ဖို့ကိုသာ အာရုံစိတ်ထားတယ်။

တကယ်တမ်းအောင်မြင်လာတော့ ဘေးမှာတူတူ ပျော်ပေးမယ့် ဘယ်သူမှမရှိဖြစ်ရပြန်တယ်။ တကယ်တော့ ဘဝဆိုတာ ဂိမ်းတစ်ခုလို အဆုံးသတ်မရှိပါဘူး။ ခရီးရှည်ထွက်နေရသလို ခြေလှမ်းပေါင်းများစွာနဲ့ လျှောက်လှမ်းနေရတာပါ။

ခြေချော်တဲ့အခါလည်းရှိနိုင်သလို လမ်းကြောင်းပေါ် တည့်မတ်စွာ လျှောက်လှမ်းနေတဲ့အခါလည်း ရှိမှာပါပဲ။လဲကျတဲ့အခါ နာကျင်မှုတွေကနေ သင်ယူရင်း ပြန်လည်လျှောက်လှမ်းကြရမှာပါပဲ။ ဒါကြောင့် အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို မိသားစုနဲ့အတူ၊

သူငယ်ချင်းများနှင့်အတူ တက်ကြွစွာလျှောက်လှမ်းရင်း ခရီးရှည်ကြီးကို ပျော်ရွှင်စွာဖြတ်သန်းကြမယ်ပျော်ရွှင်ခဲ့ရသည်ဖြစ်စေ၊မပျော်ရွှင်ခဲ့ရသည်ဖြစ်စေ….

ပြီးခဲ့တဲ့အတိတ်ဆီကိုအလည်ပြန်မသွားချင်တော့ဘူး။အတိတ်ဆိုတာသတိရချင်ရနိုင်ကောင်းပေမယ့် သူရဲ့အချိန်ကာလတစ်ခုကတော့ပြီးဆုံးချုပ်ငြိမ်းသွားခဲ့ပြီမဟုတ်လား။ကျေနပ်ခဲ့သည်ဖြစ်စေ၊မကျေနပ်ခဲ့သည်ဖြစ်စေ…

ဖြစ်ပြီးသမျှပြဿနာတွေကိုလည်း ပြန်လှန်မကြည့်ချင်တော့ဘူး။တချို့အကြောင်းအရာတွေက မှတ်ဉာဏ်ထဲသိုလှောင်သိမ်းဆည်းထားမယ့်အစား တတ်နိုင်သလောက် ဖျောက်ဖျက်ပစ်လိုက်တာကပိုကောင်းတယ်မဟုတ်လား။

နာကျင်ခဲ့သည်ဖြစ်စေ၊မနာကျင်ခဲ့သည်ဖြစ်စေကျက်ပြီးသားဒဏ်ရာတွေကိုလည်း အနာဖေးမခွာချင်တော့ဘူး။ပြုသူအသစ်၊ဖြစ်သူအဟောင်းအနေအထားမှာ ခွင့်လွှတ်ပေးလိုက်နိုင်သူက စိတ်အချမ်းသာရဆုံးပဲမဟုတ်လား။

အဆင်ပြေခဲ့ရသည်ဖြစ်စေ၊အဆင်မပြေခဲ့ရသည်ဖြစ်စေကျောခိုင်းထားပြီးသား ဆက်ဆံရေးတွေကိုလည်းပြန်အသက်မသွင်းချင်တော့ဘူး။နားလည်မှုဆိုတဲ့အရာက ကုန်ခမ်းသွားတဲ့အခါ ဘယ်လိုပဲဖြည့်ဖြည့် ပြန်ပြည့်နိုင်ရိုးတော့မရှိဘူး မဟုတ်လား။

လေးနက်ခဲ့သည်ဖြစ်စေ၊ မလေးနက်ခဲ့သည်ဖြစ်စေအဆုံးသတ်သွားပြီးတဲ့ဇာတ်လမ်းတွေကိုလည်းပြန်လွမ်းမနေချင်တော့ဘူး။အသွားသာရှိပြီး အပြန်မရှိတဲ့မေတ္တာလမ်းတွေက ဘယ်နှခါပဲလျှောက်လျှောက်သာယာဖြောင့်ဖြူးဖို့‌တော့ မရှိ‌လောက်ဘူးမဟုတ်လား။

