အိမ္မွာ အပင္ေလးေတြစိုက္ထားရင္ ပိုးသတ္ေဆးအစား ဆန္ေဆးရည္သုံးမယ္
စရိတ္နည္း ဖို႔ ဒီလိုအစျပဳပါ။
ပိုးသတ္ ေဆးကင္း ေရာဂါကင္းေပါ့
သင့္ အိမ္က ဆန္ေဆးရည္ေတြကိုအက်ိဳးရွိမယ့္ေနရာတစ္ခုခုမွာမသုံးစြဲပဲသြန္ပစ္ေနျခင္းမ်ိဳးလုံးဝမလုပ္ပါႏွင့္။ အထူးသျဖင့္သင္ဟာစိုက္ ပ်ိဳးေရးနဲ႔ ပါတ္သက္ဆက္ႏြယ္ေနသူတစ္ဦး ျဖစ္ေနတယ္ဆိုရင္ပိုလို႔ ေတာင္ဆင္ျခင္ သင့္ပါတယ္။
ဆန္ေဆးရည္မွာဘာေတြပါသလဲဆိုရင္ သက္ရွိမ်ားကို အက်ိဳး ျပဳနိုင္ေသာဓါတ္အဟာရေတြေျမာက္မ်ားစြာပါဝင္ေနပါတယ္။လို႔သာအလြယ္မွတ္လိုက္ၾကပါစို႔။ အိုမင္းရင့္ေရာ္ျခင္းကိုဟန႔္တား ေစနိုင္ျခင္း၊ မျဖစ္မေနက်ိဳးရမဲ့ “သြား” ေတြကို ခိုင္ခန႔္ေစနိုင္ျခင္းႏွင့္ ျဖဴသြားတဲ့ “ဆံပင္”ေတြတဖန္ျပန္ၿပီးမဲနက္လာေစနိူင္ျခင္းဆိုတဲ့အထိအစြမ္း အာနိ သင္မ်ိဳးေတြ ဆန္ေဆးရည္မွာ ရွိေနပါတယ္။
စိုက္ပ်ိဳးေရးနဲ႔ပါတ္သက္သည္မ်ားကိုအဓိကထားတင္ရ မယ္ဆိုရင္အပင္မ်ားနဲ႔ပါတ္သက္ရင္လဲ မ်ားျပားလွစြာေသာအက်ိဳးမ်ား ကိုျဖစ္ထြန္းေစပါတယ္။ အေထြအထူးစီမံေနစရာမလိုပါဘူး။ ဆန္ေဆး ရည္ကို အခ်ဥ္ေဖါက္ၿပီး သုံးစြဲယုံသာျဖစ္ပါတယ္။
အရင္ဦးဆုံးေဆးတဲ့ဆန္ေဆးရည္ကို ေရသန႔္ဗူးအလႊတ္ထဲမွာ ထည့္အဖုံးကိုမလုံ႔တလုံထား။ ေအး/ေျခာက္မွာ(၇)ရက္ထားလိုက္ၿပီး ရင္ပိတ္စပါးပါးျဖင့္စစ္ယူလိုက္ပါ။ ထိုအရည္ကို (၆)လခန႔္အထိ ေအး ေျခာက္မွာသိမ္းဆည္းၿပီးအသုံးျပဳခဲ့ဖူးပါတယ္။
ျပဳလုပ္၊သိမ္းဆည္းသူရဲ့ သန႔္ရွင္းမႈ၊ ရာသီဥတုအပူအေအးေပၚမူတည္ၿပီး အထားခံတဲ့ရက္ကြာ ျခားသြားနိုင္ပါတယ္။
အရာရာတိုင္းမွာအကန႔္အသတ္ဆိုတာရွိစျမဲမဟုတ္လား။ ျဖစ္ ၿပီးတိုင္းပ်က္ေနရတဲ့ေလာကႀကီးမွာ ျဖစ္ျခင္းပ်က္ျခင္း သေဘာတရား နဲ႔ဆန္က်င့္ေနေသာ ၾကာေလေကာင္းေလဆိုတဲ့ သတ္မွတ္ခ်က္မ်ိဳး နဲ႔ နဖူးေတြ႕ဒူးေတြ႕ ဆုံေတြ႕ခဲ့ရင္ျခင့္ခ်ိန္ၿပီးသာ ဆုံးျဖတ္ပါလို႔ ေျပာလိုပါ တယ္။ ၾကဳံလို႔ ေနာက္တစ္ခုတဆက္တည္း တင္ျပေပးျခင္တာက…
ဘယ္ႏွစ္ရက္ထားရင္ ဘာဓါတ္၊ ဘာဓါတ္ေတြပါဝင္ ေန မယ္။ ေနာက္ထပ္ဘယ္ႏွစ္ရက္ထပ္ထားလိုက္ရင္ေတာ့ ဘာဓါတ္၊ဘာ ဓါတ္ေတြထပ္တိုးလာမယ္ဆိုတာမ်ိဳးကိုလဲၾကားဖူးခဲ့ပါတယ္။ ဘာမွထပ္ ထည့္ေပးတာလဲမဟုတ္ဘဲ၊ ရက္ကာလတစ္ခုထပ္တိုးလိုက္ယုံနဲ႔ဓါတ္ ေတြ ထပ္တိုးလာမယ္ဆိုတာကိုလဲ စဥ္းစားေပါ့လို႔ သတိေပးပါရေစ။
ဤကဲ့သို႔ ကိစၥရပ္မ်ားကို ယုံၾကည္စြာ ေဝငွေပးသူမ်ား၊ ထပ္ဆင့္ၿပီး ျဖန႔္ေဝေပးသူမ်ားကို တိုက္ခိုက္လိုျခင္းစိတ္ လုံးဝ(လုံးဝ) မရွိပါ။ လႊတ္လပ္စြာကြဲလႊဲ႕နိုင္ပါတယ္။
က်ေနာ့္ မိတ္ေဆြမ်ားကို အနည္း ဆုံး တစ္ခါေလာက္ေတာ့ စဥ္းစားပါလို႔ သတိေပးယုံသက္သက္ပါ။ ယုံ ၾကည္ျခင္း မယုံၾကည္ျခင္းက တစ္ဦးတစ္ေယာက္ျခင္းစီနဲ႔သာသက္ ဆိုင္ပါတယ္။(လႊတ္လပ္စြာ ကြဲလႊဲခြင့္ရွိၾကတယ္မဟုတ္လား)
ကဲ ဆန္ေဆးရည္မွာ ကယ္လ္စီယမ္၊ သံ၊ ကာဗိုဟိုက္ ဒရိတ္ႏွင့္ စပါးအတြက္ မရွိမျဖစ္လိုအပ္ေသာ စီလီကာဓါတ္၊ ဗီတာမင္ ဓါတ္၊ ကစီဓါတ္ႏွင့္အပင္အတြက္ အက်ိဳးျဖစ္ထြန္းေစေသာအျခားဓါတ္ ေပါင္းေျမာက္မ်ား စြာလည္းပါဝင္ေနပါတယ္။
ဆန္ေဆးအခ်ဥ္ေဖါက္ရည္တစ္ခုတည္းျဖင့္ အခ်ိဳ႕အခ်ိဳ႕ ေသာ မွို၊ ပိုး၊ ပ်၊ စုပ္စားပိုးတို႔ကို နိမ္နင္းနိုင္စြမ္းရွိပါတယ္။ အပင္မ်ား ကိုပက္ဖ်န္းေပးလၽွင္ က်န္းမာသန္စြမ္းေစနိုင္ပါတယ္။
အပင္မစိုက္ပ်ိဳးမွီ စိုက္က်င္းထဲကို ပက္ဖ်န္းေပးျခင္းျဖင့္ အခ်ိဳ႕ေသာေျမေအာင္းပိုးမ်ားရန္ ကိုတားဆီးနိမ္နင္းနိုင္ပါတယ္။ ေျမခ်ဥ္ငံျခင္းကိုလည္း အတိုင္းအတာ တစ္ခုအထိ ျပဳျပင္နိုင္စြမ္းပါတယ္။ ဆန္ေဆးအခ်ဥ္ေဖါက္ရည္ျဖင့္ နို႔ အခ်ဥ္ေဖါက္ရည္ေဖၚစပ္ျပဳလုပ္နိုင္ပါတယ္။
ေအာ္ဂဲနစ္ စိုက္ပ်ိဳးေရးစနစ္အတြက္ျဖစ္ေစ၊ စရိတ္နည္း ေသာစိုက္ပ်ိဳးေရးအတြက္ျဖစ္ေစပထမဦးဆုံးစတင္စုေဆာင္ရမည့္ကုန္ ၾကမ္းပစၥည္းမွာ ဆန္ေဆးရည္ပင္ျဖစ္ပါသည္။
သူမ်ားထက္ႏွာတစ္ဖ်ားသာလိုေသာေၾကာင့္ ကိုယ္ထက္သာ သြားမွာမလို လားေသာေၾကာင့္ ဖ်န္းသည့္ေဆးကို မသိေအာင္ တံဆိပ္ ခြါထားတတ္ၾကပါသည္။