ခိုင်မြဲခဲ့သည်ဖြစ်စေ၊မခိုင်မြဲခဲ့သည်ဖြစ်စေ….ပြတ်တောက်သွားပြီးတဲ့သံ‌ယောဇဉ်တွေကိုလည်း ပြန်ဆက်မနေချင်တော့ဘူး။ဘယ်လောက်ပဲကြိုးစားပါစေ ဆက်ထုံးတွေနဲ့ ကြိုးကတော့နဂိုအတိုင်းခိုင်မာဖို့အာမခံချက် မရှိတော့ဘူးမဟုတ်လား။

Credit

Zawgyi

ရည္မွန္းခ်က္တစ္ခု မေအာင္ျမင္ခဲ့ရင္ (မဖတ္လိုက္ရရင္နာမယ္)

ဘဝဆိုတာ ခရီးတစ္ခုပါ

လူတိုင္းမွာ ရည္မွန္းခ်က္ပန္းတိုင္ကိုယ္စီရွိၾကပါတယ္။ေက်ာင္းသားဘဝတုန္းက အမွတ္မ်ားမ်ားရဖို႔နဲ႔ ဂုဏ္ထူးမ်ားမ်ားပါခဲ့ရင္ တကၠသိုလ္ေကာင္းေကာင္းတက္ဖို႔ ရည္မွန္းခဲ့ၾကတယ္။

ေန႔ညမနားႀကိဳးစားၿပီး အမွတ္ေကာင္းေကာင္းနဲ႔ တကၠသိုလ္ေကာင္းေကာင္းတက္ရျပန္ေတာ့လည္း အလုပ္ေကာင္းေကာင္းရဖို႔ လစာေကာင္းေကာင္းရၿပီး မိသားစုကိုေထာက္ပံ့ႏိုင္ဖို႔က ရည္မွန္းခ်က္ျဖစ္လာရျပန္တယ္။

ဒါေပမယ့္ ဒါကေကာ တကယ့္ရည္မွန္းခ်က္ပန္းတိုင္လားဆိုျပန္ေတာ့လည္း မဟုတ္ျပန္ဘူး။ ကြၽန္ေတာ္တို႔ထင္တာက ပန္းတိုင္မွာ ေပ်ာ္စရာေတြနဲ႔ႀကီးပဲ ဝန္းရံေနမယ္လို႔ေမွ်ာ္လင့္ထားေပမယ့္ တကယ္တမ္းက်ေတာ့ ေအာင္ျမင္တယ္လို႔ခံစားလိုက္ရတာ ခဏတာပါပဲ။

တခ်ိဳ႕က ရည္မွန္းခ်က္တစ္ခု မေအာင္ျမင္ခဲ့ရင္ ဘဝတစ္ခုလုံးဆုံးရႈံးလိုက္သလို ဘာမွဆက္မလုပ္ဘဲ အရႈံးေပးလိုက္ၾကတယ္။ တစ္ခ်ိဳ႕က်ျပန္ေတာ့လည္း မိသားစုအခ်ိန္ေတြ၊ ငယ္႐ြယ္မႈေတြကို စေတးၿပီး ရည္မွန္းခ်က္ေအာင္ျမင္ဖို႔ကိုသာ အာ႐ုံစိတ္ထားတယ္။

တကယ္တမ္းေအာင္ျမင္လာေတာ့ ေဘးမွာတူတူ ေပ်ာ္ေပးမယ့္ ဘယ္သူမွမရွိျဖစ္ရျပန္တယ္။ တကယ္ေတာ့ ဘဝဆိုတာ ဂိမ္းတစ္ခုလို အဆုံးသတ္မရွိပါဘူး။ ခရီးရွည္ထြက္ေနရသလို ေျခလွမ္းေပါင္းမ်ားစြာနဲ႔ ေလွ်ာက္လွမ္းေနရတာပါ။

ေျခေခ်ာ္တဲ့အခါလည္းရွိႏိုင္သလို လမ္းေၾကာင္းေပၚ တည့္မတ္စြာ ေလွ်ာက္လွမ္းေနတဲ့အခါလည္း ရွိမွာပါပဲ။လဲက်တဲ့အခါ နာက်င္မႈေတြကေန သင္ယူရင္း ျပန္လည္ေလွ်ာက္လွမ္းၾကရမွာပါပဲ။ ဒါေၾကာင့္ ေအာင္ျမင္မႈမွတ္တိုင္ေပါင္းမ်ားစြာကို မိသားစုနဲ႔အတူ၊

သူငယ္ခ်င္းမ်ားႏွင့္အတူ တက္ႂကြစြာေလွ်ာက္လွမ္းရင္း ခရီးရွည္ႀကီးကို ေပ်ာ္႐ႊင္စြာျဖတ္သန္းၾကမယ္ေပ်ာ္႐ႊင္ခဲ့ရသည္ျဖစ္ေစ၊မေပ်ာ္႐ႊင္ခဲ့ရသည္ျဖစ္ေစ….

ၿပီးခဲ့တဲ့အတိတ္ဆီကိုအလည္ျပန္မသြားခ်င္ေတာ့ဘူး။အတိတ္ဆိုတာသတိရခ်င္ရႏိုင္ေကာင္းေပမယ့္ သူရဲ႕အခ်ိန္ကာလတစ္ခုကေတာ့ၿပီးဆုံးခ်ဳပ္ၿငိမ္းသြားခဲ့ၿပီမဟုတ္လား။ေက်နပ္ခဲ့သည္ျဖစ္ေစ၊မေက်နပ္ခဲ့သည္ျဖစ္ေစ…

ျဖစ္ၿပီးသမွ်ျပႆနာေတြကိုလည္း ျပန္လွန္မၾကည့္ခ်င္ေတာ့ဘူး။တခ်ိဳ႕အေၾကာင္းအရာေတြက မွတ္ဉာဏ္ထဲသိုေလွာင္သိမ္းဆည္းထားမယ့္အစား တတ္ႏိုင္သေလာက္ ေဖ်ာက္ဖ်က္ပစ္လိုက္တာကပိုေကာင္းတယ္မဟုတ္လား။

နာက်င္ခဲ့သည္ျဖစ္ေစ၊မနာက်င္ခဲ့သည္ျဖစ္ေစက်က္ၿပီးသားဒဏ္ရာေတြကိုလည္း အနာေဖးမခြာခ်င္ေတာ့ဘူး။ျပဳသူအသစ္၊ျဖစ္သူအေဟာင္းအေနအထားမွာ ခြင့္လႊတ္ေပးလိုက္ႏိုင္သူက စိတ္အခ်မ္းသာရဆုံးပဲမဟုတ္လား။

အဆင္ေျပခဲ့ရသည္ျဖစ္ေစ၊အဆင္မေျပခဲ့ရသည္ျဖစ္ေစေက်ာခိုင္းထားၿပီးသား ဆက္ဆံေရးေတြကိုလည္းျပန္အသက္မသြင္းခ်င္ေတာ့ဘူး။နားလည္မႈဆိုတဲ့အရာက ကုန္ခမ္းသြားတဲ့အခါ ဘယ္လိုပဲျဖည့္ျဖည့္ ျပန္ျပည့္ႏိုင္႐ိုးေတာ့မရွိဘူး မဟုတ္လား။

ေလးနက္ခဲ့သည္ျဖစ္ေစ၊ မေလးနက္ခဲ့သည္ျဖစ္ေစအဆုံးသတ္သြားၿပီးတဲ့ဇာတ္လမ္းေတြကိုလည္းျပန္လြမ္းမေနခ်င္ေတာ့ဘူး။အသြားသာရွိၿပီး အျပန္မရွိတဲ့ေမတၱာလမ္းေတြက ဘယ္ႏွခါပဲေလွ်ာက္ေလွ်ာက္သာယာေျဖာင့္ျဖဴးဖို႔‌ေတာ့ မရွိ‌ေလာက္ဘူးမဟုတ္လား။

ခိုင္ၿမဲခဲ့သည္ျဖစ္ေစ၊မခိုင္ၿမဲခဲ့သည္ျဖစ္ေစ….ျပတ္ေတာက္သြားၿပီးတဲ့သံ‌ေယာဇဥ္ေတြကိုလည္း ျပန္ဆက္မေနခ်င္ေတာ့ဘူး။ဘယ္ေလာက္ပဲႀကိဳးစားပါေစ ဆက္ထုံးေတြနဲ႔ ႀကိဳးကေတာ့နဂိုအတိုင္းခိုင္မာဖို႔အာမခံခ်က္ မရွိေတာ့ဘူးမဟုတ္လား။

Credit