ဘာေျမၾသဇာထည့္မွန္းမသိေအာင္အိတ္လွယ္ ၿပီးမွ စိုက္ခင္းထဲယူလာၿပီး ထည့္တတ္ၾကပါသည္။
အာ့ေတြကကေလးအေတြးသာသာ၊ ခပ္တိမ္တိမ္ မိန္းမ ဉာဏ္ေလာက္သာရွိပါသည္။ အမွန္တကယ္ သူမ်ားထက္သာျခင္လၽွင္ ႏွာတစ္ဖ်ားေရွ႕ေရာက္ျခင္ေနလၽွင္ ဆန္ေဆးရည္ကစၿပီး စုလိုက္ပါ။ ဆန္ေဆးရည္တစ္ခုအရင္းျပဳၿပီး အစျပဳလိုက္စမ္းပါ။
ဆန္ေဆးအခ်ဥ္ ေဖါက္ရည္မွသည္ တစ္ခုၿပီးတစ္ခု၊တစ္ဆင့္ၿပီး တစ္ဆင့္နို႔အခ်ဥ္ေဖါက္ ရည္ေဖၚ၊ သီးစုံေဖၚ၊ EM ေဖၚ၊ ဘိုကာခ်ီေဖၚ၊ တစ္ဆင့္ျခင္း တက္သြား လိုက္စမ္းပါ။
အာ့ေတြအသုံးျပဳၿပီး စိုက္လိုက္စမ္းပါ။အစစအရာရာ သာကိုသာေစရမယ္လို႔ ရဲရဲအာမခံပါသည္။ လမ္းေဟာင္းအတိုင္း၊ အရင္စနစ္အတိုင္း စိုက္ပ်ိဳးလုပ္ကိုင္ေနသူမ်ားထက္မသာခဲ့ဘူးဆိုရင္၊ မထူးျခားခဲ့ဘူးဆိုရင္ စီးထားတဲ့ဖိနပ္နဲ႔ …..။ လာခဲ့ပါ။ မ်က္ႏွာသစ္ၿပီး ေစာင့္ေနပါ့မယ္။ လမ္းစရိတ္ပါခံေပးပါ့မယ္ဗ်ာ။
ခ်မ္းသာၾကပါေစ
Unicode
အိမ်မှာ အပင်လေးတွေစိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ်
စရိတ်နည်း ဖို့ ဒီလိုအစပြုပါ။
ပိုးသတ် ဆေးကင်း ရောဂါကင်းပေါ့
သင့် အိမ်က ဆန်ဆေးရည်တွေကိုအကျိုးရှိမယ့်နေရာတစ်ခုခုမှာမသုံးစွဲပဲသွန်ပစ်နေခြင်းမျိုးလုံးဝမလုပ်ပါနှင့်။ အထူးသဖြင့်သင်ဟာစိုက် ပျိုးရေးနဲ့ ပါတ်သက်ဆက်နွယ်နေသူတစ်ဦး ဖြစ်နေတယ်ဆိုရင်ပိုလို့ တောင်ဆင်ခြင် သင့်ပါတယ်။
ဆန်ဆေးရည်မှာဘာတွေပါသလဲဆိုရင် သက်ရှိများကို အကျိုး ပြုနိုင်သောဓါတ်အဟာရတွေမြောက်များစွာပါဝင်နေပါတယ်။လို့သာအလွယ်မှတ်လိုက်ကြပါစို့။ အိုမင်းရင့်ရော်ခြင်းကိုဟန့်တား စေနိုင်ခြင်း၊ မဖြစ်မနေကျိုးရမဲ့ “သွား” တွေကို ခိုင်ခန့်စေနိုင်ခြင်းနှင့် ဖြူသွားတဲ့ “ဆံပင်”တွေတဖန်ပြန်ပြီးမဲနက်လာစေနိူင်ခြင်းဆိုတဲ့အထိအစွမ်း အာနိ သင်မျိုးတွေ ဆန်ဆေးရည်မှာ ရှိနေပါတယ်။
စိုက်ပျိုးရေးနဲ့ပါတ်သက်သည်များကိုအဓိကထားတင်ရ မယ်ဆိုရင်အပင်များနဲ့ပါတ်သက်ရင်လဲ များပြားလှစွာသောအကျိုးများ ကိုဖြစ်ထွန်းစေပါတယ်။ အထွေအထူးစီမံနေစရာမလိုပါဘူး။ ဆန်ဆေး ရည်ကို အချဉ်ဖေါက်ပြီး သုံးစွဲယုံသာဖြစ်ပါတယ်။
အရင်ဦးဆုံးဆေးတဲ့ဆန်ဆေးရည်ကို ရေသန့်ဗူးအလွှတ်ထဲမှာ ထည့်အဖုံးကိုမလုံ့တလုံထား။ အေး/ခြောက်မှာ(၇)ရက်ထားလိုက်ပြီး ရင်ပိတ်စပါးပါးဖြင့်စစ်ယူလိုက်ပါ။ ထိုအရည်ကို (၆)လခန့်အထိ အေး ခြောက်မှာသိမ်းဆည်းပြီးအသုံးပြုခဲ့ဖူးပါတယ်။
ပြုလုပ်၊သိမ်းဆည်းသူရဲ့ သန့်ရှင်းမှု၊ ရာသီဥတုအပူအအေးပေါ်မူတည်ပြီး အထားခံတဲ့ရက်ကွာ ခြားသွားနိုင်ပါတယ်။
အရာရာတိုင်းမှာအကန့်အသတ်ဆိုတာရှိစမြဲမဟုတ်လား။ ဖြစ် ပြီးတိုင်းပျက်နေရတဲ့လောကကြီးမှာ ဖြစ်ခြင်းပျက်ခြင်း သဘောတရား နဲ့ဆန်ကျင့်နေသော ကြာလေကောင်းလေဆိုတဲ့ သတ်မှတ်ချက်မျိုး နဲ့ နဖူးတွေ့ဒူးတွေ့ ဆုံတွေ့ခဲ့ရင်ခြင့်ချိန်ပြီးသာ ဆုံးဖြတ်ပါလို့ ပြောလိုပါ တယ်။ ကြုံလို့ နောက်တစ်ခုတဆက်တည်း တင်ပြပေးခြင်တာက…
ဘယ်နှစ်ရက်ထားရင် ဘာဓါတ်၊ ဘာဓါတ်တွေပါဝင် နေ မယ်။ နောက်ထပ်ဘယ်နှစ်ရက်ထပ်ထားလိုက်ရင်တော့ ဘာဓါတ်၊ဘာ ဓါတ်တွေထပ်တိုးလာမယ်ဆိုတာမျိုးကိုလဲကြားဖူးခဲ့ပါတယ်။ ဘာမှထပ် ထည့်ပေးတာလဲမဟုတ်ဘဲ၊ ရက်ကာလတစ်ခုထပ်တိုးလိုက်ယုံနဲ့ဓါတ် တွေ ထပ်တိုးလာမယ်ဆိုတာကိုလဲ စဉ်းစားပေါ့လို့ သတိပေးပါရစေ။
ဤကဲ့သို့ ကိစ္စရပ်များကို ယုံကြည်စွာ ဝေငှပေးသူများ၊ ထပ်ဆင့်ပြီး ဖြန့်ဝေပေးသူများကို တိုက်ခိုက်လိုခြင်းစိတ် လုံးဝ(လုံးဝ) မရှိပါ။ လွှတ်လပ်စွာကွဲလွှဲ့နိုင်ပါတယ်။
ကျနော့် မိတ်ဆွေများကို အနည်း ဆုံး တစ်ခါလောက်တော့ စဉ်းစားပါလို့ သတိပေးယုံသက်သက်ပါ။ ယုံ ကြည်ခြင်း မယုံကြည်ခြင်းက တစ်ဦးတစ်ယောက်ခြင်းစီနဲ့သာသက် ဆိုင်ပါတယ်။(လွှတ်လပ်စွာ ကွဲလွှဲခွင့်ရှိကြတယ်မဟုတ်လား)
ကဲ ဆန်ဆေးရည်မှာ ကယ်လ်စီယမ်၊ သံ၊ ကာဗိုဟိုက် ဒရိတ်နှင့် စပါးအတွက် မရှိမဖြစ်လိုအပ်သော စီလီကာဓါတ်၊ ဗီတာမင် ဓါတ်၊ ကစီဓါတ်နှင့်အပင်အတွက် အကျိုးဖြစ်ထွန်းစေသောအခြားဓါတ် ပေါင်းမြောက်များ စွာလည်းပါဝင်နေပါတယ်။
ဆန်ဆေးအချဉ်ဖေါက်ရည်တစ်ခုတည်းဖြင့် အချို့အချို့ သော မှို၊ ပိုး၊ ပျ၊ စုပ်စားပိုးတို့ကို နိမ်နင်းနိုင်စွမ်းရှိပါတယ်။ အပင်များ ကိုပက်ဖျန်းပေးလျှင် ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။
အပင်မစိုက်ပျိုးမှီ စိုက်ကျင်းထဲကို ပက်ဖျန်းပေးခြင်းဖြင့် အချို့သောမြေအောင်းပိုးများရန် ကိုတားဆီးနိမ်နင်းနိုင်ပါတယ်။ မြေချဉ်ငံခြင်းကိုလည်း အတိုင်းအတာ တစ်ခုအထိ ပြုပြင်နိုင်စွမ်းပါတယ်။ ဆန်ဆေးအချဉ်ဖေါက်ရည်ဖြင့် နို့ အချဉ်ဖေါက်ရည်ဖေါ်စပ်ပြုလုပ်နိုင်ပါတယ်။
အော်ဂဲနစ် စိုက်ပျိုးရေးစနစ်အတွက်ဖြစ်စေ၊ စရိတ်နည်း သောစိုက်ပျိုးရေးအတွက်ဖြစ်စေပထမဦးဆုံးစတင်စုဆောင်ရမည့်ကုန် ကြမ်းပစ္စည်းမှာ ဆန်ဆေးရည်ပင်ဖြစ်ပါသည်။
သူများထက်နှာတစ်ဖျားသာလိုသောကြောင့် ကိုယ်ထက်သာ သွားမှာမလို လားသောကြောင့် ဖျန်းသည့်ဆေးကို မသိအောင် တံဆိပ် ခွါထားတတ်ကြပါသည်။
ဘာမြေသြဇာထည့်မှန်းမသိအောင်အိတ်လှယ် ပြီးမှ စိုက်ခင်းထဲယူလာပြီး ထည့်တတ်ကြပါသည်။
အာ့တွေကကလေးအတွေးသာသာ၊ ခပ်တိမ်တိမ် မိန်းမ ဉာဏ်လောက်သာရှိပါသည်။ အမှန်တကယ် သူများထက်သာခြင်လျှင် နှာတစ်ဖျားရှေ့ရောက်ခြင်နေလျှင် ဆန်ဆေးရည်ကစပြီး စုလိုက်ပါ။ ဆန်ဆေးရည်တစ်ခုအရင်းပြုပြီး အစပြုလိုက်စမ်းပါ။
ဆန်ဆေးအချဉ် ဖေါက်ရည်မှသည် တစ်ခုပြီးတစ်ခု၊တစ်ဆင့်ပြီး တစ်ဆင့်နို့အချဉ်ဖေါက် ရည်ဖေါ်၊ သီးစုံဖေါ်၊ EM ဖေါ်၊ ဘိုကာချီဖေါ်၊ တစ်ဆင့်ခြင်း တက်သွား လိုက်စမ်းပါ။
အာ့တွေအသုံးပြုပြီး စိုက်လိုက်စမ်းပါ။အစစအရာရာ သာကိုသာစေရမယ်လို့ ရဲရဲအာမခံပါသည်။ လမ်းဟောင်းအတိုင်း၊ အရင်စနစ်အတိုင်း စိုက်ပျိုးလုပ်ကိုင်နေသူများထက်မသာခဲ့ဘူးဆိုရင်၊ မထူးခြားခဲ့ဘူးဆိုရင် စီးထားတဲ့ဖိနပ်နဲ့ …..။ လာခဲ့ပါ။ မျက်နှာသစ်ပြီး စောင့်နေပါ့မယ်။ လမ်းစရိတ်ပါခံပေးပါ့မယ်ဗျာ။
ချမ်းသာကြပါစေ